နှလုံးရည်
နှလုံးရည်ဆိုသည်မှာ
(၁) လူတစ်ယောက်သည် မိမိ ခံစားချက်များသာ မကပဲ တခြားသူများ၏ စိတ်ခံစားမှုများကို သိရှိခံစားနိုင်ခြင်း
(၂) အမျိုးမျိုးသော ခံစားမှုများကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း
(၃)အထက်ပါ အရည်အချင်းများကို အသုံးပြု၍ မိမိ၏ အတွေးများနှင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်လမ်းပြပေးနိုင်ခြင်း ဖြစ်သည်။ (Salovey & Meyer 1990)
နှလုံးရည် သို့တည်းမဟုတ် ခံစားမှု အညွှန်းကိန်း (EQ) အရေးပါပုံကို ၁၉၉၀ ခုနှစ် အပိုင်းအတွင်းတွင် လေ့လာသူများက ဖော်ထုတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဥာဏ်ရည် အညွှန်းကိန်း (IQ)သည် ဘ၀တွင် အောင်မြင်မှုများရရှိခြင်းနှင့် တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိသည်ကို ရှာဖွေ တွေ့ရှိလာခြင်းကြောင့် ဖြစ်ပေသည်။ လေ့လာသူများ အဆိုအရ ဘ၀တွင် အောင်မြင်မှုရရှိစေရန်အတွက် လူမှုဆက်ဆံရေးနှင့် နှလုံးရည်သည် ဥာဏ်ရည် အညွှန်းကိန်းထက် လေးဆ ပို၍ အရေးပါကြောင်း တွေ့ရှိရသည်။
နှလုံးရည်သည် ကျွန်ုပ်တို့သည် အလုပ်ကို သေသပ်စွာ လုပ်ဆောင်နိုင်ရန် သေချာစွာ ပရိုဂရမ် ရေးဆွဲထားသော စက်ရုပ်များ မဟုတ်သည်ကို ညွှန်ပြသည်။ ကျွန်ုပ်တို့၏ အတွေးအခေါ်များ၊ ခံစားချက်များသည် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ အပေါ်တွင် များစွာ အကျိုးသက်ရောက်မှု ရှိနေပေသည်။ ထို့အပြင် အလွန်ကျပ်တည်းသော အခြေအနေများနှင့် ဖိအားများသော အချိန်များတွင် ကျွန်ုပ်တို့သည် စဉ်းစားဥာဏ်ထက် စိတ်ခံစားမှုနောက်ကို လိုက်၍ ဆုံးဖြတ်လေ့ရှိကြသည်။
နှလုံးရည်မြင့်မားစေရန် အောက်ပါ အချက်အလက်များကို သတိပြုသင့်သည်။
၁) မိမိကိုယ်ကို မိမိ သတိယှဉ်ခြင်း
၂) ကျွန်ုပ်တို့၏ စိတ်ခံစားမှုများအား ဖော်ပြခြင်းနှင့် စေစားခြင်း
၃) ကျွန်ုပ်တို့၏ ခံစားမှုများအား အသုံးချလျက် ကျွန်ုပ်တို့၏ စွမ်ဆောင်ရည်များကို မြင့်မားစေခြင်း
၎)မျှဝေခံစားခြင်း
၁) မိမိကိုယ်ကို မိမိ သတိယှဉ်ခြင်း (Self Awareness)
မိမိကိုယ်ကို မိမိ သတိယှဉ်ခြင်းသည် သင့်အတွက် မည်သည့် အရာသည် အရေးကြီးသနည်း၊ မည်သို့တွေ့ကြုံ ခဲ့ရသနည်းစသည် တို့ကို နားလည်ခြင်းပင် ဖြစ်ပြီး၊ မိမိ ဘာကို အလိုရှိသည်၊ ဘယ်လိုခံစားရသည်နှင့် အခြားသူများ အပေါ် မည်သို့ အသွင်ဆောင်လျှက်ရှိသည်ကို သိနားလည်ခြင်းပင် ဖြစ်ပါသည်။ (Weisinger, 1998)
John Mayer သည် သတိယှဉ်ခြင်းအား သုံးမျိုးသုံးစား ခွဲခြား အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။
