jp Ulmuka_ဇီးကွက်: ဘ၀မှာ ဘာကိုစိုးရိမ်ကြမလဲ

Wednesday, November 7, 2007

ဘ၀မှာ ဘာကိုစိုးရိမ်ကြမလဲ

ဘ၀မှာ စိုးရိမ်ရမဲ့ ပြဿနာ နှစ်ခုပဲ ရှိပါတယ်တဲ့။ သင်နေကောင်းနေမလား ဖျားနေမလား ဆိုတာပေါ့။ နေကောင်းနေရင် ဘာမှစိုးရိမ်စရာ မရှိဘူးလေ။ နေမကောင်းရင် စိုးရိမ်စရာ နှစ်ခုရှိပြန်ရော။ ပြန်နေကောင်းမလား မကောင်းဘူးလားဆိုတာပေါ့။ ပြန်နေကောင်းတယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။ ပြန်မကောင်းတော့ဘူးဆိုရင် နှစ်ခုပြန်စိုးရိမ်ရမယ်တဲ့။ ရှင်မလား သေမလားဆိုတာပေါ့။ ရှင်မယ်ဆိုရင် စိုးရိမ်စရာ မရှိဘူးလေ။ သေမယ် ဆိုရင်တော့ နတ်ပြည်သွား မလား ငရဲပြည် သွားမလား ဆိုတာ ပြန်စိုးရိမ်ရပြန်ရော။ နတ်ပြည်ရောက်ရင်တော့ ဘာမှပူစရာမလိုဘူး။ အဲ ငရဲပြည်ရောက်ရင်တော့ 


(ဒီနေရာရောက်ရင်ခဏ စဉ်းစားကြည့်ရအောင် ကိုယ်လုပ်ပုံ ကိုင်ပုံတွေကလည်း ငရဲပြည်ကို ရောက်ဖို့ခပ်များများမို့လား ဘာတွေဖြစ်မလဲဟင်……..)



ငရဲပြည်ရောက်ရင် ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ လက်ဆွဲ နှုတ်ဆက်နေတာနဲ့ပဲ စိုးရိမ်ဖို့ အချိန်တောင် ရမှာမဟုတ်ဘူးတဲ့။


ကဲ ဒါဆိုကျွန်တော်တို့ ဘာကိုစိုးရိမ် နေကြတာလဲ။ ရခဲတဲ့ လူ့ဘ၀မှာ စိတ်ညစ်စရာတွေ ခဏလောက် ပဲဖြစ်ဖြစ် မေ့ထားကြမယ်လေ။

6 comments:

Anonymous said...

ကောင်းလိုက်တာ။ အခုမှပဲရှင်းသွားတော့တယ်။
ဟုတ်သားပဲနော်။ ဘာကိုစိုးရိမ်နေတာလဲမသိဘူး။
အဲလိုဖြစ်အောင်တော့နေကြည့်ဦးမယ်။

ThinkingHoney said...

i m going to heaven :( oh my god, i m not gonna meet u guys there.. oh so sad !_!

kidding, nice post, didnt i tell ya that u r such a nice writer (bring something when u come my home haha) ?
:P

လင်း said...

နတ်ပြည်တော့မသွားဘူး ။ ဘော်ဒါတွေမတွေ့ ရဘဲနေမှာစိုးလို့ ပြီးတော့နတ်သမီးတွေများနေတော့နတ်သားကိုတွေ့ ဘို့ အလှည့်ကကျမှာမဟုတ်ဘူးး)

MCT said...

စိတ်ညစ်နေချိန်မို့
ဒီပို့စ်လေးဖတ်ဖြစ်တော့
နဲနဲတော့သက်သာရာရသား။

လာအားပေးတာ ကျေးဇူးနော်အကို။

မျှားပြာ said...

ဘာမှ မစိုးရိမ်ဘူး ရော့ နင်တစ်ခွက် ငါတစ်ခွက် ..
အပျော်ပဗျာ .. အဆင်ပြေပါစေဗျာ ..။

ရွှေဂျမ်း said...

ဒီစကားကို မိတ်ဆွေတစ်ယောက်က ကျွန်မကို ပြောဖူးတယ်။ စိတ်ကို ပေါ့ပါးသွားစေတဲ့ စကားပါပဲ။း)