ဟိုတစ်နေ့က ထမင်းဆိုင်မှာ ထမင်းစားနေတုန်း ကလေးမလေးတစ်ယောက် နံဘေးမှာ လာရပ်ပါတယ်။ ကလေးမလေးက ငါးနှစ် လောက်ပဲရှိပါဦးမယ်။ ခေါင်းစုတ်ဖွါးလေးနဲ့။ ဆံပင်က နီကြောင်ကြောင်။ အ၀တ်အစားက ချေး(ဂျီး)လက်လေးသစ်နဲ့ပါ။လက်ထဲမှာက ခွက်လေးတစ်လုံးနဲ့။ အမှန်က ဒီအရွယ်လေးတွေက ကျောင်းမှာပျော်ပျော်ပါးပါးနဲ့ စာသင်နေ၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားနေရမယ့် အရွယ်ပါ။ အခုတော့ သူ့ခမျာ ထမင်းတစ်လုတ် အတွက် တောင်းစားနေရရှာတယ်။သူ့မှာရှာကျွေးမယ့်၊ ကျောင်းထားပေးမယ့် မိဘဆွေမျိုးတွေ မရှိတော့ဘူးလား။ တကယ်လို့ရှိခဲ့ရင်လဲ ဘယ်လိုမိဘမျိုး ဖြစ်လေမလဲ။ ကိုယ့်သားသမီးကို ကိုယ့်လုပ်စာနဲ့ ၀အောင်မကျွေးနိုင်လို့ ၀မ်းနည်းပက်လက်နဲ့ အပြင်မှာရှာစားခိုင်းရတဲ့ မိဘမျိုးလား။ လား.. ပေါင်းမြောက်များစွာနဲ့ တွေးရင်းက သူလဲဗိုက်ဆာရှာမှာဘဲလေ ဆိုပြီး ထမင်းနဲ့ဟင်းတွေကို ထုပ်ပေးဖို့ဆိုင်ရှင်ကိုပြောလိုက်ပါရော။ ဆိုင်ရှင်က သိပ်ပြီးထုပ်ပေးချင်ပုံ မရပေမယ့် ထည့်ပေးပါတယ်။( ပိုက်ဆံမျက်နှာကြောင့်) ကျွန်တော်ကလည်း အလျှုလုပ်လိုက်ရပဟဆိုပြီး ၀မ်းတွေဘာတွေသာလို့မှ မပြီးခင် ဆိုင်ရှင်ဘာလို့ထမင်းမထုပ်ပေးချင်လဲ ဆိုတာသိလိုက်ရပါတော့တယ်။ ကျွန်တော့်နံဘေးမှာ သုံးနှစ်ကလေးကအစ၊ အသက်လေးဆယ်အရွယ်ကအလယ်၊ အသက်ခြောက်ဆယ်အဘွားကအဆုံး၊ စုစုပေါင်း ဆယ်ယောက်လောက်ရောက်လာပါတယ်။ အဲဒီထဲက သုံးယောက်လောက်က သန်သန်မာမာတွေပါ။ သူတို့တွေကို ဘယ်လိုမောင်းထုတ်မောင်းထုတ် မသွားတော့ပါဘူး။ ကလေးနဲ့ အဘွားအို တွေကို သနားပေမယ့် အဲဒီသန်သန်မာမာကြီးတွေကို စေတနာတုံးတာကြောင့် ထမင်းတောင် ဆက်မစားပဲ ထထွက်လာခဲ့ပါတယ်။ ဒါတောင် ရုံးရှေ့ထိ လိုက်လာပါသေးတယ်။
ပြောချင်တာက အခုမှ စမှာပါ။ တောင်းရမ်းစားသောက်ခြင်းကို အားပေးသင့် သလား ဆိုတာပါပဲ။ ကျွန်တော်တို့နိုင်ငံမှာက အလုပ်အကိုင်ရှားပါးပြီး စားရမဲ့သောက်ရမဲ့ ဖြစ်တော့ တစ်ချို့လူတွေ တောင်းစားရတဲ့ အခြေအနေရောက်ကုန်ပါတယ်။မြန်မာတွေဆိုတာ ကလည်း သဒ္ဓါတရားထက်သန်တဲ့ လူမျိုးဆိုတော့ သူတို့အတွက် တောင်းစားရတာ အလုပ်လုပ်ရတာထက် တွက်ခြေကိုက် တယ်ထင်ပါရဲ့ အလုပ်ကို မပြောင်းကြတော့ဘူး။ ကျွန်တော်ရင်အနာဆုံးကတော့ ကားဂိတ်တွေ လက်ဖက်ရည်ဆိုင်တွေမှာ လိုက်အလျှူခံနေကြတဲ့ ကိုရင်တွေ၊ ကိုယ်တော်တွေကို တွေ့ရတာပါပဲ။ (အခုတော့ သံဃာတော်တွေ ဖမ်းတယ်ကြားလို့ လူဝတ်လဲ ကုန်ပြီလားမသိပါ။)သပိတ်မပါပါဘူး။ စာအုပ်ဖိုး၊ ဆေးဖိုး စသည်ဖြင့်ပြောပြီး ငွေအလျှူခံတာပါ။အဲလေ ပြောရင်းပြောရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။ ပြောချင်တာကတော့ ပေးတဲ့လူတွေရှိလို့ တောင်းတဲ့လူတွေရှိတာပါ။ အဲလိုဆိုတော့ ၀ိုင်းမပေးကြရင်ကောင်းမလားလို့ စဉ်းစားမိပါသေးတယ်။ အဲလိုလည်းမဖြစ်သေးဘူးလေ။ အကုန်ငတ်ကုန်မှာပေါ့။ ကိုယ်လည်းအကုန်လုံးကို အလုပ်မပေးနိုင်။(အမှန်ကတော့ တစ်ယောက်ကိုမှ အလုပှ်မပေးနိုင်တာပါ၊) ကလေးတွေကိုလည်း ကျောင်းမထားပေးနိုင်။လူအိုတွေကိုလည်း မစောင့်ရှောက်နိုင်။ အဲဒီတော့ ဇီးသန့်တို့ ပိုနေမြဲ ကျားနေမြဲပဲ ကောင်းပါသည်ပေါ့ ခင်ဗျာ။


4 comments:
အင်း စဉ်းစားစမ်း
ကိုဇီးကွက်ဘာလုပ်သင့်လဲ
စဉ်းစား.....စဉ်းစား.........
အင်း..........................
ဇီးကွက် ကိုမျက်လုံးမှတ်ပြီး
အကြံပေးချင်တာ
ဒါပေမယ့်
သူတို့တွေဘယ်ဆီပြေးထွက်သွားမှန်းမသိဘူး
စိတ်မကောင်းပါဘူးဖတ်ရတာ
အားပေးအားမြှောက်လဲမလုပ်ချင်ပါဘူး
a brilliant post
i also hav met many occasions like urs
i feel so sad, not for them, but for our land under this system
where did this mistake start? can u answer? ;)
The mistake starts in 1988. We can't do nothing about that
no
earlier than that
;)
Post a Comment