jp Ulmuka_ဇီးကွက်

Monday, June 30, 2008

သိုင်းလောက အပိုင်း (၁၆) တရားခံ ဘယ်သူလဲ






ဟန်သစ်ငိမ်ရေ
ကျုပ်တော့ ခရီးထွက်မှာမို့ ဇာတ်ကို မဆက်နိုင်သေးဘူး။ ခင်ဗျားကိုပဲ အားကိုးရမှာပဲ။ ခင်ဗျားဘာသာ ဆက်ထားပေတော့ ဇာတ်သိမ်းခါနီး ထပ်ပေါင်းရေးကြတာပေါ့။ ခုလိုချင်တဲ့ ပလော့ကို ပြောခဲ့မယ် ကျန်တာ ခင်ဗျား ဆက်ကစ်လိုက်ပေါ့နော့။

+++++++++++++++++++++++++++

(၁)
သုညမဟာ သခင်ကြီး သုညသည် သူ့သွေးသောက် အကိုတော် ကိုစိုးထက်ကို စိတ်အနာကြီးနာကာ ဖျတ်ဖျတ်လူးလျက်ရှိပြီး သူ၏တပည့်များ ဖြစ်သော မွန်ချောက်ဖုံ နှင့် အိမ်မက်နက်တို့ကို အစီအစဉ်များ မှာကြားပီးရုံနှင့် အားမရနိုင်သေးပဲ ဆက်လက် စဉ်းစားခန်းဝင်လေတော့သည်။ သူ့ရဲ့ အိမ်ပြန်လမ်းခရီးမှာလည်း အနှောက်အယှက်များ ရှိသဖြင့် ရှောင်လင်ကျောင်းသို့ တော်တော်နှင့် မရောက်နိုင်ပဲ ရှိလေရာ။ သူ့အနေဖြင့် သိုငိးုင်ပွဲကြီးကို ထိန်းချုပ်ရန်နှင့် ဆုဖလားကြီးကို သိမ်းပိုက်ရန်အတွက် ထို့ထက်ပိုပြီး အကွက်ကျဖို့ စဉ်းစားရမည်ဖြစ်လေသည်။ သူသတိရသွားပီ။

"
အဟက်ဟက်ဟက် (ကိုယ်ပိုင်မှတ်ပုံတင်ထားသော ရီသံ သဘာပတိကြီး ဒေါက်စိုးနှင့် ၂ ရက်သာခြားသည်) ငါ့မှာလဲ မေ့တတ်ရန်ကော ဘော်ဒါကီး မြောက်ကျောင်းတိုက်က မျောက်သိုင်းအကျော်အမော် (၀ါ) ဖန်တီးမှု သိုင်းပြောင်းပြန်၊ ခရီအေတစ်ဗီတီ လက်သမားဆြာကြီး (၀ါ) အမှန်အစစ် မငြိမ်တဲ့ ဟန်သစ်ငြိမ် ရှိသားပဲ သူ့ကို ကိုပြောထားရမယ်"

ထိုသို့ဖြင့် သူသည် သူ့ဘော်ဒါကီးဆီသို့ လမ်းခရီးတစ်လျှောက် ဂျီအက်စ်အမ် မမိသဖြင့် လမ်းဘေး ပီစီအိုဖုန်းဖြင့် ခေါ်လိုက်လေသည်။

"
ကိုရင်... နေကောင်းလား..."

"ဘာကိုရင်လဲဗျ၊ ဒီအရွယ် ရဟန်းဖြစ်နေပြီ"

"ဟာဗျာ... ဦးနှောက် တစ်ခြမ်းနဲ့ လာကပ်တွေးမနေစမ်းနဲ့ဗျာ... ဘယ့်နှာတုန်း ကျန်းခန့်သာလို့ မာပါစ..."

"သိပ်မမာဘူး၊ နည်းနည်းပျော့နေတယ်..."

"ဟာဗျာ... ဒီမယ် လမ်းဘေးက ဆက်နေတာ ဖုန်းဖိုးတွေ အများကြီး ကျတော့မယ်..."
"ကျရင် ပြန်ကောက်ပေါ့..."

"တော်ပါဗျာ... ကျုပ်ခင်ဗျားကို ပြောစရာရှိတယ်..."

"နားထောင်နေတယ်..."

"ဟိုဟာဗျာ... သိုင်းပြိုင်ပွဲ ကိစ္စလေ..."

"သိတယ်၊ အစောကြီးကတည်းက..."

"အင်း... ခင်ဗျား သိပီးသားလား ဒါဆိုရင်... အင်း... ပြီးပြီ၊ ဒါပဲ..."

(ဇီးရိုး၏ မှတ်ချက်။ ဟဲ... ဟဲ... ဟန်သစ်ငြိမ်ကို အဲလို ရတုန်းနှိပ်ကွပ်ထားမှ)

"ဟ... ဘာမှ မပြောရသေးဘူးလေ..."

