လာလည်ကြသော သူငယ်ချင်း အပေါင်းတို့ခင်ဗျာ။ ကျွန်တော် ခရီးသွားရပါမယ်။ ရက်နှစ်ဆယ်လောက် ကြာပါ့မယ်။ ဝေးဝေးလံလံ တော့မဟုတ်ပါဘူး။ ရန်ကုန်ရွှေမြို့တော်ကြီးကိုပါ။ ကံဆိုးချင်တော့ လောလောဆယ် ရန်ကုန်မှာ internet မရဘူးဗျ။ ရန်ကုန်တင် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး ပျက်နေတာဆိုပဲ။ (ပျက်ပဲ ပျက်နိုင်လွန်းတယ်နော်၊ ပျက်အစဉ် ပြင်မရ ဆိုတာမျိုးလားမသိ။)
အလည်လာသူများ ဆီပုံးမှာ ဆီဖြည့်ပေးခဲ့ကြပါခင်ဗျာ။ မနက်ဖြန်မနက် ဆိုသွားရတော့မယ် အခုထိ ပစ္စည်းလည်းမသိမ်းရသေးဘူး။ အော် တော်တော်ဆိုးတဲ့ ဘလော့ဂ်ရောဂါပါလား။


2 comments:
ပြန်လာရင် ... ဘာမှ ယူမလာနဲ့နော် ... ကျွန်တော့် အတွက် ... :)
ထပ်လာလည်တာပါ ... :)
Post a Comment