jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း (၁၇) ဗိုလ်လုပွဲကြီး

Sunday, July 6, 2008

သိုင်းလောက အပိုင်း (၁၇) ဗိုလ်လုပွဲကြီး

ဟိုတစ်နေ့ညက ကြားလိုက်ရသော ရယ်သံကြီးနှင့် ကဗျာလိုလို သိုင်းကွက်လိုလို ဒိုင်ယာလော့ဂ်လိုလို မော်ဒန်စာလိုလို ရွတ်ဖတ်သံကြီးကို ကြားလိုက်ပြီးနောက် အလင်းတန်းကြီး တစ်ခုကိုလည်း မြင်လိုက်ရသဖြင့် ဂိုဏ်းတူညီအား ကြောက်ရွံ့နေသော သိုင်းပြိုင်ပွဲအား ကမကထ ပြုသူ ဒေါက်ထက်မှ သိုင်းပြိုင်ပွဲ နောက်ဆုံးအဆင့်အား အလျင်အမြန် ကျင်းပရန် ဆုံးဖြတ်လိုက်လေသည်။

နောက်ဆုံး အဆင့်ဗိုလ်လု ပွဲကြီးမို့ သိုင်းပညာရှင်နှစ်ဦးမှာ အလွန် စိတ်လှုပ်ရှားလျက် ရှိသလို အားပေးနေကြသည့် ပရိဿတ်မှာလည်း ကွင်းလုံးပြည့်ရုံမက လျှံတောင်ထွက်နေပြီ ဖြစ်သည်။

လူဆိုးတွေ လာနေပြီဆိုသည့် သတင်းရော၊ မွန်ချောက်ဖုံ ကိုဖမ်းမိထားသည် ဆိုသည့်အတွက်ရော ဂိုဏ်းပေါင်းစုံမှ သိုင်းပညာရှင်များကလည်း အစုံအညီနှင့် ပွဲမှာ အတော်စည်ကားနေပြီဖြစ်သည်။

အခမ်းအနား စဖို့ အချိန်တန်ပြီ ဖြစ်သော်လည်း အခမ်းအနားမူး ဇီးကွက်မှာ ပျာယာပြာယာနှင့်

ပြိုင်ပွဲဝင်သိုင်းပညာရှင် ၂ ဦး အနီးကို ပြေးလာပြီး

“လူတွေက အရမ်းများလာလို့ ကွင်းအပြင်မှာတောင် လက်မ၆၀ တီဗီထောင်ပြီးတော့ လိုက်ဗ် ရိုက်ပြရတော့မယ်။ ဟိုဟာလေ လူတွေက များလာတော့ ထိန်းမနိုင်မှာစိုးလို့ပါဟာ ။ ခွေထုတ်ပြီး ရောင်းဖို့ မဟုတ်ပါဘူး ခေးအော်စ် ရယ်၊ ငါ့ကို အဲလိုကြီး ပြူးမကြည့်ပါနဲ့။ ဒိုင်းလဲပျောက်နေတဲ့အတူတူတော့ တစ်ယောက်က အရှုံးပေးလိုက်ပါဟာ အချိန်တိုတို ဘဲကစားနော်။ ”

“ဘာပြောတယ်” ( နတ်ကလျာနဲ့ လေလွင့်သူတို ပြိုင်တအသံကုန်ူအော်လိုက်သောအခါ) ဇီးကွက်မှာ ခေါင်းပုဝင်သွားပြီး “ ငါ့ကိုလဲ သနားကြပါအုန်းဟာ ပထမဆုံးလျှာရှည်မိတဲ့ပွဲမို့ပါ။

ညှိလိုက်ကြပါနော် လိမ္မာပါတယ်။ xxxxxxxxx xxxxxxxx xxxxxxxxxxxxx ”

