လာလည်ကြတဲ့ သူငယ်ချင်းတို့ရေ။ အိမ်ရှင် မရှိတဲ့ (အိမ်ရှင် အပြင်သွားနေသောအိမ်ကို ဆိုလိုပါသည်။ အိမ်ရှင်မ ရှိသောအိမ်ဟု မဆိုလိုပါခင်ဗျာ။) အိမ်ကို လာလည်ပေးကြတာ ကျေးဇူးပါ။ ကျွန်တော် အလုပ် နည်းနည်းများနေလို့။ စာတွေလည်း နည်းနည်းပြန်ဖတ်နေလို့ပါ။ ခရီးကလည်း တစ်ပါတ်ကို လေးရက်လောက် ထွက်နေရတယ်ဗျာ။ ဘ၀ဆိုးပုံများ မနက်မိုးလင်းရင် စီပုံးတောင် မဖွင့်နိုင်ဘူး။ အဲဒီတော့ ဘလော့လည်းမရေးနိုင်သေးဘူးပေါ့။ :( ရေးစရာတွေက ခေါင်းထဲမှာ အများကြီး။ အချိန်လေး ခဏရလို့ ဘလော့ဂ်တွေ လိုက်လည်မိပါတယ်။ တက်ခ် ခံလိုက်ရပါရောလား။ ရေးပါ့မယ် ကိုပီကေရေ။ သူငယ်ချင်းတို့ဆီ လာမလည်နိုင်သေးတာလည်း ခွင့်လွှတ်ပေးကြပါဗျာ။ အချိန်ရရင်ရသလို လာလည်ပါ့မယ်။ အခုလောလောဆယ်တော့ စာမရေးနိုင်လို့ အညိုရောင် ပျားရည်ပို့ လာတဲ့စာလေးကို တင်လိုက်ပြီ။ (မတင်လို့လဲ မရဘူးဗျ။ မတင်ရင် သူ့ဘလော့ဂ်မှာ တင်မယ် ဆိုပဲ။ ကိုယ့်ဂုဏ်ကိုယ် ဖော် မသူတော်လို့တော့ မထင်လိုက်ကြပါနဲ့။ အမှန်က အညိုရောင်ပျားရည် ဖော်တာနော်။ :P)
အရှေ့ဘက်ကမ်းကဘူတာကြီးကို ဘာမှထည့်ရေးစရာမလိုဘူးနော်။ သူ့ဘာသာ ဘယ်ဘက်ကမ်းရှိရှိ ငါနဲ့အလွတ်ကြီး။ငါ့ခုတ်မောင်သက်တမ်း ၂၅နှစ် ပဲရှိသေးတယ်။ နားခိုစရာဘူတာမရှိဘူးလို့ နင်ပုံသေမပြောနိုင်ပါဘူး ငှဲငှဲငှဲ နင့် ပို့စ်ကို ရပလိုင်းပြန်ချင်တာကတော့ အဲဒါပါပဲ… အခုမှ Ulmuka Reloaded လာမှာ။ သိပ်လည်းမကြောက်သွားပါနဲ့လေ… ဒီတစ်ခါလည်း အပေါ်ယံရှပ်ရှပ်လေးပဲလာမှာပါ ဟင်းဟင်း…
နင်မှန်းကြည့်စမ်း ငါတောင်ကြီးပြန်တာ နင့်အကြောင်းမေးတဲ့ ကောင်မလေး ဘယ်နှစ်ယောက်ရှိတယ်မှတ်သလဲ… နှစ်ဆယ်ကျော်အစိတ်ပိုင်း ဆိမ်းဘက်ခ်ျတွေမပါသေးဘူးနော် အနည်းဆုံး ၃ ယောက်ရှိတယ်ကိုယ့်လူ ကိုယ့်လူဘာအကွက်တွေ ခင်းထားသလဲ၊ ဘာပုံပြင်တွေပြောထားသလဲလို. (လုံးဝ) မတွေးမိပါဘူး။ ခန့်ချောဒေါင်းမျိုးတွေအလယ်မှာ ဇီးကွက်ကသိပ်မစားဘူးလို့ ရေးထားမိတာ ပြန်ရုပ်သိမ်းရမလို ဖြစ်နေပါပြီလား။ နောင်းနောင်းတွန်နေတဲ့ သာလိကာမလေးတွေကိုတွေ့တော့ ဖွတ်ထွက်မှတောင်ပို့မှန်းသိသလို (ဘွာတေး) သာလိသာတွန်မှ ဇီးကွက်စွံကြောင်းသိရပါသဗျို။
