jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၇ )

Sunday, June 22, 2008

သိုင်းလောက အပိုင်း ( ၇ )

သိုင်းပညာဖလှယ်ပွဲကြီးက စလေပြီ။ ပြိုင်ပွဲဝင်သိုင်းသမားများက အခမ်းအနားမှုး ကဇော်သိုင်းသမား ဇီးကွက်၏ လေရှည်နေမှုကို စိတ်မရှည်စွာ စောင့်စားလျက်မှပြိုင်ပွဲဝင် အချင်းချင်းကို မသိမသာ အကဲခတ်နေကြလေသည်။ ရှည်လျားသော မိန့် ခွန်းကြီး အပြီး ပြိုင်ပွဲဝင်သိုင်းသမားများအားလုံး အထင်ကရ ဒိုင်လူကြီး နှစ်ယောက်ကို အရိုအသေပေးကာ ကွင်းပြင်ထဲသို့ ဟန်ပါပါနှင့် ၀င်ရောက် လာကြလေရာ ပရိသာတ်အပေါင်းက လက်ခုတ်သြဘာများ တီးကာ အားပေးလျက် ရှိကြသည်။

‘ ဝေးးး ပျားဘုရင်မကွ ချလိုက်ပါတော့လား ဘာစောင့်နေတာလဲ´ ကဗျာဓါးကို အပိုင်စားရထားသူ ဟန်နီကား သူ့ခေါင်းပေါ်တွင် ၀ဲပျံလျှက်ရှိသော အမိန့် တော်ခံ ပျားတပ်သားများနှင့် အားပေးနေသော ပရိဿတ်ကို ဟန်ပါပါ လက်တဖက်မြှောက်ကာ နှုတ်ဆက်လိုက်သည်။

ပရိဿတ်များ အားပေးသံကြားထဲကိုတိုးမပေါက်သော သူ့ ပလွေတေးသွားကို အားမရဟန်ရှိသော နတ်ကလျာ နှင်းပွင့်ဖြူလေးကား ဒေါသထွက်သောမျက်နှာကို ထိန်းချုပ်လျက် ပရိဿတ်ကို တချက်ဝေ့ ကြည့်လိုက်ရင်း သမာဓိအားများကို စုစည်းနေလေသည်။

စုတ်တံစုတ်ချက် သိုင်းသမားရွှန်းမီကလည်း စုတ်တံတဖက် ဓါးတဖက်ကိုင်လျှက် ဟန်ရေးတပြပြ၊ သူမတူအောင် ထူးချွန်သည့် ခွေးရိုက်သိုင်းသမား မုတ်သုန်ကလဲ ပြိုင်ဖက်ကစားသမားများအား မျက်စိအမြင်မှာ ခွေးအသွင်ပြောင်းလဲမြင်နိုင်အောင် အာရုံအပြောင်းအလဲ ကျင့်စဉ်ကို စတင်အကောင်အထည်ဖော်နေရာ ပြိုင်ဖက်သိုင်းသမားများသာ မက ရွှေပွဲလာ ပရိဿတ်များပါ သူ့အမြင်တွင်ပြောင်းကုန်သဖြင့် အကျပ်ရိုက်လျက်ရှိနေသည်။

လက်သိုင်းသမားဂျူလိုင်ဒရမ်းကလဲ ရှောင်လင်သိုင်းကျမ်းမှာ အခြေခံလက်သီးကွက် ဆယ့်ရှစ်ကွက်ကို အသုံးချပြီး လေထဲတွင် ဟိုထိုးဒီထိုးနှင့် သွေးပူလေ့ကျင့်ခန်းလုပ်နေသလို ၊လေလွင့်သိုင်းပညာရှင် ခေးအော့် ကလည်း လေတိုက်တိုင်းလွင့်လွင့်သွားသည့် သူ့ ခေါင်းထက်မှာ ပိုးပုဝါနှစ်စကို သူ့ ကိုယ်မှ မရစ်ပတ်အောင် မနည်း ရှောင်ရှားနေရသည်။

ရေသိုင်းပညာရှင်မလေးမိုးချစ်သူကတော့ ပြိုင်ပွဲဝင်များ ဒဏ်ရာရချိန်တွင်ပြေးပြီးဆေးမကုမိ စေရန် သူ့ ကိုယ်သူ သတိပေးရင်း ကရုဏာစိတ်များကို ထိန်းချုပ်နေလေသည်။