ဇီးကွက်ဘယ်လိုပင်ကြိုးစားပြီး စည်းရုံး စည်းရုံး ဟိုနှစ်ယောက်က အကိုင်မခံ ( မှားလို့ ) တုတ်တုတ်မှ မလှုပ်တဲ့အပြင် ရိုက်ကွင်းပေါ်က မင်းသမီးပုံ အပြည့်ဖမ်းထားသော နတ်ကလျာက အနောက်ကိုလှည့်ပြီး “မာမီ ပါးနီနည်းနည်းတင်ပေးအုန်း။ မျက်လုံးအောက်လဲ နည်းနည်းပြန်ဆွဲပေး တီဗီရိုက်မှာဆိုတော့ သေချာပြန်လုပ်ပေးအုန်း” ဟု ပြောနေပြန်သည်။

လေလွင့်သူကတော့ ထုံးစံအတိုင်း ပီကေတဖောက်ဖောက်ဝါးရင်း နတ်ကလျာကို ဘုကြည့်ကြည့် နေလေသည်။ ညှိမရတဲ့ အဆုံး ဇီးကွက်လဲ လက်လျော့ပြီး plan B ကို သုံးမှ ဖြစ်တော့မယ်ဟု တစ်ယောက်တည်းပြောရင်း ဖမ်းမိထားသော မွန်ချောက်ဖုံကို ကွင်းလယ်မှာ ထုတ်ပြီး ကြိုးနဲ့ ချည်ထားရန် ဒိုင်များကို သွားခွင့်တောင်းလေတော့သည်။

မွန်ချောက်ဖုံကို ကြိုးတုပ်ပြီးတိုင်မှာချည် ၊ ကွင်းလယ်ကိုထုတ်ပြီးသည့်နောက်တော့ ပြိုင်ပွဲဝင် ၂ဦးကလဲ ကွင်းထဲမှာနေရာယူပြီးနေပြီ ။ ဒိုင်များကလဲ ပြုံးတုံ ပြုံးတုံနှင့် သဘောကျစွာ ဂါရ၀ပြု ခံနေလေသည်။

ပြိုင်ပွဲစရန် အသင့်ဖြစ်ချိန်တွင် ခြေထောက်တဖက်ထဲပေါ် အားယူကာရပ်လျက် လက်နှစ်ဖက်ကို ဆန့်သလိုလို ကွေးသလိုလိုနှင့် မာန်သွင်းနေသော နတ်ကလျာကိုကြည့်ရင်း လေလွင့်သူက

“ဟဲ့ ဘာဖြစ်နေတာလဲ ကျုပ်တို့ ပြိုင်မှာ သိုင်းနော်၊ ယိုးဒယားက မဟုတ်ဘူး။”

“အောင်မာ သူကပြောရတယ်ရှိသေး၊ အိပ်ယာထဲက ခုမှထလာသလိုလိုနဲ့ ၀တ်ရုံရှည်ကြီးမချွတ်ဘဲ ဘာစတိုင်လုပ်နေမှန်းကို မသိဘူး။ ရွှန်းမီလက်စာမိလို့ ဖဲကြိုးမရှိတော့တာနဲ့ ဒါကြီးဝတ်ပြီး တဖားဖားနဲ့  လေလွင့်ခံမလို့  ထွက်လာတာလား။ နှင်းပွင့်ဓါးသိုင်းမိသွားမယ်။”

“ဟားဟား မျက်လုံးမှာ အမဲကွက်နဲ့ ကွန်ဖူးပန်ဒါကို အားကျလို့ ထင်ပါ့ ၊ အေးလေ တူပါတယ် ၀၀ လုံးလုံးလေးဆိုတော့”

“အမလေးနော် ငတုံးမှန်းသိပ်သိသာတာဘဲ ဒါအီမိုစတိုင်ဟဲ့  ဘယ်နှဲ့ ကွန်ဖူးပန်ဒါရမှာလဲ”