ငှက်မျိုးနွယ်မလေးတွေကို ပြောစရာကျန်တာက ဇီးကွက်ကြီးက ကျွဲမြီးတိုတတ်တယ်ဗျ။ ဟင် ဇီးကွက်မဟုတ်ပဲ ဇီးကျွဲကြီးလားလို့ မတွေးကြပါနဲ့ (animals တွေလည်းကုန်ပြီ) စိတ်ကြီးတာကိုပြောတာဗျိုး။ သူစိတ်တိုတာတွေ့ချင်ရင် တောင်ကြီးသားတွေ ဒေါသချည်းပဲလို့ ပြောကြည့်ပါလား။ အမယ် သူကသာ ဒေါသကြီးတာ သူများတွေဆဲရင်တော့ မကြိုက်ဘူးဗျ။ ဆဲတာက နားထောင်ရဆိုးသတဲ့ ။တစ်မျိုးပဲနော်။
ဇီးကွက်ကိုကြည့်ရတာ အသောက်ရော အစားပါဆင်ခြင်မဲ့သဘောမှာ ရှိပါတယ်။ ဆင်ခြင်တာနော်၊ ကင်းတယ်လို့ပြောတာမဟုတ်ဘူး မီးသင်္ဂြိုလ်စက်တွေပေါ်လာတည်းက လူရိုးဆိုတာသင်္ချိုင်းမှာတောင် မရှိတော့ပါဘူး ညီမလေးတို့ရေ သို့သော်ပေါ့ ဇီးကွက်က တော်တော်ရိုးသား တာတော့အမှန်ပါ။ တောင်ပေါ်သားရိုးသားတာတော့ မဆန်းဘူးပေါ့လေ (လာပြီ marketing)
အသောက်ဆင်ခြင်တဲ့အကြောင်းဆက်ပြောရရင် သူငယ်ချင်းတွေဆုံတုန်းက မလွှဲသာမရှောင်သာ (အမှန်ကတော့ ဘယ်သူမှ မသောက်ခိုင်းပဲနဲ့) သောက်ရတုန်းက တစ်ပက်ထဲနဲ့ မျက်နှာနီလာတာတွေ့တာပဲ။ တစ်ပက်ထဲနဲ့ မူးနေသတဲ့ စိတ်သာချလိုက်တော့ ညီမလေးရေ (အဲ ၃ ၊ ၄ ပက်လောက်ကြမှ ပြန်လန်းလာရင်တော့ လူ့ကံ ၀ကံပေါ့) သူငယ်ချင်းတွေကိုလည်း သိပ်ငဲ့ညှာတတ်တာ… မင်းခွက်ထဲကများနေတယ်။ ငါ့ကိုပေးလိုက်လို့လုပ်သေးတယ်။ စေတနာတွေ စေတနာတွေ။ (ရိုးတာကိုး) သေချာတာကတော့ သူက မူးနေတာတောင် French fries နဲ့မမြည်းဘူးဗျ။ (သူငယ်ချင်းတွေ ရှိနေလို့လားတော့ မသိဘူး) အသက်သာ အသေခံမယ်ဆိုတဲ့ ပုံမျိုး။ အင်း အဲဒါ အစားဆင်ခြင်တာနဲ့ ဘာဆိုင်တုန်းဆိုတော့ သူ့ကိုသာမေးကြည့်နော်။
အခုလည်း သူ့ဒေါသနဲ့ အဲဒီ French fries နဲ့တွေ့နေလို့ ရန်ကုန်ပြန်မယ်၊ တောင်ကြီးပြန်မယ်လုပ်နေတယ်ဗျာ ကြည့်လုပ်ကြပါဦး ကောင်းစေချင်လို့ မိုးနတ်မင်းက သံလွင်အရှေ့ပို့ထားတာ ဒင်းက နဖူးအေးတယ်ဆိုပြီး အိမ်ပြန်ချင်နေတယ်။ ဒါက ကြားဖြတ်မဲဆေ့ဂ်ျ။ သူရိုးတဲ့အကြောင်းဆက်ဖွရအောင် ဟိဟိ
ဇီးကွက်တို့ရိုးပုံများ သူငယ်ချင်းတွေနဲ့ကျတော့ အရူးချီးပန်း (ညစ်ညစ်ပတ်ပတ် ပြောတယ်တော့မထင်ပါနဲ့ အဲဒါသူ့ usage ပါ) ပြောလားပြောရဲ့။ အိုင်မိတ်ဆက်ပေးထားတဲ့ကောင်မလေးနဲ့ကြတော့ ဇီးကွက် အ ကြီး အမြီးနင်းခံရသလို (တင်စားတာနော် သူ့အမြီးကို ဘယ်သူမှ ဘာမှ လုပ်ရဲပါဘူး) အူတီးအူတ။ အဲဒီကောင်မလေးကလည်း korea ကား လုံးဝမကြည့်တော့ မိန်းကလေးဆိုတာ စကားစပြောရမှန်း မသိရှာဘူး။ ဇီးကွက်ကလည်း (မင်္ဂလာအချိန်စောင့်နေလားမသိ) ထ မ တွန်ဘူး။ ဟင်း… ငါနော် ။ အင်းပေါ့လေ ခမျာ ရိုးရှာတာကိုး။ ။
………………………………………………………………………………………………………………….
