jp Ulmuka_ဇီးကွက်: Clouds

Saturday, January 26, 2008

Clouds


တစ်နေ့က ရွာထဲ မှာ သွားအိပ်ဖြစ်တယ်။ ရွာကို သွားရင် တိမ်တွေကို ဖြတ်ပြီးသွားရတယ်။ ဒီဖက်မှာက တိမ်တွေ ကို အနီးကပ်မြင်ရတယ်လေ။ တောင်တွေကလည်း မြင့်တာကိုး။ မနက်ဖက် တောင်အောက်ကို ကြည့်လိုက်ရင် တိမ်စိုင်ထုကြီးတွေ။ တိမ်ထုကြီးတွေနဲ့ အဝေးက တောင်တန်းတွေကို ပေါင်းပြီးမြင်ရတာ တရုတ်သိုင်းကားတွေ ထဲက မြင်ကွင်းတွေကို သွား သတိရတယ်။ ငယ်ငယ်တုန်းက ဆို ၀ူခုန်းဇာတ်လမ်းတွဲ ကို ကြည့်ပြီး ၀ူခုံးလို တိမ်တွေ စီးပြီး ခရီးသွားချင်ခဲ့ဖူးတယ်။ ကြီးလာမှပဲ တိမ်ဆိုတာက အစိုင်အခဲ မဟုတ်ပဲ အငွေ့နဲ့ အရည်ကြားထဲက အခြေအနေ တစ်ခုဆိုတာ သိတော့တယ်။ ရေငွေ့လည်း မဟုတ်၊ မိုးရေလည်း မဟုတ်ပေါ့။ Transpiration လို့ ခေါ်လားမသိ။ မေ့ကုန်ပြီ။ :D




ဒါကနေထွက်ခါစမှာ မြင်ရတဲ့ပုံနှစ်ပုံပါ။ အခုလိုဆိုတော့ တိမ်တွေက အစိုင်အခဲတွေလိုပဲနော်။ လက်နဲ့ပဲ ပြေးကိုင်ကြည့်ချင်သလိုလို။ အပေါ်မှာ တက်ပြီး အိပ်လိုက်ချင်သလိုလို ခံစားရတယ်။ တော်ပါသေးရဲ့ ကားပေါ်ကနေ လှမ်းရိုက်တာမို့လို့။ လမ်းလျှောက်နေရင်းဆို ခုန်ချမိမလား မသိ။



တဖြည်းဖြည်းနဲ့ တောင်အောက်လည်း ရောက်လာ နေလည်း မြင့်လာတော့ တိမ်ထုကြီးက ပါးသွားတယ်။ တောင်အောက်ကို ဆင်းနေတုန်း တိမ်ထဲကို ခဏတော့ ရောက်သွားသေးတယ်။ တိမ်ထဲဆိုပေမယ့် မြူတွေ ဆိုင်းနေ တယ်လို့ပဲ ပြောရမှာပေါ့။ ရှေ့ကိုဆိုရင် ဆယ်ပေလောက်ပဲ မြင်ရတယ်။ ကားဆရာကို ဖြည်းဖြည်းမောင်းခိုင်းရတာပေါ့။ အန္တရယ်များတယ်လေ။ ဒီဖက်က ကားဆရာတွေက မမြင်ရလည်း ဇွတ်မောင်းကြတာကိုးဗျ။ အပေါ်က ပုံက တိမ်တွေ တဖြည်းဖြည်းလွင့်သွားတာကို ရိုက်ထားတာ။ သိပ်တော့ မပီပြင်ဘူး။ တိမ်တွေက တော်တော့်ကို ပါးနေပြီလေ။




နောက်ဆုံးသုံးပုံကတော့ တိမ်တွေရဲ့ အောက်ကို လုံးဝရောက်သွားပြီးမှ ရိုက်ထားတာ။ တစ်နေ့ထဲမှာတင်ကို ပုံစံအမျိုးမျိုးပြောင်းတတ်တဲ့ တိမ်တွေပါလား။ တိမ်တိုက်တစ်ခု ထဲကိုတောင်မှ အပေါ်က ကြည့်ရင်တစ်မျိုး၊ ဘေးက ကြည့်ရင် တစ်မျိုး၊ အောက်က ကြည့်ရင် တစ်မျိုး ဖြစ်နေတယ်။ နောက်ပြီး မနက်ကြည့်ရင် တစ်မျိုး ၊ နေ့လည်ကြည့်ရင် တစ်မျိုး၊ ညနေကြည့်ရင် တစ်မျိုးနဲ့။ တိမ်တို့၏ မာယာပေါ့လေ။

8 comments:

MA Reader said...

:) so cool
ability to change is necessary to beautify the world
dan tan tan

ရွှန်းမီ said...

လှတယ် .. ပြောင်းလဲနေတဲ့သဘာဝတိမ်ရော .. မပြောင်းနိုင်တော့တဲ့ ပုံထဲပိတ်မိသွားတဲ့ တိမ်တွေရော .. :)

ထွန်း said...

တယ်လှပါလား ယူသုံးချင်စိတ်ပေါက်တယ် ပေးမလား

tuzzaung said...

တိမ်နဲ့ရေးတဲ့ပန်းချီပေါ့။
ကြည့်လို့ကောင်းတယ်။

Layma said...

တိမ်တို့ရဲ့ မာယာကို ကြည့်ပြီး စိတ်ကူးယဉ်နေတယ်ပေါ့..။

Smilemay said...

ပုံလေးတွေ လှတယ်
စမိုင်းမေလည်း တိမ်သားတွေပါတယ် ကောင်းကင်ပုံကိုကြိုက်တယ်

Khin said...

တိမ်တွေကို အမည်အမျိုးမျိုးပေးထားပါတယ်

လေ့လာကြည့်ပါ

ThinkingHoney said...

နင်ကတော့ စောင်းရေးပီးရင် တိတ်တိတ်နေတယ်ပေါ့ .....