jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း(၁) - သိုင်းပြိုင်ပွဲ ကျင်းပခြင်း

Friday, June 20, 2008

သိုင်းလောက အပိုင်း(၁) - သိုင်းပြိုင်ပွဲ ကျင်းပခြင်း

အခန်း (၁) သိုင်းပြိုင်ပွဲ ကျင်းပရန် ကြံစည်ခြင်း


တစ်နေ့တစ်၌ ကျွန်ုပ်ဇီးကွက်သည် ပျင်းပျင်းရှိသည်နှင့် သိုင်းပြိုင်ပွဲ ကျင်းပရန် စိတ်ကူးမိလေ၏။


ပါဝင်မည့်သူများ စာရင်းကို ရှာကြည့်သော်


ကိုယ့်ဘာသာကိုယ် အလွမ်းဘုရင်မလေး ဟုတင်စားသော လင်း-

မိန်းကလေးဖြစ်ပါသော်ငြား ၀ူတန်းဂိုဏ်းရှိ ရသေ့ကြီးများထံတွင် သိုင်းပညာ ဆည်းပူးနေသော နှင်းပွင့်မယ်တော် (သူ့ကိုယ်သူတော့ နတ်ကလျာတဲ့..) ထားပါလေ နှင်းပွင့် နတ်ကလျာ

ဇော်ယောင်သိုင်းသမား ကိုဇူလိုင်

ဟိုစပ်စပ် ဒီစပ်စပ် တေလေ မုတ်သုန်

ကာရန်လွတ်သိုင်းနှင့် ခံစားမှုကျင့်စဉ်ကို အလေးထားသော ပျားဘုရင်မ

ပန်းချီ သိုင်းသမား ရွှန်းမီ

အော်မေဂိုဏ်းမှ ခေးအော့စ်

တစ်ကိုယ်တော် မိုးချစ်သူ

တို့အား တွေ့ရှိမိ၍ သိုင်းပြိုင်ပွဲတွင် ပါဝင် ဆင်နွဲရန် ဖိတ်ကြား လိုက်လေသည်။

သိုင်းပြိုင်ပွဲမှာ အနိုင်အရှုံး အဓိက မဟုတ်ပဲ ပညာချင်းဖလှယ်ရန်သာ ရည်ရွယ်သော ပြိုင်ပွဲ ဖြစ်သည့်အားလျှော်စွာ ယှဉ်ပြိုင်သူများ ခြေလွန်လက်လွန် မဖြစ်စေရေးအတွက် ဒိုင်လူကြီးများ ဖိတ်ကြားရန် လိုအပ်လာသည်။ သမာသမတ်ပြည့်ဝ၍ သိုင်းပညာတွင် ဆရာတစ်ဆူ ဖြစ်နေသော လူများကို ရှာဖွေရာ

ရှောင်လင်ကျောင်းတွင် ကပ္ပိယ လုပ်နေသော သိုင်းဆရာကြီးဒေါက်ထက် နှင့်

ရေခဲတောင်မှ သိုင်းမယ်တော် ခွန်မြလှိုင် တို့အား

တွေ့ရှိ၍ ဖိတ်ကြား ရန် လူခွဲလိုက်ပါသည်။ ဒေါက်ထက်အား ဖိတ်ကြားရန် ဇီးကွက်၊ ခွန်မြလှိုင်ကို ဖိတ်ကြားရန် အလွမ်းဘုရင်မ လင်း အား တာဝန်ကိုယ်စီ ခွဲဝေပေးလိုက်သည်။


ဒေါက်ထက်အား ဖိတ်ကြားရန်ဇီးကွက် တစ်ကောင် ကိုယ်ဖော့သိုင်းဖြင့် လေအဟုန်တွင် ပျံဝဲကာ အော်ဇီသို့ ရေပေါ်မှ ပျံသန်း၍ ရောက်ရှိသွားလေသည်။


ကွက်။ ။ဗျို့ ဒေါက်ထက် ဧည့်သည်လာတယ်ဗျို့။

ထက်။ ။ ဇီးကွက် လာဗျို့၊ မလာစဖူး အလာထူးလို့။ ဧကန္တတော့ အပူကပ် စရာ ရှိတယ်ထင်ပ။ ကျောင်းလျှောက်ချင် လို့လား။

ကွက်။ ။ မဟုတ်ပါဘူး အစ်ကိုရဲ့။ အစ်ကို သိုင်းလောက အရေးအခင်းတွေမှာ မပါတော ၊့ မတွေ့ရတာကြာလို့ လာတွေ့တာ။

ထက်။ ။ ( ဒီကောင် အကြံအစည် တစ်ခုခုတော့ ရှိရမယ်။) ပြောစမ်း ဘာ အပူကပ်စရာ ရှိသလဲ။

ကွက်။ ။ အဟဲ ကျွန်တော်တို့ သိုင်းပညာ ဖလှယ်ပွဲ တစ်ခု လုပ်မလားလို့ အဲဒါ …..

ထက်။ ။ အဲဒါ ဘာဖြစ်လဲ။ ငါ သိုင်းလောက ကနေ ထွက်လိုက်ပြီလေ။ ရွှေခွက်မှာ လက်ဆေးပြီးပြီ။ ဘာ အရှုပ် အရှင်းမှာမှ မပါတော့ဘူး။ ငါ့ဘာသာငါ ရှောင်လင်ကျောင်းမှာ အေးဆေးနေပါရစေကွာ..

