jp Ulmuka_ဇီးကွက်: သူငယ်ချင်း

Saturday, December 15, 2007

သူငယ်ချင်း

သူငယ်ချင်း


ကားအကောင်းစား တွေမလိုပါဘူး

သူငယ်ချင်းတစ်ယောက်သာ ဘေးမှာရှိရင်

ငါလမ်းလျှောက်သွားနိုင်ပါတယ်

ခရီးဘယ်လောက်ဝေးဝေး

လမ်းဘယ်လောက် ကြမ်းကြမ်းပေါ့။


စားကောင်းသောက်ဖွယ်တွေ မလိုပါဘူး

အတူစားမယ့် သူငယ်ချင်းရှိရင်

ထမင်းကြမ်းလည်း ငါစားနိုင်ပါတယ်

ဆားနဲ့ဖြစ်ဖြစ်

ငရုတ်သီးနဲ့ ဖြစ်ဖြစ်ပေါ့။


ဟယ်ရီပေါ်တာတို့ နီကိုးကစ်မန်း တို့ မလိုပါဘူး

သူငယ်ချင်းရေးတဲ့ စာဖတ်ရရင်

ငါနေနိုင်ပါတယ်

ပေါက်ကရလေးဆယ်ဖြစ်ဖြစ်

အရူးချီးပန်းပဲဖြစ်ဖြစ်ပေါ့။


အခုတော့ …….

ငါ့နံဘေးမှာ ဘယ်သူမှမရှိတော့

စားကောင်းသောက်ဖွယ်တွေ

ရုပ်ရှင်ကားတွေ

စာအုပ်တွေဟာ

အပိုတွေလို ဖြစ်လို့

မင်းသိထားဖို့က

အထင်လွဲမှားခံရတာဟာ သေစေနိုင်တယ်။


ဇီးကွက်

4 comments:

Layma said...

သူငယ်ချင်းက အထင်လွဲနေလို့လား...။ ပြေလည်ပါစေ..။

Chaos said...

ကိုဇီးကွက်
ကဗျာရေးကောင်းတယ်
နောက်ထပ် နောက်ထပ်သော
ကဗျာများကိုလဲ
မျှော်နေမယ်နော်

နှံကောင် said...

ကောင်းလိုက်တာ

သဇင်ဏီ said...

အယ်.. သနားပါတယ်...
ရင်ထဲကိုထိသွားတာပဲ..ဒီကဗျာက
ကျွန်မမှာလဲ အချစ်ဆုံးသူငယ်ချင်း ကောင်မလေးတစ်ယောက်ရှိလို့လေ...
သူကတော့ အထင်မလွဲသေးဘူး...
အဆင်ပြေပါစေ ကိုဇီးကွက်ရေ...