ဆူညံအော်ဟစ် အားပေးနေသံများကြား ရုတ်တရက်ထွက်ပေါ်လာသော အပြင်းစားဂီတာသံကြောင့် ပရိသာတ်များ ငြိမ်ကျ သွားကြလေသည်။ အလွမ်းဘုရင်မ လင်းတစ်ယောက် လေးဖြူရဲ့ သီချင်းတပုဒ်နှင့် သူ့ ဖီလင်များကို အန်ချရင်း မီးတောက်မျက်ရည်များကို စုစည်းနေခြင်းဖြစ်သည်။

ပြိုင်ပွဲကစလေပြီ။ လေးယောက် တအုပ်စုစီခွဲထားသော အုပ်စု ၂စုမှာ အုပ်စုတွင်း အရင်နိုင်အောင်ပြိုင်ပြီးမှ ကျန်တအုပ်စုမှ တက်လာသူနှင့် ဗိုလ်လုရမည် ဖြစ်သောကြောင့် အုပ်စုတွင်းတိုက်ပွဲများစရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။

ကိုယ်နှင့်ယှဉ်ပြိုင် တိုက်ရမည့်သူများကိုရွေးလိုက်ရာ နတ်ကလျာနှင်းပွင့်ဖြူလေးက အလွမ်းဘုရင်မလေး လင်းကို သူပြိုင်ဖက်အဖြစ်ရွေးလိုက်ပြီး ၊ ပျားဘုရင်မက ခွေးရိုက်သိုင်း ပညာရှင် ဗိုလ်မုတ်သုန်ကိုလှမ်းကြည့်ရင်း ကဗျာဓါးကို အကွက်ကျကျ ဟန်ရေးပြရင်းစိန်ခေါ်လိုက်တော့သည်။

ရေသိုင်းပညာရှင် မိုးချစ်သူက လက်သိုင်းပညာရှင် ဇူလိုင်အိမ်မက်ကိုလည်းကောင်း၊ စုတ်တံသိုင်းနှင့်ရွန်းမီက လေ့လွင့်သိုင်းပညာရှင် ခေးအော့်ကိုလည်းကောင်း ရွေးချယ်ကာ သိုင်းပညာ ဖလှယ်ပွဲကြီးကို စတင်လိုက်ကြသည်။

နတ်ကလျာနှင့်အလွမ်းဘုရင်မ

မျက်နှာချင်းဆိုင်ရပ်နေကြသော သိုင်းပညာရှင်နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် စူးရဲစွာကြည့်ရင်း နတ်ကလျာက သူ့ ၏နှင်းပွင့်ဓါးနှင့် စတင်တိုက်ခိုက်လိုက်တော့သည်။

နတ်ကလျာ၏ ဓါးချက်ကို ကိုယ်ကိုတချက်နွဲ့ ကာရှောင်ရင်းက လေပေါ်ကို ငှက်ငယ်အလေးလား ခုန်ပျံဝဲတက်သွားလေသည်။ နတ်ကလျာမှာ အံ့သြစွာဖြင့် `ဒါဟူတန်ဂိုဏ်းက စွန်ဝဲကိုယ်ဖော့သိုင်းလား´ ဟုအလန့် တကြားမေးလိုက်ရာ၊ `ဘယ်ဂိုဏ်းကလဲ တော့မသိဘူး သိုင်းဝထ္ထုတွေ ထဲက တွေ့သမျှသိုင်းကို အကုန်ကျင့်ထားတယ် ငှက်ငှက် ´ဟူသော အလွမ်းဘုရင်မ၏ အဖြေကို မနှစ်မြို့ စွာနှင့်ပင် သူ့ ၏နှင်းပွင့်ဓါးကို စင်္ကြာသဖွယ်ဝှေ့ ယမ်းပြီး အလွမ်းဘုရင်မအား နုတ်နုတ်စင်းရန် စတင်တိုက်ကွက်ဆင်လေတော့သည်။