ချောင်ပိတ်လူသားများ(Engulfed People)သည် ခံစားမှုနွံတွင် နစ်မွန်းကြရ၍ ခံစားမှုများမှ လွတ်မြောက် လမ်း မမြင်ပေ။ ခံစားမှုများအား သတိနှင့် ယှဉ်နိုင်သည်ထက် ၄င်းတို့ အလယ်တွင် ၀ဲလည်လှည့်နေတတ်သည်။ စိတ်ဖိစီးမှုနှင့် အာရုံထွေပြားမှု ဒဏ်ကို ကျော်လွှားရန် များစွာ မတတ်နိုင်ကြချေ။ သူတို့၏ ခံစားမှုဘ၀ကို ပဲ့ကိုင်နိုင်မှု နည်းပါးကြောင်းကိုလည်း ခံစား သိရှိနေတတ်ကြပါသည်။
လက်ခံလူသားများ(Accepting People)ကား ခံစားမှုများအား ရှင်းလင်းစွာ သိမြင်နားလည်ကြသော်လည်း ၄င်းခံစားမှုများအား ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း ယုံကြည်မထားကြပေ။ စိတ်ဖိစီးမှု သို့မဟုတ် ဒေါသ/ အကြောက်တရား/ ပျော်ရွှင်မှုများ စသည့် စိတ်ခံစားမှုများကို ပကတိအတိုင်း တုန့်ပြန်တတ်ကြ၏။ ဂိုးလ်မန်း(Goleman) ကထောက်ပြသည်မှာ လက်ခံလူသားများသည် စိတ်ဓါတ်ကျလွယ်သူများ ဖြစ်ကြသည်ဟူ၏။
သတိယှဉ်လူသားများ(Self-aware People)မှာမူ ၄င်းတို့၏ ခံစားမှုများ ၊ စိတ်အာရုံများကို သတိနှင့်ယှဉ်၍ ခံစားတတ်ကြလေသည်။ ဤကဲ့သို့ သတိတရားထားရှိမှုသည် ၄င်းတို့၏ စိတ်ခံစားမှုများအား သင့်တင့် လျောက်ပတ်စွာ နှလုံးသွင်းတတ်စေနိုင်ကြပါသည်။ စိတ်ဖိစီးမှု ရလာလျှင် သိရှလျှက် ၊ လက်ခံ နှလုံးသွင်းလျက်၊ တစ်ခဏအတွင်း ပြေလျော့သွားရန် စွမ်းဆောင်နိုင်စွမ်း ရှိကြပေသည်။
ကျွန်ုပ်တို့၏ စိတ်ခံစားမှုများက ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်တစ်ခု၊ သို့မဟုတ် အပြုအမူ တစ်ခု မှန်ကန်၏၊ မမှန်ကန်၏ကို လက်ငင်းတုန့်ပြန်မှုဖြင့် လမ်းညွှန်ပြသလျက် ရှိပေသည်။ ခံစားမှု နှလုံးရည် ကိန်းမြင့်သူကား သတိယှဉ်နိုင်ရန် လေ့လာထားပြီးဖြစ်၍ ၄င်းတို့၏ ရင်တွင်း စေတနာအား ၄င်းတို့ ကိုယ်တိုင် ယုံကြည်ထားပြီး ဖြစ်ပေသည်။ ဆုံးဖြတ်ချက် တစ်စုံတစ်ရာအား ကျေနပ် နှစ်သိမ့်မှု ဖြစ်ပေါ်ခံစားမိပါက ၄င်းတို့၏ အမှန်တကယ် ထားရှိသော သဘောထားနှင့် ကိုက်ညီမှုရှိသော ပြယုဂ်ကောင်း တစ်ခုဖြစ်ကြောင်း သိရှိနိုင်ပေသည်။ စိတ်မသက်မသာ ဖြစ်ပေါ် ခံစားမိပါကလည်း မိမိတို့၏ သဘောထား အမှန်နှင့် ဝေးကွာလျက်ရှိကြောင်း သဘောပေါက်ထားကြပါသည်။ မိမိကိုယ်ကို မိမိ သတိယှဉ်ခြင်း သည် ကျွန်ုပ်တို့၏ ခံစားမှု နှလုံးရည်အား အသုံးဝင်စေပါသည်။ ( Susik & Megerain, 1999)
*********************************************
သင်တန်းတက်တုန်းက သင်ခဲ့ရတာလေးတွေ ပြန်မျှဝေတာပါ။ ဆက်ရေးသွားပါဦးမယ်။ ဆက်ရန်ပေါ့........


4 comments:
အဲဒါကြောင့် ဗုဒ္ဓက ဟောပြထားတာ ..
အပ္ပမာဒေန သမ္ပာဒေထ တဲ့ဗျ ... :D
ကောင်းတယ်ဗျ ဆက်ရေးပါ ..
မျှဝေတာ ကျေးဇူးပါ
သင်တန်းတလလောက်တက်လာ တာ
ဆောင်းပါး ၁၀ခုထွက်အောင်ရေး
ဆက်ရန်ဆိုပြီး ဂိမ်းနှိပ်မနေနဲ့
Post a Comment