"ခင်ဗျားပဲ သိတယ်ဆို... ဒါပဲ... တာ့..."

"ဟိုး... ဟိုး... ကိုဇီးယို... စတာပါဗျ..."

"ဒီမယ်... ကိုရင်... ဇီးယိုမဟုတ်ဘူး၊ ဇီးရိုး (zero) ဗျ..."

"ဟုတ်ပါပြီဗျာ... ပြော... ကျုပ် ဘယ်လို ကူရမလဲ၊ သိုင်းပြိုင်ပွဲမှာ အနိုင်ရချင်တာလား... ခက်တာက ကျုပ်တို့က ပြိုင်ရမယ့် စာရင်းထဲမှာ မပါဘူးဖြစ်နေတာ..."

"ဒီမှာ ကိုရင်... ကျုပ်ပြောပြမယ်... နိုင်ဖို့မလိုဘူး၊ နိုင်တာက ဂုဏ်ရှိ၊ မျက်နှာကြီးရုံပဲရှိတာ။ ခင်ဗျားကို ကင်မရာမင်းတွေက တဖျတ်ဖျတ်ရိုက်၊ ဂျာနယ်တွေက မျက်နှာဖုံးမှာ ဖော်ပြ..."

"ဒီတော့... ခင်ဗျားက..."

"ကျုပ်က ရွှေဒိုင်းလွှာကိုပဲ လိုချင်တာ..."

"အဲဒီဒိုင်းလွှာက ဘာအသုံးကျလို့လဲဗျ... စစ်ဆေးရေးဂိတ်ဖြတ်ဖို့ အတွက်လား..."

"ဟာ... ဒိုင်းလွှာတစ်ခုလုံး ဆေးအသုံး... အဲ... မှားကုန်ပြန်ပြီ... ဒီလိုပဲမှတ်လိုက်ဗျာ... တန်ဖိုးရှိတယ်လို့ပဲ၊ လက်ထဲ ရလာမှ ခင်ဗျားကို ပြောပြမယ်..."

"ဟေ့လူ... မောင်သုည... ဒါမျိုးတွေ ရိုး... ဟိုးဟိုး နေပြီ၊ ပြော... အဲဒီ ဒိုင်းလွှာထဲမှာ ဘာရှိလဲ EOT သိုင်းကျမ်းလား၊ Latest မီးလျှံမြေခွေး ကျင့်စဉ်လား၊ ဇော်ဂျီဖိုဝင် ဖောန့်အကွက်သစ်လား... ပြော..."

"ဒီလိုဗျာ... ဒီလို... ဒီလိုရှိတယ်..."

"တကယ်... ဟုတ်တယ်..."

"ဟုတ်တာပေါ့... မဟုတ်ဘဲပြောပါ့မလားဗျ..."

"ဒါဆို ဘာမှမပူနဲ့၊ ကျုပ်က... ကျုပ်လို မြောက်သိုင်းကဆြာကြီးတစ်ပါးကို မဖိတ်လို့ အဲဒီပြိုင်ပွဲမှာ သွားပွဲကြမ်းဖို့ စဉ်းစားနေတာ၊ ဒီတော့ တစ်ချက်ခုတ် အချက်များစွာပြတ်... အဲဒီ ရွှေဒိုင်းလွှာကို တစ်ပါတည်း... ရအောင်ယူခဲ့ပေးမယ်..."

"ကောင်းတယ်ဗျာ... အခုကျုပ်တပည့်မ မွန်ချောက်ဖုံးကို အရင်လွှတ်ထားတယ်။ သူ့နောက်က အိပ်မက်နက်ကို ထည့်ပေးလိုက်မယ်၊ သူ့တို့နှစ်ယောက်နောက်ကမှ ခင်ဗျား..."

"အနောက်လို့ မပြောနဲ့ဗျာ၊ ကျုပ်သိက္ခာကျတယ်၊ ဦးနှောက်တစ်ခြမ်းကို တောင်ပံတပ်လွှတ်လိုက်ရင်... ဆူပါစောနစ် (Super Sonics) ဆိုတဲ့ အသံထက် မြန်တဲ့ လေယာဉ်ထက်တောင် အရင်ရောက်ဦးမှာ..."

"အိုကေဗျာ... ဒါဆို ခင်ဗျားကို ဟိုဘဲကီး အကြောင်း အရင်... အင်ဖော်မေးရှင်း ပေးထားမလို့ သူက အခု ကျောင်းမှာ တစ်ယောက်ထဲဆိုပီး ကဲနေတာ"

"ဘဲကြီးဆိုတာ ဒိုင်ချုပ်ကြီး ဆြာထက်ကို ပြောတာလား"
"
အင်း... ဟုတ်တယ် သူက ကျုပ်ထက်စီနီယာဆိုတော့ ကျုပ်ကို တောထဲ ထည့်လွှတ်လိုက်တာ... ပြီးတော့ သူက ကျောင်းမှာ ဝါးတီးပေးပီး ဇိမ်နဲ့နေခဲ့တာ"

"အော်... ဂလိုကိုး... ရုပ်တည်ကီးနဲ့ နေတတ်တယ်..."
"
သိပ်သေချာတာပေါ့... ညဘက်ညဘက် ခန်းမထဲကနေပြီး ဂျီတော့ တက်တက်ချက်တယ်"

"ဟုတ်ပါ့မလားဗျ..."