ဘာမှ အညိုရင့်ရောင်က အဲဒါနဲ့မတူဘူးနော်။ အဲဒါက ရွှေဝါရောင်လေးပါဟာ။ လျှောက်မပြောနဲ့ ကောင်စုတ်။ အခု ငါ့ အသည်းအသက် laptop နဲ့ငါ ပြန်ဆုံပြီ… နင်တော့လား တွေ့ဦးမည်ပ ဇီးကွက်ရေ။ အုန်းထမင်းမာနေတာ ငါမပြောရင် နင်မသိပါဘူး။ နေစမ်းပါဦး ကြက်သားဟင်းနဲ့ ငါဖျော်တဲ့ကော်ဖီကျတော့ ဘာမှထည့်မရေးပါလား။ ကောင်းရင်ကောင်းတယ်ပေါ့ ပဲများမနေနဲ့နော် third question မေးပလိုက်မယ်။အရှေ့ဘက်ကမ်းကဘူတာကြီးကို ဘာမှထည့်ရေးစရာမလိုဘူးနော်။ သူ့ဘာသာ ဘယ်ဘက်ကမ်းရှိရှိ ငါနဲ့အလွတ်ကြီး။ငါ့ခုတ်မောင်သက်တမ်း ၂၅နှစ် ပဲရှိသေးတယ်။ နားခိုစရာဘူတာမရှိဘူးလို့ နင်ပုံသေမပြောနိုင်ပါဘူး ငှဲငှဲငှဲ နင့် ပို့စ်ကို ရပလိုင်းပြန်ချင်တာကတော့ အဲဒါပါပဲ… အခုမှ Ulmuka Reloaded လာမှာ။ သိပ်လည်းမကြောက်သွားပါနဲ့လေ… ဒီတစ်ခါလည်း အပေါ်ယံရှပ်ရှပ်လေးပဲလာမှာပါ ဟင်းဟင်း…
နင်မှန်းကြည့်စမ်း ငါတောင်ကြီးပြန်တာ နင့်အကြောင်းမေးတဲ့ ကောင်မလေး ဘယ်နှစ်ယောက်ရှိတယ်မှတ်သလဲ… နှစ်ဆယ်ကျော်အစိတ်ပိုင်း ဆိမ်းဘက်ခ်ျတွေမပါသေးဘူးနော် အနည်းဆုံး ၃ ယောက်ရှိတယ်ကိုယ့်လူ ကိုယ့်လူဘာအကွက်တွေ ခင်းထားသလဲ၊ ဘာပုံပြင်တွေပြောထားသလဲလို. (လုံးဝ) မတွေးမိပါဘူး။ ခန့်ချောဒေါင်းမျိုးတွေအလယ်မှာ ဇီးကွက်ကသိပ်မစားဘူးလို့ ရေးထားမိတာ ပြန်ရုပ်သိမ်းရမလို ဖြစ်နေပါပြီလား။ နောင်းနောင်းတွန်နေတဲ့ သာလိကာမလေးတွေကိုတွေ့တော့ ဖွတ်ထွက်မှတောင်ပို့မှန်းသိသလို (ဘွာတေး) သာလိသာတွန်မှ ဇီးကွက်စွံကြောင်းသိရပါသဗျို။
ငှက်မျိုးနွယ်မလေးတွေကို ပြောစရာကျန်တာက ဇီးကွက်ကြီးက ကျွဲမြီးတိုတတ်တယ်ဗျ။ ဟင် ဇီးကွက်မဟုတ်ပဲ ဇီးကျွဲကြီးလားလို့ မတွေးကြပါနဲ့ (animals တွေလည်းကုန်ပြီ) စိတ်ကြီးတာကိုပြောတာဗျိုး။ သူစိတ်တိုတာတွေ့ချင်ရင် တောင်ကြီးသားတွေ ဒေါသချည်းပဲလို့ ပြောကြည့်ပါလား။ အမယ် သူကသာ ဒေါသကြီးတာ သူများတွေဆဲရင်တော့ မကြိုက်ဘူးဗျ။ ဆဲတာက နားထောင်ရဆိုးသတဲ့ ။တစ်မျိုးပဲနော်။
