ကျွန်တော် အလုပ်လုပ်နေတဲ့ ဒေသက တစ်ချို့ရွာတွေ ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရွာသူ၊ ရွာသားတွေကလည်း အင်မတန်မှ ရိုးသားကြပါတယ်။ ဒီဟာသလေး ကတော့ ……..ရွာမှာတစ်ကယ်ဖြစ်ခဲ့တာပါ။
ရွာမှာက မူလတန်းကျောင်းလေးတစ်ကျောင်း ဆောက်ပါတယ်။ ကိုယ်ထူကိုယ်ထပေါ့လေ။ မြို့မှာလိုတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် / တပ်မတော်နေ့ အထိမ်းအမှတ် ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်ပွဲဆိုပြီး မလုပ်ကြပါဘူး။ ဘာလူကြီး ညာလူကြီးတွေကလည်း (အလှူငွေ ထည့်ကြပါဆိုတုန်းကတော့ မသိသလိုနဲ့ ) ဖွင့်ပွဲကျမှ ဖဲကြိုးလာမဖြတ်ပါဘူး။ (အဲ ပေါ်လစီတွေ ပါကုန်ပြီ ဆောဒီး ဆောဒီး)
အဲဒီကျောင်းမှာ ဆရာမက ကျောင်းသားတွေကို ကျောင်းမှန်မှန် တက်ရမယ် ကျောင်းမပျက်ရဘူး ဘာညာပေါ့ ဆုံးမသြ၀ါဒပေးရော။ နောက်နေ့ကျ တော့ အတန်းထဲမှာ အသက်လေးဆယ်ကျော် လူကြီးတစ်ယောက်က လွယ်အိတ်လေးလွယ်ပြီး နောက်ဆုံးခုံ မှာ လာထိုင်နေတယ်။ ဆရာမက ဦးလေး ဘာကိစ္စလဲ မေးတော့ ဖြေလိုက်ပုံက ----ကျွန်တော်က မောင်ဖြူအဖေပါ ။ ဒီနေ့မောင်ဖြူနေမကောင်းလို့ ကျောင်းမလာနိုင်ဘူး။ ဆရာမက ကျောင်းမှန်မှန်တက်ရမယ် ကျောင်းမပျက်ရဘူးဆိုလို့ ကျွန်တော် သူ့အစား ကျောင်းလာတက်ပေး တာပါတဲ့ဗျာ။

3 comments:
ဟားဟား
တော်တော်ရီရတယ်
အမါ..ကောင်းော့...သူပြောတာလဲ ဟုတ်သား...
ဟဲ...ဟဲ...
မောင်ဖြူ့အဖေကတော်တော်ဆိုး..ရီရတယ်ဗျာ
Post a Comment