သေချာမာမီခေါ်ပြီး လုပ်ထားတာကို ကွန်ဖူးပန်ဒါလို့ အပြောခံလိုက်ရသည့် နတ်ကလျာမှာ “အားးး” ကနဲ တချက်အော်ပြီး လေလွင့်သူကို နှင်းပွင့်ဓါးနှင့် ခုတ်ချလိုက်လေတော့သည်။ ၀တ်ရုံရှည်ကြီး ၀တ်ထားသော လေလွင့်သူမှာ ဓါးချက်ကို လက်တဖက်မြှောက်ခါ ကာလိုက်တော့ ဓါးချက်က ၀တ်ရုံကိုသာထိသွားသည်။ နတ်ကလျာမှ အချက်ပေါင်းများစွာ ခုတ်နေသော်လည်း လေလွင့်သူမှာ ဓါးတချက်မှ မသုံးသေး။ ၀တ်ရုံရှည်ကြီးကို အသုံးပြု ပြီး ကာကွယ်နေသည်။

နှင်းပွင့်ဓါးကို စကြာင်္ကဲ့သို့ ယမ်းပြီးပေါက်လိုက်ချိန်တွင်တော့ အားလုံးမှာ ဟာကနဲ ထိတ်လန့်စွာအော်လိုက်ကြသည်။ လေလွင့်သူရပ်နေသည်မှာ ခေတ္တအကျဉ်းသား မွန်ခြောက်ဖုံ ၏တည့်တည့်တွင် ဖြစ်နေသည်။ ခုန်ရှောင်လိုက်ပါက မွန်ခြောက်ဖုံမှာ ဓါးမွှန်းပြိး သားဖြစ်တော့မည်။ သို့ သော် စက္ကန့်ပိုင်းအတွင်းမှာပင် လေလွင့်သူက သူ့ဝတ်ရုံရှည်ကြီးကို ဖြတ်ကနဲ ဆွဲချွတ်ပြီး ဓါးဆီကို ပစ်ထည့်လိုက်သဖြင့် နှင်းပွင့် ဓါးမှာ လမ်းတ၀က်တွင်ပင် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ပြီ။ ပရိဿတ်များက ဝေးကနဲ အော်က လက်ခုတ်တီးပြိး လေလွင့်သူကို အားပေးကြနေကြတာ ကိုကြည့်ပြီး အမူးသမားအုပ်စုက တစခန်းထကြပြန်သည်။

“ဒီပွဲမှာ ဘယ်သူနိုင်မယ်ထင်လဲ။ လောင်းကြမလား” ဟုတစ်ယောက်ကစပေးလိုက်ရာ “ဘယ်ဈေးပေါက်လဲ” ဟု မေးသူကမေး။ တစ်ချို့က ကိုယ့်ဘာသာကိုယ် ခေးအော့စ်ဖက်ကနေ သရေ ပြားကိုးဆယ်ရှုံး ပေးသူကပေး။ နှင်းပွင့်ဖက်မှ တစ်ချက် သရေ ပေးသူကပေးဖြင့် လောင်းနေကြလေတော့သည်။

“ဟဲ့ ဘာတွေပြောနေတာလဲ အဲဒါ ဘောလုံးပွဲလောင်းတဲ့ဈေးတွေ။ လာ မထူးဘူး ငါတို့ စီးပွားဖြစ်လုပ်ကြမယ်။ ဟိုဘေးကွင်းမှာ သွားပြီး ဒိုင်ဖွင့်ပြီး လူတွေကို လောင်းခိုင်းမယ်” ဟု ကိုဒရမ်းကြီးက စလိုက်တော့ အားလုံးက သဘောတူကာ နေရာပြောင်းကာ ဒိုင်လုပ်ဖို့ ပြင်ကြ လေသည်။

ပျားဘုရင်မ ကနေရာမရွှေ့ ခင်မှာ သူ့ ပျားတပ်သားများကို မွန်ချောက်ဖုံ နားမှာ ကင်းပုန်းဝပ်ဖို့  မှာနေသည်။ လူဆိုးများ၏ အရိပ်အယောင် မြင်တာနဲ့  သတင်းလာပို့ရန်မှာနေရာ

“ ပျားဘုရင်မ သေချာမှာခဲ့ မွန်ချောက်ဖုံ လှုပ်တာနဲ့ မျက်နှာကို သာတုပ်လို့၊ သူက အလှသိပ်ကြိုက်တာ၊ မျက်နှာကို အဖု ပလဗျစ် ဖြစ်အောင်တုတ်ခိုင်း ၊ မျက်စိကို အရင်ဆုံးတုပ်ခိုင်း ” ဟု အလွမ်းဘုရင်မက ၀င်ပြီး အကြံပေးနေသေးသည်။

