jp Ulmuka_ဇီးကွက်: My December

Tuesday, December 4, 2007

My December


ကျွန်တော်နဲ့ ဒီဇင်ဘာ

ဒီဇင်ဘာလတော့ ရောက်လာပြီ။ ပြန်စဉ်းစားကြည့်တော့ ဘာမှလည်း အမှတ်တရ သိပ်မရှိသလိုပဲ။ ငယ်ငယ်တုန်းက လည်း ဒီဇင်ဘာ ဆိုရင်အေးတာပဲ သိတယ်။ ဗုဒ္ဓဘာသာဝင် ဆိုတော့လည်း ခရစ်စမတ်တို့ ၊ နယူးရီးယားတို့ နဲ့ ဝေးတယ်လေ။ အမှတ်တရ တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော် ဆယ်တန်းနှစ်တုန်းကပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ ထဲမှာ ဒီဇင်ဘာ သုံးဆယ့်တစ်ရက်နေ့မှာ မွေးတာတစ်ယောက်ပါတယ်ဗျ။ အဲဒီတော့ သူက သူ့မွေးနေ့နဲ့ နယူးရီးယားနဲ့ တွဲပြီး မီးပုံပွဲ လုပ်မယ်ပေါ့လေ။ သူငယ်ချင်းတွေကလည်း ခပ်ကဲကဲတွေပဲ ဆိုတော့ အကုန်သဘောတူကြတာပေါ့။ ကိတ်မုန့်တွေဘာတွေမှာ ထင်းတွေဘာတွေစုပေါ့။

အဲဒီမှာ ပြဿနာတက်တာ က အဆောင်နေတဲ့ သူငယ်ချင်းနှစ်ယောက်။ သူတို့ကလည်း လာချင်တယ်။ အဲဒီအဆောင်ကလည်း ကျွန်တော်တို့ရဲ့ ဘိုင်အို ကျူရှင်ဆရာမ ဖွင့်ထားတာ။ ဆရာမက စည်းကမ်း တအားကြီးတယ်။ ကျွန်တော်တို့ကလည်း ဆရာမဆို တစ်အားကြောက်တာ။ ဟိုနှစ်ကောင် ကလဲ ငကဲတွေဆိုတော့ လာကိုလာမယ်။ အဆောင်က ခိုးထွက်လာမယ်။ အဆောင်နောက်မှာ လာခေါ်ပေါ့။ အဲဒီနေ့က ဆရာမကလဲ အဆောင်မှာ နယူးရီယားပွဲ လုပ်တယ်။ အဲတော့ ကျွန်တော်တို့လဲ သူတို့ ပွဲပြီးတဲ့ အချိန်လောက် သွားခေါ်တယ်။ ဆိုင်ကယ်နဲ့ပေါ့။

ရောက်တော့ ဟိုနှစ်ကောင်က အိမ်သာနားမှာစောင့်နေပြီ။ အိမ်သာက အဆောင်နောက်မှာလေ။ ဟွန်းနှစ်ချက်လောက်တီးရင် ကို နံရံပေါ် ကျော်ပြီးဆင်းလာရော။ အဆင်ကို ပြေလို့။ ဟိုနှစ်ကောင်ကလဲ ဘေးကလူတွေကို မှာခဲ့တယ်။ ငါတို့ အပြင်သွားမယ် ။ ဆရာမ မေးရင် အိပ်နေပြီလို့ပြောပေးပါ ဘာညာပေါ့။ အဲဒီတော့ အေးဆေးပေါ့။ ဆိုင်ကယ်တွေနဲ့ မြို့ထဲ ပတ်။ ပြီးတော့ သူငယ်ချင်းအိမ်သွား ကိတ်မုန့်စား၊ မီးပုံ ဘေးမှာထိုင် ဂစ်တာတီးပြီး သီချင်းတွေဆိုကြ။ ပျော်လိုက်တာများ။ နှစ်နာရီလောက်ကျတော့ လူတိုင်းကလည်း အိပ်ချင်ပြီဆိုတော့ အိမ် ဧည့်ခန်းမှာစုပြီး အိပ်ကြတယ်။

