ဘလော့ဂ်ရေးမလို့ပါပဲ။ ဖတ်တာများသွားလို့အတင်း အဲလေ သတင်းတွေပဲ တင်လိုက်ပါတယ်ခင်ဗျာ။ သတင်းမှာ မပါလိုက်ရသူများ စီပုံးမှာ အကြောင်းကြားနိုင်ပါသည်။(ပျော်စေရန်သာ ရည်ရွယ်ပါသည်။ အပျော်လွန်၍ ပျက်သွားပါက တောင်းပန်ပါသည်။)
ယခု အချိန်မှ စ၍ ဇီးကွက်အသံမှ ဘလော့ဂ်အတင်းများကို စတင်ကြေငြာပါတော့မယ်။ မိတ်ဆွေတို့ရဲ့ နားများကို ၀ါဂွမ်းများနဲ့ ဆို့ထားဖို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
ဘလော့ဂ်တွေ စီပုံးတွေ လိုက်ဖတ်ကြည့်တော့ သီတင်းကျွတ် အကြောင်းက ခပ်များများ။
ကိုရန်အောင် ကတော့ ဖတ်တဲ့လူတိုင်းကို သူရဲအကြောင်းရေးဖို့ Tag တယ်တဲ့။
မီးလေးတို့ လက်သွက်ချက်ကတော့ ကိုရန်အောင်ရဲ့ Tag ကို ရေးတောင်ရေးပြီးသွားပြီ။
မိုးချစ်သူ ကတော့ ရင်ထဲမှာ တည်တဲ့ ဘုရားကိုတော့ ဘယ်သူမှဖျက်လို့မရဘူး တဲ့။
မလင်းရဲ့ အမှတ်တရမှာတော့ ချိုချဉ်ကျွေးနေပါတယ်။ (ပိုစားရင် စုန်းမကြီးကရိုက်မှာတဲ့နော်) ပြီးတော့ ဘာတွေများစိတ်ဓါတ်ကျ နေပါလိမ့်မလင်းရေ။ ကျွန်တော် ကတော့ အမြဲအားပေးလျက်ပါ။
မရွှေဂျမ်းကတော့ ဘလောဂ့်ရောဂါ စွဲကပ်နေပါတယ်တဲ့။
ဟန်နီကတော့ လူကြုံရှိရင် အရှေ့ဘက်ကမ်းက
ငြိမ်းချမ်းရေးသံလွင်တစ်ခက်လောက်ပို့လိုက်ပါ လို့ပြောနေတယ်။
မနိုင်းနိုင်းစနေကတော့ မြန်မာချက် (
ကိုမာန်လှိုင်းငယ် ကပြန်ရောက်လာပြီး ဒီရေလှိုင်းစီးနေပါတယ်။
ကိုပီကေ လည်း ပြန်ရောက်လာပါပြီ။ ဆောင်းတွင်းအေးအေးမှာ အား လို့ အော်ပြီးရေချိုးနေပါတယ်။
တူးတူးကတော့ လပြည့်နေ့ အလှူလုပ်နေပါသေးတယ်။ ကျော်ဝင်ရလို့ လားတော့ မသိဘူး။ “we are sorry , slide show is empty” တဲ့။ဒါမှ မဟုတ် ဘယ်သူ အကုန်စားသွားပါလိမ့်။ လက်နာနေတဲ့ Chaos လားမသိဘူး။ လက်နာပေမယ့် ပါးစပ်မနာဘူးဆိုပဲ။
မလေးမကတော့ သီတင်းကျွတ်မှာ ပိုင်ရှင်ရှိ ကြောင်းထုတ်ကြွားလိုက်ပါပြီ။ (မှတ်ချက်။ ။ ကြွားစရာမရှိသေးသော blogger မမများ ကြိတ်၍ ကြွားစရာ ရှာနေကြကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းရရှိထားပါသည်။အကယ်၍ ကြွားစရာရှာတွေ့ပါက စီပုံးမှာ လာအော်နိုင်ပါတယ်။်)
မေပျိုကတော့ ဆဲတတ်သူများ အကြောင်းတင်ထားပေးပါတယ်။
မ၀င်္ကပါ ကတော့ ဆောင်းတွင်းအေးအေးနဲ့ နှင်းတွေကို မျှော်နေပါသတဲ့။
မညလေး ကတော့ ငါကိုက အလွန်းပါတယ်ဆိုပဲ။
တောင်ကြီးချယ်ရီမြေမှာ တော့ fireworks တွေလွတ်တင်နေလေရဲ့။
မ helena ကတော့ မရီနိုင်သေးလို့ ဂွီဂေါ်ကို ခဏရပ်ထားပါတယ်တဲ့။


1 comment:
အန်...သတင်းထောက်နောက်တစ်ယောက်ပါလား...။ ခုလို ဇီးကွက်ဂျာနယ်ရဲ့ သတင်းကဏ္ဌမှာ ပါလာတယ်ဆိုတော့ လေးမ တို့တော့ ကမ္ဘာကျော်တော့မှာပဲ ...။
Post a Comment