jp Ulmuka_ဇီးကွက်: ကင်းခြေများပုံပြင်

Tuesday, August 19, 2008

ကင်းခြေများပုံပြင်

ပြည့်စုံလုံလောက်ခြင်းဆိုသည်မှာ အဆာပလာ ပစ္စည်းအမယ်များ ထပ်ထည့်ခြင်းတွင် မမူတည်ပဲ မီးပြင်းအားကို လျှော့ခြင်းတွင်သာ မူတည်၏။ ထို့အတူ ရာထူးစည်းစိမ်ဥစ္စာများကို အပန်းတကြီးလိုက်လံရှာဖွေခြင်းတွင် မမူတည်ပဲ လိုချင်တပ်မက်စိတ်ကို ထိန်းချုပ်ခြင်းတွင်သာ မူတည်ပေသည်။ Thomas Fuller

တစ်ခါတုန်းက ကင်းခြေများမှာ ခြေထောက်တွေ မရှိဘူးတဲ့။ ဒါပေမယ့် သူက မြွေတွေသွားသလို လျင်လျင်မြန်မြန် တွားသွားနိုင်တယ်။ တစ်နေ့မှာတော့ ဒီကင်းခြေများက တောင်ဆိတ်တို့ သမင်တို့ အစရှိတဲ့ ခြေထောက်ပါတဲ့ သတ္တ၀ါတွေ သူ့ထက် ပို မြန်မြန်သွားနိုင်တာ တွေ့တော့ မနာလိုဖြစ်ပြီး ရေရွတ်ပြောဆိုတယ်တဲ့… ”ခြေထောက်များလေ ပိုမြန်လေပါလား….

ဒါနဲ့ သူလဲ ဖန်ဆင်းရှင်ဆီသွားပြီး “အရှင် ကျွန်တော်မျိုး သူများထက်ပိုများတဲ့ ခြေထောက်တွေ လိုချင်ပါတယ်” လို့ တောင်းဆိုသတဲ့..။

ဖန်ဆင်းရှင်ကလည်း ကင်းခြေများရဲ့ ဆန္ဒ တောင်းဆုကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ခြေထောက်ပေါင်းများစွာကို ကင်းခြေများ ရှေ့ကို ချပေးပြီး “ကြိုက်သလောက် တပ်ဆင်စေ”လို့ ပြောလိုက်တယ်…။

ကင်းခြေများလည်း ၀မ်းမြောက်ဝမ်းသာနဲ့ ခေါင်းကနေ အမြီးအထိ သူ့တစ်ကိုယ်လုံးမှာ ခြေထောက်တွေကို များနိုင်သလောက်များများ တပ်တာ နောက်ဆုံး တပ်စရာ နေရာလပ် မရှိတော့တဲ့အထိပဲတဲ့။

တပ်ဆင်ပြီးတဲ့ အချိန်ကျတော့ ကင်းခြေများလည်း သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ ခြေထောက်တွေကို ကြည့်ပြီး ၀မ်းသာအားရနဲ့ “အခုတော့ ငါဟာ မြားတစ်စင်းလို အရှိန်အဟုန်နဲ့ ပျံသန်းလို့တောင် ရပြီ”လို့ ကြွေးကြော်တော့တာပေါ့။

ဒါပေမယ့် တစ်ကယ့်တစ်ကယ်တမ်း သူ ပြေးကြည့်တဲ့ အချိန်မှာတော့ သူ့ ခြေထောက်တွေကို သူမထိန်းချုပ် နိုင်တာကို တွေ့လိုက်ရတယ်။ ခြေထောက်တွေက တောင်တစ်ချောင်း မြောက်တစ်ချောင်း သွားလိုရာကို သွားနေကြတော့ ခြေထောက်တွေကို သူ ထိန်းချုပ်နေရတာနဲ့တင် အရင်က သွားတဲ့ အမြန်နှုန်းထက်တောင် နှေးသွားသတဲ့။

အသိတရား လိုချင်တပ်မက်တဲ့ ရမက်ဆန္ဒတွေ နောက်လိုက်မယ်ဆိုရင် လိုအင်ကို ဘယ်လိုဖြည့်ဆည်းဖြည့်ဆည်း မပြည့်ဝနိုင်ပါဘူး။ တကယ်တမ်းလက်တွေ့ မှာကော ရမက်လောဘရဲ့ အဆုံးရလဒ်မှာ ပျော်ရွှင်မှုကို ရှာတွေ့ရဲ့လား။ အကောင်းဆုံးရလဒ်ကော ဖြစ်နိုင်ပါ့မလား။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ အားသာချက် အားနည်းချက် တွေကို နှစ်သက်လက်ခံခြင်းကသာ လိုအင်ရမက်ပင်လယ်ထဲကနေ နားလည်လွတ်မြောက်ခြင်းကို ရရှိနိုင်ပါလိမ့်မယ်။





==================

အင်တာနက်မှာ ဖတ်လိုက်ရတဲ့ စာတစ်ပိုဒ်ကို ဆီလျှော်အောင် ( ကိုယ့်ဘာသာကိုယ်တော့ ဆီလျှော်တယ် ထင်တာပဲလေ :P ) ဘာသာပြန်ဆိုပါသည်...

4 comments:

လင်း said...

ဖန်ဆင်းရှင ဘယ်မှာရှာရနလဲ? သိရင်လမ်းညွှန်ပါ

ရွှန်းမီ said...

တော်သေးတာပေါ့ ..
ခြေထောက်များတော့လည်း နှေးနှေးတော့ ပြေးလို့ ရသေးတယ်..
မြွေလို ဟိုလိုခြေထောက် ကောင်းနိုး ဒီလိုခြေထောက် ကောင်းနိုးနဲ့ တပ်ကြည့်လိုက် ပြန်ဖြုတ်လိုက် လုပ်ရင်း ဘာခြေထောက်မှ မရှိရတော့တာနဲ့ စာရင်.. ပေါ့..။
မြွေဆို မြန်မြန်ပြေးနိုင်ပေမယ့် ခြေမရှိတော့ မြေကြီးနဲ့ ရှပ်တိုက်လူးနေရတာ။

Chaos said...

လေ့လာမှတ်သားသွားတယ်
အစ်ကိုရေ
တကယ်တမ်းတော့
လိုအင်ဆန္ဒတွေက တစ်ခုပြီးတစ်ခု အတောမသတ်နိုင်အောင်ကို ဖြစ်နေတယ်နော်။
ထိန်းချုပ်ဖို့ ကြိုးစားပေမယ့်လည်း တစ်ခါတစ်ခါ အသိတရားက လွတ်လွတ်ကျသွားတယ်။

Nature X said...

ဒီပုံပြင်လေး ဖတ်ဖို့ပြောရမယ် ... လင့်ယူသွားတယ်ဗျ