ရှောင်လင်ကျောင်းမှ သိုင်းညီနောင်တို့၏ ပြိုင်ပွဲ
“ ဟားဟား ကြိုက်တာပေါ့ဗျာ။ ကျုပ်က ခင်ဗျားကြီးနဲ့လည်း စာရင်း ရှင်းစရာ ရှိတော့ အတော်ပဲပေါ့ ” လာထားစမ်းပါ။
သုညသခင်ကြီးက ရှောင်လင် ရင်ပြင်တော်ထဲကို ဝုန်းကနဲ ခုန်ဝင်လိုက်ပြီး သဘာပတိ ဒေါက်ထက်အား စိန်ခေါ်စကားဆိုလိုက်လေပြီ။ သဘာပတိကြီးဒေါက်ထက်က ဟိ ဟုရီကာ ဘေးမှ ဒိုင်တစ်ဦးဖြစ်သူ ရေခဲတောင် သခင်မကြီး ခွန်မြလှိုင်အား မျက်စိမှိတ်ပြရင်း ရင်ပြင်တွင်းသို့ ဝင်လာလေ၏။ မြောက်ကျောင်းတိုက်မှ သိုင်းအကျော်အမော် ဟန်သစ်ငြိမ်က “ဟေ့လူ မောင်သုည ခင်များတို့ တကယ်ဆော်တော့မှာလား WWF လို လုပ်ဇာတ်တော့ မခင်းနဲ့နော် ဒီမှာ ပရိတ်သတ်တွေ အားနာအုံး” ဟုလှမ်းကာ ပြောလိုက်လေသည်။ သုညသခင်ကြီးမှ “မပူစမ်းပါနဲ့ ကိုရင်ရာ ကျုပ်က ဒင်းကို နွှာချင်နေတာကြာပြီ ခုပဲ စာရင်း ရှင်းမှာ တကယ်ကို ရှင်းပစ်မှာ” ဟုပြောပြီး ဒေါက်ထက်အား အသဲနာနာ အကဲပါပါ မျက်နှာပေးနှင့် ကြည့်ပြီး ပြောလိုက်၏။ သိုင်းလောကသား အားလုံးကလဲ ဒီညီအကိုနှစ်ယောက်၏ စာရင်း ရှင်းပွဲကို စိတ်ဝင်တစား ကြည့်နေကြတာ အသက်ပင် မရှူနိုင် ဘယ်သူ နိုင်မယ် ရှုံးမယ်ဆိုတာကိုတော့ ဂျူလိုင်ဒရင်းနှင့် ပွဲစီစဉ်သူ သြော်ဂနိုက်ဇာ ဇီးသခင်တို့မှ အလေးပေးပြီး လောင်းကြေးဖွင့်ကာ ကျန်လူများမှ တီးတိုး ကျိတ်ဝိုင်းကဲ့သို့ လောင်းကြလေသည် တမုံ့။
ဂျူလိုင် “ခေးအော့်စ်ရေ နင်ဘယ်ဘက်က ထိုင်မလဲ အပေါ်လား အောက်လား”
ခေးအော့်စ် “ဟဲ့ ဘယ်သူက အပေါ်ကြေးလဲ”
ဇီးကွက် “အာ ဘယ်သူဖြစ်မလဲ အကြီးက အပေါ်ကြေးပေါ့ အငယ်က အောက်ကြေး”
မွန်ခြောက်ဖုံ “ဘာပြောတယ် ငါ့ မွေးစားဒယ်ဒီကိုများ အောက်ကြေးတဲ့ နင် တို့ စမ်းကြည့်လိုက်စမ်းပါ စမ်းကြည့်လိုက်စမ်းပါ တို့က မန်ယူတွေ အပေါ်ကပဲ နေတယ် ဟိုဟာကြီးက ချယ်ဆီးကြီး အောက်ကြေးပေါ့ မယုံရင် ချန်ပီယံလိဂ်တုန်းက မေးကြည့်”