သုံးနာရီလဲ ကျရော ဖုန်းလာပါလေရော။ အဆောင်မှာ ကျန်ခဲ့ တဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းလှမ်းဆက်တာ။ ဆရာမသိသွားပြီတဲ့။ ကျွန်တော်တို့ နေနေတဲ့ အိမ်ကို ထွက်လာနေပြီတဲ့။ ကျွန်တော်တို့လဲ ကြောက်ကြောက်နဲ့ ဟိုနှစ်ကောင်ကို ပြန်ပို့တာပေါ့။ ပျော်ထားတာတွေလဲ ဘယ်ရောက်ကုန်မှန်းကို မသိတော့ဘူး။ သူတို့ကို အဆောင်ပြန်ပို့ ရင် ကိစ္စပြီးပြီဆိုပြီး အဆောင်ပြန်ပို့တာလေ။

ပြန်လဲရောက်ရော ဆရာမလာသွားတယ်တဲ့။ သွားပို့တဲ့ လူတွေနဲ့ အ၀င် အထွက်ပဲ လွဲတာဆိုပဲ။ အိမ်မှာကျန်တဲ့လူတွေကလည်း ဆရာမ လာပြီဆိုတာနဲ့ အိမ်သာထဲ ၀င်ပုန်းတဲ့ လူကပုန်း။ ကုတင်အောက်ဝင်ပုန်းတဲ့သူ ကပုန်းနဲ့။ ပြီးတော့မှသာ တစ်ယောက်ကို တစ်ယောက်ပြောပြီးရီကြတာ။ ဘယ်သူက အိမ်သာထဲပြေးတာ ဘယ်သူက ကုတင်အောက်မှာပေါ့လေ။ အဲဒီတုန်းက ဘယ်လိုမှ မရီနိုင်ဘူး။ ဆရာမကို အိမ်ရှင်သူငယ်ချင်းကပဲ ရှင်းပြရတာပေါ့။ သူ့အိမ်မှာကိုး ။ (ကျန်တဲ့လူတွေကလဲ ပုန်းကုန်ပြီလေ) သူကလဲ ကြောက်ကြောက်နဲ့ ဟုတ်ပါတယ်။ လာသွားပါတယ်။ အခုပြန်သွားပါပြီဆိုပြီး ပြောလိုက်တယ်တဲ့။ ဘယ်သူပါသေးလဲ ဆိုတော့ မပါပါဘူးလို့တော့ပြောတယ်။ ဆရာမက ဘယ်ယုံမလဲ အိမ်ရှေ့မှာက ဖိနပ်တွေ အများကြီးလေ။ ဆိုင်ကယ်တွေကလည်း အကုန် အိမ်ရှေ့မှာ ဆိုတော့။

နောက်နေ့မှ သိရတာက ဆရာမက အဲဒီနေ့က မသင်္ကာလို့ လူဝင်စစ်တာတဲ့။ လူမရှိတော့ ဘေးကလူကို မေးတာပေါ့။ ဟိုလူတွေကလည်း ဆရာမ နှစ်ခါမမေးရပါဘူး။ ဘယ်သွားတယ် ဆိုတာ တန်းပြောတာပဲ။ တစ်ခါပြေး တစ်ခါမိပါပဲပေါ့။ ဟိုနှစ်ကောင်ကတော့ ကြိမ်လုံးစာမိတယ်။ ကျွန်တော်တို့ ကတော့ ဆရာမကို မျက်နှာပူလို့ ကျုရှင်ကို တစ်ပါတ်မတက်ဘူး။ မတက်မှပဲ ကျွန်တော်တို့ပါတယ်ဆိုတာ ၀န်ခံပြီးသားဖြစ်ရော။ တော်တော့်ကို အဆူခံလိုက်ရတယ်။ နယူးရီးယား အမှတ်တရ လေးပေါ့။

…………………………………………………………………………………………………….

ဒီဇင်ဘာ အမှတ်တရကတော့ အဲဒါပါပဲ။ အဲဒီတုန်းက လုံးဝ အရက်မသောက် တတ်သေးပါဘူး။ (မယုံရင် ပုံပြင်မှတ်ပေါ့ဗျာ ဟတ် ဟတ် ဟတ်) ။နောက်ပိုင်းနှစ်တွေကတော့ နယူးရီးယားဆိုရင် ၁၂နာရီအထိ သောက်တယ်။ ပြီးရင် မမူးသေးရင် ထပ်သောက်တယ်။ မူးရင် ၀င်အိပ်တယ်။ ဒီတော့ ဒီဇင်ဘာမှာရတာ hangover ပဲရှိတော့တယ်။

1 comment:

seinlae said...

hey.. a lar lel.. a lel lar twar tae'...