jp Ulmuka_ဇီးကွက်: ရယ်သွားကြပါ။ :D

Friday, January 11, 2008

ရယ်သွားကြပါ။ :D


ဘုရားကျောင်းထဲ မှာ လက်ထပ်ပွဲလုပ်နေတယ်။ အပြင်မှာ ကိုကိုနဲ့ ညီညီနဲ့ ဆော့နေကြတယ်။

ကိုကို။ ။ ပျင်းလိုက်တာ ဘာမှ ကစားစရာလဲ မရှိဘူး။

ညီညီ။ ။ ဘာကစားကြရင်ကောင်းမလဲ။

ကိုကို။ ။ သတို့သားကို သွားပြီးနောက်ရအောင်။

ညီညီ။ ။ ဘယ်လိုနောက်မလဲ။

ကိုကို။ ။ ဘုရားကျောင်းထဲ ၀င်၊ သတို့သားနဲ့ သတိုးသမီးဆီသွားပြီး သတို့သားကို ဖေဖေလို့ ခေါ်မယ်လေ။

*********

ဖေဖေ။ ။ သားကြီးလာရင် ဘယ်သူ့ကို မိန်းမအဖြစ်ယူမလဲ။

သား။ ။ ဖွားဖွားကြီးက သားအပေါ် အကောင်းဆုံးပဲ။ သား ဖွားဖွားကြီးကို ယူမယ်။

ဖေဖေ။ ။ သားကလဲ၊ ဖေ့ဖေ့ရဲ့ မေမေကို သား ဘယ်ယူလို့ရမလဲ။

သား။ ။ ရတာပေါ့။သားရဲ့ မေမေကိုတောင် ဖေဖေ ယူထားသေးတာပဲ။

*********

ပန်းခြံထဲက ခုံတန်းရှည် တစ်ခုပေါ်မှာ မိန်းမတစ်ယောက်ထိုင်နေတယ်။ သက်တောင့် သက်သာ ဖြစ်အောင် ခုံတန်းပေါ်မှာ မှီနေတာပေါ့။

ခနနေကျတော့ သူတောင်းစားတစ်ယောက် ရောက်လာပြီးပြောတယ်။

သူတောင်းစား။ ။ သူငယ်ချင်း၊ လမ်း တစ်ပါတ်လောက် သွားလျှောက်ရအောင်။

မိန်းကလေး။ ။ ဟင်၊ ရာရာစစ။ နင်က ငါ့ကို ဘယ်လို မိန်းမမျိုးထင်နေလို့လဲ။

သူတောင်စား။ ။ ဒါဆို ခင်ဗျား ကျုပ် ခုတင်ပေါ်မှာ ဘာထိုင်လုပ်နေတာလဲ။

***********

နီနီ။ ။ ၀ါဝါ၊ နင်မနေ့က ဘာလို့ ကျောင်းမတတ်လဲ။

ဝါ၀ါ။ ။ ငါသွားနာနေလို့၊ သွားဆရာဝန်ဆီ သွားပြနေတာ။

နီနီ။ ။ အခုကော နာနေသေးလား။

ဝါ၀ါ။ ။ ဘယ်သိပါ့မလဲ။ အဲဒီသွားက အခု သွားဆေးခန်းမှာ ပဲရှိသေးတယ်။

*********

သွားဆရာဝန်။ ။ သားသား ရေ။ သားရဲ့ သွားအပေါက်ကို ဘာနဲ့ ဖါပေးရမလဲ။

လူနာ (ကလေး)။ ။ ချောကလက်။

*********

No comments: