jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၁၈ ) မွန်ခြောက်ဖုံ လွတ်မြောက်ခြင်း

Monday, July 14, 2008

သိုင်းလောက အပိုင်း ( ၁၈ ) မွန်ခြောက်ဖုံ လွတ်မြောက်ခြင်း


ဗိုလ်လုပွဲကြီးကား အောင်မြင်စွာ ပြီးဆုံးလေပြီ။ ပွဲကြည့်ပရိဿတ်များလည်း ပြန်ကြချေပြီ။ တစ်ချို့ စီးပွါးရေး သမားများသာ မပြန်နိုင်သေးပဲ သိုင်းပြိုင်ပွဲ ဗီစီဒီ ထုတ်ခွင့် ၊ စာအုပ်ထုတ်ခွင့်ရရန် ဒိုင်လူကြီးများထံတွင် အပူကပ်နေကြလေသည်။ PDF လုပ်ပေးမယ်နော်... ဖိုးဝမှာ တင်ပေးမယ်နော်.. မူပိုင်ခွင့်ပေး.. စသည်ဖြင့် ဆွဲဆောင်နေကြလေသည်။ ပြိုင်ပွဲဝင် သိုင်းသမားများမှာကား စင်အောက်တွင် ပွစိပွစိ…

ခေးအော့်စ်မှ

“သိုင်းပြိုင်ပွဲလဲ ပြီးနေပြီ။ နိုင်အောင်လည်း ပင်ပင်ပန်းပန်း တိုက်ရတယ်။ ပြီးတော့ ဒိုင်းလည်း မရဘူး။ ဒီကြားထဲ ပုဝါက ရှုံးသေးတယ်။ ပီကေလည်း အနင်းခံရတယ်။ ဟင့် .. ”

ရွှန်းမီ။ ။ မတော်လို့ နင်းမိတာပါဟယ်။ နင်ကလည်း အခုထိကို အခဲ မကျေသေးဘူးလား။ ပီကေများဟာ ငါပြန်ဝယ်ပေးပါ့မယ်။

ခေးအော့စ်။ ။ ဟဲ့ ငါ့ပီကေက ရိုးရိုးမဟုတ်ဘူး။ မကပ်တဲ့ ပီကေ..

လင်း။ ။ တော်ပါတော့ဟာ။ ပြီးခဲ့တာတွေကို ပြန်ပြီး ပြောမနေကြပါနဲ့။ ငါ စိတ်ညစ်ညစ်နဲ့ ငိုမှာနော်.

မိုးချစ်သူ။ ။ ဒါဆို ငါလည်း မိုးရွာမှာပဲ။

ဒရမ်း။ ။ အဲလိုတော့ မလုပ်နဲ့လေ.. မိုးရွာရင် အိမ်သာတွေ ဆောက်ရခက်တယ်ဟ။ ငါတို့ အိမ်သာတွေ ဆောက်တာ မပြီးသေးဘူး။

နှင်းပွင့် နတ်ကလျာ ( နှာခေါင်း ရှုံ့ပြီး )။ ။ ဟင်း ဒရမ်းကလည်း… နင် ပြောတာ နဲ့တင် နံလာသလိုလိုပဲ။

မုတ်သုန်။ ။ အာ မဟုတ်ပါဘူး။ ဒါက မွန်ခြောက်ဖုံရဲ့ အာပုပ်နံ့ပါ..။

ပျားဘုရင်မကတော့ ဘာမှ မပြောပဲ သူမ၏ ပျားများကို လုံခြုံရာသို့ အသိုက်ရွေ့ရန် ညွှန်ကြားနေသည်။

ထိုအခိုက်မှာပင် ဇီးကွက် ဖြတ်လျှောက်သွားသည်ကို တွေ့လိုက်သော အလွမ်းဘုရင်မ လင်းမှ

“ဟေ့ ဇီးကွက်။ လာဦး”

ဇီးကွက်ကလည်း ဒိုင်းမရှိသဖြင့် အရစ်ခံရမည်ကို သိရှိနေသောကြောင့်

“ လာမယ် အစ်မရေ။ ကျွန်တော် ရွာသွားစရာ ရှိလို့ ရွာက ပြန်မှ လာရင် ရမလား”