ထို အချိန်တွင် ကွင်းလယ်မှ ပညာရှင်နှစ်ယောက်ကလည်း သဲကြီးမဲကြီး တိုက်ပွဲဝင်နေကြလေသည်။ ချွင် ချွမ် ချပ် နှင့် ဓါးချင်းထိသံများမှာ တကွင်းလုံးဆူညံလျက် ပဲတင်သံထပ်နေတော့သည်။

“ခေးအော့်စ် အရှုံးပေးလိုက်တော့ ကျုပ်ကို အနိုင်ပေးလိုက် ဒါမှ ကျုပ်ကြူနေတဲ့ ဟိုသိုင်းသမားက အထင်ကြီးမှာဟဲ့ ပီကေ တသက်စာလုံး ကျုပ်တာဝန်ယူမယ်လေ”

“ကြူလေးရယ် ဘယ်ဖြစ်လိမ့်မလဲ ရှင့်နှင်းပွင့်မောင်နှံသိုင်း ကကို ကခွင့်မပေးဘူး ၊ ရှင်ကြူနေတဲ့ အချိန်တွေမှာ ကျုပ်က နှင့်ပွင့်နိုင်ဓါးသိုင်း ကို တရက်အပြတ် အနီးကပ်တက် ထားတာ ကျုရှင်ခ မကျေဘဲ နေမှာပေါ့ ကျုပ်ရှုံးလို့  မဖြစ်ဘူး ”

“အမယ် မကြားဖူးပေါင်ဘူး နှင်းပွင့်နိုင်ဓါးသိုင်းရယ်လို့  ”

“ဘယ်ကြားဖူးမလဲ မနေ့ ကမှ ထွင်လိုက်တာ လေ အဟက်ဟက်ဟက် ”

သူနိုင်ကိုယ်နိုင် တိုက်နေကြသော သိုင်းပညာရှင် နှစ်ဦးမှာ နတ်ကလျာက အားသွန်ခွန်စိုက် တိုက်ခိုက်နေရသလောက် လေလွင့်သူက တိုက်ကွက်များ ကို ဝေ့ကာဝဲကာ အလွယ်တကူ ပင် ရှောင်ရှားနေနိုင်သဖြင့် လေလွင့်သူက နှာတဖျားသာ နေလေသည်။

“မဖြစ်တော့ ဘူး ဓါးချင်းယှဉ်ခုတ်နေလို့တော့ ပြီးမှာမဟုတ် ဘူး” ဟု တွေးကာ နတ်ကလျာမှာ တိုက်ကွက်ပြောင်းပြီး တိုက်ရန်ပြင်တော့သည်။ သို့သော် သူမ မမှီလိုက်တော့ နောက်ဆုံးတချက်မှာ လေလွင့်သူက သူ၏နှင်းပွင့်ဓါးကို ထက်ပိုင်းချိုးချ လိုက်လေတော့သည်။ (မည်သို့ လုပ်လိုက်သည် မသိ) မြန်ဆန်လွန်းလှသည်။

“ကျုပ်က မျှတ ပါတယ် ကွန်ဖူးပန်ဒါ ကြူလေးရယ်” ဟုဆိုကာ လေလွင့်သူသည် သူ့ ၏ဓါးကို အထင်ကရ ဒိုင်လူကြီးနှစ်ပါး စံစားနေရာ စင်မြင့်ဆီသို့ ပစ်ပေါက်လိုက်ရင်း ဓါးနောက်က အပြေးလိုက်သွားလေတော့သည်။

