jp Ulmuka_ဇီးကွက်: For the friend who had left us!

Thursday, October 18, 2007

For the friend who had left us!

အားလုံးမျှသယ်နေတဲ့ကြားက ကွဲအက်သွားတဲ့ အိပ်မက်
မျက်တောင်တစ်ခတ်မှာ တစ်ချို့တွေလည်း ပျောက်ပျောက်ရှရှ
ဒီလမ်းကို အတူတူလျှောက်ကြမယ်ဆို
မင်းတို့ခင်းပေးခဲ့လို့ လမ်းသာသွားလည်း ၀မ်းမသာနိုင်ဘူး
ဆဲတတ်လွန်းတဲ့မင်းတို့တွေမရှိတော့မှ ငါလည်းဆဲတတ်နေပြီ
ဒီလိုမှ ထထ မဆဲရင် ငါတို့ငိုမိလိမ့်မယ်
မင်းတို့တောက်ခေါက်သံကို ကြားယောင်တိုင်း ငါလည်း နာကျင်ရပါတယ်
တစ်ချို့တွေအတွက် နေမ၀င်ပေမဲ့
တစ်ချို့တွေကတော့ မိုးအလင်းတောင်တွေ့ခွင့်မရလိုက်ရှာဘူး
ဘ၀တွေများပြောပါတယ်။
နှုတ်မဆက်ပဲသွားတာကို ငါအရမ်းမုန်းတာသိရက်နဲ့
မင်းတို့တွေ သိပ်အကျင့်ပျက်တယ်
စက်တင်ဘာထုတ် အတွေးအမြင်ဝယ်လာမယ်ဆိုလို့ ငါကတော့စောင့်လို့…
ငယ်ငယ်လေး

သူငယ်ချင်းတစ်ယောက်ရဲ့ကဗျာလေးပါ။ကြိုက်လို့တိုပြီးတင်ပါတယ်။

No comments: