jp Ulmuka_ဇီးကွက်: ဟာသ

Tuesday, January 29, 2008

ဟာသ

ရှက်ခြင်း၏ ဆုံးရှုံးမှု


သမီး ။မေမေ၊ ဖေဖေက ရှက်တတ်လားဟင်။

အမေ ။ ရှက်တတ်တာပေါ့ သမီးရဲ့ ။ သူသာမရှက်တတ်ရင် သမီးအသက် ခုထက်လေးနှစ်လောက် ပိုကြီးမှာ။


***************************************

မှောင်လို့ မည်းသည်


လူဖြူလင်မယားနှစ်ယောက်တွင် ကလေးမွေးလာရာ လူမည်းလေး ဖြစ်နေသဖြင့် ယောကျာ်းက မိန်းမကို အပြစ်တင်သည်။

“အဲဒါ အားလုံး မင်းရဲ့ အပြစ်ပဲ။ ညအိပ်ယာဝင်တိုင်း မီးကို အမြဲပိတ်မယ် ဆိုတာကြီးပဲ”


****************************************

၈၃ ယောက်မြောက်


ဂျာနယ်ရောင်းသူတစ်ယောက် ဂျာနယ်ကို အော်ရောင်းနေသည်။

“ သတင်းထူးပါတယ်။ ထူးဆန်းထွေလာ လိမ်မှုကြီး။ အလိမ်ခံရတဲ့လူ ၈၂ ယောက်ရှိ သွားပြီ။”

လူတစ်ယောက်က အဲဒါကို စိတ်ဝင်စားပြီး ဂျာနယ် တစ်စောင်ဝယ်လိုက်တယ်။ ဂျာနယ်ကို အစအဆုံး ဖတ်ပြီးတဲ့နောက် သူပြောတဲ့ သတင်းကို ရှာမတွေ့ တာနဲ့ ဘယ်မှာပါလဲ ဆိုတာ သွားမေးမလို့ လုပ်နေတုန်း ထပ်အော်လိုက်တဲ့ အသံကြားလိုက်တယ်။

“သတင်းထူးပါတယ်။ ထူးဆန်းထွေလာ လိမ်မှုကြီး။ အလိမ်ခံရတဲ့လူ ၈၃ ယောက်ရှိသွားပြီ။”


*******************************************

ကူးစက်ရောဂါ


သား အဖ နှစ်ယောက်လုံး အိပ်ယာ ထနောက်ကျ သဖြင့် အဖေလည်း အလုပ် မသွားရ၊ သား လည်း ကျောင်း မသွားရပေ။

အဖေ ။ အလုပ်က လူတွေကတော့ ငါ နေမကောင်းလို့ အလုပ်မလာနိုင်ဘူးလို့ ထင်ကြမှာပဲ။ မင်းရဲ့ ဆရာကိုကော ဘယ်လို ပြောမလဲ။

သား ။ ကျွန်တော့် အဖေဆီက ရောဂါ ကူးတယ်လို့ ပြောလိုက်မယ်။

3 comments:

စိုးထက် - Soe Htet ! said...

ကျွန်တော် လည်း မရှက် ခဲ့ရင် သမီး ကျောင်းနေ နေပြီ :P

Smilemay said...

ရယ်စရာလေးတွေ တအားရယ်ရတယ်
နောက်ဆုံးရယ်စရာလေးကိုပိုကြိုက်တယ်

သဇင်ဏီ said...

လုပ်ပြန်ပီ...
ပါးစပ်ညောင်းသွားပီ.. ရီရလို့. ဗြဲ