jp Ulmuka_ဇီးကွက်: About Beggers

Wednesday, October 24, 2007

About Beggers

I want to tell u some certain things regarding your post about beggars. Fortunately, or, unfortunately, I have seen different kinds of beggars around Myanmar, thanks to Research Department. မြင်ဘူးတဲ့ beggars အမျိုးအစားတွေကနေ စပြောရရင် ပညာရှင်အဆင့်၊ အချောင်သမားအဆင့် နဲ့ ဒုကသည်အဆင့် စသဖြင့်ရှိမယ်ပေါ့ အဲ အဲဒီအဆင့်တွေကနေ အများကြီးထပ်ခွဲသေးတယ်။

ပညာရှင်အဆင့်ဆိုတာက (ဆို၊က၊ရေး၊တီး နဲ့ ဆိုင်ဘူးနော်။ ကြည့်လုပ် တမီးဘာမှအကြောဝူး :D ) အတတ်ပညာတစ်ခုခုနဲ့ ဖျော်ဖြေပြီး တောင်းစားတာ။ အမယ်… တော်တော်များများက သီချင်းဆိုကောင်းတယ်ဗျ။ ၀မ်းနည်းစရာကောင်းတာက တော်တော်များများက အမေလို့ယူဆရတဲ့လူက သီချင်းဆိုပြီး ကလေးလေးက ကပြတာပဲ။ ၀ါးကျည်တောက်လေးခေါက်ပြီးဆိုလေ့ရှိတယ်။ ဒါမျိုးတွေ့ရင်တော့ ငါကပိုက်ဆံပေးတယ်။ နားထောင်ရတာသာယာတယ်လေ။ upper burma trip သွားတုန်းက တယောထိုးပြီးတောင်းတဲ့ အဖိုးကြီးတစ်ယောက်တွေ့ဖူးတယ်။ ဂုဏ်မြင့်သူထိုးပြပါဆိုတော့ ထိုးပေးတယ်ဗျ။ လွမ်းစရာကောင်းလိုက်တာများ တက်ကသိုလ်ဘုန်းနိုင်ရဲ့ တစ်ပြည်သူမရွှေထားကို မြင်ယောင်လာတယ်။ အတူပါလာတဲ့ officer ကတော့ပြောတယ် သူတယောထိုးတာ ပိုက်ဆံရတယ်။ နင်ထိုးတာ ငါတို့နားညည်းတယ်တဲ့။ အိုင်က ဘိုသီချင်းပဲထိုးတာကိုး။ ရောင်စုံဘောလုံ ဆိုတဲ့ black eye Susan လေ… ဟဲဟဲ။ ထားပါတော့။

အချောင်သမား…အား အဲဒါပြောရမယ်။ နင်ပြောတဲ့ သန်သန်မာမာကြီးတွေလည်း ပါပါ့။ ရက်ကွက်တွေထဲမှာ လိုက်အော်တောင်းတဲ့ လူကောင်းပကတိတွေ။ ပြောရင်ယုံမှာမဟုတ်ဘူး။ အော်တောင်းတဲ့ အသံက မပေးရင် တက်ရိုက်မယ့် design ဗျ။ ရုတ်တရက်အနားကပ်လာပြီး သမီးကို အမေ မ ချင်လို့၊ အမေ ဘုရားတည်နေတာ လှူပါ ၁၀ ရက်အတွင်းထူးခြားလာမယ်ဆိုတဲ့ ယောဂီအ၀တ်နဲ့ အမျိုးသမီးတွေ နင်တွေ့ဖူးလား၊ ငါ့ရုပ်ကိုက ငပိန်းရုပ်ထွက်နေလို့ပဲလား ငါကတော့ ခဏခဏကြုံတယ်။

ရန်ကုန်မှာ bus stop မှာရပ်နေတုန်း သူငယ်ချင်းတွေကြုံတာက သမီးဘယ်နှနာရီရှိပြီလဲလို့စပြီး အိမ်ပြန်ဖို့ ကားခမရှိလို့ဆိုပြီးတောင်းတာ… ကားခကလည်း ၃၊ ၄ ဆယ်ဆိုတော့ မဟုတ်မှန်းသိလည်း ပေးလိုက်ကြတာပေါ့ဟာ။ အခုတော့ ဘယ်သူမှ ပေးတော့မယ်မထင်ဘူး။ ကားခတွေက … အဟမ်း … ငါကတော့ အချိန်လာမေးတဲ့လူနောင်တရရောပဲ သိတဲ့အတိုင်း ငါကနာရီမှ မပတ်တာ။ တစ်ခါက အဒေါ်ကြီးတစ်ယောက်က အချိန်မေးတော့ ငါက နာရီမရှိတဲ့လက်ကိုပြပြီး ပုခုံးတွန့်ပြလိုက်တယ်။ ငါ့ style ကို ကြွေသွားပုံမပေါ်ဘူး ဆက်ပြောတယ် သူက အဒေါ် မှော်ဘီပြန်မလို့တဲ့…ငါလည်းဖြတ်ပြီးပြောလိုက်တယ်။ သမီးလည်းမှော်ဘီပြန်မလို့ ခါးပိုက်နှိုက်ခံရလို့ ကားခလေးပေးပါလားလို့။ တစ်ခါထဲ လှည့်ထွက်သွားတာပဲ။ ငါ့သူငယ်ချင်းက ငါ့ကို တော်တော်ရက်စက်တယ်လို့ပြောတယ်ဟ။ နင်ဘယ်သူ့ကိုမှ မပြောနဲ့နော်။

ခံလိုက်ရတာပြောရဦးမယ်။ ဒကာမလေး…ဦးဇင်းဖိနပ်ပြတ်သွားလို့ လှူခဲ့ပါဆိုလို့ လှူလိုက်ပါရောလား။ လှူပြီး သူငယ်ချင်းနဲ့ coffee သောက်ပြီး သူ့ကိုပြန်အပို့ နောက်၃မှတ်တိုင်လောက်အကွာမှာ အဲဒီကိုယ်တော်က ဖိနပ်ထပ်ပြတ်လို့ နောင် ဒကာမတစ်ယောက်က ထပ်လှူနေရတာ။ မမြင်ရင်လည်းကောင်းသား။ ဒါကြောင့် အမေကအမြဲပြောတာ… စေတနာက ဖြစ်ခဲတယ် ပျက်လွယ်တယ်တဲ့ လှူပြီးရင်လှည့်မကြည့်နဲ့တဲ့။ အခုဟာက လှည့်တောင်မကြည့်လိုက်ရဘူး။ အဲဒီနောက်ပိုင်း နောက် ၃ ၄ ပါးထပ်တွေ့သေးတယ်။ တစ်ခါတစ်လေ အလုပ်ကလူတွေပါတယ်ကွာ။ နင်သိတဲ့အတိုင်းပဲ တော်တော်များများက Buddhist မဟုတ်ဘူး။ ဘာမှတော့ မပြောကြပါဘူး။ တော်တော်စိတ်လေတယ်။

ငါပြောသားပဲ beggars အကြောင်းဆို ငါ့မှာပြောစရာတွေအများကြီးလို့။ တော်တော်ခံစားလိုက်ရတဲ့ အကြောင်းတွေရှိသေးတယ်။ နောက်နေ့ဆက်ပြောမယ်။

သူငယ်ချင်း တစ်ယောက်ပို့လာတဲ့ စာလေးပါ၊ ( ဟန်နီရေ နင်ကဘယ်သူ့ကိုမှ မပြောနဲ့ဆိုလို့ ငါမပြောပါဘူး။ blog မှာပဲတင်လိုက်တယ်။ :P)

No comments: