jp Ulmuka_ဇီးကွက်: ဗိုင်းရပ်စ် ပြဿနာ

Thursday, December 20, 2007

ဗိုင်းရပ်စ် ပြဿနာ

အော် flashy တဲ့လား

ဒီလထဲမှာ ကျွန်တော် ကွန်ပြူတာ ဗိုင်းရပ်စ် နှစ်ခါ ကိုက်ခံရပါတယ် ။ နှစ်ခါစလုံး flasy.exe ပါ။

သူက USB flash drive ကနေ အများဆုံးကူးပါတယ်။

ကျွန်တော်စက်လဲ ပထမတစ်ခါက USB flash drive ကနေ ၊ နောက် တစ်ခါက ကင်မရာ Memory Card ကနေ ကူးတာပါ။

ပထမဆုံး သူက ဘာလုပ်လဲဆိုတော့ USB Flash device ထည့်လို့ Auto Play တက်လာရင် OK နှိပ်မိရင်တာနဲ့ ကို install လုပ်ပြီး flash drive ထဲက file တွေကို ဖွက်လိုက်ပါတယ်။ ပြီးတော့ အဲဒီ file နာမည်နဲ့ပဲ အနောက်က .exe ထည့်ပြီးတင်ထားပေးပါတယ်။ ဥပမာ folder နာမည် က owl ဆိုရင် သူက owl.exe ဆိုပြီးတင်ထားပေးတယ်။ file name extension ကို ဖျောက်ထားလို့ ကိုယ်ကြည့်ရင် owl လို့ပဲ မြင်ရမှာပါ။ အဲဒီ file ကို ဖွင့်လို့လဲ မရပါဘူး။


ပြီးတော့ ကိုယ့် ကွန်ပြူတာ ထဲမှာ tools ထဲက folder option ကို လည်းဖျောက်လိုက်ပါတယ်။

ကျွန်တော့် ကွန်ပြူတာမှာက antivirus ကို NOD 32 + flashy fix တင်ထားတာပါ။ အဲဒါကို လည်း NOD32.exe ဆိုပြီး file ကို hack လုပ်သွားပါတယ်။ ပြီးတော့ ကျွန်တော်က command ကနေ regedit ကို သွားပြီးပြင်မလို့ command> regedit လို့ ရိုက်လိုက်တော့ you do not have administer privilege ဆိုပြီး ကွန်ပြူတာက restart ဖြစ် သွားပါလေရော။ Ctrl+Alt+Del နဲ့ Tasks Manager ခေါ်တော့လည်း အဲဒီလိုပဲ restart ဖြစ်သွားတယ်။ အဲဒါနဲ့ Norton 2007 ကိုတင်ပြီး update လုပ်ပြီး စစ်တယ်။ မတွေ့ဘူး။ No Virus တဲ့။ Kaspersky တင်ပြီး စစ်တော့လည်း မတွေ့ဘူး။ အင်တာနက်မှာ တွေ့သမျှ flashy killer , flashy remover အကုန်သုံးတယ် ။ မရဘူး။

နောက်ဆုံးတော့ ရှိသမျှ ဒေတာတွေကို D ထဲပြောင်းပြီး C ကို format ချလိုက်ရတယ်။ ကိုယ်သုံးနေကျ soft ware တွေ ပြန်သွင်းပြီးတာမှ တစ်ပါတ်မရှိသေးဘူး။ ဒီနေ့ မနက် ကင်မရာထဲက ဓါတ်ပုံတွေ ယူထားပေးပါဆိုလို့ ကင်မရာကို စက်နဲ့ ဆက်လိုက်တာနဲ့ autorun တောင် မပေါ်လာတော့ဘူး။ တစ်ခါထဲကို flashy ၀င်သွားတာပဲ။ Memory Card ကို မသကာင်္လို့ စစ်မယ်လုပ်တော့ NOD 32 က မရတော့ဘူး။ folder option ကို ကြည့်လိုက်တော့လည်း မတွေ့တော့ဘူး ။ ပိုဆိုးတာက Word တို့ Excels တို့ ကို double click ပေးပြီး ဖွင့်လို့ မရတော့ဘူး။ Right click> open ဆိုမှ ဖွင့်လို့ရတယ်။


အဲဒါနဲ့ format ပြန်ချပြီးတော့ window ပြန်တင်တယ်။ ကံဆိုးချင်တော့ Network Card Driver က ဘယ်လိုဖြစ်ပြီးပျက်နေတယ်မသိဘူး။ မရဘူးဖြစ်နေတယ်။ အဲဒါနဲ့ သိတဲ့လူတွေဆီကနေ ဘယ်လို download လုပ်ရမလဲမေးပြီး Download လုပ် ။ USB flash drive ထဲထည့်ပြီး သွင်းလိုက်တာ flashy ပါ ပါသွားရော။ သေတာပဲ။ Format ပြန်ချရတော့မယ်။


ဒီမှာတော်သေးတာက လုပ်ဖော်ကိုင်ဖက် တစ်ယောက် ခွင့်ပြန်နေလို့ သူ့ကွန်ပြူတာ ယူသုံးနေတာ။ နို့မို့ဆိုရင် မလွယ်ဘူး။


ဒီပို့ကို တင်တာက ကျွန်တော် ကွန်ပြူတာ ကျွမ်းကျင်လို့ မဟုတ်ပါဘူး။ ဒီ flashy.exe ဘယ်လောက် ဆိုးတယ်ဆိုတာ မသိ သေးတဲ့ သူတွေ သိစေချင်လို့ရယ်၊ သိတဲ့လူတွေကလည်း ဘယ်လို ကာကွယ်ကုသရမယ်ဆိုတာ ပြောပြစေချင်လို့ပါဗျာ။ နေ့တိုင်း format ချရရင်တော့ မသက်သာဘူးဗျ။


ကယ်ကြပါဦး ဆရာတို့ရေ။

2 comments:

hnin said...

