jp Ulmuka_ဇီးကွက်: ဘာကို ရွေးကြမလဲ

Saturday, March 15, 2008

ဘာကို ရွေးကြမလဲ

အချိန်ယူပြီး ဖြေကြည့်ပါ။ သင့် အဖြေကို သင်အံ့သြသွားနိုင်ပါတယ်။


အဖြေတွေကို သွားမချောင်းကြည့်ကြနဲ့နော်။


မေးခွန်း နှစ်ခု မေးမယ်ဗျာ။


မေးခွန်း (၁)


အကယ်၍ သင်သိတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ်ဝန်ရှိနေတယ်။ သူ့မှာ ကလေး ၈ ယောက် ရှိနေပြီးသား။ ၃ ယောက် က နားမကြားဘူး။ ၂ ယောက် က မျက်စိမမြင်ဘူး။ ၁ ယောက် က စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းနေတယ်။ နောက်ပြီးတော့ သူမမှာ ကာလသားရောဂါ ( Syphilis ) ရှိနေတယ် (ဒီရောဂါ ကြောင့် သူမရဲ့ ကလေးဟာ အင်္ဂါ မစုံတဲ့ ကလေး ဖြစ်လာနိုင်တယ်)။ သူမဟာ ဒီကလေး ကို ဖျက်ချသင့်တယ်လို့ ထင်ပါသလား။


ဒီမေးခွန်းရဲ့ အဖြေကို မကြည့်ခင် နောက်မေးခွန်း တစ်ပုဒ်ကို အရင် ဖတ်ကြည့်ပါဦး။


မေးခွန်း (၂)


အခု အချိန်မှာ ကမ္ဘာ့ခေါင်းဆောင် အသစ် တစ်ယောက်ကို ရွေးရတော့မယ်။

အကုန်လုံး ရတဲ့ မဲက တူညီနေတယ်။အခုသင် မဲပေးလိုက်တဲ့ လူဟာ အနိုင်ရမှာပဲ။

အခုအောက်မှာ အရွေးခံမယ့် လူ သုံးယောက်ရဲ့ အရည် အချင်းတွေကို ဖော်ပြထားပါတယ်။ သင် ဘယ်သူ့ကို မဲပေးမလဲ။


အရွေးချယ်ခံမည့်သူ (က)

စဉ်းလဲ သော နိုင်ငံရေး သမားများနှင့် ပေါင်းသင်း ဆက်ဆံသည်။ ဗေဒင် ဆရာကို ယုံကြည်မေးမြန်းသည်။ မိန်းမ နှစ်ယောက်ရှိသည်။ ဆေးလိပ်ကို လက်မှ မချတမ်းသောက်ပြီးလျှင် မာတီနီ ကို တစ်ရက်လျှင် ရှစ်ခွက်မှ ဆယ်ခွက်သောက်သည်။


အရွေးချယ်ခံမည့်သူ (ခ)

အလုပ်မှ နှစ်ခါ အထုတ်ခံရဖူးသည်။ နေမြင့်သည် အထိ အိပ်သည်။ ကောလိပ်ကျောင်း တက်စဉ် မူးယစ်ဆေး သုံးဖူးသည်။ ညနေခင်း တိုင်း ၀ီစကီ လေးပက် သောက်သည်။


အရွေးချယ်ခံမည့်သူ (ဂ)

နာမည် ကျော်ကြားသော စစ်သူရဲကောင်း တစ်ယောက်ဖြစ်သည်။ သတ်သတ်လွတ်စားသူ ဖြစ်ပြီး ဆေးလိပ်နှင့် အရက် မသောက်သုံးပေ။ ဘီယာကို တစ်ခါတစ်လေ သောက်သုံးသည်။ သူ၏မိန်းမကို လုံးဝ မလိမ်ညာ ဖူးချေ။




ကဲ သင် ဘယ်သူ့ကို ရွေးမလဲ။





အရင် စဉ်းစားပါ။ အဖြေကို ချောင်းမကြည့်နဲ့နော်။








ကဲ စဉ်းစားပြီးရင် အောက်က အဖြေကို ကြည့်ရအောင်။








အရွေးချယ်ခံမည့်သူ (က) ဖရန်ကလင် ဒီ ရုစဗဲ့(Franklin D. Roosevelt)

အရွေးချယ်ခံမည့်သူ (ခ) ၀င်စတန် ချာချီ (Winston Churchill)

အရွေးချယ်ခံမည့်သူ (ဂ) အဒေါ့ဖ် ဟစ်တလာ (Adolph Hitler)


ကဲ စိတ်ဝင်စား ဖို့ မကောင်းဘူးလား။

ဒါကို ဖတ်ပြီး လူတစ်ယောက်ကို အကဲဖြတ်တော့မယ် ဆိုရင် နည်းနည်းလောက် စဉ်းစားချင်တဲ့ စိတ်လေးတွေ ပေါ်လာတယ်ဗျ။ စိန်ကဲ ကျောက်ကဲ ထက် လူကဲ ခတ်ရတာ ခက်တာကိုး။


ဒါနဲ့ ပထမမေးခွန်းကို သင်ဘယ်လို ဖြေလိုက်သလဲ။


ကိုယ်ဝန်ကို ဖျက်ချသင့်တယ်လို့ ဖြေခဲ့ရင်တော့ သင် ဘီသိုဗင် (Beethoven) ကို သတ်လိုက် မိပြီ။

*******************

စိတ်ဝင်စားဖို့ ကောင်းတဲ့ စာလေးပါ။ အင်တာနက်မှာ တွေ့လို့ မျှဝေပါတယ်။ အားလုံး ပျော်ရွှင်ပါစေ။

3 comments:

ရွှန်းမီ said...

ဟုတ်တယ်. တခါတခါ လူတွေက prejudgment တွေအပေါ် သိပ်အားထားကြတယ် . .
:-) machine တွေမှာလို bad result ပေးတဲ့ စက်က bad result ပဲ ပေးမယ်လို့ ပုံသေ မှတ်ထားလို့ မရဘူး။

~J-Quen ~ said...

ပိုစ်လေးက စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ တကယ်တမ်းမှာ Franklin D. Rooseveltမှာ မိန်းမ၂ယောက်မရှိသလို Hitlerဟာ စစ်သူရဲကောင်းတစ်ယောက်တော့ မဟုတ်ပြန်ဘူး။ Confuseဖြစ်မိတာက Factရေးတာလား တမင်သက်သက် ရေးတာလား မသိဘူး။ ဒါပေမဲ့ ပိုစ်ကောင်းတစ်ခုပါပဲ။

U Thae said...

J Quen ရေ၊ ဘာသာပြန်တာ လိုသွားတာပါခင်ဗျ။ အိမ်ထောင်ရေး ဖောက်ပြန်သူ ရယ် စစ်မှုထမ်းဟောင်းရယ် လို့ ပြန်သင့်တာပါ။ ထောက်ပြပေးတာ ကျေးဇူးပါ။