ဇီးကွက် “ဟဲ့ ဒါက သိုင်းပွဲ ဘောလုံးလို မဟုတ်ဘူး ဘာဖြစ်ဖြစ်ဟာ ငါဒိုင်ကိုင်တာ ငါ့ဘာသာ ဖွင့်ချင်သလို ဖွင့်မယ် နင်တို့ လောင်းချင်လောင်း မလောင်းချင်နေ”
ဟန်သစ်ငြိမ် “ဟေ့ ဇီးလဒ ဖိုးကပ်စ်လေး ဘာလေး ထိုးလို့ မရဘူးလား”
ဇီးကွက် “ရတယ်လေ ၃ ဆပဲပေးမယ် လုပ်ချင်ရင်တော့ ပြော အကောက်ကတော့ ၁၀ နော်”
ဟန်သစ်ငြိမ် “သိပ်ရတာပေါ့ကွာ သရေ တစ်ပေါက်ထိုးမယ်”
ခေးအော့်စ် “ဟာ ဟိုဘက်က လူဆိုးဂိုဏ်းကကောင်တွေ ဖော်လိုရတယ်ထင်တယ်နော် ငါတို့လဲ လိုက်အောမှထင်တယ်”
ဂျူလိုင် “ကြိုက်တာလာထား ကိုယ်တွေက ဒိုင်ပဲ မမှုဘူး နင်တို့လဲ လိုက်ထိုးလို့ရတယ် ဟိုအလွမ်းဘုရင်မ ဘာဖြစ်နေတာလဲ မျက်နှာကြီး အောက်ချပြီး သုန်မှုန်နေတာပဲ ဆွဲအုံးမလား”
လင်း “ အသာနေစမ်းပါ။ ငါ့မှာ ကိုယ့်လခ ကိုယ် သုံးလို့ မလောက်တဲ့ အထဲ။ မလောင်းဘူး။”
ကွင်းပြင်တစ်ခုလုံး ခုနက သိုင်းအုပ်စုမှ လွဲ၍ငြိမ်သက်နေသည်။ ဒေါက်ထက်နှင့် သုညသခင်ကြီး ကွင်းပြင် အလယ်တည့်တည့်တွင် ရပ်နေရာ (မြင်ကွင်းအား matrix ထဲကကဲ့သို့ ၃၆၀ ဒီဂရီလှည့်ကြည့်ရန်) ဝတ်ရုံများက တလွင့်လွင့် သုညသခင်က ရဲရဲနီသော ဝတ်စုံနှင့် ဒေါက်ထက်ကတော့ အဖြူရောင် ဝတ်ရုံကြီးနှင့် မြင်ကွင်းကိုက အသဲယားစရာ။ “ဝုန်း” သုညသခင်ကြီးမှ စတင်လှုပ်ရှားလိုက်သည်။ သူ့ပတ်ချာလည်တွင် စာရွက်စာတမ်းများ ဖိုင်များနှင့် လက်ပ်တော့တစ်လုံး ဒေါက်ထက်မှ သုညသခင်ကြီးနား အပြေးကပ်သွားပြီး
“ညီလေး မင်းဒီစာရင်းတွေက”
“ဟုတ်တယ်လေ အရင်အကြွေးတွေ အရင်ရှင်းအုံး ကျုပ်ရစရာ ရှိတာတွေ ပြန်ပေး ပြီးရင် ခင်ညားကြီး သုံးထားတဲ့ ပိုက်ဆံတွေကို ကျုပ်နာမည်နဲ့ဖြစ်နေတာ ပြန်ရှင်း ရော့ဒီမှာ အကြွေးဗောက်ချာတွေ”
