စိတ္တဇ ဆေးရုံ က လူနာတွေဟာ ဆရာဝန် သို့မဟုတ် ဆရာမတွေကို ကြိုက်ကြောင်း ပြောလေ့ရှိကြတယ်။
တစ်နေ့ကျတော့ လူနာမိန်းကလေးတစ်ယောက် က ဒေါက်တာ ဇေယျာဝင်းကို လာပြောတယ်။
လူနာ။ ။ ဒေါက်တာဇေယျာ၊ ဆရာ ကျွန်မကို ချစ်လား။
ဒေါက်တာဇေယျာက စဉ်းစားတယ်။ လူနာရဲ့ စိတ်ခံစားမှုကိုလည်း မထိခိုက် စေချင်ဘူးလေ။ လူနာစိတ်ထိခိုက်ရင် ရောဂါ ပိုဆိုးမှာကိုး။
ဒေါက်တာဇေယျာ။ ။ဒါက ဒီလိုရှိတယ် သမီးရဲ့။ သမီးက လူနာ ၊ ဆရာက ဆရာဝန်လေ။ သမီးနေမကောင်းလို့ ဆရာတို့က ပြုစု ကုသပေးရတာ……………………………….
အစရှိသဖြင့်လူနာ စိတ်မထိခိုက်အောင် ရှည်ရှည်လျားလျား ရှင်းပြ ပြီးတဲ့နောက်
လူနာ။ ဒါဆို ဆရာ့ရဲ့ ဆိုလိုရင်းက ဆရာ ကျွန်မကို မချစ်ဘူးပေါ့။
ဒေါက်တာဇေယျာ။ ။ (စိတ်မသက်မသာဖြင့်) အင်း……….အဲ…..
လူနာ။ ။ တော်သေးတာပေါ့။ ကျွန်မ ကြိုက်တာ ဒေါက်တာစိန် ရှင့်။
***********
ဆရာဝန် ရှေ့မှာ တစ်ကိုယ်လုံး စိုရွဲပြီး ခိုက်ခိုက်တုန်နေတဲ့ လူနာထိုင်နေတယ်။
ဆရာဝန်။ ။ ခင်ဗျားဗျာ၊ ဒီဦးထုပ်လေး တစ်လုံးကို ဆယ်ဖို့ ဒီလောက်အေးတဲ့ ရေထဲ ဆင်းရသလားဗျ။ ဆောင်းတွင်းကြီးမှာဗျာ။ ခင်ဗျား အေးခဲပြီး သေသွားနိုင်တယ်။ သိလား။
လူနာ။ ။ကျွန်တော်သိပါတယ်ဆရာ။ ဒါပေမယ့် ဒီဦးထုပ်ကို မဆယ်လို့ မဖြစ်ဘူးဗျ။အခုလို ဆောင်းတွင်းမှာ ဦးထုပ်မပါပဲ အပြင်ထွက်ရင် ကျွန်တော် အအေးမိသွားနိုင်တယ်။
ဆရာဝန်။ ။ ဗျာ…


3 comments:
ဆေးလောကထဲက ဟာသတွေကို ဖတ်သွားတယ်နော်။ ကိုဇီးကွက်က ဆုဝေတို့ကို အသက်ရှည်အောင် လုပ်ပေးနေတာပဲ...တစ်နေ့တစ်နေ့ စိတ်မွန်းကြပ်မှုတွေနဲ့ ကျောင်းတက်တုန်းကလို ဟက်ဟက်ပက်ပက် မရီဖြစ်တာ ကြာပြီ...ဟာသလေးတွေအတွက် ကျေးဇူး...။
အင်တာနက်အကြောင်း ပို့စ်လေးကို အားပေးထောက်ခံတဲ့ အတွက်လဲ ထပ်ပြီး ကျေးဇူးတင်ပါတယ်။ အင်တာနက်ကို အကျိုးရှိရှိ အသုံးချဖို့အကြောင်းကိုတော့ သေချာ လေ့လာပြီးမှပဲ ရေးမယ်လို့ စိတ်ကူးတာပဲ။ ဆုဝေကိုယ်တိုင်လဲ သိပ်အသုံးမချတတ်သေးတော့လေ...။
ဟား ဟား...
အအေးမမိအောင်ဦးထုပ်ဆင်းဆယ်ရတယ်လေ..
ဆရာကလဲတုံးပ..ဒါလေးတောင်မသိဘူး...ခွိခွိ
ဟားဟားဟား
ကိုဇီးကွက်ကိုတော့ ဟာသတင်ဆက်ကောင်းသူဆုပေးကိုပေးရတော့မယ်။ တိုတိုလေးနဲ့ရယ်လိုက်ရတာ။
Post a Comment