ဥာဏ်စမ်း (၂)
ဒီတစ်ခါတော့ သချာင်္ ပုစ္ဆာလေးမေးမယ်ဗျာ။
အဖိုးအို တစ်ယောက်မှာ သိုး ၁၇ ကောင်ရှိတယ်တဲ့။ သူ့မှာ သားသုံးယောက်ရှိတယ်။ တစ်နေ့ကျတော့ အဖိုးကြီးဆုံးပါလေရော။ သူက ခေတ်မှီတယ်ဗျ။ သူသေရင် သူ့သား သုံးယောက် အမွေလုမှာ စိုးလို့ သေတမ်းစာ ရေးခဲ့တယ်။ သူ့ရဲ့သေတမ်းစာက ဒီလို…
'ကျွန်ုပ်၏ သိုး ၁၇ကောင်အား သားသုံးယောက်ကို ဤသို့ ခွဲဝေပေးခဲ့သည်။ ဤအချိုးအတိုင်း သိုးများကို မသတ်ဖြတ်ပဲ ခွဲဝေပါ။
သားကြီးအား ရှိသမျှ သိုးအရေအတွက် ၏ တစ်ဝက်
သားလတ်အား ရှိသမျှသိုး အရေအတွက်၏ သုံးပုံတစ်ပုံ
သားငယ်အား ရှိသမျှသိုးအရေအတွက်၏ ကိုးပုံတစ်ပုံ ခွဲဝေပေးပါ။'
အဲဒီတော့ သားတွေလည်း ဦးနှောက်စားကုန်တာပေါ့။
၁၇ ကောင် ရဲ့ တစ်ဝက်ဆိုတော့ ရှစ်ကောင်ခွဲ ။ ခွဲဆိုကတည်းက တစ်ကောင် ကို သတ်ရတော့မယ်။ အဖေကလည်း မသတ်ပါနဲ့တဲ့။
အဖေ စကားကို လည်း မဖယ်ရှားချင် ………
၁၇ ကောင်ကို တစ်ဝက် မသေပဲနဲ့လည်း မခွဲနိုင်……….
အမွေကို လည်းလိုချင်နဲ့ ဘယ်လိုလုပ်ရပါ့ပေါ့။
ကဲ စာဖတ်သူရေ သင်ဆိုရင်လဲ ဘယ်လိုခွဲပေးမလဲ။……
…………
…………………..
……………………………….
…………………………………………….
နောက်ဆုံးတော့ သူတို့လည်း မခွဲတတ်တော့ တရားသူကြီး ပညာရှိ ဇီးကွက် ကို ခေါ်ပြီးခွဲခိုင်းတာပေါ့လေ။
ကြော်ညာဝင်တာ.. ဟတ်... ဟတ်.... ဟတ်…
(ကြော်ညာ= ကြော်အောင် ညာခြင်း )
အထင်များ ကြီးမလားလို့ :P
တရားသူကြီး ဇီးကွက် ကလည်း တကယ် တရားမျှတတဲ့ လူ အဲလေ ဇီးကွက်ဆိုတော့ (လာပြန်ပြီ ကြော်ညာ….. :P)
“ဟုတ်ပြီ။ မင်းတို့ခွဲရခက်နေရင် ငါက လူကြီးဆိုတော့ သိုးတစ်ကောင် စိုက်ပေးမယ်။
အဲဒီတော့ စုစုပေါင်း ၁၈ကောင်ပေါ့။
သားကြီးက ၁၈ ကောင်ရဲ့ တစ်ဝက်ဆိုတော့ ၁၈/၂= ၉ ကောင်ယူ
သားလတ်က ၁၈ကောင်ရဲ့ သုံးပုံတစ်ပုံဆိုတော့ ၁၈/၃= ၆ ကောင်ယူ
သားငယ်က ၁၈ကောင်ရဲ့ ကိုးပုံတစ်ပုံဆိုတော့ ၁၈/၉= ၂ ကောင်ယူ
အဲတော့ စုစုပေါင်း ၉+၆+၂= ၁၇ ကောင် ဆိုတော့ တစ်ကောင်ပိုတဲ့ဟာက ငါ့ကို ပြန်ပေးလိုက်။ “
ဆိုပြီးခွဲပေးလိုက်တယ်တဲ့။
တရားပါတယ်နော်။


2 comments:
မှန်တယ်ကွဖြေတာ။ တော်တယ်နော်။ :D
ဥာဏ်စမ်းလေးဖတ်ရတာ ကောင်းပါတယ် နောက်လည်း အဲလိုမျိုးလေးတွေ တင်ပါဦးဗျာ တကယ်တော့ မသိတာတွေ အများကြီးပဲနော် ရွာသားလေးလည်း မသိတာရှိရင် ပညာရှိဇီးကွက်ဆီ လာမေးပါမယ်ဗျာ
Post a Comment