“ဟား ဟား ဟား မင်းမို့ ပြောထွက်တယ် မင်းတောင် ဘကြီးဘုန်းကြီး ကျက်သရေခန်းထဲက နဝကမ္မတွေ ခရီးမသွားခင်ကပဲ အားဆေးဝယ်မယ်ဆိုပြီး အရက်ဆိုင်ထွက်သွားတာ ငါမသိဘူး မှတ်နေလား”
“အရက်မဟုတ်ဘူးဗျ ကျန်းမာရေးအတွက် ကျန်းမာရေးအတွက် ဘကြီးဘုန်းကြီးနဲ့ သွားခါနီးလေး အပြီဆွဲထားတာ သူနဲ့သွားရင် ပင်ပန်းတယ် ဒါတွေ ခင်ညားကြီး မသိပါဘူး”
“ဟေ့ကောင် ငါက စီနီယာကွ ငါအရင်ထဲက မင်းထက်ပိုပြီး သွားဖူးတယ် ငါ့တုန်းက ဘာမှ မလုပ်ဘူး မင်းအလှည့်ကျမှ ဒါမျိုးတွေ လုပ်တာများနေပြီ ဘကြီးဘုန်းကြီးလဲ မင်းကို ချက်နေတာကြာပြီ ငါ့ကို လာပြောတယ် အငယ်ကောင်က အသောက်အစားခုထိ မကင်းဘူးတဲ့ ဒါတောင်ငါက မင်းယူသောက်ထားတဲ့ စာရင်း မပြသေးလို့ ဟွန်း ပြလိုက်ရင် မင်း ဘာဖြစ်သွားမယ် ထင်လဲ မင်းဘာဖြစ်သွားမယ် ထင်လဲ”
“ခင်ညားကြီးတော်တော့နော် ကျုပ်က သောက်ပဲသောက်တာ ပေါက်ကရ မလုပ်ဘူး ခင်ညားကြီးသာ ဘကြီးဘုန်းကြီးမရှိတုန်း ကျောင်းမှာ ဟင်း ဟင်း ဟင်း ဆက်ပြောလိုက်ရမလား”
“တော်စမ်း ဒီကိစ္စဒီမှာရပ် ငါက ဖုန်းဖိုးပဲ ရှင်းတာ သဘောပေါက်”
“ခင်ညားကြီး ဖုန်းဖိုးက ကျုပ်၂ လလောက် အမူးသောက်လို့ရတယ် ကြာတယ်ဗျာ ခင်ညားကြီးနဲ့ ကျုပ် တစ်ယောက်ယောက် မရှိမှအေးမှာ ကဲ လာလေရော့”
သုညသခင်ကြီးမှ စာရွက်များ အကြွေးဗောက်ချာများကို ဘေးတွင်ချပြီး ဒေါက်ထက်အား မညှာမတာ တရစပ်တိုက်ခိုက်ပါတော့သည်။ တနေ့ကမှ လတ်လတ်ဆတ်ဆတ် ကျင့်ထားတဲ့ ဆတ်ကော့လတ်ကော့ သိုင်းနှင့်တိုက်ခိုက်လေရာ ဒေါက်ထက်မှ ခံစစ်ကိုသာ ဦးစားပေး နေရလေသည်။
နတ်ကလျာနှင်းပွင့် “ဟင် ဒေါက်ထက်ကြီး သနားပါတယ် ဟိုသုညသခင်ဆိုတဲ့ဟာက ခုဒီဘက်မှာ ရှားပါးနေတဲ့ ဆတ်ကော့လတ်ကော့သိုင်းကို ဘယ်လိုတတ်သွားတာတုန်း ဒါက မိန်းမတွေ တတ်တာလေ ဒင်းဘယ်လို ကျင့်လာသလဲ ဒါဆို ဒင်း စိတ်များ ပြောင်းသွားပြီလား ။ ဟိုတစ်လောက ငါတို့ကို တိုက်တာ မနိုင်လို့ ကုန်းကုန်းဘ၀ ပြောင်းပြီ ထင်တယ်။”