စင်မြင့်ပေါ်မှ ဒေါက်ထက်ကြီးက ၀ုန်းကနဲ ထပြေးဖို့ပြင်ရင်း ပါးစပ်မှလဲ “သိုင်းမယ်တော် ပြေးပြေး အဖျက် အမှောင့်တွေ တော့ဝင်ပြီ။ ကိုယ့်လူ သူ့ဘက်သားတော့ လုပ်ခံလိုက်ရပြီ ” ဟုဆိုလိုက်ရာ ၊ သိုင်းမယ်တော်ကြီးမှ ဒေါက်ထက်လက်ကို ဖမ်းကိုင်ကာ ဟန့် တားလိုက်ရင်း “မရှောင်ရင်လွတ်တယ်လေ ငြိမ်ငြိမ်ထိုင်နေ” ဟုပြောလိုက်သဖြင့် ကြောက်ကြောက်နဲ့ ဆက်ထိုင်နေရလေသည်။

“ဒုတ်” ကနဲ စင်မြင့်အောက်ခြေတွင် ဓါးစိုက်လိုက်သည်နှင့်တပြိုင်နက် တိမ်လွှာကိုယ်ဖော့ ကျင့်စဉ်ကို အသုံးပြုပြီး ဓါးရိုးပေါ်တွင် တက်ရပ်လိုက်သော လေလွင့်သူမှာ ကိုယ်ကိုယ်ကိုင်းညွှတ်လိုက်ပြီး “ဟလို နာမာ့စတေး ၀မိသောဖော ကိုနိချိဝ ဆလမ်မာလေးကွမ်း မာကလာပင်” ဟု အော်ဟစ်ပြီး ချွေးပြန်နေသော ဒိုင်လူကြီး နှစ်ပါးအား အရိုအသေပေးကာ နောက်ဂျွမ်းပစ်ပြီး ပြန်ထွက်သွားလေတော့သည်။

အသင့်စောင့်နေသော နတ်ကလျာမှာ လေလွင့်သူ သူ့ ရှေ့ သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် “အိ ယား” ဟု အော်လျက် ခြေတပေါင်ကျိုး သိုင်းကွက်ဖြင့် ဖြတ်ကန်ချလိုက်လေရာ “ဟိုက်ရှာလပတ်ရည်” ဟု တချက်အော်လျက် မိုးပေါ်သို့ပြန်ခုန်တက်သွားလေတောသည်။

လေပေါ်လမ်းလျှောက်သိုင်းဖြင့် လေပေါ်တွင် ပျံဝဲလျက် အစွမ်းပြတိုက်ခိုက်နေကြချိန်တွင် နတ်ကလျာမှ သူ၏ လက်သီးဗလပွ သိုင်းဖြင့် လေလွင့်သူကို တိုက်ခိုက်ရာ လေလွင့်သူက ကိုယ်ကိုယ်လှန်ချ ရှောင်လိုက်ပြီး နတ်ကလျာကိုယ် လက်ညိုး တစ်ချက်ထောက်လျက် က အီကြာကွေး အတွင်းအားသုံးပြီး အကြောပိတ်လိုက်ရာ လေထဲကို လက်သီးသွင်းလျှက်နှင့် နတ်ကလျာမှာ တောင့်တောင့်ကြိးဖြစ်သွားလေတော့သည်။

လေလွင့်သူမှာ တောင့်တောင့်ကြီးဖြစ်နေသော နတ်ကလျာကို ပြုတ်မကျသွားစေရန် ဖမ်းထိန်းထားလိုက်ပြီးနောက် နတ်ကလျာကို လက်တစ်ဖက်က ဆွဲလျက် ကွင်းလုံးပတ်လည် ပျံသန်းရုံသာမက ဟိုဘက်ကွင်းထိပါ ပျံသန်းပြီးနောက် ကွင်းလယ်တွင် ပြန်လည်နေရာယူလိုက်လေတော့သည်။

