သူ့အမေ ညစာချက်နေတုန်း ဘော်ဘီ အခန်းထဲကို ၀င်လာပါတယ်။
ဘော်ဘီရဲ့ မွေးနေ့ရောက်တော့မယ်လေ။ သူက ဒီအချိန်ဟာ သူ့အမေကို သူလိုချင်တာ တောင်းဖို့ အကောင်းဆုံးအချိန်လို့ ထင်ထားတယ်။
“မေမေ၊ သားမွေးနေ့ မှာ စက်ဘီးတစ်စီးလိုချင်တယ်”
ဘော်ဘီဟာ ပြဿနာကောင်လေး တစ်ယောက်ဖြစ်တယ်။
သူဟာ ကျောင်းမှာရော ၊ အိမ်မှာပါ ပြဿနာ တွေဖန်တီးတယ်။
အဲတော့ မေမေက ဘော်ဘီ့ကို သူ့မွေးနေ့မှာ စက်ဘီးတစ်စီးရသင့်တယ်လို့ ထင်လားလို့ မေးလိုက်တယ်။
ဘော်ဘီကလည်း သူရသင့်ပါတယ်လို့ ပြောတာပေါ့။
့မေမေက ဘော်ဘီကို အရင်နှစ်တုန်းက ဘာတွေ လုပ်ခဲ့လဲဆိုတာ ပြန်စဉ်းစားခိုင်းလိုက်တယ်။
“သားရေ ၊ သား အခန်းထဲ သွားပြီး အရင် နှစ် တစ်နှစ်လုံး သား ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ပြန်စဉ်းစား လိုက်ဦး။ ပြီးရင် ဘုရား သခင်ဆီကို သား ဘာကြောင့် စက်ဘီးတစ်စီး ရသင့်တယ်ဆိုတာ စာတစ်စောင်ရေး လိုက်နော်။”
ဘော်ဘီလည်း သူ့ အခန်းထဲသွားပြီး ဘုရားသခင်ဆီကို စာတစ်စောင်ရေးတာပေါ့။
ချစ်ခင်ရပါသော အရှင်ဘုရား၊
ကျွန်တော်ဟာ အရင် တစ်နှစ်လုံး အရမ်း အရမ်းကို လိမ္မာခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော့်မွေးနေ့မှာ စက်ဘီး တစ်စီးလိုချင်ပါတယ်။ အနီရောင်နော်။
အရှင့်ရဲ့ သူငယ်ချင်း
ဘော်ဘီ
**************
သူ့ရဲ့စာက မမှန်ဘူးဆိုတာ ဘော်ဘီသိတယ်။ သူအရင် နှစ်တုန်းက အရမ်း အရမ်းကို မလိမ္မာခဲ့ဘူးလေ။
အဲတာနဲ့ သူ စာကို ဖြဲလိုက်ပြီး နောက်တစ်စောင် ထပ်ရေးပါတယ်။
**************
ဒုတိယစာ
ချစ်ခင်ရပါသော အရှင်ဘုရား၊
အခုစာကို ရေးလိုက်တာ အရှင့်ရဲ့ သူငယ်ချင်း ဘော်ဘီဖြစ်ပါတယ်။ ကျွန်တော်ဟာ အရင် တစ်နှစ်လုံး လိမ္မာခဲ့ပါတယ်။ ကျွန်တော့်မွေးနေ့ အတွက် အနီရောင်စက်ဘီး တစ်စီးလိုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
အရှင့်ရဲ့သူငယ်ချင်း
ဘော်ဘီ
**************
ဒီစာကလည်း မမှန်ဘူးဆိုတာ ဘော်ဘီသိနေပြန်တယ်။ အဲဒါနဲ့ သူ နောက်ထပ်စာ တစ်စောင် ထပ်ရေးပါတယ်။
**************
တတိယစာ
ချစ်ခင်ရပါသော အရှင်ဘုရား၊
ဘော်ဘီ
**************
ဒီစာကိုလည်း ဘုရားဆီကို ပို့လို့ မဖြစ်နိုင်ဘူးဆိုတာ ဘော်ဘီသိတယ်။ အဲဒါနဲ့ သူ စတုတ္ထစာ တစ်စောင် ရေးတယ်။