မွန်ခြောက်ဖုံ “ဟဲ့ နတ်ကလျာ တလွဲမတွေးစမ်းနဲ့ တို့ပါပါးက နင်ထင်သလို မဟုတ်ဘူး အစစ်ကြီး အပုန်းမဟုတ်ဘူးဟဲ့ သူက မိန်းကလေးတွေကို နင်ကစပြီး စိတ်ကုန်သွားလို့ မိန်းမတွေ အကြောင်းသိအောင် လေ့လာရင်း တတ်လာတာ သဘောပေါက်လိုက်စမ်းပါ”
ဇီးကွက် “အော် တော်သေးတာပေါ့ ငါက သူလဲ လစ်သွားပြီ မှတ်တာ အဟက်ဟက်ဟက်”
သိုင်းပြိုင်ပွဲက နာရီဝက်လောက် ကြာတဲ့ အထိ အဖြေမပေါ်သေးချေ။ သုညသခင်ကြီး အလှည့်ပြီးတော့ ဒေါက်ထက်က ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် အကွက်ဖြင့် ပြန်ဆော်လေရာ သုညသခင်ကြီးမှ ဟစ်ဟော့ကဲ့သို့ ကကွက်များဖြင့် ပြန်ရှောင်နေရလေသည်။ ပတ်ချာလည် ကြည့်နေသော ပရိတ်သတ်များထဲမှ သိုင်းမယ်လေးများကလည်း အိုးလေးလှုပ်ပါဟေ့ ဆိုပြီး စွတ်လှုပ်ကုန်ကြလေသည်။ ဂျူလိုင်၊ ဇီးကွက်၊ အိမ်မက်နက်၊ ဟန်သစ်ငြိမ်တို့မှာမူ လုံးဝကို အိနြေ္ဒမဆောင်နိုင်လောက်အောင် မျက်လုံးများပြူးထွက်လာပြီး သိုင်းပြိုင်ပွဲထက် အားပေးနေသော ပရိတ်သတ် သိုင်းမယ်လေးများစီကိုသာ အာရုံရောက်နေလေပြီ။ ဒီအဖြေမပေါ်သော သိုင်းပြိုင်ပွဲတွင်းသို့ အရိပ်တစ်ခု ဝင်လာသည်။ ပြိုင်ပွဲဝင် နှစ်ယောက်လုံး ဘေးသို့လွင့်စင်ကျသွားလေသည်။ ဟန်နီ၏ပျားများလည်း ဘယ်ရောက်သွားမှန်းပင် မသိလိုက်ရ။ အားလုံးလဲ မှင်သက်နေကြသည်။
“နှစ်ကောင်လုံး ဒီကိုလာ”
“ဟာ ဘကြီးဘုန်းကြီး” (သေပြီဆရာ)
“လာစမ်း အောင်မာ လမ်းလျှောက်လာတယ် ရမလား သွား ဖားခုန်ခုန်ပြီး လာခဲ့ ဒီကို”
သုညသခင်ကြီး “တင်ပါ့ဘုရား”
ဒေါက်ထက် “တင်ပါ့ လာပါပြီဘုရား”
“နင်တို့တွေ အချင်းချင်းပါ သတ်နေကြတယ် ငါ့တစ်ကျောင်းလုံးလဲ အမှိုက်တွေပွလို့ ဟမ် ကောင်းသေးရဲ့လား ငါကတော့ သာသနာပြုတယ် နင်တို့က အလေလိုက်နေတယ် သာသနာကို မထောက် ငါ့မျက်နှာကို မထောက် နံ့ချင်တိုင်းနံ့နေတယ် ဟိုအကြီးကောင် နင့်ကိုကျောင်းအပ်ခဲ့တာ နင်က ဖြစ်ချင်တိုင်း ဖြစ်နေတယ်ပေါ့လေ ငါလုပ်ရင် သေတော့မယ်”
