jp Ulmuka_ဇီးကွက်: Just for Laugh :D

Thursday, December 27, 2007

Just for Laugh :D

ဘာသာတရားကိုင်းရှိုင်းသူ


တစ်ခါက လူငယ်တစ်ယောက်ဟာ ဆေးဆိုင်မှာ ကွန်ဒုံးလာဝယ်သတဲ့။


သူက ဆိုင်ရှင်အဖိုးကြီးကို ဘာပြောလဲဆိုတော့


“ကျွန်တော့်ကို ကျွန်တော့်ကောင်မလေးက ညစာစားဖို့ ဖိတ်ထားတယ်ဗျာ။ သူ ကျွန်တော့်ဆီက တစ်ခုခု မျှော်လင့်နေသလိုပဲ။ ကျွန်တော့်ကို ကွန်ဒုံးတစ်ခု ရောင်းပေးပါ။”


ခဏကြာတော့ သူဆေးဆိုင်ကို ပြန်ရောက်လာပြန်ရော


“ကျွန်တော့်ကောင်မလေးရဲ့ ညီမလေးက ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်က တစ်မျိုးပဲဗျာ။ သူ ကျွန်တော့်ဆီက တစ်ခုခု မျှော်လင့်နေသလိုပဲ။ ကွန်ဒုံးနောက်တစ်ခုလောက် ရောင်းပေးပါဦး။”


နည်းနည်းကြာတော့ သူ တစ်ခေါက်ပြန်ရောက်လာပြန်ရော


“ကျွန်တော့် ကောင်မလေးရဲ့ အမေကလည်း ကျွန်တော့်ကို ကြည့်ကြည့်နေတယ်ဗျာ။ သူလဲ ကျွန်တော့်ဆီက တစ်ခုခုမျှော်လင့်နေသလိုပဲ။ ကွန်ဒုံးနောက် တစ်ခုလောက်။”


ညနေကျတော့ အဲဒီကောင်လေးလဲ ကောင်မလေးအိမ်ကို သွားတာပေါ့။ ညစာစားပွဲမှာ ကောင်မလေးရယ်၊ သူ့ညီမရယ်၊ သူအမေရယ်၊ သူ့အဖေရယ် ထိုင်နေတယ်။ ခရစ္စယာန်ထုံးစံအတိုင်း စားပွဲမစခင်ဆို ဆုတောင်းကြတော့ ကောင်လေးဆုတောင်းတာ ငါးမိနစ်လည်း မပြီး၊ ဆယ်မိနစ်လည်းမပြီး၊ မိနစ်နှစ်ဆယ်လည်း မပြီးနဲ့ နောက်ဆုံး နာရီဝက်ကြာမှ ပြီးသွားပါတယ်။


ကောင်မလေးက တအံ့တသြနဲ့ ကောင်လေးကို ပြောပါတယ်။


“ရှင်တော်တော် ဘာသာတရား ကိုင်းရှိုင်းတာပဲနော်။ ကျွန်မ အဲဒါကို မသိခဲ့ရပါလား”


ကောင်လေးပြန်ဖြေလိုက်တာကတော့


“မင်းတို့ အဖေ ဆေးဆိုင်ဖွင့်ထားတာ ဘာလို့ ငါ့ကိုမပြောပြခဲ့တာလဲ”တဲ့။

2 comments:

သဇင်ဏီ said...

အော်.. ဟော..ဟော..
ရီရတယ်

hnin said...

ဟားဟား ... တကယ်ရယ်ရတယ်။ ရှက်စရာကြီး။ ဒါ ဘယ်ကရတာလဲ ...