jp Ulmuka_ဇီးကွက်: ဘဝ

Thursday, June 19, 2008

ဘဝ

ဘဝ


ငါ ငိုတယ်

ငါ ရယ်တယ်

ငါ ပျော်တယ်

ငါ ၀မ်းနည်းတယ်

ဘေးကလူတွေ ၀ိုင်းကြည့်လို့

အော် ဒါပြဇာတ်တဲ့လား


ငါတို့ ငိုတယ်

ငါတို့ ရယ်တယ်

ငါတို့ ပျော်တယ်

ငါတို့ ၀မ်းနည်းတယ်

ကြည့်သူမရှိ

လူတိုင်းက ပါဝင်လို့

အော် ဒါပြဇာတ်တဲ့လား


ငါ ငိုတယ်

ငါရယ်တယ်

ငါ ပျော်တယ်

ငါ ၀မ်းနည်းတယ်

ကြည့်သူမရှိ

ပါဝင်သူလည်းနတ္တိ

ငါ တစ်ယောက်တည်း

အော် ဒါလည်း ပြဇာတ်ပဲတဲ့


သရုပ်ဆောင်တွေ

ဝင်လာလိုက် ထွက်သွားလိုက်

တစ်ချို့က အမြဲတမ်းလို့ ပြောပြီး

ခဏပဲနေကြ

တစ်ချို့က တစ်ခဏပေမယ့်

တစ်ဘ၀လုံးအတွက် အမှတ်ရ


ဘာပဲ ဖြစ်ဖြစ်

ဆုံးအောင်တော့ ကပြရမယ်

ဒါ ငါ့ရဲ့ဇာတ်လေ..

2 comments:

ThinkingHoney said...

တစ်ချို့က အမြဲတမ်းလို့ ပြောပြီး
ခဏပဲနေကြ
တစ်ချို့က တစ်ခဏပေမယ့်
တစ်ဘ၀လုံးအတွက် အမှတ်ရ

very beautiful!
Thanks for the poem and thanks for your advice. "To let things go"

လင်း said...

ကိုယ်ကိုကိုယ်တိုင်ကနေရပေမဲ့ ကိုယ်အဆုံးသတ်ခြင်တဲ့အချိန်
အဆုံးသတ်ခွင့်မရတာတော့ ဆိုးတယ်။

ကိုယ့်ဇတ်ကို ကိုယ်မပိုင်ဘဲ
ကံဇတ်ဆရာက ၀င်ဝင်ပါနေတော့
ခက်သားလား