သုညသခင်ကြီး “ဟုတ်တယ် ဘုရား သူအဲလိုလုပ်လို့ အနော်ပြန်လာပြီး ချောင်းတာ သူအရင်လုပ်တာ အနော်ဘာမှ လုပ်ဘူး ဘုန်းကြီး မကြိုက်တာ မလုပ်နဲ့လို့ လာပြောတာကို သူက အနော့်ကို ဆော်ချင်သလေး ဘာလေးနဲ့ အဲဒါ”
“တိတ်စမ်း နင်လဲ အတူတူပဲ ငါ့ကိုပြောတော့ အကိုကိုသွားကူမယ်လေးဘာလေးနဲ့ နင်တို့ အကြံအစည် အစထဲက ရှိပြီးသားပါ ငါသိပြီးသား ငါကတော့ အော် ဒင်းတို့ လိမ္မာလာကြမှာပါဆိုပြီး လွှတ်ပေးထားတာ ခုတော့ ပိုပြီးတောင် မိုက်လုံးကြီးနေသေးတယ်”
ဒေါက်ထက် “တင်ပါ့ဘုရား တပည့်တော်တို့လဲ သူများတွေက တအားမြှောက်ပေးတော့ လုပ်မိတာပါ အဓိကကတော့ ဇီးကွက်ဆိုတဲ့ စီစဉ်သူပါဘုရား”
“ဘယ်မလဲ စီစဉ်တဲ့ကောင် ကျန်တဲ့ဟာတွေအားလုံး ဒူးထောက်ထိုင်နေကြစမ်း လာစမ်းငါ့နား”
ဇီးကွက် “သားက နာမည်လေးများ ကြီးမလားလို့ အော်ဂနိုက်ဇာ လုပ်ကြည့်တာပါဆို ခုတော့ ဟင့် သရေတစ်ပေါက်ပါ တိုးသွားတော့ လျော်လဲ လျော်ရတော့မယ် ဘုန်းဘုန်းကလဲ ဆူတယ် ဟင့် ငိုချင်လာပြီ”
“နင်လဲ တူတူပဲ နာမည်လေးကြီးချင်တာနဲ့ ဒါမျိုးလုပ်စားတယ် အေးနင်တို့ အားလုံး သေပြီသာမှတ် ကဲ အားလုံး နားထောင် ဒီတစ်ပါတ်လုံး ဘယ်သူမှ မပြန်ရဘူး ကျောင်းတစ်ခုလုံး သန့်ရှင်းရေးလုပ် ပြီးရင် တရားနာရမယ် တရားထိုင်ရမယ် ဟို ညီအကိုနှစ်ကောင် နင်တို့ကတော့ သန့်ရှင်းရေးအပြင် အိမ်သာပါဆေး ကြားလား”
အားလုံး “တင်ပါ့ဘုရား”
ဤသို့ဖြင့် ရှောင်လင်ညီနောင်များရဲ့ သိုင်းပြိုင်ပွဲကြီးမှာ အိမ်သာဆေး သန့်ရှင်းရေးလုပ် တရားနာ တရားထိုင်ဖြင့် ပြီးဆုံးသွားပါကြောင်း။
..............................................
လေးစားစွာဖြင့်
zeRoTraSh
...............................................