ခေးအော့်စ် အနိုင် ရှိကာ ဗိုလ်လုပွဲကား အောင်မြင်စွာပြီးဆုံးသွားလေပြီ ။ ဒိုင်းအလု ခံလိုက်ရသောကြောင့် ပေးစရာ ဒိုင်းကား မရှိ ၊ ကွင်းလယ်မှာ ကြိုးတုပ်ခံထားရသော မွန်ချောက်ဖုံမှာ ပုရွက်ဆိတ်တွင်းပေါ် ရပ်မိနေသောကြောင့် ပုရွက်ဆိတ်တက်လို့ လှုပ်မိတိုင်း ပျားတုပ်ခံနေရသောကြောင့် မျက်နှာတခုလုံးလဲ ပိန်းပိန်းထလျက် မျက်စိမှာ လုံးဝမပွင့်တော့။ သူ့ အကို ဆရာ အဖေများက လာကယ်ဘို့ ဝေးလို့ အရိပ်အယောင်တောင် မမြင်ရသေး။ လောင်းကစားဒိုင် လုပ်နေကြသော အမူးသမား အုပ်စုကား အမြတ်ငွေများ မြိုးမြိုးမြက်မြက်ရလိုက်သဖြင့် အပျော်ကြိးပျော်ကာ အရက်ဆိုင် ဆီကို ချီတက်ဖို့  ပြင်နေကြပြီ။

.....................................

ဒီတစ်ခါ နောက်ဆုံးပါပဲ။ နောက်ဆို ဘယ်လိုမြှောက်မြှောက် မရေးတော့ပါဘူး...

လင်း

...........................................

ကဲ ဇီးကွက်တော့ ရွာထဲ သွားရဦးမယ်။ နောက် ပြန်လာမှ တွေ့ကြတာပေါ့....

ခေးအော့်စ် နိုင်ပါတယ်ဆို...


11 comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ် ... ဒါပေမယ့် မွန် က တော်တော် ဒုက္ခရောက်နေပြီ ... မောင် ဇီးရိုးကို မြန်မြန် ရေးခိုင်းမှ :P

လင်း said...

အမယ်ဒေါက်ထက်က မျက်နှာကို လိုက်ချင်နေတာ၊ ကိုယ်တိုင်တော့ ၀င်မကယ်လိုက်နဲ့ နော်၊ ပျားတပ်သားတွေနဲ့ တွေ့ သွားမယ်

ThinkingHoney said...

:)

စိုးထက် - Soe Htet ! said...

ဟိ :P

Mhaw Sayar said...

ဇွတ်ကို ပွဲသိမ်းတော့တာပါပဲလား. :)

Chaos said...

လေလွင့်သူကြီးက ပေါတောတောနဲ့
နိုင်လဲမနိုင် ရှုံးလဲမရှုံး
မိုက်လယ်
မွန်ချောက်ဖုံသနားပါဒယ်ဟယ်
ကယ်လိုက်ကြပါဦး
တစ်ယောက်လောက်
ပျားတပ်သားတွေကလဲ တစ်ခါတစ်လေ အချောင်ခိုမှပေါ့
ကြည့်ရတာ ပျားဘုရင်မကို တော်တော်ကြောက်ရပုံရတယ်
အဟတ်

လင်း said...

ဘာလဲဟ လေလွင့်သူ နိုင်တယ်လေ၊ ဗို်စွဲသွားပါသည်

နှင်းပွင့်ဖြူ said...

အဟင့် သွားပါပီ
ကျူပ်ကြူနေတဲ့ ဟို သိုင်းသမားလေး
ဘယ်လိုဆက်ကြူရတော့မှာရဲ
အကွက်တို့နဲ့ လိုက်ပြီး ကဇော်အရက်ပဲ သောက်တော့မယ်
:P
အရက်တော့ လွတ်လွတ်လပ်လပ်သောက်လို့ရပြီ မို့လား
:D

တောကကိုရင် said...

ပြီးသွားပြီဆိုတော့ မူးကြရအောင်လား

မွန် said...

ဒုက္ခိတပျားတုပ်တယ်ဆိုတာ ဒါမျိုးနေမှာ
ခြေတွေလက်တွေပြတ်ချင်ပြတ် လှလှတော့မပျက်နဲ့ဆို မလင်းရယ် လုပ်ရက်ပါ့
ဒီလိုအင်မတန်လှပချောမွေ့တဲ့မျက်နှာလေးကိုမှ အဟွင့်

Anonymous said...

မူးလို့ရပြီလားဗျို့။ ခပ်တည်တည်နဲ့ ၀င်မူးမလို့...ဟီ...ဟိ