"ဟုတ်တယ် ဘတူမှ အသိမခံဘူး"

"ဟုတ်ပါ့မလားဗျ..."

"ဟုတ်ပါတယ်ဆို... သူက အခု Invisible ဆိုတဲ့ ကိုယ်ဖျောက်သိုင်းကို တစ်ဖက်ကမ်းခတ် တတ်နေပြီဗျ။ အဲဒီတော့ တခါတခါ ကိုယ်ဖျောက်ထားတတ်သေးတယ်"

"နို့... ကိုယ်ဖျောက်ရအောင် ဘယ်သူကြောက်လို့လဲဗျ၊ ဘ ဘုန်းကြီးလား..."

"သူကြောက်တာလား... ဟဲ ဟဲ... တစ်ယောက်ရှိတယ်... ဟဲ ဟဲ ခင်ဗျားကို ပြောပြဖူးပါတယ် ဟဲ ဟဲ..."

"အော်... သိပြီ... ဟဲ ဟဲ ဟဲ..."

"အိုကေဗျာ၊ ဒါပဲ၊ ဒါနဲ့ ခင်ဗျားတို့ရဲ့ 'ဖွတ်တစ်ရာ' အီးသိုင်းစာစဉ်များရဲ့..."

"ဖွဲ့တည်ရာ ပါဗျ၊ ဖွတ်တစ်ရာ မဟုတ်ပါဘူး..."

"ဆောရီးပဲဗျာ... အေး... ခင်ဗျားတို့ အီးသိုင်းစာစဉ်များရဲ့ အီးအယ်ချုပ်ကြီး ကိုသင်ကာရောဗျ၊ မတွေ့တာတောင်..."

"အော်... သူက အရှေ့မြောက်ဘက်က တောင်တွေဘက်သွားပြီး ပဒေါင်တွေဆီမှာ မျှော်တော်ယောင် လည်ရှည်သိုင်းနဲ့၊ လည်ပင်း သံချပ်ကာကြိုးတပ်ဆင်နည်း သွားသင်နေလေရဲ့..."

"အော်... ဟုတ်လား... ဒါပဲဗျာ။ တာ့တာ၊ ခင်ဗျားရဲ့ သိုင်းလောက အောင်ပွဲသတင်းကို နားစွင့်နေမယ်..."

"ကောင်းပြီဗျာ၊ ဆီးယူ..."

+++++++++++++++++++++++++++


(၂)

"ဟဲ့ပြန်လမ်းမရှိကျွန်းက ကောင်မ... ပြောစမ်း"

"ပြန်လမ်းမဲ့ပါရှင့်..."

"လျှာရှည်မနေနဲ့၊ မရှိတာနဲ့ မဲ့တာ အတူတူပဲလို့မှတ်၊ နင်က အငယ်လား၊ ငါက အကြီးလား" သိုင်းမယ်တော်ကြီးက သူမျောက်တွေသေကုန်လို့ ပါဝါကျနေတာတောင် ဟန်ဆောင်ပြီး ဟောက်စားလုပ်နေသေးတယ်။

"ကောင်မ... ငါ့မျက်နှာကို သေချာကြည့်စမ်း..."

"ခွိ... အဲဒါ သင်္ကြန်မိုးဇာတ်ကားထဲက ခင်သန်းနု အမေပြောတဲ့ စကားကြီးပဲ..."

"မရှည်နဲ့... နင်အခု ဒီကိုဘာလာလုပ်တာလဲ"

"ကာတွန်းကား လာကြည့်... အဲ... သိုင်းပြိုင်ပွဲ လာကြည့်..."

"လာကြည့်တယ်လို့ မပြောနဲ့ ပြင်ပြောစမ်း..."

"ဘယ်လို..."

"ဘလိုတွေ၊ ဘလက်တွေလုပ်မနေနဲ့၊ နင့်နောက်က လိုက်လာမယ့် အိပ်မက်ဘလက်ဆိုတဲ့ အကောင်ကိုလည်း လူလွှတ်ပြီး ရှင်းခိုင်းထားတယ်... ဒီတော့ မှန်မှန်ပြော..."

"ဥစ္စာပေါ်၊ ရုပ်ချော..."

"အောင်မြတ်လေး... ဟေး... ဟေး... နင်... ရွှေဒိုင်းလွှာကို ခိုးဖို့လာတာ မဟုတ်ဘူးလား..."