သိုင်းပြိုင်ပွဲကြီးလည်း မအောင်မြင်စွာဖြင့် ပြီးဆုံးသွားချေပြီ။ သို့သော် ဒိုင်းကြီးအကြောင်းရှင်းရချေဦးမည်။
သိုင်းပြိုင်ပွဲပြီး နောက်တစ်လအကြာ
ဝတောင်တန်းတစ်နေရာရှိ နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်တွင် အကျီ င်္ အနက် ၀မ်းဆက်ဝတ်ဆင်ထားပြီး မျက်နှာကို အ၀တ်ဖြင့် အုပ်ထားသူ တစ်ယောက် ထမင်းဟင်းများကို အားရပါးရစားသောက်နေသည်။ သူ့ခမျာမှာ ဘယ်ကတည်းက ငတ်လာ အဲလေ မစားသောက်လာရသည်မသိ.. စားသောက်ပြီးစီးသော ပန်းကန်များမှာ သူ့ရှေ့တွင် ပုံနေလေသည်။
“ဟေ့ စားပွဲထိုးလာစမ်း။ ဘီယာတစ်ဂျားထပ်ယူလာခဲ့။ ပြီးတော့ သီဟိုဠ်စေ့ကြော်ရယ်၊ ၀က်ခေါင်းသုပ်ရယ် တစ်ပွဲစီ ယူလာခဲ့။ မြန်မြန်လုပ်နော်၊ ငါက သိပ်စိတ်ရှည်တာမဟုတ်ဘူး”
“ဆရာ ၊ ဆရာသောက်တာ နည်းနည်းများနေပြီထင်တယ်။ အမြည်းကလည်း ကုန်ပါ့မလား”
“ဘာလဲ မင်းက ငါ့ကို ပိုက်ဆံ မရှင်းနိုင်ဘူးထင်လို့လားကွ။ ဟင် လူကို အထင်စမောလှချည်လား။ ဒီမှာ ဒါဘာလဲလို့ ကြည့်လိုက်စမ်း။”
ဝတ်စုံနက်နှင့်လူမှာ ပြောပြောဆိုဆို သူ့နောက်ကျောတွင် ပုဆိုးဖြင့် ထုတ်ပိုးထားသော မည်သည့် သတ္တုဖြင့် ပြုလုပ်ထားသည် မသိသော အရောင်တောက်ပလှသည့် ဒိုင်းအား ထုတ်ပြလိုက်ရာ စားပွဲထိုးမှာ ပြာပြာသလဲဖြင့် “ အော် ဆရာက ဒီဒိုင်းပိုင်ရှင်ကိုး.. ဒိုင်းပိုင်ရှင်ရောက်လာရင် အနောက်ဖက်အခန်းထဲမှာ အထူးစပါယ်ရှယ် ပြုစုဖို့ မှာကြားထားပါတယ်။ ဆရာ အနောက်ခန်းကို ကြွပါ..”
“အေး မင်းတို့ ဒီလို လေးလေးစားစား ဖိတ်ကြားတယ်ဆိုတော့ ငါလည်း ငြင်းလို့ ဘယ်ကောင်းပါ့မလဲ။ ကဲ လမ်းသာ ပြပေတော့”
ထိုသူမှာ အနောက်ဖက်အခန်းသို့ ၀င်လိုက်မိသည့်နှင့် တစ်ပြိုင်နက် စားပွဲထိုးမှာ အခန်းတံခါးကို အပြင်မှ နေ၍ ပိတ်လိုက်လေသည်။ အခန်းတွင်းတွင်ကား သိုင်းပြိုင်ပွဲမှ ဒိုင်လူကြီး နှစ်ယောက်ဖြစ်သော ဒေါက်ထက်နှင့် သိုင်းမယ်တော် ခွန်မြလှိုင်၊ အော်ဂနိုက်ဇာ ဇီးကွက်၊ လေလွင့်သူ ခေးအော့်စ်၊ ပန်းချီရွှန်းမီ၊ အလွမ်းဘုရင်မလင်း၊ နှင်းပွင့်နတ်ကလျာ၊ ဂျူလိုင်ဒရမ်း၊ မိုးချစ်သူ၊ ပျားဘုရင်မ၊ တေလေ မုတ်သုန်၊ မွန်ခြောက်ဖုံ၊ အိပ်မက်နက်၊ သုညသခင်ကြီးတို့ စားပွဲတစ်လုံးတွင် ၀ိုင်းထိုင်လျက်ရှိနေလေသည်။
