ခခ။ ။ ငါမနေ့က ငါ့ခွေးကို ရေချိုးပေးလိုက်တာ။ ပြီးလဲပြီးရော ခွေး သေသွားတယ်။
စစ။ ။ ရေချိုးပေးတာနဲ့ သေတယ်။ မဖြစ်နိုင်တာ။
ခခ။ ။ အေး ငါထင်တာက အ၀တ်လျှော်စက် မဟုတ်ရင် အ၀တ်အခြောက်ခံစက်က သူ့ကို သတ်လိုက်တာပဲဟ။
*****************************
မောင်က။ ။ “ငါကြားဖူးတာက ငါတို့ အဖိုး၊ အဖွားတို့ ခေတ်တုန်းက လျှပ်စစ်မီး လည်းမရှိဘူး။ ရေဒီယိုလည်း မရှိဘူး။ တီဗီလည်း မရှိဘူးတဲ့။ သူတို့ ဘယ်လို အသက်ရှင်နေနိုင်လည်း မသိဘူးနော်။”
မောင်ခ။ ။ “အဲဒါကြောင့် သူတို့ အခု အကုန်သေကုန်ကြတာပေါ့။”
******************************
ညအိပ်ရာဝင်တော့မည့် ငယ်ငယ်ကို ဖေဖေက လှမ်းပြောသည်။
“ငယ်ငယ်၊ သမီး အိပ်ယာဝင်ရင် စောင်ကို သေချာခြုံနော်။ စောင်မခြုံ မိရင် အအေးမိတတ်တယ်။”
ငယ်ငယ်။ ။ “ပေါင်က အအေးမိတတ်လား ဖေဖေ။”
ဖေဖေ။ ။ “ဘယ်မိတတ်မလဲ သမီးရဲ့။”
ငယ်ငယ်။ ။ “ဒါဆို သမီးရဲ့ ပေါင်ကို စောင်အပြင်ထုတ် ထားလိုက်မယ်နော်။”
******************************
ကျောင်းတစ်ကျောင်းတွင် ဆရာ က တပည့်များကို သင်ပေးနေသည်။
“တပည့်တို့ ညနေကျရင် ကျောင်းအုပ်ကြီး လာလိမ့်မယ်။ အဲတော့ ပွကြီး မင်းက ပထမဆုံး ဖြေရမယ့်လူ ကျောင်းအုပ်ကြီးမေးရင် (ဘုရား သခင်က ဖန်ဆင်းတာပါ) လို့ ဖြေရင် ရပြီ။ ငယ်ငယ် နင်က ဒုတိယ ဖြေရမယ့်လူ ကျောင်း အုပ်ကြီးက မေးရင် ( အာဒံနဲ့ ဧ၀ ) လို့ဖြေ။ မမှား စေနဲ့နော်။ သေချာမှတ်ထားကြ။ ”
ညနေပိုင်း ကျောင်းအုပ်ကြီးလာမည့် အချိန်တွင် ပွကြီးမှာ ဗိုက်နာလာ၍ အိမ်သာသို့ ပြေးသွားသည်။ ကျောင်းအုပ်ကြီးကလည်း ပထမဆုံး ခုံ နေရာလွတ်နေ၍ ဒုတိယနေရာတွင် ထိုင်နေသော ငယ်ငယ်အား
“ မင်းကို ဘယ်သူ ဖန်ဆင်းတာလဲကွယ့်”
ငယ်ငယ်။ ။ “အာဒံနဲ့ ဧ၀”
ကျောင်းအုပ်ကြီး ။ ။ “ဟင်၊ မင်းကို ဘုရားသခင်က ဖန်ဆင်းတယ်ဆိုတာ မသိဘူးလား”
ငယ်ငယ်။ ။ “ ဟို… ။ ဘုရားသခင် ဖန်ဆင်းထားတဲ့လူက ဗိုက်နာလို့ အိမ်သာသွားတယ်ရှင့်။”
********************************
လာလည်ကြတဲ့ သူငယ်ချင်းတွေ အားလုံးပျော်ရွှင်ကြပါစေ။ ကျွန်တော် ခရီးသွားမှာ မို့လို့ ပို့စ်တွေ အတင်ကျဲသွားရင် ခွင့်လွှတ်ပေးကြပါလို့။ ပြန်လာရင် မုန့်ကျွေးမယ်။ :)


5 comments:
နင်ကလဲ :(
ပွကြီးတဲ့
ခရီးမှာ ပျော်ရွှင်ပါစေ.. ဦးဇီးကွက် . . :D
ကလေးအတွေးတွေကို ဖတ်ရင်း ကလေးတစ်ယောက်လို ရယ်မောသွားပါတယ်။ ;)
ဟီး..ဟီး
ဟိုး...ဟိုး..
ဟား..ဟား
အဲလိုကြီးကိုရီပစ်လိုက်တယ်..ရတယ်မှတ်လား :P
ရယ်လိုက်ရတာ ကိုဇီးကွက်ရယ်။ တကယ်အသက်ရှည်ဆေးပဲ။ ပျော်ရွှင်ဖွယ်ခရီးဖြစ်ပါစေနော်။
Post a Comment