ဇီးကွက်ကိုကြည့်ရတာ အသောက်ရော အစားပါဆင်ခြင်မဲ့သဘောမှာ ရှိပါတယ်။ ဆင်ခြင်တာနော်၊ ကင်းတယ်လို့ပြောတာမဟုတ်ဘူး မီးသင်္ဂြိုလ်စက်တွေပေါ်လာတည်းက လူရိုးဆိုတာသင်္ချိုင်းမှာတောင် မရှိတော့ပါဘူး ညီမလေးတို့ရေ သို့သော်ပေါ့ ဇီးကွက်က တော်တော်ရိုးသား တာတော့အမှန်ပါ။ တောင်ပေါ်သားရိုးသားတာတော့ မဆန်းဘူးပေါ့လေ (လာပြီ marketing)
အသောက်ဆင်ခြင်တဲ့အကြောင်းဆက်ပြောရရင် သူငယ်ချင်းတွေဆုံတုန်းက မလွှဲသာမရှောင်သာ (အမှန်ကတော့ ဘယ်သူမှ မသောက်ခိုင်းပဲနဲ့) သောက်ရတုန်းက တစ်ပက်ထဲနဲ့ မျက်နှာနီလာတာတွေ့တာပဲ။ တစ်ပက်ထဲနဲ့ မူးနေသတဲ့ စိတ်သာချလိုက်တော့ ညီမလေးရေ (အဲ ၃ ၊ ၄ ပက်လောက်ကြမှ ပြန်လန်းလာရင်တော့ လူ့ကံ ၀ကံပေါ့) သူငယ်ချင်းတွေကိုလည်း သိပ်ငဲ့ညှာတတ်တာ… မင်းခွက်ထဲကများနေတယ်။ ငါ့ကိုပေးလိုက်လို့လုပ်သေးတယ်။ စေတနာတွေ စေတနာတွေ။ (ရိုးတာကိုး) သေချာတာကတော့ သူက မူးနေတာတောင် French fries နဲ့မမြည်းဘူးဗျ။ (သူငယ်ချင်းတွေ ရှိနေလို့လားတော့ မသိဘူး) အသက်သာ အသေခံမယ်ဆိုတဲ့ ပုံမျိုး။ အင်း အဲဒါ အစားဆင်ခြင်တာနဲ့ ဘာဆိုင်တုန်းဆိုတော့ သူ့ကိုသာမေးကြည့်နော်။
အခုလည်း သူ့ဒေါသနဲ့ အဲဒီ French fries နဲ့တွေ့နေလို့ ရန်ကုန်ပြန်မယ်၊ တောင်ကြီးပြန်မယ်လုပ်နေတယ်ဗျာ ကြည့်လုပ်ကြပါဦး ကောင်းစေချင်လို့ မိုးနတ်မင်းက သံလွင်အရှေ့ပို့ထားတာ ဒင်းက နဖူးအေးတယ်ဆိုပြီး အိမ်ပြန်ချင်နေတယ်။ ဒါက ကြားဖြတ်မဲဆေ့ဂ်ျ။ သူရိုးတဲ့အကြောင်းဆက်ဖွရအောင် ဟိဟိ
ဇီးကွက်တို့ရိုးပုံများ သူငယ်ချင်းတွေနဲ့ကျတော့ အရူးချီးပန်း (ညစ်ညစ်ပတ်ပတ် ပြောတယ်တော့မထင်ပါနဲ့ အဲဒါသူ့ usage ပါ) ပြောလားပြောရဲ့။ အိုင်မိတ်ဆက်ပေးထားတဲ့ကောင်မလေးနဲ့ကြတော့ ဇီးကွက် အ ကြီး အမြီးနင်းခံရသလို (တင်စားတာနော် သူ့အမြီးကို ဘယ်သူမှ ဘာမှ လုပ်ရဲပါဘူး) အူတီးအူတ။ အဲဒီကောင်မလေးကလည်း korea ကား လုံးဝမကြည့်တော့ မိန်းကလေးဆိုတာ စကားစပြောရမှန်း မသိရှာဘူး။ ဇီးကွက်ကလည်း (မင်္ဂလာအချိန်စောင့်နေလားမသိ) ထ မ တွန်ဘူး။ ဟင်း… ငါနော် ။ အင်းပေါ့လေ ခမျာ ရိုးရှာတာကိုး။ ။

1 comment:
where did u keep your housewife? aww... divorce lar?
Post a Comment