“ ဒီလိုလုပ်လို့ ရရိုးလား။ ဒီလို ပြောပြောပြီး ခိုးအိပ်နေတာ မသိဘူးများ မှတ်နေလား။ လာဆိုလာ ။ မျက်ရည်မီးတောက် လင်းအကြောင်း သိတယ်နော်။ ဒီတစ်ခါ မျက်ရည်မီးတောက် သိုင်းမသုံးဘူး။ နောက်ဆုံးကျင့်ထားတဲ့ အိပ်မက်ကမ္ဘာသိုင်းနဲ့ နင့်ကို ပါ အလွမ်းဓါတ်ကူးပေးလိုက်မယ်။ အခု နှင်းပွင့်ကြူလေးတောင် တော်တော် လွမ်းနေပြီ။”

ဇီးကွက် ( ငါခိုးအိပ်နေတာ ဘယ်လိုသိသွားပါလိမ့်။ မလွယ်ဘူး ဖားထားမှ) ။ ။ “ ဟုတ် ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်နေတော့တာပဲ အစ်မရယ်။ ဒါနဲ့ အစ်မတော် ခေါ်တာ ဘာပြောစရာ ရှိလို့လဲ”

“ ဟ၊ သိုင်းပြိုင်ပွဲက ပြီးနေပြီ။ ဒိုင်းကလည်း မရှိတော့ဘူး။ အဲဒီတော့ ပွဲစီစဉ်သူ အနေနဲ့ တစ်ခုခု လုပ်မှ ဖြစ်မှာပေါ့။ ”

ပျားဘုရင်မမှ ၀င်၍ “ ဟုတ်တယ်။ ငါတို့ သိုင်းပြိုင်ပွဲကြီးက ရေစိမ်ထားတဲ့ သားရေဖတ်ကြီး ဖြစ်နေပြီ”

( ဘာအဓိပ္ပါယ်မှန်းတော့ မသိဘူး။ သူ့ကိုသာ မေးကြပါတော့)

ရွှန်းမီ။ ။ ဖြစ်ရုံမကဘူး။ ရေထဲတောင် မျောတော့မယ်။

ဇီးကွက်။ ။ ဒီလိုလည်း မဟုတ်ပါဘူး။ ဒိုင်းမရှိပေမယ့် မွန်ခြောက်ဖုံ ရှိသေးတယ်လေ။ သူ့ကို လေလံပစ် ပြီး ရတဲ့ ငွေကို ဆု ပြန်ချီးမြှင့်လိုက်မယ်။

နှင်းပွင့်ကြူလေး။ ။ ဟမ် ဒီ အာပုပ်မယ်ကို ယူမယ့်လူ ရှိပါ့မလား။ ငါတို့ ၀ူတန်းဂိုဏ်းကတော့ မယူဘူးနော်။

လင်း။ ။ ရှုပ်ပါတယ်ဟာ။ ၇ ပိုင်း ပိုင်းပြီး ၇ ဂိုဏ်းဝေမယ်။ သူ့ကို လက်စားချေချင်တဲ့ လူတွေ အများကြီး ပဲ။

ခေးအော့စ်။ ။ ဒါဆို မီးက ဆုမရတော့ဘူးပေါ့။ မကျေနပ်ဘူး။ ဒိုင်လူကြီးတွေနဲ့ တိုင်မယ်။

မုတ်သုန်နှင့် ဒရမ်းမှ သံပြိုင်ဝင်၍ “ ဟုတ်တယ်။ ဒိုင်းမပေးနိုင်ရင်တောင်မှ ပွဲစီစဉ်သူ ဇီးကွက်အနေနဲ့ တစ်ဝိုင်းတော့ လုပ်ပေးသင့်တယ်” ( ဒီမျိုးနေရာမှာတော့ တော်တော်ညီကြတယ်.. စားဖို့ သောက်ဖို့ကိုးးး)

ဇီးကွက်။ ။ အခုက လတစ်ဝက် ကျိုးနေပြီလေ။ ရှေ့လက လခက အကြွေးဆပ် လိုက်တော့ သိပ်မကျန်တော့ဘူး။ စတိုထဲက ပုလင်းတွေလည်း ခင်ဗျားတို့ပဲ အားရပါးရ မြိုဆို့ ပြီးပြီလေ။ မလုပ်ပေးနိုင်တော့ဘူး။

အားလုံးမှ ၀ိုင်းပြီး ( ပျားဘုရင်မက အဆိုးဆုံး ) ကန့်ကွက်ကြရာ ဆူညံပွတ်လော ရိုက်နေလေတော့သည်။

ထိုအချိန်မှာပင် မည်သည့်အရပ်မျက်နှာဆီမှ ထွက်ပေါ်လာသည်ကို ခန့်မှန်းရခက်သော ရယ်သံကြီး ပေါ်လာလေသည်။