**************
စတုတ္ထစာ
အရှင်ဘုရား၊
အရင် နှစ်တစ်နှစ်လုံး ကျွန်တော် မလိမ္မာခဲ့ပါဘူး။ အဲဒီ အတွက် ကျွန်တော် အလွန်ဝမ်းနည်းမိပါတယ်။ အကယ်၍များ ကျွန်တော့်မွေးနေ့မှာ ကျွန်တော့်ကို စက်ဘီးတစ်စီးပို့ပေးမယ်ဆိုရင် နောက်နှစ်မှာ ကျွန်တော် လိမ်လိမ်မာမာနေပါ့မယ်လို့ ကတိပြုပါတယ်။ ကျေးဇူးပြုပြီး ပို့ပေးပါဗျာ။ ကျေးဇူးတင်ပါတယ်။
ဘော်ဘီ
**************
ဒီလို အမှန်အတိုင်းရေးလိုက်ရင်လည်း စက်ဘီးမရနိုင်ဘူးဆိုတာ ဘော်ဘီသိတယ်။
အခု ဘော်ဘီ တော်တော်လေးကို စိတ်ကုန်နေပြီ။ သူ့အခန်းထဲကနေ ထွက်ပြီး ဘုရားကျောင်းကို သွားဦးမယ်လို့ မေမေ့ကို သွားပြောတယ်။
မေမေက ကျိတ်ပြီးပျော်နေတာပေါ့။ သူမှန်းထားတဲ့ အတိုင်းဖြစ်လာတယ်လို့ ထင်တာကိုး။ ဘော်ဘီ့ကို ကြည့်ရတာလဲ နောင်တတော်တော်ရနေပုံပေါက်တယ်လေ။
“ညစာစားချိန် မှီအောင်တော့ ပြန်လာနော်သား” လို့ပဲ မှာလိုက်တယ်။
ဘော်ဘီ လမ်းထိပ်မှာရှိတဲ့ ဘုရားကျောင်းဆီကို သွားတယ်။
ဘုရားကျောင်းထဲ ၀င်ပြီးတော့ ၀တ်ပြုစင်ဆီအထိ တက်သွားတယ်။
ဘေးဘီမှာ လူရှိမရှိ ကြည့်တယ်။
လူရှင်းတာသေချာတော့မှ မယ်တော်မေရီ ရုပ်ထုကို ကောက်ယူလိုက်တယ်။
ရုပ်ထုကို အင်္ကျီအောက်ထဲ ထိုးထည့်ပြီးတော့ ပြေးလိုက်တာ ဘုရားကျောင်းကနေ လမ်းပေါ်၊ ပြီးတော့ အိမ်ထဲ၊ နောက်ဆုံး အခန်းထဲ ရောက်တဲ့ အထိပဲ။
အခန်းထဲ ရောက်တော့ အပီအပြင်ထိုင်ပြီး နောက်ဆုံးစာကို ရေးပါတော့တယ်။
**************
ပဉ္စမစာ
အရှင်ဘုရား
ကျွန်တော် အရှင့်ရဲ့ မေမေကို ပြန်ပေးဆွဲထားတယ်။ အရှင်သူ့ကို တွေ့ချင်သေးတယ်ဆိုရင်တော့ စက်ဘီးကို ပို့လိုက်ပါ။
ဘော်ဘီ
**************


6 comments:
GOD replied,
" Thanks, Bobby. Keep her forever."
ဒါဆို ကလေးလေးက မသိတတ်သေးဘူးပဲ။ သင်ပေးလိုက်ပါဦး ကိုဇီးကွက်ရဲ့။ ဘာသာပြန် တော်တယ်။ :)
သြော်...ကလေးကလည်း ဥာဏ်ကြီးရှင်ပဲ...lolz
ဒါလေးဖတ်ပြီး ပြုံးမိသွားတယ်။ ခုလို ဘာသာပြန်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဟား ဟား ဟား
ဟုတ်နေတာပဲနော်..သူ့အတွေးနဲ့သူက..
ကလေးတွေများတော်၂ရီရတယ်... ခွိခွိ
ဟုတ်သားပဲ .. ကလေးကို ဒီလိုဥာဏ်ပြေးအောင် သင်ပေးထားတာ ဦးဇီးကွက်လား မသိပါဘူး.. :)
Post a Comment