jp Ulmuka_ဇီးကွက်: ပင့်ကူနှင့် ပျား စေ့စပ်ခြင်း

Saturday, August 2, 2008

ပင့်ကူနှင့် ပျား စေ့စပ်ခြင်း


တစ်နေ့ သောအခါ ပင့်ကူနှင့်ပျားတို့ စေ့စပ်လိုက်လေသည်။


ပင့်ကူသည် အလွန်တရာမှ မကျေမနပ်နှင့် သူ့ အမေအားမေးလေသည်။

`အမေ ဘာလို့ သားကို ဒီပျားမ နဲ့ စေ့စပ်ပေးတာလဲ။´

ပင့်ကူမေမေ ` သားကလဲ ပျားမက အသံသာ ဆူညံတာ ။ ဘာပဲ ပြောပြော သူက လေယာဉ်မယ်ဟ ´

ပင့်ကူ` သားက ဟို ခြင်မကို ပိုကြိုက်တာ ´

ပင့်ကူမေမေ ` ဟဲ့ အဲဒီ သူနာပြုမကိုတော့ စိတ်ကူးထဲတောင် မထည့်နဲ့။ ဆေးတောင် ကောင်းကောင်း မထိုးတတ်သေးဘူး။ ဟိုတစ်ခေါက်က အမေ့ကို ဆေးထိုးထားတာ အခုထိ နာတုန်းရှိသေးတယ်။´

ပျားမလေးလည်း အလွန်အမင်း မကျေနပ်ပဲ ပျားမေမေအားမေးလေသည်။

` အမေ သမီးကို ဘာလို့ ဒီ ပင့်ကူကို ယူခိုင်းတာတုန်း´

ပျားမေမေ ` အော် သမီးကလည်း ပင့်ကူက ရုပ်သာဆိုးတာ။ သူက အင်တာနက် ဆင်တဲ့ အလုပ်လုပ်တာလေ။ အခု ဒီလောက်ခေတ်စားတာ´

ပျားမလေး ` သမီးက ဟို ပုရွက်ဆိတ်ကို သဘောကျတာ ´

ပျားမေမေ ` အဲဒီ ပိန်ညောင်ညောင်နဲ့ အလုပ်သမားခေါင်းတော့ မစဉ်းစားပါနဲ့အေ။ သူ့ခမျာမှာ ပစ္စည်းတွေကို ဟိုထမ်းပို့ ဒီထမ်းပို့နဲ့။ ကုန်တင်ကားလေး တစ်စီးတောင် မရှိရှာဘူးး။´

ပျားမလေး ` ဒါဆို အိမ်ဘေးက ယင်ကောင် အစ်ကိုကော။ သူလဲ မဆိုးရှာပါဘူး ´

ပျားမေမေ `အင်း သူကတော့ လူကတော့ ချောပါရဲ့။ဒါပေမယ့် မိလ္လာအလုပ် လုပ်တဲ့ သူကိုတော့ ဘယ်တော့မှ မရွေးလေနဲ့ သမီးး ။´

5 comments:

လင်း said...

မည်သို့ ပင်ကြိုးစားစေကာမူ အသင် သည် ဟာသတောထဲက မထွက်သေး။ ဟီးဟီး
နောက်ဆုံးတော့လည်း ဟာသဘဲရေးတာပါဘဲ ဇီးကွက်ရယ် လေမကျယ်ပါနဲ့ ။ ညကျရင် ကောင်းကင်ကိုသေချာမော့ကြည့် ဂြိုလ်တုက အိမ်ပြန်ဖို့ အချက်ပြနေပြီ

စိုးထက် - Soe Htet ! said...

အကောင်လေးတွေ :P

ရွှန်းမီ said...

အမေ့ အပြော ခံရပြီပေါ့..
;-)
creative & nice story!

နှင်းပွင့်ဖြူ said...

သမီး == အမေ သမီးက ဟိုဘက်ရွာက ဇီးကွက်ကို အရမ်းသဘောကျတယ် မျက်လုံးဝိုင်းဝိုင်းနဲ့
အမေ == ဟဲ့.. အမေလေး သမီးရယ် ငါးပါးတော့ မှောက်ကုန်တော့မယ် အဲ့ဇီးကွက်က မျက်လုံးပြူးသာ ပြူးတာဟဲ့.. ငကန်းဟဲ့ ငကန်း ငါ့သမီးလေ ဘယ်တော့မှ မစဉ်းစားလေနဲ့
:D :D :D :P

JulyDream said...

ဇီးကွက်... အမေ အမေ... သားသား ဇီးသန့်ကလေ ကမ်ဘောဒီးယားက အသားဖြူဖြူ ၀က်သိုးမလေးကို သဘောကျတာဗျ။

ဇီးကွက်အမေ... အမလေး သားရေ.. အသန့်ရေ... ၀က်သိုးမလေးက အစားစုံလို့ အသားအရေ လှတာ အားမကျနဲ့။ သူက အစားပုပ်တယ်ကွဲ့။ မင်း လခနဲ့ မလောက်ဘူးကွဲ့။

ဝက်တွေ ဘာစားလဲ ဆိုတာတော့ မပြောတော့ပါဘူး။ အဟက်...

စတာနော် အတည်... :P