jp Ulmuka_ဇီးကွက်: Something About Honey

Saturday, November 24, 2007

Something About Honey

ကျွန်တော်ပြောမယ့် အညိုရောင်ပျားရည်က အနောက်ဖက်ကမ်းပါးက အဖိုးတန် မျိုးမှန်ပျားရည်ပါ။ အညိုရောင်ဆိုပေမယ် နေပူထဲသွားရင် ထီးယူရမှာပျင်းလို့ အညိုရင့်ရောင် ပျားရည်ဖြစ်လို့။ (အညိုရင့်ရင် ဘာရောင်လဲ သိတယ်မလား :P )

အဲဒီ ပျားရည်က ဟင်းချက်ကောင်းတယ်ဗျ။ မယုံရင် သူချက်ကျွေးတဲ့ ငါးပိစော်နည်းနည်းနံ သွားတဲ့ဟင်းရည် (အနံ့ထွက်ရုံလောက်ပါပဲ)၊ ကြက်သွန်ဖြူ အနံ့မပျောက်တဲ့ ပန်းမုန်လာကြော်၊ ချဉ်ရည်ဟင်းနဲ့ အစပ်အဟပ်တည့်အောင် ထည့်ထားပေးတဲ့ မန်ကျည်းသီးထောင်း၊ ရေတစ်ခွက် လျှော့ထည့်မိလို့ မာသွားတဲ့ အုန်းထမင်း (သက်သေအဖြစ် အကောင်မပေါက်သေးတဲ့ ငုံးတစ်ကောင် ကိုမေးလို့ရပါတယ်။ ) တို့ကို စားကြည့်တာနဲ့ကို သိနိုင်ပါတယ်။ စားချင်ရင်ပြောနော် မကုန်လို့ ချန်ထားတာရှိသေးတယ်။ စတာပါဗျာ။ တကယ်ကို စားလို့ကောင်းပါတယ်။ ကျွန်တော်တောင် နှစ်ပန်းကန်စား ခဲ့တယ်။ (နောက်တစ်ခါလာရင် ချက်ကျွေးဦးနော်။ ဟိဟီး)

သူကတော့ သူကိုယ်သူ ဘယ်တော့မှ မရပ်တဲ့ရထားတစ်စင်းလို့ပြောတယ်။ အမှန်က သူ့ရထားလမ်းကြောင်းမှာ ဘူတာရုံမရှိဘူး။ ဘူတာရုံက နေရာမှားပြီး အရှေ့ဖက်ကမ်းပါးမှာ ဆောက်ထားမိတာကိုး။ ဆိုးလိုက်တဲ့ကံ။ သူ့လမ်းကြောင်းမှာ လာဆောက်တဲ့ ဘူတာတွေကလည်း နိမ့်နေတော့ ၀င်ရပ်လို့မရဘူး ဆိုပဲ။ အမှန်ကတော့ နိမ့်နိမ့်မြင့်မြင့် ဘူတာက ဘူတာပါပဲ သူငယ်ချင်းရေ။ ထားပါတော့လေ။ သူမှာဘူတာမရှိတော့ ဒီတိုင်းပဲ မောင်းနေရတာပေါ့။ သူ့ရှေ့မှာ ၀င်ရပ်ပြီးတားချင်တဲ့ သူတွေလည်း ရှိသေးတယ်ဗျ။ ၀င်ရပ်မယ့် လူတွေကို သတိပေးချင်တာကတော့ သူမျက်မှန်ပျောက်နေတယ်ဗျ။ အသစ်လည်းမလုပ်ရသေးဘူး ။ အဲတော့ သိပ်တွေ့မှာမဟုတ်ဘူး ။ သတိထားရပ်ကြပေါ့ဗျာ။ ရထားတိုက်ခံရရင်တော့ သက်သာမှာ မဟုတ်ဘူးနော်။

သူက ပေါင်မုန့် မရှိလို့ ကိတ်မုန့် စားတဲ့လူတွေကို ကြည့်မရပေမယ့် သူကိုယ်တိုင်ကျတော့ ချောကလက် ရေခဲမုန့် မရရင် စတော်ဘယ်ရီရေခဲမုန့် စားတယ်ဗျ။ (မယုံရင် ၀ယ်ကျွေးကြည့်လေ။)

ပြောလို့ပြောတာ မဟုတ်ဘူး။ အညိုရောင်ပျားရည်က တော်တော်ချောတာဗျ။ ငါးရှဥ့်တောင် အရှုံးပေးရတယ်။ ယင်ကောင်တောင် သူ့ပေါ်မနားရဲဘူး။ ချော်လဲမှာ စိုးလို့တဲ့။ ပျားရည်တို့က အဲဒီလောက်တောင်ချောတာ။ (လုံးဝ လုံးဝ ပိုမပြောပါဘူးဗျာ။ မယုံရင် ဟိုတစ်နေ့က သူ့ပေါ် မသိပဲနားမိလို့ ချော်လဲပြီး ခြေထောက်ကျိုးသွားတဲ့ ယင်ကောင်ကိုမေးကြည့်ကြပါ။ )

သူက သီချင်းဆိုလည်း ကောင်းတယ်ဗျ။ (သူ့ကိုယ်သူ ပြောတာပဲလေ။) ဟုတ်မဟုတ်တော့ နားမထောင်ဖူးလို့ မသိဘူးဗျ။ ကောင်းချက်ကတော့ သူ့ အဖေကတောင် သမီးရေ မိုးချုပ်နေပြီ ၊ အိပ်တော့နော် ဆိုပြီးပြောယူရသတဲ့။ တောင်ကြီးပြန်တာ လည်းသုံးရက်ပဲ ရှိသေးတယ် သူ့အစ်မ က ရန်ကုန်ဘယ်တော့ပြန်မလဲ မေးနေပြီတဲ့။ ကဲ ပျားရည်တို့ သီချင်းဆိုကောင်းလိုက် ပုံများ ။ အဲလို အဲလို။

အညိုရောင်ပျားရည် အကြောင်းက ဒီလောက်ဆိုတော်ပြီနော်။ ဒီတေးစ် (Details ကိုပြောတာပါ။ ဒီ အမြီး (ဒီ tail ) မဟုတ်ဘူးနော်။ ) သိချင်သူများ စာရင်းပေးထားနိုင်ပါတယ်။ စာပို့ပြီးတော့ အဖြေပေးပါမယ်။ ဘလော့ဂ်မှာတင်ရင် ကျွန်တော့်ကို သတ်လိမ့်မယ်ဗျ။

2 comments:

mabaydar said...

ဘာအကြောင်းရေးထားတာပါလိမ့်? လိုက်မမှီတော့ဘူး… ရှင်းပြပါအုံး…

ThinkingHoney said...

:(
no good
upload ulmuka RELOADED