“ဟား ဟား ဟား….. ဟား ဟား ဟား … အဟေးဟေးး အဟေးဟေးး အဟေးဟေးဟေးးးးးးး ( အဲ ဘွာတေး ကိုရင်ညိန်းရယ်သံ ယူသုံးမိပြီ :P ) ငါမသိတဲ့ည ငါ မရှိတဲ့ ဘ၀…… ငါဟာ သုည ”

ပဲ့တင်သံလှိုင်း အထပ်ထပ် ရိုက်ခတ်နေသော အသံကြောင့် ကွင်းထဲ ရှိ သိုင်းသမားများမှာ နားနှစ်ဖက်ကို လက်ဖြင့်ပင် ပိတ်ထားရလေတော့သည်။ ဒိုင်လူကြီး သိုင်းမယ်တော် ခွန်မြလှိုင်မှ “အားလုံး တင်ပလ္လင်ခွေထိုင်ပြီး အတွင်းအားကျင့်စဉ်နဲ့ ခုခံကြပါ” ဟု သတိပေးလိုက်မှ အားလုံးလည်း အတွင်းအားလှိုင်းဖြင့် တိုက်ခိုက်ခံရမှန်း သတိပြုမိကာ အတွင်းအား ကျင့်စဉ်ကျင့်သည့် ပုံစံသို့ ပြောင်းထိုင်ကာ အတွင်းအားဖြင့် ခုခံကာကွယ်ရလေတော့သည်။

ထိုအချိန်တွင် ရယ်သံကို ထွင်းဖောက်လျက် ကီးကြောင် သံစဉ်မမှန်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။ အားလုံးမှာ ဒုက္ခရောက်နေချိန်တွင် ဘယ်သူက သံကြောင်သီချင်းထဆို သနည်းဟု ကြည့်ရာ အခမ်းအနားမူး ဇီးကွက် ဖြစ်နေလေသည်။ ဇီးကွက်မှာ လက်တစ်ဖက်တွင် လက်ဖက် အရက်အိုးကို ကိုင်လျက် ယိုင်တိုင်ယိုင်တိုင်ဖြင့်

“ အရက်အကြောင်းများ မသိခဲ့ဘူး ငယ်စဉ်က အသက်အရွယ်မှာ… မူးလောက်တဲ့ လက်ဖက်မျိုးလည်း ကိုယ်လေ မသောက်မိခဲ့ပါ။ ရာဇ၀င်မှာ တွင်ကျန်မယ့် မူးခြင်းမျိုးနဲ့ တစ်နေ့တော့ဖြင့် တို့ ကြုံမှာ မတွေးမိသေးးး ”

ဟု အော်ဟစ်နေရာ အားလုံးမှာ အရေးထဲ အရာပေါ်ပြန်ဟု ဆိုကာ အတွင်းအားကျင့်ရင်း ဇီးကွက်အား ကျိတ်ပြီး ကျိန်ဆဲ နေလေသည်။ သို့သော် ရယ်သံကြောင့် ခံစားနေရသော ဖိစီးမှုများမှာ ဇီးကွက်၏ သီချင်းသံကြောင့် လျော့ပါးလာသည်ကို သတိပြုမိတော့မှ ဇီးကွက်မှ အသံကို အသံဖြင့် ပြန်တိုက်နေကြောင်း သိရှိ ကျေးဇူးတင်မိ ကြလေတော့သည်။

ရယ်သံမှာ သီချင်းသံကြောင့် ရုတ်တရက်ရပ်သွားပြီး လူရိပ်တစ်ရိပ် ကွင်းလယ်သို့ လှစ်ကနဲ ရောက်ရှိလာလေသည်။

“ဟားဟားဟား ဒါကြောင့်လည်း ဇီးကွက် ဆိုပြီး သိုင်းလောကမှာ နံမည်ကြီးပေသကိုး။ နံမည်ကြီး သလောက် အစွမ်းထက်ပါပေတယ်။ ”

“ သုညသခင်ကြီးရဲ့ ရှစ်ခွင်လှိုင်း ပဲ့တင်သိုင်းကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲဗျာ” ဟု ဇီးကွက်မှ ပြန်လည် နှုတ်ဆက်လိုက်မှ ရောက်ရှိလာသူမှာ သုညသခင်ကြီး ဖြစ်ကြောင်း သိရှိသွားပြီး နာမည်သာ ကြားဖူးပြီး လူကို မမြင်ဖူးသော သိုင်းသမားများမှာ ဟာကနဲ ဖြစ်ကာ အလုအယက် တိုးဝှေ့ ကြည့်ရှု ကြလေသည်။