လက်နက်ပုန်းများ ထုတ်မသုံးရဟူသော စည်းကမ်းကို သူ့ ဟာသူ အတင်းထုတ်ထားသော နတ်ကလျာရဲ့  တဖက်သတ်စည်းကမ်းအောက်တွင် အလွမ်းဘုရင်မ၏ မျက်ရည်ပုလင်းများမှာ အသုံးမ၀င်တော့သောလည်း ၂၄နာရီအပြည့် ငိုတိုင်းထွက်သော မျက်ရည်တို့ ဖြင့် နှင်းပွင့်ဓါးကို မီးတောက်မျက်ရည် များဖြင့်တားဆီး ဟန့်တားလိုက်လေသည်။ နတ်ကလျာလည်း ဒေါသငယ်ထိပ်ရောက်သွားကာူသူ့ဆရာရသေ့ကြီးများ သင်ပေးထားသည့် သံမဏိလက်သီးနှင့်တိုက်ကွက်ဆင်ရန် ဘာသံမှန်းမသိသော မပီကလာ ပီကလာ စကားသံနှင့် ကီသွင်းကာ လေထဲသို့ ၁၀ပတ်ဂျွမ်း ပစ်လိုက်လေတော့သည်။

ဘာအော်လိုက်တာပါလိမ့်ဟုတွေးရင်း စက္ကန့် ပိုင်းမျှ နောက်ကျသွားသော အလွမ်းဘုရင်မလင်းမှာ မီးတောက်မျက်ရည်လဲမမှီ စွန်ဝဲကိုယ်ဖော့သိုင်းလဲ မရနှင့် အငိုက်မိကာ သံမဏိလက်သီးအောက်တွင် ၀မ်းလျားမှောက်ရလေတော့သည်။

အနိုင်ရသွားသော နတ်ကလျာမှာ ပွဲကြည့်ပရိသာတ်များကို ဟန်ပါပါနှင့် ငါကွဆိုပြီး နှုတ်ဆက်နေချိန်တွင် မှောက်ရက်လဲနေသော အလွမ်းဘုရင်မ လင်း၏ အရှုံးမျက်ရည်တစက် ထိမှန်ကာ သူ့ ဦးခေါင်းထက်မှ လှပစွာချထားသော ပုဝါစ မီးလောင်နေသည်ကိုတော့ သတိမထားမိနိုင်ပါ။ ဒန့် တန့် တန့်

( စောစောသေ စောစောအိပ်ရတယ်ဆိုသော ဇာတ်သမားတို့ ထုံးနှလုံးမူ၍ အရှူံးပေးလိုက်သည်။ မဟုတ်ရင်လဲ သူရေးတဲ့ အပိုင်းမှာ သူ့ဟာသူနိုင်အောင်ရေးမှာမို့ပါ)

ဆက်ရန်များကို ဖတ်ချင်လဲမျှော် ၊မဖတ်ချင်လဲ မျှော်ပါရန်

လင်း

*************

ဒီလိုလုပ်လို့ ရရိုးလား အလွမ်းဘုရင်မရယ်... နောက်ထပ် အနည်းဆုံးတော့ သုံးပွဲ တိုက်ခိုင်းဦးမယ်.. ဟိ.. ဇီးကွက် ပါ ၀င်ပါဦးမယ်.. အခုတော့ မိတင် နှိပ်စက်လို့ စနေ တနင်္ဂနွေတော့ သွားပြီ.. :(

5 comments:

နှင်းပွင့်ဖြူ said...

ခွိခွိခွိ
အလွမ်းဘုရင်မက နတ်ကလျာရဲ. နှင်းပွင့်ဓါကိုး ကြောက်သကိုး ခိခိခိ အလျော့ပေးပါတယ် အလွမ်းဘုရင်မကလည်း ဟိဟိ :P

စိုးထက် - Soe Htet ! said...

မိုက်တယ် .. ဟဲ ဟဲ ... :P

Mhaw Sayar said...

စောစောသေ၊ စောစောအိပ်. မိုက်တယ် :P

တောကကိုရင် said...

ပွဲခဏရပ်ပေးလို့ရမလား မုတ်သုန်ရဲ့ခွေးတွေကို စည်ပင်က အမဲလိုက်ချနေလို့

Anonymous said...

နှင်းပွင့်ကို အရည်ပျော်ပြီး မျက်ရည် ဖြစ်အောင် နေဆယ်စင်း အတွင်းအား ကျင့်ပြီး ပြန်တိုက်ဟာ....