"အဲ... အင်း... ဟီး... ဟီး... အဟင့်... အဟွင့် ဟွင့်... အဟင့်... ဟွင့်..." (မွန်ချောက်ဖုံး၏ Copy Left ငိုသံဖြစ်သည်)

"ဟဲ့... ဟဲ့... ဘာမှတောင် မမေးရသေးဘူး၊ ငိုနေပြီ၊ မာယာကလည်း တယ်များသကိုး၊ ဒါကြောင့်လည်း သိုင်းလောက သားတွေက နင့်တိုက်ကွက်ကို Not fight with the brain, fight with the heart လို့ပြောတာကိုး... ဟေ့ ဆီးကွက်..."

"ဇီးကွက်ပါဗျ၊ မယ်တော်ကြီးရ..." ဇီးကွက်က ဆီးကွက်နှင့် မှားခေါ်၍ ချက်ချင်းဝင်ပြောလေရာ...

"မရှည်နဲ့... ငါ့ဟာငါ ဘယ်လိုခေါ်ခေါ်ပေါ့၊ ငါက မယ်တော်လား၊ နင်က သားတော်လား၊ သူ့ကိုမေး... နင်တို့ အချစ်တော် မွန်ချောက်ဖုံးကို ဆက်မေးစမ်း..."

"ဟုတ်ကဲ့၊ မယ်တော်ကြီး" ဟုပြောပြီး မွန်ချောက်ဖုံးဘက်ကို လှည့်ကာ...

"ကောင်မ... ငါ့မျက်နှာကို သေချာကြည့်... ဟာ... ရောကုန်ပြီ... ဒီမှာ မွန်ချောက်ဖုံး... ဗိုလ်ဖြစ်ချင်တဲ့သူဆိုတာ ဗိုလ်သင်တန်းတက်... ဟာ... "

"ဇီးကွက်၊ မြန်မြန်မေးစမ်း၊ အချိန်မရှိဘူး၊ ပြိုင်ပွဲကဖြင့်မပြီးသေးဘူး၊ ဒိုင်းဆုက ပျောက်ရတယ်လို့၊ ငါတို့သိက္ခာကျတယ်..." ဒီတော့မှ ဇီးကွက်ခင်မျာ မွန်ချောက်ဖုံးဘက်ကို ပြန်လှည့်ပြီး...

"ဒီမှာ မွန်ခြောက်ဖုံး... ခြောက်ဖုံးတည်းရှိပြီး ဘာလို့ ခုနှစ်ဖုံး မရှိရတာလဲ..."

"ဇီးးးးးးးးးးးးးးးးးးးး ကွက် !!!!!!....."

"ဗျာ... ဗျ... ဟုတ်ကဲ့..." သိုင်းမယ်တော်ကြီးက ဒေါသ ပေါက်ကွဲပြီး ခုနှစ်သံချီဟစ်တော့ ဇီးကွက်ခင်ဗျာမှာလည်း ဇက်ကလေးပုလို့ မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့်...

"တော်ပြီ၊ နင် သိပ်ပေါလွန်းတယ်၊ မရဘူး၊ မမေးနဲ့တော့" ဟု ပြောပြီး သိုင်းမယ်တော်ကြီး ခွန်မြလှိုင်မှာ ဒိုင်လူကြီးဒေါက်ထက်ဖက်သို့လှည့်ကာ...

"ဒိုင်ဒေါက်!"

"ဗျာ... :D ..." ဒိုင်လူကြီး ဒေါက်ထက်မှာ ထိပ်ဆုံးနှစ်လုံးဖြစ်သော ဒိုင်နှင့် ဒေါက်ကို အတိုရောခေါ်လိုက်သဖြင့် လန့်ဖြန့်သွားပုံရသည်။ သူ့ခင်ဗျာ ဇီးကွက်နှင့် ဂျူလိုင်တို့ရဲ့ အတွင်းအားကို ၀င်ကူဖျက်ပေးခဲ့လိုက်သဖြင့် အားချိနေပုံလည်းရသည်။

"ဒိုင်းလွှာကိစ္စကို မေးစမ်းပါဦး... အဲဒီကောင်မလေး သိပ်ပဲများတယ်... ကျွန်မတို့နဲ့များ ကွာပါ့..."

"ဟုတ်ကဲ့..." ဟု ဒေါက်ထက်က ပြောပြီး မွန်ချောက်ဖုံးဘက် လှည့်ကာ...

"ညီမရေ... ပြောပါကွယ်၊ ရွှေဒိုင်းလွှာကို ဘယ်လိုလုပ်ပြီး ဘယ်မှာ ဖွက်ထားသလဲ"

"မသိဘူး... မွန် မသိဘူး..."

"ပြောလိုက်ပါ ညီမရယ်... ပြီးရင် အော်ဇီကျွန်းက ငါးပြတိုက်ကို လိုက်ပြမယ်"

"မွန် တကယ်မသိဘူး... မွန် က အဲဒီ ရွှေဒိုင်းကို ခိုးဖို့ လာတာပဲ... ဒါပေမယ့် ဒီရောက်တော့ ပျောက်နေပြီ..."