ဝတ်စုံနက်မှ “ အော် အားလုံးလူစုံတက်စုံ ပါလား။ အစည်းအဝေးလုပ်နေတယ်ထင်ပ၊ ဆက်လုပ်ကြနော်။ သွားလိုက်ဦးမယ်”
သုညသခင်ကြီး “ ဒီလို လွယ်လွယ်နဲ့ သွားလို့ရမယ်ထင်ရင် မှားသွားမှာပေါ့ ဟန်သစ်ငြိမ်ရယ်။ မင်းကွာ သိပ်လုပ်ရက်တဲ့ကောင်။ ဒိုင်းကို ရရင် ငါတို့ တစ်ဖွဲ့လုံး တူတူ လာသောက်မယ် ပြောထားတာကို”
ဝတ်စုံနက်လည်း မထူးတော့ပြီ ဖြစ်သဖြင့် ခေါင်းတွင် အုပ်ထားသော အ၀တ်အား ဖယ်ရှားရင်း “ မဟုတ်ပါဘူး သယ်ရင်းရာ၊ ငါက အခု ဘောလုံးပွဲ မှာ ဖိုးကပ်စ်ပေါက်ထားတာနဲ့ လာသောက်တာပါ”
သုညသခင်ကြီး “ ဘာမှ လာရှင်းပြနေနဲ့။ ငါတို့က သတင်းအတိအကျ ရထားပြီးသား။ မင်းဖိုးကပ်စ် ပေါက်တာလောက်နဲ့ ဒီ လို စားသောက်နိုင်မလား။ ”
ဇီးကွက် “ ဟုတ်တယ် သူ ထိုးတာက တပုံးလေ။ ရတော့ သုံးပုံးပေါ့ သုံးဆဆိုတော့။ ”
လင်း “ အေးလေ ရေသုံးပုံးနဲ့ ဘယ်လို လာစားနိုင်မလဲ”
မွန်ခြောက်ဖုံ “ အာ ၊ ဒီ အလွမ်းဘုရင်မကလဲ တစ်ပုံးဆိုတာ ဘောလုံးပွဲ လောင်းတဲ့လူတွေရဲ အခေါ်။ တစ်သိန်း တစ်သိန်း။ ပိန်းပ ”
လင်း “ ဘယ်သိပါ့မလဲ လောင်းမှ မလောင်းဖူးတာကို ”
ဟန်သစ်ငြိမ် “ ယုံပါကွာ။ ငါ ဖိုးကပ်စ်ပေါက်ထားတာနဲ့ လာသောက်တာပါ ”
ဒေါက်ထက် “ ဒိုင်းကြီး ကို လက်မှာ ကိုင်ထားပြီးမှတော့ ငြင်းမနေပါနဲ့လေ။ မင်း ဒီဒိုင်းကြီး ကို ပြပြီး ၀ ကုန်တိုက်မှာ လည်း ပစ္စည်းတွေ အကြွေးယူသွားတယ်ဆိုတဲ့ သတင်း ရထားပြီးသား။ ပြီးတော့ စားသောက်ဆိုင်တွေမှာ စားထားတဲ့ အကြွေးတွေက ပဲ ဆယ်သိန်းဖိုးလောက်ရှိတယ်။ ငါတို့က ဒီဒိုင်းကြီးကို သိုင်းပြိုင်ပွဲမှာ အနိုင်ရတဲ့ လူ အဆင်ပြေအောင်ဆိုပြီး စားသောက်ဆိုင်တွေမှာ အကြွေးစားခွင့်ရအောင် ပြောထားပေးတာကို မင်းက အခွင့်ကောင်းယူပြီး အသုံးချတာတော့ မကောင်းပါဘူး။ သုည ယူလာပေးတဲ့ ဒိုင်းက အတုကြီး ဖြစ်နေတာကို တွေ့ကတည်းက တစ်ယောက်ယောက်တော့ ယူပြီး အသုံးပြုနေပြီလို့ ထင်နေတာ။ အခုတော့ မင်းဖြစ်နေတာကိုးးး။ အခုတော့ မင်းလည်း ဒီဒိုင်းကြီးကို မကောင်းတဲ့ စိတ်နဲ့ အသုံးပြုလို့ အတွင်းအားတွေ ယုတ်လျော့နေလောက်ပြီ။ မင်း ဒိုင်းကြီး ကို ခေးအော့စ် ဆီကို သာ ပြန်အပ်လိုက်ပါတော့”
