သွားခါနီး ဆိုတော့ စာရေးရမှာ လည်း စိတ်လုံးဝမပါဘူး။ ကော်နက်ချဉ် မကောင်းတာလည်း ပါသပေါ့လေ။ (အမှန်ကတော့ ပျင်းတာပါ ;P ) ။ အခုတော့ တက်ဂ်တာတောင်မှ နှစ်ခါပြိုင် တက်ဂ်ခံရတယ်ဆိုတော့ ရေးရတော့မှာပေါ့လေ။
ကိုယ့်ရဲ့နာမည်…...... Ulmuka_ဇီးကွက်
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်…...ဇီ်းကွက်၊ ဇီးသန့်
ကိုယ်ဒီမှာနေတယ်….......လောလောဆယ် ဆက်သွယ်မှုဧရိယာပြင်ပ
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….....ဖုန်းတစ်လုံး အရင်ဝယ်ပေးပါ ( အပြင်ဈေး ၂၅ သိန်းတဲ့ :( )
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်…...........အဖြူ
အ၀တ်အစားဆိုရင်…..လုံရင် ပြီးတာပဲ
အစားအစာဆိုရင်….....တိုဖူးနွေး၊ တိုဖူးကြော်၊ တိုဖူးချဉ်။
ပစ္စည်းဆိုရင်….........အင်တာနက်နဲ့ ချိတ်ထားတဲ့ ကွန်ပြူတာ ( ကော်နက်ချဉ်ကောင်းရမည် )
သီချင်းဆိုရင်…......ခပ်ပျင်းပျင်းလေးတွေ ( မှတ်ချက်။ ။ စာလုံးပေါင်းမမှားပါ )
စာရေးစာဆရာ…....အများကြီးပါပဲ
စာအုပ်…........... စာပါရင်ပြီးရော ( ကျောင်းစာအုပ် မပါ )
Life style…......မဂ္ဂဇင်းလား။ မဖတ်ဖြစ်တာ ကြာပြီ။
ကိုယ့်ရဲ့ဝါသနာ…......စားခြင်း၊ အိပ်ခြင်း၊ …
အလိုချင်ဆုံးလက်ဆောင်…......စိတ်ရင်းစေတနာ အမှန်နဲ့ ပေးတဲ့ လက်ဆောင်တွေ
ကိုယ့်ရဲ့ အချစ်ဆုံးသူက….........ကိုယ့်ကိုယ်ကို
ကိုယ့်ရဲ့ အလေးစားဆုံးသူက….....မိဘ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက….....သူငယ်ချင်းတွေ အားလုံး
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက….......ကိုယ့်ဘာသာကိုယ်တောင် နားမလည်
အပျော်ဆုံးအချိန်…........အမြဲတမ်း ပျော်နေသလိုပဲ
အမှတ်တရနေ့…........မှတ်ဥာဏ်တော့ သိပ်မကောင်းဘူး
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…......အားလုံး အဆင်ပြေကြပါစေ
အချစ်ဆိုတာ…..............阿紫 လက်ဖက်ရည်ဆိုင်က အဖျော်ဆရာ
အမုန်းဆိုတာ…..........阿梦အချစ်ရဲ့ ညီမ ( သူက ကောင်တာမှာ ထိုင်တယ် )
အလွမ်းဆိုတာ…...............阿软အချစ်ရဲ့ သမီး
( အားလုံး တရုတ်တွေနော် :P )
သံယောဇဉ်ဆိုတာ…....... အဲ ဘာတွေလာမေးနေတာတုန်း…
ဘ၀ဆိုတာ….......အကျီ င်္က ပွ.. ဘောင်းဘီဂွကျ… အဲဒါ ဘ၀ ဘ၀ (သူများတွေ ပြောတာ ပြောပါတယ်။)
သူငယ်ချင်းဆိုတာ…......ကိုယ်လိုရင် ပိုက်ဆံ ပေးချေးတဲ့သူ ( သူငယ်ချင်းကောင်းဆိုတာ ကိုယ်ပိုက်ဆံလိုရင် အလကားပေးတဲ့လူ )
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…...... ဇီးကွက်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…........Keep the conscious clear, then never fear!
အပြောချင်ဆုံးစကားတစ်ခွန်း….......ဒီလောက်ရေးရင် တော်ပြီနော် ဒေါ်အိပ်မက်နဲ့ ဒေါ်ရွှန်းမီ

6 comments:
ဟုတ်ပါပြီ ဟုတ်ပါပြီ..
ရေးပေးတာ ကျေးဇူးပါ ကိုဇီးကွက်..
:-)
ဟေး... ဒါမှဦးဦးဇီးကွ... :) :) ဟိးဟီး
ပေးတဲ့ဆုနဲ့ပြည့်စုံစေသတည်း...
အ၀တ်အစားဆို လုံရင်ပြီးတာပဲဆိုတော့
သစ်ရွက်ခြောက်ကလေးတွေနဲ့ ချုပ်ပေးဦးမှ အသန့်ကို
:P
အဝတ်အစားက လုံတာလောက်နဲ့တော့ ရဘူးထင်တယ် ဟီးး. (ကိုရင်နော်)
အင်္ကျီပွ ဘောင်းဘီပွ.. ဟုတ်တယ်ဟုတ်တယ် ဘဝ ဆိုတာ ဂွကျကျ (ခင်လေးငယ်)
ဦးဦးဂျီးဂွက် ကော်နက်ချဉ် ကောင်းရင် ကလေးလေးအတွက် တုတ်ဖူးတုတ် ပို့ပေးနော် (ကလေးလေး)
သူငယ်ချင်းကောင်းဖြစ်အောင် လုပ်မလားလို့
ဟဲဟဲ
looks like u are very popular
Post a Comment