"ဟုတ်လို့လား... ကောင်မ၊ နင်မညာနဲ့နော်..." သိုင်းမယ်တော်ကြီးက ၀င်ဟောက်ပြန်သည်။

"ဟုတ်ကဲ့ပါ... အဟွင့်... ဟင့် ဟင့်... ဒီရောက်တော့ ဒိုင်းကြီးက ပျောက်နေပြီ၊ အဟွင့်... ဒါနဲ့ အခြေအနေ မဟန်ဘူး လစ်မှ ဆိုပြီး ပြေးတဲ့အချိန်မှာမှ... အဟွင့်... ရိုဘော့နဲ့တိုးပြီး... အဟွင့်... ဟင့်..."

"ညည်း တကယ်ပြောတာနော်..."

"ဟုတ်ကဲ့..."

"ဒါဆိုရင် စဉ်းစားစရာ ဖြစ်လာပြီ ဦးဖိုးကွက်... အဲ... ဦးစိုးထက်ရဲ့၊ အဲဒီ ရွှေဒိုင်းလွှာကို ဘယ်သူ ခိုးသွားသလဲဆိုတာ..."

"ဟုတ်တယ်၊ ဒါစဉ်းစားစရာပဲ"

"မွန်ချောက်ဖုံးကြည့်ရတာ ဒီလောက် သွက်ပုံမရဘူး"

"တရားခံက ဘယ်သူလဲ"

"ဘလက်အိပ်မက်ပဲ လာပြီး ခိုးသွားသလား..."

"ဒါမှမဟုတ်... ဒိုင်လုပ်တဲ့သူတွေပဲ ပွဲဆူနေတုန်း ကြိတ်ဖွက်လိုက်သလား"

"ဒိုင်းလွှာကြီးက မကောင်းစိတ်ရှိတဲ့သူကိုင်ရင် အတွင်းအားလည်း လျော့နိုင်သေးတယ်..."

"ခက်ကုန်ပြီ ပြိုင်ပွဲက မပြီးသေးဘူး ဆုက ပျောက်နေပြီ"

အဲလို... တစ်ယောက်တစ်ပေါက် ထင်မြင်ချက်တွေ၊ မြင်ထင်ချက်တွေ ပြောနေချိန်မှာပဲ...

"ဟား... ဟား... ဟား..."

ထိတ်လန့်စရာ ကျယ်ကျယ်လောင်လောင် ရယ်သံကြီးသည် မည်သည့်အရပ်က လာမှန်းမသိဘဲ ထွက်ပေါ်လာလေသည်။ တဆက်တည်းမှာပဲ...

"ဟား... ဟား... ဟား... ငါမသိတဲ့ည... ငါ့မှာ မရှိတဲ့ အတွင်းအားတွေ ပေါက်ကွဲကုန်ကြတယ်... အဟား... ဟား... ဟား... ငါမသိတဲ့ည... ငါ့မှာ မရှိတဲ့ သိုင်းကွက်တွေ လောင်ကျွမ်းကြတယ်..."

"ဒါ ဘယ်သူလဲ၊ ဒီအသံကြားဖူးတယ်၊ ဒါဘယ်သူဖြစ်မလဲ... ဒီအသံ မကြားဖူးပါဘူး၊ ဒါဘယ်သူ့အသံလဲ..." စသည် စသည်ဖြင့် သိုင်းလောကသားများ ပွက်လောရိုက် တုန်လှုပ်ကုန်ကြလေတော့သည်။

သိပ်မကြာခင်မှာပဲ ကောင်းကင်ထက်မှ အင်မတန် စူးရှတောက်ပသော အလင်းရောင်တန်းကြီး ထိုးစိုက်ကျလာရာ...။

...............................................

ဆက်ရန်...

နောက်ဇာတ်လမ်း မဆက်ခင်မှာ ရွှေဒိုင်းလွှာကို ခိုးသွားတဲ့ တရားခံ ဘယ်သူဖြစ်မလဲဆိုတာ စဉ်းစားကြဗျာ...။

Zerotrash21 + ဟန်သစ်ငြိမ်

+++++++++++++++++++++++++++

ကိုသုည ခရီးမထွက်ခင်ရေးပေးခဲ့သော ပလော့ (Plot) တစ်ဝက်ကို အနည်းငယ် Edit လုပ်ပြီး ကျန်တစ်ပိုင်းကို ကျွန်တော် ဟန်သစ်ငြိမ်မှ ဆက်လက် ဖန်တီးပုံဖော်ပါသည်။

