jp Ulmuka_ဇီးကွက်: Internet ကိုကျေးဇူးတင်ခြင်း

Wednesday, October 17, 2007

Internet ကိုကျေးဇူးတင်ခြင်း

ဘာစရေးရမလဲလို့ စဉ်းစားရင်းနဲ့ Internet နဲ့ဆက်နွယ်ပြီးမှ blog ဆိုတာကို သိရ၊ ရေးရတာဆိုတော. Internet အကြောင်းကပဲ စရေးလိုက်တယ်။Internet အကြောင်း ရေးမယ်ဆိုလို့ အထင်လည်းကြီး မသွားကြပါနဲ့။ Internet ကို အသုံးပြုနည်းတို့၊ information ရှာနည်းတို့ ၊ ဘာတို့ရေးမှာမဟုတ်ပါဘူး။ (ရေးရလောက်အောင်လဲ မတတ်ဘူးဆိုတာ သိပြီးသားလို့ထင်ပါတယ်။)

အရင်တုန်းကတည်းက Internet ကိုသုံးဖူးပေမဲ့ E mail သုံးတာနဲ့ Chatting ၀င်တာလောက်ပဲ သုံးတတ်ခဲ့တာပါ။အဲဒီလိုပြောလိုက်လို့ အခု Internet ကို ကောင်းကောင်းသုံးတတ် နေပြီလားဆိုတော့လည်း မတတ်သေးပါဘူး။ အရင်ကနဲ့ စာရင်တော့ တိုးတက်လာတယ်ပြောရမှာပေါ့လေ။blog တွေ၊ forum တွေ ရှာဖတ်တတ်လာပြီ၊ သိချင်တာလေးတွေ ရှိရင်လည်း ရှာတတ်လာပြီ၊ သီချင်းတွေ ဘာတွေလဲ ယူနားထောင်တတ်လာပြီ။ ဒီလောက်ပါပဲ။အကြောင်းအမျိုးကြောင့် အိမ်နဲ့ဝေး ၊ သူငယ်ချင်းတွေနဲ့ဝေးပြီး ကိုယ်နဲ့မရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ လာနေရတဲ့ လူတွေအတွက်တော့ Internet ရှိခြင်းဟာ ဆုလာဘ်တစ်ပါးပါပဲ။ အလုပ်အဆင်မပြေတဲ့ အချိန်၊ အိမ်ကိုလွမ်းတဲ့အချိန်၊ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားပြောချင်တဲ့ အချိန်မျိုးမှာ Internet လေးရှိတော့ အဆင်ပြေတာပေါ့။ (ဖုန်းဆက်ရအောင်လဲ အမြဲတမ်းကြီးတော့ မတတ်နိုင်ဘူးလေ။စာရေးရအောင်လည်း ကိုယ်ပို့တဲ့စာ ရောက်မှန်းမသိ မရောက်မှန်းမသိ၊ ရောက်ဖို့ကလဲ လနဲ့ချီပြီးကြာတယ်ဆိုတော့.. ) အဲဒါတြောင့် Internet ကိုကျေးဇူးတင်တာ။

ကျွန်တော့်အဖို့တော့ Internet ဆိုတာ E mail လေးပို့ရရင်၊ သူငယ်ချင်းတွေ၊ မိသားစုဝင်ုတွေနဲ့ G talk ပြောရရင်ကို လုံလောက်နေပါပြီ။ အခုတော့ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေ၊ သတင်းတွေလည်း ဖတ်လို့ရတယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။

ကျေးဇူးတင်ပါတယ် Internet ရေ။

P.S. Internet နဲ့နီးစပ်အောင် အလုပ်ရှာပေးခဲ့တဲ့ တကော(大哥) ၊ Blog ရေးဖြစ်အောင် မြှောက်ပေး ( မှားသွားလို့ ဆောဒီး ဆောဒီး နော် အဟဲ၊ အစကတည်း က မှားရင် ခွင့်လွှတ်ပါလို့ပြောပြီးသားနော်) အားပေးခဲ့ကြတဲ့ Honey နဲ့ Chaos တို့ကိုကျေးဇူးအထူးတင်ရှိပါသည်။

1 comment:

ThinkingHoney said...

you can write humors if u want, u kno what i mean, u can be a real writer, man!
ဇီးသန်. ဆရာဝန် ဟာသ စာရေးဆရာ ...
dan tan tan