“ ဟား ဟား။ ဘယ်ယုတ်လျော့လိမ့်မတုန်း။ အခု စားကောင်းသောက်ကောင်းတွေ စားပြီး အတွင်းအားတောင် ပိုပြည့်လာဦးမယ် ။ ခေးအော့စ် ဒီဒိုင်းကို လိုချင်တယ်ဆိုရင် လာယူလိုက်စမ်းဘာာ။”
ခေးအော့စ်မှ စကား တစ်ခွန်းမှ မပြောပဲ လေလွင့် အတွင်းအားဖြင့် လက်ဝါးကိုသာ ရှေ့သို့ အသာ တွန်းထုတ်လိုက်ရာ ဟန်သစ်ငြိမ်မှာ လက်ဝါး သိုင်းဖြင့် ကာကွယ်လိုက်သော်လည်း နောက်သို့ ခြေသုံးလှမ်း ဆုတ်ပေးလိုက်ရသည်။
“ ဟားး လေလွင့်သူရဲ့ အတွင်းအားက တစ်လ အတွင်းတော်တော် တိုးတက်လာ သကိုး”
သိုင်းမယ်တော် ခွန်မြလှိုင်မှ ၀င်၍ “ လေလွင့်သူ အတွင်းအားတက်လာတာ မဟုတ်ဘူး။ မင်းရဲ့ အတွင်းအားလျော့သွားတာလေ ။ အစကတည်းက ဒီဒိုင်းကို မကောင်းတဲ့ စိတ်နဲ့ အသုံးပြုရင် အတွင်းအားလျော့မယ်လို့ ပြောထားသားပဲ။ အခု မင်းက ဘီယာကို အကြွေးရတိုင်း စွတ်သောက်တော့ အတွင်းအားတွေ ယုတ်လျော့တာပေါ့”
ဟန်သစ်ငြိမ်လည်း ခေါင်းကို အောက်စိုက်ပြီး “ ဟုတ်ကဲ့ ” ဟု တစ်ခွန်းထည်းပြောကာ ဒိုင်းကြီး ကို ခေးအော့စ်ထံသို့ ပစ်ပေးပြီး အခန်းထဲ မှ ထွက်သွားလေသည်။
ဒေါက်ထက် မှနေ၍ “ကဲ ဒီဒိုင်းကြီး ရှိတာ ငါတို့လည်း ခေါင်းရှုပ်တယ်။ အကြွေး ၀ယ်တာတို့ စားတာတို့ များရင် ဆိုင်တွေက ငါတို့ကိုပဲ လာတောင်းမှာ.. ငါတို့လဲ မရှင်းပေးနိုင်ဘူးဆိုတော့ ဒီဒိုင်းကြီး ကို ဖျက်စီးလိုက်တာပဲ ကောင်းပါတယ် ” ဟု ဆိုကာ ဒိုင်းကြီး ကို လက်ဝါးတစ်ချက်ထဲ ဖြင့် ရိုက်က ချေမွ ဖျက်စီးလိုက်လေတော့သည်။
.......................................
ပြိုင်ပွဲလဲပြီး ဒိုင်းလည်း ကုန်ပြီ.. ဇာတ်သိမ်းပြီ ဖြစ်ပါကြောင်း
Ulmuka_ဇီးကွက်


4 comments:
:-)
အောင်မြင်စွာ ပြီးဆုံးသွားလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။
ပျော်စရာ ရယ်စရာ အမှတ်တရလေးပေါ့။
ဟိ :P
နာ့ပို့စ်ကို ပြင်ထားတယ် ဟင့် :(
ကောင်းပါတယ် အဟက်ဟက်ဟက် :D
အားလုံးပြီးဆုံးသွားပြီ ဇတ်လမ်းလေး ။ ကဲနောက်တမျိုးစကြစို့ 
Post a Comment