Sunday, June 29, 2008

သိုင်းလောက အပိုင်း ( ၁၅.၂) - သိုင်းမူး

သိုင်းပြိုင်ပွဲကြီးက စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျင် နောက်ဆုံးဗိုလ်လုပွဲ အဆင့်ကို ကျင်းပ လုဆဲဆဲ အချိန်ဖြစ်နေပြီ။ ခေါက်ဆွဲစားသည်ဟု ယူဆရသော ရှောင်လင်ကျောင်းမှ သိုင်းဆရာကြီး ဒေါက်ထက်နှင့် ရေခဲတောင်သိုင်းမယ်တော်ကြီး ခွန်မြလှိုင်တို့က ဗိုလ်လုပွဲ နွဲမည့် သိုင်းပညာရှင် နှစ်ယောက်ကို လိုက်နာရမည့် စည်းကမ်းများ ( သူတို့ဟာသူတို့ထုတ် ၊ သူတို့ဟာသူတို့ပြင်)ကို ပြောပြရင်း လေရှည်နေကြသည်။ အခန်းနားမူးးဇီးကွက်ကလည်း အနားပြာလုပ်ကာ အလုပ်များချင် ယောင်ဆောင်နေလေသည့်အချိန်။

ထိုအချိန်တွင် စင်မြင့်ဘေးကွက်လပ်တွင်နေရာယူထားသော အရှုံးသမား သိုင်းပညာရှင်အုပ်စုမှာ အချင်းများလျက်ရှိနေကြသည်။

ရွှန်းမီ - ရိုဘော့မီမီ ဖမ်းမိထားတဲ့ မွန်ချောက်ဖုံရဲ့ အာပုပ်သိုင်းက ရင်ပြင်တစ်ခုလုံးကို ပျံ့နှံ့နေပြီ။ သူ့ပါးစပ်ကို အပ်နဲ့ ချုပ်ရင် ကောင်းမယ်။ မိုးချစ်သူရေ ချုပ်ပေးပါလား။

မိုးချစ်သူ - ဟင့်အင်း ဟင့်အင်း မချုပ်ဘူး။ အနားတောင် မကပ်နိုင်ဘူး။ သူက အာပုပ်သိုင်းတင် မကဘူး ကြူမုန်းကြောင်မျိုးဆီက ရေမချိုးသိုင်း၊ အ၀တ်မလျှော်သိုင်းနဲ့ သွားမတိုက်သိုင်းလည်း သင်ထားသေးတယ်။

ပျားဘုရင်မ - ဒါဆို သွားတွေကို အရင်နှုတ်ပြီးမှ ပါးစပ်ကို ချုပ်တာပေါ့။

အလွမ်းဘုရင်မလေး - ငါတို့က သူ့ကို ဖမ်းထားတာဆိုတော့ သူကို နှိပ်စက်လို့ မသင့်တော်ဘူးထင်တယ်။ မဟုတ်ရင် သိုင်းလောကမှာ နာမည်ပျက်ကုန်မယ်။

ဒရမ်း - ဒါနဲ့ သူ့ဆရာတွေ ဂိုဏ်းတူ အစ်ကိုတွေကိုလည်း သတိထားရလိမ့်မယ်။ သူတို့ အခုဆို ရှောင်လင်ကျောင်းကို ဦးတည်ပြီးလာနေလောက်ပြီ။

အလွမ်းဘုရင်မလေး - ဟုတ်တယ်။ ဇီးကွက်တောင်မှ လာတဲ့လူတွေကို သိုင်းလောက မှတ်ပုံတင်ပြမှ ပေးဝင်မယ်ဆိုပြီး စည်းကမ်းကို ကြော်ငြာထားတယ်ကြားတယ်။နှင်းပွင့်တောင် နောက်ကျနေတာ ကြည့်ပါလား။

ပျားဘုရင်မ - ဒါလည်းကောင်းတာပဲ။ နောက်ပြီး ငါတို့လူအင်အားနည်းနေတယ်လေ။ တေလေမုတ်သုန်ကို ပါ ပြန်ခေါ်မှ ဖြစ်မယ်။ ခေါ်ဆိုကြာပါတယ်။ အခုပဲ စီပုံးမှာ ကြိမ်စကြာ ရိုက်ပြီး ခေါ်လိုက်မယ်။ သူမလာခင် ငါတို့ နည်းနည်းပါးပါးသောက်ပြီး စောင့်ရအောင်။

ရွှန်းမီ - ပြိုင်ပွဲစည်းကမ်း အရ အရက်သောက်လို့ မရဘူးလေ။

ပျားဘုရင်မ - ပြိုင်ပွဲစည်းကမ်းအရ အရက်မသောက်ရဘူးဆိုပေမဲ့ ငါတို့က ပြိုင်ပွဲကထွက်ပြီဆိုတော့ သောက်လို့ရပြီ ။ အရက်ပုန်းဆိုင်လဲ မတွေ့ ပါလား။