ထို့နောက် သုည သခင်ကြီးမှနေ၍ ဒိုင်လူကြီး ဒေါက်ထက်အား “ အစ်ကိုတော် နေထိုင်ကောင်းပါတယ်နော်။ ညီတော် နည်းနည်း နောက်ကျသွားတာ ခွင့်လွှတ်ပါလေ။ ဆရာတော်ကို ဆွမ်းကပ်ဖို့ အချိန်နောက်ကျတုန်းက ခိုးလှည့်ထားတဲ့ နာရီကို ပြန်မလှည့်မိလို့ နောက်ကျသွားတာပါ”

ဒေါက်ထက်မှ “ အေး အစ်ကိုတော်လည်း နေထိုင်ကောင်းပါတယ်။ ဆရာတော်ကော နေကောင်းရဲ့လား။ ဒါနဲ့ ညီတော်က ဘာလာလုပ်တာတုန်း။”

သုညသခင်ကြီး။ ။ ဘာလာလုပ်ရမတုန်း အစ်ကိုတော်ရာ။ အစ်ကိုတော် ဖောင်းတာ များနေလို့ စာရင်းလာရှင်းတာ။ ကပ္ပိယ လုပ်ပေးဖို့ လူမရှိတော့ ညီလေးရေတဲ့။ ခိုင်းဖို့ ဆိုညီတော်ကို လွဲချတယ်။ သိုင်းပြိုင်ပွဲ လုပ်တော့ မခေါ်ဘူး။ ဒါတင်မကဘူး။ ညီတော်ရဲ့ ချစ်တပည့်မလေးကိုပါ ဖမ်းဆီး ထားရုံ မကဘူး။ နှိပ်လည်း နှိပ်စက်သေး တယ်။ အဲဒါ ကောင်းလား ဖြစ်သင့်သလား ပြောစမ်းပါ။ ပြောလိုက်စမ်းဘာာာ။

ဒေါက်ထက်။ ။ ဒါကတော့ ဒီလို… ဟိုဟာကတော့.........

သုညသခင်ကြီး။ ။ ဟိုလိုတွေ ဒီလိုတွေ လုပ်မနေနဲ့ ဖုံဖုံ့ကို သာ အမြန်ထုတ်ပေးပေတော့။

သိုင်းမယ်တော် ခွန်မြလှိုင်မှ ၀င်၍ “ ထုတ်ပေးတာတော့ ရပါတယ်။ ယူသွားတဲ့ ဒိုင်းကိုသာ ထုတ်ပေးလိုက်။ ဒီက လူကိုထုတ်ပေးဖို့ အဆင်သင့်ပဲ”

ထိုစဉ်ကွင်းလည်တိုင်တွင် ချည်ထားသော မွန်ခြောက်ဖုံမှ ခြောက်ခြားဖွယ်ရာ အသံဗြဲကြီးဖြင့် “ဆရာ၊ မြန်မြန်လာကယ်ပါ။ ” ဟုအော်ဟစ် နေလေသည်။

သုညသခင်ကြီးလည်း ချစ်တပည့်မ၏ ဌက်ဆိုးထိုးသံကို ကြား သဖြင့် သနားစိတ် တဖွားဖွားပေါ်လာကာ ကျောတွင် လွယ်လာသော ဒိုင်းကြီးကို ထုတ်ကာ သိုင်းမယ်တော်ကို ပြပြီး “ ဒီမှာ အိပ်မက်နက် ယူလာတဲ့ ဒိုင်း။ လူကိုသာ လွှတ်လိုက် ဒိုင်းကို မှဲ့ တစ်ပေါက်မှ မစွန်းပဲ ပြန်ရစေရမယ်။”

လင်း မှ ဘေးမှာ ရှိသော မိုးချစ်သူအား “ ဒိုင်းက မှဲ့ စွန်းတတ်လား ” ဟု မေးနေရာ မိုးချစ်သူမှာ “ အင်း ဆေးပညာ သဘောအရတော့ ဖြစ်နိုင်သလိုလို ရှိလားတော့ မသိ” ဟု ရွှီးနေလေတော့သည်။ သိုင်းမယ်တော်မှ မုတ်သုန်အား မျက်ရိပ်ပြလိုက်ရာ မုတ်သုန်မှ မွန်ခြောက်ဖုံကို ကြိုးဖြေကာ ခေါ်လာသည်။ ထို့နောက် သုညသခင်ကြီးနှင့် မုတ်သုန်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး “ ရော့ ပတ္တမြား၊ ရော့ နဂါး” ဟု ပြိုင်တူ အော်ဟစ်ကာ ဒိုင်းနှင့် လူကို လေထဲ သို့ ပစ်ပြီး လဲလှယ်ပေးလိုက်လေသည်။

