jp Ulmuka_ဇီးကွက်: စားကြမယ်ဟေ့ ကောင်းကောင်း

Tuesday, November 6, 2007

စားကြမယ်ဟေ့ ကောင်းကောင်း

ကျောက်ကျော

က်ဖက်

မုန့်လင်မယား

ဘိန်းမုန့်

အကြော်ကတော့ ဗန်းလိုက်ဗျို့


ထမင်းမစားချင် သူများအတွက် မုန့်ဟင်းခါး


ထမင်းနဲ့ဟင်း -- အ၀စား အလကား(ငပိရည်က ကောင်းလွန်းလို့ မြည်းရင်းနဲ့ကုန်သွားတာ ခွှင့်လွတ်နော် မရွှေဂျမ်း။ ကြိုက်တတ်သူများ အတွက် ဘီယာပါ ပါတယ်ဗျို့။)

သူငယ်ချင်းအပေါင်းတို့ ခင်ဗျာ၊ ပြန်လာပါပြီ။ အလုပ်ကိစ္စ အဆင်မပြေလို့ စောစောပြန်လာတာ။ဒါပေမယ့် မုန့်တော့ပါလာပါတယ်။ ကင်မရာ မပါသွားလို့ Metacafe ကနေ ၀ယ်ကျွေးပါတယ်။ အ၀စားကြပါဗျာ။ ပါဆယ်လည်း ထုတ်သွားကြနော်။

ကွမ်းယာတော့ မပါခဲ့ဘူး ကိုဘ၀ခရီးရေ။ ဆောဒီးနော်။ ယောကျာ်းချင်းမို့ ခပ်ပါးပါးလုပ်တာ ဟုတ်ဘူးနော်။ Metacafe မှာမရောင်းလို့ဗျ။


11 comments:

tuzzaung said...

ဇီးကွက်ရေ..မုန့်လာစားသွားပါတယ်
မုန့်ဟင်းခါးနဲ့မုန့်လင်မယားကတော့
မကြိုက်ဘူး။
ကျန်တာတော့အကုန်ကြိုက်တယ်
လက်ဘက်သုပ်ကတော့အကြိုက်ဆုံး
ထမင်းကတော့စားပြီးသွားပြီမို့လို့
ညနေစာအတွက်ပါဆယ်ထုပ်သွားတယ်။

စိုးထက် - Soe Htet ! said...

ကျေးဇူးဗျို့ ... :)

Mhaw Sayar said...

ရှယ်ပဲဗျာ.. ထမင်းမစားခင် မန်းလေးဘီယာလေး အရင်မော့လိုက်တယ်။ ပြီးတော့ ထမင်းစား။ အကြော်လေးပါဝါးသွားတယ်ဗျ။ အချိုကတော့ ကျောက်ကျောလေးပေါ့ဗျာ။

ဤ သို့ပြုရ အလှူဒါနကြောင့် ကိုဇီးကွက်ကြီး စိတ်သွားတိုင်းကိုယ်ပါ၊ လိုရာဆန္ဒတွေပြည့်စုံနိုင်ပါစေဗျာ။

:)

ထွန်း said...

ဥပုသ်စောင့်ထားတယ် ဗျာ မသောက်တော့ဘူး။ မုန့်ပစ်စလက် အောင်းမေ့လို့  ၀မ်းသာအားရ ကြည့်လိုက်တာ ဘိန်းမုန့် တဲ့ အင်း စားချင်တာ မုန့်  လင်မယားဘဲ။ မော်နီတာဘဲ ကိုက်ဝါးတော့မယ်

Anonymous said...

ကောင်းတယ် မုန့်ဦးဏှောက်၊ မုန့်လင်မယား၊ မတ်ပဲ၊ ကြက်သွန်၊ ပဲကပ်ကြော်၊ မုန့်ဟင်းခါးနဲ့ ထမင်း တ၀ကြီးစားသွားတယ်ဗျို့။ ဒါတွေ ငတ်နေတာကြာပီ

MCT said...

အကုန်စားသွားတယ်။
ဗိုက်ဆာနေလို့။
စီနီယာကြီးက မုန့်တွေကျွေးတဲ့
အကျိုးကြောင့်
စော်ကြည်၊ အကြွေးကျေ၊
အလုပ်မလုပ်ဘဲ ပိုက်ပိုက်ရ
ပါစေနော်။ဟီးဟီး

Winkabar said...

မုန့်တွေကအကုန်စားလို့ကောင်းတာတွေချည်းပဲ။ အ၀စားသွားတယ်နော်။ ကျေးဇူးနော်။ အစ်မမိုးချစ်သူဆုတောင်းသလိုပဲဆုတောင်းပေးတော့မယ်။ သူဆုပေးသွားတာအရမ်းမိုက်တာပဲ။

Ulmuka said...

အားလုံးလာအားပေးတာ ကျေးဇူးပါ။ ပေးတဲ့ဆုတွေနဲ့ ပြည့်ပါစေဗျာ။ ဆုတွေထဲမှာတော့ အလုပ်မလုပ်ပဲ ပိုက်ပိုက်ရတာ အကြိုက်ဆုံးပဲ။ :)

Anonymous said...

stingy guy,
u like getting dollars without working
and whats more? u like treating ppl with free downloads ;)
zee kwet nut chee kya tae byo

ပီကေ said...

ရှလွတ်
ဒါပဲတတ်နိုင်တယ်။ စားလို့မရဘူး။ နေမကောင်းလို့။ နေကောင်းမှ လားစားမယ်။ ချန်ထားပေးရမယ်။

သဇင်ဏီ said...

အော်.. ဒါတွေလဲရှိတာကိုး