jp Ulmuka_ဇီးကွက်: IQ test

Tuesday, December 4, 2007

IQ test

ဥာဏ်စမ်းပဟေဠိ

အားလုံးပဲ ဖြေကြည့်ကြပါ။ ပျော်စေဖို့သာ ရည်ရွယ်ပါတယ်။ မေးခွန်းလေးခု မေးမယ်နော်။ ပြီးရင် အပိုတစ်ခု ထပ်မေးပေးမယ်။ ဒီမေးခွန်းတွေကို မစဉ်းစားပါနဲ့။ မြန်မြန်နဲ့ ဆက်တိုက်ဖြေပါ။ အားလုံးမှန်ရင် မုန့်ကျွေးမယ်ဗျာ။


ကိုယ့်ကိုယ်ကို ဘယ်လောက်တော်လဲ စမ်းချင်နေကြပြီမလား။

ကဲ စပြီနော်။

မေးခွန်း (၁)

သင်ဟာ အပြေးပြိုင်ပွဲ တစ်ခုမှာ ၀င်ပြိုင်နေတယ်ဆိုပါစို့။ ဒုတိယလူကို သင်ကျော်တက်လိုက်ရင် သင်ဘယ်အဆင့်ကို ရောက် လာမလဲ။













ကဲအဖြေပေးမယ်နော်။

အားလုံးသိပ်တော်ကြတာပဲ။ အကုန်မှန်ကြတယ်။

သင်ဒုတိယနေရာကို ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယလူကို ကျော်တက်လိုက်ရင် ကိုယ်က သူ့နေရာ ရသွားပြီလေ။ အဲဒီတော့ ဒုတိယပေါ့။ ပထမလို့ ဖြေတဲ့ လူတွေလည်း စိတ်ဓါတ်မကျ ကြပါနဲ့။ ဒုတိယမေးခွန်းကိုဖြေကြည့် ကြပါဦး။

မေးခွန်း (၂)

ခုနကပြေးပွဲမှာပါပဲ။ သင်က နောက်ဆုံးလူကို ကျော်တက်လိုက်တယ် ဆိုပါတော့။ သင်ဘယ်အဆင့် ကို ရောက်လာမလဲ။
















အဖြေ။ ။

မှန်ကြပါတယ် တော်တယ်ဗျာ။

နောက်ဆုံးလူပါဆိုမှ သူ့ကို ဘယ်လိုကျော်တက်ကြမလဲ။ ဟုတ်ဘူးလား။

နောက်ဆုံးက ရေရင်ဒုတိယ လို့တစ်ယောက်မှ မဖြေကြဘူး။ ဘယ်ဖြေကြပါ့မလဲ မှားနေတာကို။

ကဲ တတိယမေးခွန်းလာပြီနော်။

ဒီကခါကတော့ သချာင်္တွက်ကြမယ်။ ကိုယ့်စိတ်ထဲမှာပဲ ပေါင်းပေးကြပါ။ ဂဏန်းပေါင်းစက်တို့ ဘောပင်တို့ ခဲတံတို့ မသုံးကြပါနဲ့။



မေးခွန်း (၃)

ပထမဆုံး ၁၀၀၀ ကို ၄၀ ပေါင်းပါ။

နောက်ပြီး ၁၀၀၀ ထပ်ပေါင်းပါ။

ပြီးရင်း ၃၀ ထပ်ပေါင်းပါ။

ပြီးရင်နောက် ၁၀၀၀ ထပ်ပေါင်းပါ။

ပြီးရင်နောက် ၂၀ ထပ်ပေါင်းပါ။

ပြီးရင်နောက် ၁၀၀၀ ထပ်ပေါင်းပါ။

ပြီးရင်နောက် ၁၀ ထပ်ပေါင်းပါ။

ကဲ ဘယ်လောက်ရလဲ ကြည့်ရအောင်။
















အဖြေ။ ။

အားလုံးမှန်ပါတယ်။ အဖြေက လေးထောင့်တစ်ရာပါ။

၅၀၀၀ မဟုတ်ပါဘူး။

ကဲနောက်ဆုံးမေးခွန်းလာပြီနော်။

မေးခွန်း (၄)

အိုက်စံတို့ အဖေမှာ သားသုံးယောက်ရှိပါတယ်။

ပထမဆုံးတစ်ယောက် နံမည်က ကိုကိုကြီး

ဒုတိယတစ်ယောက်က ကိုကိုလတ် တဲ့။

တတိယ တစ်ယောက် ဘယ်သူဖြစ်မလဲဟင်။
















အဖြေ။ ။

အားလုံးတော်ကြပါတယ်ဗျာ။ မှန်ပါတယ်။

ဘယ်သူမှ ကိုကိုလေးလို့ မဖြေကြဘူး။

အဖြေက မေးခွန်းမှာ ပါပြီးသားပါ။

တတိယသားကတော့ အိုက်စံပါ။

ကဲ အပိုမေးခွန်းလေး တစ်ခုလောက်တော့ ဖြေသွားကြပါ။

အပိုမေးခွန်း။ ။

စကားမပြောတတ်တဲ့ လူတစ်ယောက်က သွားတိုက်တံ ၀ယ်ချင်လို့ဆိုပြီး ဆိုင်ကိုသွားတယ်။ ဆိုင်ရှင်ကို သွားတိုက်တဲ့ပုံလုပ်ပြ လိုက်တော့ အဆင်ပြေသွားတယ်တဲ့။

နောက်တခါ မျက်မမြင် တစ်ယောက်က နေကာမျက်မျက် လိုချင်တယ်တဲ့။ သူကရော ဆိုင်ရှင်ကို ဘာ အမူအယာ လုပ်ပြရမလဲ။
















အဖြေ။ ။

မှန်သွားပြန်ပြီ ဒီတစ်ခါလည်း။ တော်လိုက်ကြတာ။

ဟုတ်ပါတယ်ဗျာ။ သူက မျက်စိပဲ မမြင်တာလေ။ စကားပြောတတ်တယ်။ အဲတော့ နေကာမျက်မှန်ပေးပါလို့ ပြောလိုက်တာပဲပေါ့။


အားလုံးပဲ မှန်ကြပါတယ် ။ အဲဒီတော့ ချောကလက်ကျွေးမယ်ဗျာ။ (မမှန်တဲ့ လူတွေလဲ စားကြပါဗျာ။ )

စားသွားကြနော်။


3 comments:

Anonymous said...

၃ နဲ့  ၄ ပဲမှန်တယ်...။ ကိုယ့်ကိုယ်ကို တော်တော်ပိန်းမှန်းသိသွားပြီ...။ စိတ်နာနာနဲ့  ချောကလက်တွေဖိစားသွားတယ်...။

nyo said...

ဟီး.. ကိုကိုလေးနဲ့ နောက်ဆုံးမေးခွန်းမှားတယ်..
ကိုယ်လည်းတော်တော်ဝေးတယ်.. ဘာပဲပြောပြော .. မှားရင်လည်းစားလို့ရတယ်ဆိုလို့ parcel ပါသယ်သွားတယ်..း)

ThinkingHoney said...

believe it or not i m on a diet :D
nice posts, man!
have a good trip, meet a hot Wa girl :P