မွန်ခြောက်ဖုံကို ရရှိသည်နှင့် သုညသခင်ကြီးမှာ အကြောများဖွင့်ပေးလိုက်လေသည်။ အကြောများ ပွင့်သည်နှင့် တပြိုင်နက် မွန်ခြောက်ဖုံမှာ အော်ဟစ်ပြီး သောင်းကျန်းလေတော့သည်။

“ အများနဲ့ တစ်ယောက်ဆိုပြီး ဖမ်းထားကြတယ်။ သတ္တိရှိရင် တစ်ယောက်ချင်းချမယ်။ လာခဲ့ကြစမ်းပါလေ ဟွန်းဟွန်း ( မှတ်ချက်- မှတ်ပုံတင် ရယ်သံ ဖြစ်ကြောင်း)။ ဖုံဖုံ့ အကြောင်းသိသွားမယ်။ ”

အလွမ်း ဘုရင်မ လင်းမှ နေ၍ “ အမယ်မယ်။ အများနဲ့ ဖမ်းထားတာက ရှင်တို့က ပွဲလာဖျက်လို့ ပါ။ အခုတော့ ပြိုင်ပွဲလဲ ပြီးပြီ။ ပြိုင်ပွဲ ကနေ အရင်ဆုံးထွက်ထားတဲ့ ကျုပ်နဲ့ပဲ ပြိုင်ကြည့်စမ်း ပါဦး။ ဌက်ဌက် ( ဒါလည်း မှတ်ပုံတင် ရယ်သံ )”

ထိုစကားကို ကြားလိုက်သော သိုင်းလောကသားများမှာ ပွဲကြီးပွဲကောင်း တစ်ပွဲ ထပ်ကြည့်ရတော့မည်ကို ခန့်မှန်းမိသဖြင့် နေရာကျယ်ကျယ်ရရှိရန် အနောက်သို့ ဆုတ်ပေးလိုက်ကြလေသည်။

...........................

သုည သခင်ကြီး မအားလို့ မွန်ခြောက်ဖုံကို ဇီးကွက်ပဲ ကယ်ပေးလိုက်ပြီ။ မဟုတ်ရင် သားရေဖတ်ကြီး ရေထဲ မျောတော့မယ်..

နောက်ဆက်ရန်များ

၁) မွန်ခြောက်ဖုံနှင့် အလွမ်းသခင်မ

၂) ရှောင်လင်ကျောင်းမှ သိုင်းညီနောင်တို့၏ ပြိုင်ပွဲ

6 comments:

လင်း said...

ဟင်းငါ့နယ်နော် စောစောသေစောစောအိပ်ရတယ်ဆိုပြီး ထွက်လိုက်ပါတယ် သတ်မဲ့သတ်ရတော့ အာပုတ်မယ်နဲ့ ။ နှာခေါင်းစည်းတော့ ပေးစည်းဟေ့

ရွှန်းမီ said...

ဖြစ်မှ ဖြစ်ရလေ ..
ကြိုးစား ပမ်းစား လှမ်းဆယ်နေတဲ့ ကိုဇီးကွက်ရေ . .
cheers! cheers! :-D

နှင်းပွင့်ဖြူ said...

မလင်းက သိုင်းပြိုင်ပွဲက အစောဆုံးထွက်ပြီး ကြိတ်ကျင့်နေတာ.. မသိဘူးမှတ်နေလား
ချထားကွ.. ယိ.......ယားစ်........ အု ...... အိ :P

မွန် said...
This comment has been removed by the author.
မွန် said...

ဒီတစ်ခါ ဖုံဖုံဆက်ပြီးဇာတ်နာရင်တော့ လုံးဝစိတ်ကောက်မယ်နော် တဘောပေါက်ပါ ကုလားထိုင်လူကြီး CHAIR MANဇီးသခင် မွန်ခြောက်ဖုံလွတ်မြောက်ခန်းကတော့ ရယ်လိုက်ရတာ အာပုပ်ရည်တောင် တော်တော်ကျသွားတယ် ဟွင်းဟွင်း အလွမ်းသခင်နော် နှာခေါင်းစည်းမရဘူး နာဂစ်ကယ်ဆယ်ရေးမှာ သုံးလိုက်ပီတဲ့ ဒရမ်းက စည်းချင်ရင်လေလွင့်သူ ဂါဝန်အောက်နားလေး နဲနဲတောင်းပြီးစည်း ဒါလဲဖုံဖုံအာပုပ်နံ့ထက်ဆိုးနေဦးမယ် အဟွင်းဟွင်း

စိုးထက် - Soe Htet ! said...

:)