ဒရမ်း - ဘယ်ရှိမလဲ ဟိုကဇော်သိုင်းသမားဇီးကွက်က ဆိုင်သမားတွေကို လိုင်စင်ချမပေးထားဘူး။ သူ့ကို လဘ်ထိုးတာတွေတော့ ယူတယ်တဲ့ ငါအလာလမ်းမှာ ကြားခဲ့ပြီးသား။

မိုးချစ်သူ - နာပြောတယ်တော့မပြောနဲ့နော်။ ဇီးကွက်က စင်နောက်ဝင်ဝင်ပြီး မော့နေတာတော့တွေ့ တယ် ။ သူပြောတော့ အားဆေးလို့ ပြောတာဘဲ။

ရွှန်းမီ - သေချာပြီဒါဆိုရင် ဒိုင်တွေကိုလည်း သူကုန်းကုန်း ကုန်းကုန်းနဲ့သွားသွားတိုက်နေတာတွေ့တယ်။ မယ်တော်ကြီးက ခေါင်းတချက်ခါပြလိုက်တာတွေ့ထဲက တမျိုးပါလားလို့ တော့ထင်သား။ဒေါက်ထက်ကတော့ ၀ါးစိမ်းမှနော်ဆိုလား မသိဘူး ပြောတယ်။

လင်း - ဒါမျိုးတော့ဘယ်ရမလဲ နေပလေ့စေအုန်း သွားရှာလိုက်အုန်းမယ် ။ လူကညစ်နေပါတယ်ဆိုမှ ၊ တွေ့ လို့ ကတော့ မူးအောင်သောက်ပြီးသားဘဲ။

ပျားဘုရင်မ - တွေ့ တာအကုန်မခဲ့ ၊ နည်းလို့ ကတော့အာတောင်စွတ်မှာမဟုတ်ဘူး။ဇီးသန့် ကို ရစ်ဖို့  အမူးသောက်မယ်။

ထိုအချိန်တွင် တ၀ုတ်ဝုတ် ၊ တ ၀ုန်းဝုန်းနှင့် မည်းမည်း အုပ်စုကြီးတစ်စု စင်နောက်မှ ပေါ်ထွက်လာလေသည်။ အားလုံးမှာ အနက်ဖြစ်နေ၍ အိပ်မက်နက်တို့ အုပ်စု လာပြီထင်၍ သိုင်းသမားများမှာ အားလုံးသတိ အနေအထားဖြင့် စောင့်ကြည့်နေကြသည်။ ပျားဘုရင်မက ပျားအုပ်များကို အားလုံး၏ ပတ်လည်တွင် ၀ိုင်းပတ်ပြီး လက်နက်ပုန်းများ လွင့်ပျံလာပါက တားဆီးရန် အမိန့်ပေးထားလေသည်။

ထိုအုပ်စု အတွင်းမှ နေ၍ အလင်းရောင်မှိန်ပြပြလေး ထွက်ပေါ်လာရာ မိုးချစ်သူက

` ဟယ် ဟိုဒုတ်က အရောင်အဆင်းမရှိတဲ့ မုတ်သုန်ရဲ့ ခွေးရိုက်တုတ် မဟုတ်လား´

ပျားဘုရင်မမှ ` ဗိုလ်နေလား´

ထိုအခါမှ ထိုမှိန်ပြပြ အလင်းရောင်သည် ရုတ်တရက် လင်းလာပြီး တေလေဂိုဏ်းမှ ဗိုလ်မုတ်သုန် ရောက်ရှိကြောင်း ပြသလေသည်။ သူ့လက်ထဲတွင်ကား ဘယ်အချိန်က ဇီးကွက် ၏ စတိုအတွင်းသို့ ၀င်ရောက်ယူငင်ထားးသည်မသိသော ဆန်အရက် ငါးလုံး ၊ လက်ဖက်အရက် သုံးလုံးနှင့် ၀ါးစိမ်း အရက် စဥ့်အိုးတစ်လုံးကို ကိုင်လျက်။

အားလုံး ၀မ်းသာအားရ တစ်ယောက်တလှည့် လက်သင့်ရာစွဲယူပြီး ဖွင့်သောက်မည်အလုပ်တွင် ဂျူလိုင်ဒရမ်းက `ဟေ့နေအုန်း သူ့ပုလင်းတွေက အရက်ပုန်းဆိုင်ကဟာတွေဆိုတော့ ဒါလေးတော့ ခပ်သောက်ကြဟာ´ ဆိုပြီး ရေသန့်ဆေးပြားတွေထုပ်ပေးလေရာ အားလုံးက အားကနဲ အော်ကြတော့သည်။

`ပြိုင်ပွဲလဲ ပြီးပါပြီအကိုတော်ရယ် ´

`ရေသန့် ဆေးပြားအစစ်ဟုတ်မဟုတ် ဘယ်လိုသိမလဲ။ မယုံဘူး´

`မူးအောင်သောက်ပါမယ်ဆိုနေ သူကမျော့အောင်လုပ်ချင်နေပြန်ပြီ´ အစရှိသဖြင့် တစ်ယောက်တပေါက် ၀ိုင်းအော်သံများကြောင့် လက်လျော့လိုက်ရလေသည်။

