သိုင်းလောကသို့ အလည်တစ်ခေါက်
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက စပြီး သိုင်းလောကသားတော်တော်များများ အပြိုင်အဆိုင် မိမိရဲ့ ပညာစွမ်းများနဲ့ ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြတာကို ပရိဿတ်များ သိရှိကြပြီထင်ပါတယ် သို့ ဖြစ်ပါသောကြောင့် ဟော့ဒီ " ယပက်လက်" နယ်မြေ သောင်ရင်းမြစ်ကမ်းနာဖူးက အမွှေးတိုင် (၃)တိုင်ထွန်းပြီး သွေးသောက် ညီအစ်ကိုဖွဲ့ထားကြသော နောင်တော်ကျန်ကျန် ညီတော်ကြောင်ကြောင် တို့ လည်း ၀င်ရောက် ယှဉ်ပြိုင်ကြရာ တစ်နယ်စီဝေးနေကြသဖြင့် G.Talk ကျောက်တောင်မှာ ဆုံဖြစ်ကြပါတယ် ။ နောင်တော်မှာ အပျင်းထူသိုင်းပညာကျင့်နေပါသဖြင
"အိုးးး"
ငါ၏ ချစ်လှစွာသော သိုင်းလောကသားတို့  အသင်တို့ ၏ အနောက်မှောက်သို့ ငါ၏ သိုင်းပညာများ နှီနှော်ဖလှယ်ရန် အလို့ငှာ ၀င်ရောက်လာပြီဖြစ်ပါတယ် ဒါ့ကြောင့် ဒိုင်ချုပ်ဖြစ်တဲ့ ရှောင်လင်ကျောင်းတော်မှ နဖူးပြောင်ပြောင်နဲ့ ဆရာတော် မှ ပဲနို့ တိုက်ပါး)။ အမှန်စင်စစ် တော့ သိုင်းလောက ဆိုတာ အင်မတန် ရှုပ်ထွေးပါတယ် ၀င်ရောက်မပြိုင်ချင်သော်ငြားလည်း ကြောင်သတင်း လေညှင်ဆောင်ဆိုသလို ယပက်လက်နယ်မြေမှာ အင်မတန် ဇောင်းထနေတယ် နယ်စားကြောင်ကြောင်ရဲ့ သတင်းက သိုင်းလောကမှာ တော်တော်ကြီးကို ပျံ့နှံ့နေပါတယ် ( ဟီးး ကိုယ့်ကိုယ်ကို စွတ်မြှောက်နေတာ အလကားရတိုင်း ) အရင်ဆုံး သိုင်ပြိုင်ပွဲသို့ ၀င်ရောက်ပါရန် စာလွှာပို့ခဲ့သော ပန်းချီသိုင်းသမား ရိုဘော့မီမီ ၊ သူငယ်ချင်းအဖျားခေါက်ခေါက် ခွေးတုတ်သိုင်းပညာရှင် ဝေသာလီ ငမုတ်သုန် တို့ကြောင့် အားနာ သွားကိုက်စွာနဲ့ ပဲ ပြိုင်ပွဲဝင်ရောက်ခဲ့ခြင်းဖြစ်ပ
စဉ်းစားကြည့်တော့ နယ်စားကြောင်ကြောင်ရဲ့ ရေမချိုးသိုင်းကွက်များ ၊ အ၀တ်မလျှော်သိုင်းကွက်၊ နှုတ်ခမ်းမွှေးမရိတ် သိုင်းကွက် များကို တော်ရုံ သိုင်းလောက သားများ ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး ဒါကြောင့် သိုင်းလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးသွားမှာဆိုးလို့  မည်သူနှင့်မျှမပြိုင်ပဲ ( ပြိုင်ရင် နိုင်မှာမဟုတ်လို့  အရှုံးပေး သုံးလုံးအေး) မိမိ၏ သိုင်းပညာများကို သိုင်းလောကသားများသို့ ပြရုံသာပြမှာဖြစ်ပါတယ်ခင်ဗျာ...
"ခွမ်းး ခွမ်း"
"ဒုတ် ဒုတ်"
ပစ်တယ် ခုတ်တယ် ပိုင်းတယ် ( ထင်း)
"ဖြောင်းဖြောင်းဖြောင်း"
သိုင်းလောကသားများ မထင်မှတ်ထားသော နယ်စားကြောင်ကြောင်ရဲ့ အကွက်များ( ပွေးကွက်)ကို မြင်တွေ့ လိုက်ရသဖြင့် အံ့သြထောပနာပြုကြပါတယ် ။သနားသောအားဖြင့် တစ်ကွက်ခြင်းပဲ ပြပါတော့မည်ခင်ဗျာ ။
ပဲနို့ တွေ သောက်ပြီးး အားတွေ အရမ်းတက်နေတဲ့ပုံပါ ဟားဟားး ပရိဿတ်များ လန့်သွားကြပြီထင်တယ် အခုမှတစ်ကွက်ပဲ ပြရပါသေးတယ်ခင်ဗျာ ( ဒီလောက် ဗလတွေ ညှစ်ထုတ်နေရတာကို ရုပ်က မချိုမချဉ်နဲ့  သတိထားကြ သူပြုံးနေသည် အကြွေးယူတော့မည် )
နယ်စားကြောင်ကြောင်ရဲ့ ဘယ်လက်သီး ၊ ညာလက်သီး အကွက်တွေပါ ( ပြုတ်စားလို့ ရတယ် အဲ့ဒီအသီးက )
နောက်ဆုံးတိုက်ကွက်လည်းပြ ကော ကြောင်ကြောင် ခြေခေါက်သွာပြီး `ကယ်ကြပါအုံး´ အော်နေပါသော်လည်း မည်သူမှမကယ်ပါသဖြင့် ဆင်မြင့်ပေါ်မှ ပြုတ်ကျ ပြီး အရှေ့သွား တစ်ချောင်းလေမိသွားပါသဖြင့် သိုင်းလောကမှ ရာသက်ပန် အနားယူလိုက်ပါပြီခင်ဗျား)
...............................................................
ကြူမုန်းကြောင်သိုး
..............................................................
ဆက်လက် လာရန်များ
၁) မွန်ချောက်ဖုံ၏ အတိတ်ဇာတ်ကြောင်း
၂) ပျားဘုရင်မနှင့် နှင်းပွင့် နတ်ကလျာ
၃) တေလေမုတ်သုန် ထွက်ခွါခြင်း
၎) အရှုံးသမားတို့၏ မူးပွဲ


3 comments:
ကြူမုန်း မောင် မျိုး ... သွားကိုက် နေလို့ ခွင့် ပြုပေးလိုက်မယ် ... :P
ဂျူမုံးပါဆို ကြူမုန်းတဲ့ ဟားဟား မေးစရာမလို ဘူး ကြူမယ်လို့  ကြံလိုက်တုန်း မုန်းသွားကြတယ်ဆိုတာ တကယ် တကယ်း) သိုင်းပြိုင်ပွဲမှာ ပြသခွင့်ရတာ ကျေးဇူး အခမ်းနားမူးရေ့ ကဇော်တွေ သိပ်မသောက်နဲ့  အုံးးး ပြိုင်ပွဲအစီစဉ်တွေ လွဲကုန်မယ်.... ကိုစိုးထက်ကြီး ဆေးသောက်နေတယ် ပျောက်ရင် ဘီယာတိုက်မယ်နော့် အစ်ကိုကြီး ကျေးဇူး ။
ကိုက်တဲ့သွား ဖြုတ်ပြီး ပြန်လာပါဗျို့။
Post a Comment