သိုးလေးက ကွန်ပျူတာပိုင်းနဲ့ပတ်သက်ရင် အသုံးပြုသက်သက်ပဲ။ hardware ပိုင်းနဲ့ပတ်သက်တာ ဘာမှနားမလည်ဘူး။ ဒီ flashy.exe ဆိုတာ သိုးလေးရဲ့သူငယ်ချင်း ဗိုင်းရပ်စ်လေးပေါ့... ဟဲဟဲ... ခဏခဏ၀င်ခံထိလို့။ အရင်က antiviurs ဆိုတာကို ကောင်းကောင်းမသုံးတတ်သေးတော့ အများဆုံး thumb drive ကနေ ၀င်တာပဲ။ ခုတော့ kaspersky ကို သုံးတယ်။ ခု လုံးဝ ကင်းသွားပြီ။ ဒါတောင် သွင်းခါစက ကိုယ့်ဘာကိုယ် ဆရာကြီးလုပ်ပြီးသွင်းတာ activate မဖြစ်လို့ ဟတ်ဒစ်ကိုထိပြီး format တစ်ခါ ချလိုက်ရသေးတယ်။ ခုတော့ အိုကေသွားပြီ။ ဒါတောင် အသိတစ်ယောက်ကပြောသေးတယ်၊ antivirus ကို up to date ဖြစ်ဖို့ တစ်ပတ် နှစ်ကြိမ် အခွေဝယ်ပြီး လုပ်ပေးရမယ်တဲ့။ သူလည်း ပြောချင်ရာပြော၊ သိုးလေးလည်း လုပ်ချင်ရာလုပ်ပဲ။ ခုထိတော့ အိုကေနေတုန်းပဲ။ ခုဆို thumb drive ထိုးပြီဆိုတာနဲ့ ပထမုံး antivirus ကို အဲဒီ thumb drive ကို scan လုပ်ခိုင်းလိုက်တာပဲ။ ပြီးရင် ဖိုက်တာပေါ့ ဟားဟား။ တစ်ယောက်ကတော့ ပြောတယ်။ နင်လုပ်တာ နည်းလမ်းမမှန်ဘူးဟာ တဲ့။ နေပါစေလေ ကိုယ့်နည်းနဲ့ ကိုယ် အဆင်ပြေရင် ပြီးရောပေါ့။ တစ်ပတ် တစ်ထောင် သက်သာ နည်းလား... နော်။ :)

nyo said...

ဇီးကွက်ရေ.. ကျေးဇူးတင်တယ်နော်.. သိတော့ကြိုတင်ကာကွယ်လို့ရတာပေါ့.. ဘယ်လို remove လုပ်ရမလဲ သိချင်တာနဲ့ google မှာ ရှာလိုက်တော့ forum တစ်ခုထဲမှာ ဒီလိုရေးထားတာတွေ့တယ်.. အဆင်ပြေမယ်ထင်တယ်.. စမ်းကြည့်ပါဦး..

ှQ: My wife�s thumb drive got hit with a virus/trojan (flashy)(.exe?) that messes it up and infects computers. I�ve been tasked with cleaning it up, but it�s been tricky finding the solution.
Many websites in my search have Thai script, and English references don�t answer my questions, entirely.
I have AVG Free on my system, but I don�t want to insert the thumb drive until I�m SURE that AVG will kill the mess before it can infect my computer. While I saw a comment by a user indicating that it can handle it, AVG�s website does not mention it (can't find it listed anywhere there).

As I said above, I�m struggling to find the best way to catch the problem on insertion of the thumb drive. The virus/trojan may go by different names.
I hope one or some of you had had this problem already (though I wouldn't wish it on anybody huh.gif ), and can lend a hand!
Again, I want to kill this problem on the thumb drive before it can harm my computer. Many web links I've found refer to fixing the problem on the computer once it has been infected.

A: If you turn off the windows "Autoplay" feature, the virus will not get installed on your computer upon insertion.
The way to do this is to install TweakUI, part of Powertoys for Windows XP. It's a free download from Microsoft:
http://www.microsoft.com/windowsxp/downloa...ppowertoys.mspx
Once you have TweakUI installed, start it, go to "My Computer" -> AutoPlay -> Types and disable autoplay for all types of media.
I recommend leaving autoplay disabled for security reasons, but if you want you can also re-enable it after you are done dealing with the virus.
The way these viruses propagate is by starting themselves with the autoplay feature- windows automatically executes them as soon as the flash drive is inserted. If autoplay is disabled, this doesn't work and you can just browse the drive normally, disinfect it with a normal AV software or even just plain delete the virus. When not running, the virus will be just another .exe file on the flash drive.
Once you have TweakUI installed, start it, go to "My Computer" -> AutoPlay -> Types and disable autoplay for all types of media.

RE: Ah, this is great. Thank you. I'm a big fan of TweakUI, forgot I could do this for removable drives.
ပိုပြီးသိချင်သေးရင်တော့
http://www.thaivisa.com/forum/lofiversion/index.php/t107141.html