စိတ်ရှိတိုင်းသောက်နေကြသော အရှုံးသမားများမှာ လေကလဲတဖြူးဖြူးမို့  အရှိန်လေးက တက်လာချိန် ၊ဒိုင်သူကြီးများကလေရှည်နေသည်လား ပြိုင်ပွဲဝင်သိုင်းသမားများကဘဲ အချိန်ဆွဲနေသည်လား ဘာမှန်းမသိကြာနေသော ဗိုလ်လုပွဲက မစနိုင်သေး။ကဇော်သမား ဇီးကွက်ကလည်း စင်ပေါ်တက်လိုက် စင်အောက်ဆင်းလိုက်နဲ့ ဘာရှုပ်နေမှန်းမသိ ။

မူးမူးနှင့်မျက်ရည်မီးတောက်လင်းက တစခန်းထပြန်သည်။ ` မီမီ ရေ အချောအလှလေး တိုင်းမရှင်းလေး ခနငှားပါလား အတိတ်ကိုပြန်ချင်လို့´ ဟုမျက်စိမှိတ်ပြီး အသကုန်အော်နေလေရာ ဟန်နီက မျက်မှောင်ကြီးကြုတ်လျက် ` မီးတောက်ရယ် ကျုပ်ရစ်ဖို့ အချိန်လဲပေးပါအုန်း ရှင်ဘဲ တမျိုးပြီး တမျိုး။ အတိတ်ကိုပြန်ချင်ရင် မီမီဆီကငှားပေးမယ် ။ တခုတော့ရှိတယ် အတိတ်က ၂နှစ်လောက်ဘဲတော့ လှည့်လို့ မရဘူး ဟိုးအစထိပြန်သွားရမယ်။ ကလေးဘ၀ကိုပြန်သွားမလား။ သွားမယ်ဆိုရင် ခု စီစဉ်လိုက်မယ်´ ဟုပြောရာ လင်းမှ `ဟင့် စာပြန်မသင်ချင်တော့ဘူးးး မသွားတော့ဘူး ´ဟုဆိုကာ ပျားဘုရင်မကို မျက်စောင်းထိုးပြီး အဝေးကို ထွက်သွားလေတော့သည်။

ဟန်နီလည်း ထိုသို့ အရစ်ခံရသော အချိန်ကျမှ သူမ၏ ရစ်ခွင့်ရွှေပြားကို သုံးရန်သတိရပြီး အိပ်ကပ်ထဲ နှိုက်လိုက်သော် ထွက်လာသည်က အပေါင်လက်မှတ်နှင့် ဇီးကွက်၏ လက်ရေးဖြင့်ရေးထားသော `လမကုန်သေးလို့ ရွှေပြားကို ဂျော်နီလမ်းလျှောက်နဲ့ လဲသောက်လိုက်ပြီ´ ဆိုသော စာကိုသာ တွေ့ရှိလိုက်ရာ စိတ်ပေါက်ပေါက်နှင့်


`အဖြေမရှိတာတွေတွက်လို့
ဒင်းက ဦးနှောက်စီးထွက်တာတွေ ပြောရဲ့

ဟဲ့ နင်သင်္ချာတော်တာ ၉၉မှာကျန်ခဲ့ပြီကွယ့်

အရှေ့ဖက်ကမ်းမှာထိုင်လို့
အနောက်ဖက်လှည့်ပြီး ငိုင်ပေါ့ကွာ

စိတ်နာစရာ အာလူးကြော်တောင် ပါရီပျော်လို့ အိမ်ပြန်သတဲ့
မင်းကသာ ကလေးတအုပ်နဲ့ တောတွေသွားလို့ ရွာစဉ်လှည့်

စိတ်နာနာနဲ့ သောက်လိုက်ဦးပေါ့ လဒရေ
ပါဝါတွေတက်လို့ မုတ်ဆိတ်တွေရှည်တဲ့အထိ


အေး သိလား ငါလည်းလေ
အိပ်မက်တွေမှာ
တောင်ချွန်းတောင်ခြေရောက်လို့ရယ်

ဘယ်တော့လောက်အိမ်ပြန်ရမလဲ
ကဲ
တွက်ပါဦးကွယ်။ ။´ ဟု ကဗျာတစ်ပုဒ်ကို ကောက်ရွတ်လိုက်လေတော့သည်။

ဇီးကွက်၏စတို အတွင်းမှ တိုလာသော ကြွက်များ ဖားများ ကို ကင်စားကြသော်လည်း အစားအသောက် သောင်းကျန်းသူများ ဖြစ်သဖြင့် မလောက်မဌ ဖြစ်ကုန်သောကြောင့် မုတ်သုန်မှ သူ့ခွေးနှစ်ကောင်ကို ကင်ကျွေး