jp Ulmuka_ဇီးကွက်: ကျေးဇူးတင်လွှာ

Sunday, January 20, 2008

ကျေးဇူးတင်လွှာ

လာလည်တဲ့ သူငယ်ချင်းတွေ ကျွန်တော့် ဘလော့ဂ်လေး နောက်ခံ ဓါတ်ပုံတွေ ဘာတွေနဲ့ လူလူသူသူ ဖြစ်နေတာ သတိထားမိကြမယ် ထင်တယ်။
အထင် မကြီးလိုက်ကြပါနဲ့ဦး။ ကိုယ်ဘာသာကိုယ် ပြင်တာ မဟုတ်ပါဘူး။
နောက်ခံပုံထည့်ပေးတာရယ်၊ ဘလော့ဂ်က font color တွေပြင်တာရယ် ၊ Transparent ဖြစ်အောင် လုပ်တာတွေ ကို (အမှန်ကတော့ အကုန်ပါပဲလေ) ညီမလေး ရွှန်းမီ မအားတဲ့ကြားကနေ ပြင်ပေးတာပါ။ ကျေးဇူးကမ္ဘာ ပါ ညီမလေးရေ။ အပြင်မှာ တွေ့ရင် စားချင်တာ ၀ယ်ကျွေးမယ်။ လောလောဆယ်တော့ အချိုမှုန့် မပါတဲ့ အာလူး ထမင်းနယ် ကျွေးမယ်ကွ။ အ၀စားသွားနော်။ အားမနာနဲ့ သိလား။

သူပြင်ပေးပြီးတော့ ဘလော့ဂ်လေးက တော်တော် လှသွားတယ်။





ဒါနဲ့ ညနေဖက်ကျတော့ ဘလော့ဂ်တွေ လျှောက်လည်ရင်းနဲ့ မညလေး ဆီက ပို့စ်တွေကို ဘောင်ခတ်တဲ့ နည်း သွားတွေ့တော့ စမ်းကြည့်လိုက်တာ အိုကေတယ်ဗျာ။

ပြီးတော့ လူက အားနေတော့ ဘလော့ဂါ helpdesk ကို သွားပြီး မွှေကြည့်တော့ ဆီပုံးမှာbackgroundထည့်နည်း ထပ်တွေ့တော့ စမ်းကြည့်တာ ရတယ်ဗျ။

အဲဒါနဲ့ပဲ ဘလော့ဂ်လေးက လူလူသူသူ ဖြစ်သွားတာပေါ့။

ကျွန်တော့်လို ဘလော့ဂ် အကြောင်း ဘာမှ မသိတဲ့ လူတွေ အတွက် အခုလို ဖြန့်ဝေပေးတဲ့ ဘလော့ဂ်ဂါ အကို အစ်မ တွေကို ဒီပို့စ်နဲ့ ကျေးဇူးတင်ကြောင်းပြောပါတယ်ခင်ဗျာ။

အားလုံး ကျေးဇူးပါ။

2 comments:

ရွှန်းမီ said...

အင်း .. ခုတော့ ပုံကိုကြည့်ပြီး ငတ်တာပေါ့လေ ..
နောက်မှ တကယ်ကျွေးရခါနီး လွတ်အောင်ပုန်းပေါ့ . . :P

ထွန်း said...

ဒါ ရှမ်းထမင်းမဟုတ်ဘူးလား။ အာလူးထဲ့နယ် တဲ့သီပေါဘက်က ရှမ်းထမင်းထင်တာဘဲ။ ကျေးဇူးဘဲ ဘလော့အညွှန်းတွေ လိုက်ကြည့်မှ.