ကွက်။ ။ အစ်ကိုကလည်း အစ်ကို့ကို သိုင်းလောကထဲ ပြန်ဝင်ခိုင်းတာမှ မဟုတ်တာ.. ။ ဒိုင်လုပ်ပေးရုံလေးပဲလေ..

အစ်မ ခွန်မြလှိုင် ကိုလည်း ဖိတ်မှာ

ထက်။ ။ ဟ ငါက သိုင်းလောက ကို စိတ်ကုန်ပါတယ်ဆိုမှ လာရှုပ်ပြန်ပြီ။

ကွက်။ ။ လုပ်ပါ အစ်ကိုရာ။ ပြိုင်မယ့်လူတွေကလည်း အချင်းချင်းတွေပဲဟာကို

ထက်။ ။ ဒိုင်လုပ်တာတော့ ဟုတ်ပါတယ်။ သူတို့က ကြမ်းကြမ်းတမ်းတမ်း တိုက်လို့ ငါ့ကို လာထိရင်ဒုက္ခ

ကွက်။ ။ အစ်ကိုကလည်း အစ်ကို့ရဲ့ နာမည်ကြီး ရှောင်လင် ကွန်ဖူး၊ မရှောင်လျှင် နဖူး အကွက်နဲ့ ရှောင်လိုက်ပေါ့

ထက်။ ။ ဟမ် ငါ့နဖူးကိုတော့ လာမထိခိုက်နဲ့ကွ။ ဒိုင်လဲ လုပ်ပေးရသေးတယ်။

ကွက်။ ။ ခင်လို့ စတာပါ အစ်ကိုရယ်။ ဒီလိုလုပ် သူတို့ လက်လွန်လာရင် ကျွန်တော် ဇီးကွက် တောင်ပံဖြန့်သိုင်းနဲ့ ရှေ့ကကာပေးမယ်လေနော်။ လုပ်ပေးမယ်မလား ဟင်။

ထက်။ ။ အး ဒီလောက်တောင်းဆိုတော့လည်း လုပ်ပေးရတာပေါ့။

ကွက်။ ။ ဒါမှ တို့ အစ်ကိုကြီးကွ။


*******************

ပျင်းပျင်းရှိ၍ စနေ တနင်္ဂနွေတွင် အားနေသူများ မပျင်းရလေအောင် သိုင်းပြိုင်ပွဲကျင်းပရန် စိတ်ကူး မိပါသည်။ ကျွန်တော်တို့သည် အားလုံး ပျော်ရွှင်စေရန်သာ ရည်ရွယ်ပါသည်။ လွန်သည်များရှိသော် ပြန်ပြင်ခိုင်းနိုင်ပါသည်။ အားလုံး ပျော်စေရန်အတွက် အားလုံးမှ ပါဝင် ကူညီ ရေးသားပေးပါရန် မေတ္တာ ရပ်ခံပါသည်။ ရေးသားပေးမည်ဟု ကတိပေးပြီးသူများမှာ မလင်းနှင့် နှင်းပွင့်ဖြူလေး ဖြစ်ပါသည်။ ထပ်မံပါဝင်လိုသူများလည်း လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

PS ဇီးကွက် တော့ ဖိတ်ပြီးသွားပြီနော်.. မလင်းကျန်သေးတယ်။ :P



5 comments:

လင်း said...

ရေခဲတောင်ပေါ်ကသိုင်းမယ်တော်ကြီးကိုသိုင်းပြိုင်ပွဲကိုကြွရောက်ဖို့ ကိုယ်ဖော့သိုင်းနှင့်ပျံသန်းနေတုန်းပါ။

ThinkingHoney said...

ဒံတံ့တံ

မဒိတ်ပဲနဲ့ကို လာပြိုင်ဦးမှာ
:D
စနေနေ့ဆိုရင်တော့ ဟန်နီနိုင်ပြီးသားပဲ
ဟဲဟဲ :P
ကဲကဲ ဒိုင်တွေ ပုဝါ၂စ အသာချနေတာနဲ့ ခေါင်းပေါင်းပြင်နေတာနဲ့
ပြိုင်ရဦးမှာလား ....

စိုးထက် - Soe Htet ! said...

:D သြဇီ ကျွန်းသခင် စကြာရှင် ရှောင်လင် ကပ္ပိယ ဒေါက်ထက် သဘာပတိ စင်မြင့်တွင် ခေါင်းပေါင်း နှင့် နေရာယူပြီးးး အသင့် :P

JulyDream said...

သြဇီကျွန်းသခင်ဆိုတော့ ပ သ ထားအုံးမှ... ဆစ်ဒနီတို့ မဲလ်ဘုန်းတို့မှာ ကျောင်းလေး ဘာလေး လျှောက်လို့ရအောင်ပေါ့။ ပူဇော်ပါတယ် ပသပါတယ် ကျွန်းသခင်ကြီး ခင်ဗျာ။

စကြာရှင် ဆိုတော့ မုန့်စကြာလား မသိဘူး။ စားလိုက်ရင် ချိုတိုတိုလေးနဲ့ စားကောင်းတယ်လေ။ ကြည့်ရတာ အဲဒီ မုန့်ဆိုင် ပိုင်ရှင် ထင်တယ်။

ရှောင်လင် ဆိုတော့ လင်ရှောင်တာပေါ့။ အင်း... လင်ပဲ ရှောင်နော်... မယားတော့ မရှောင်နဲ့။ စိတ်ဆိုးရင် ဖုန်းထဲကနေ ဂီတာတီးပြီး ချော့နေရမယ်။

ဒေါက်ထက် ဆိုတော့ စီးတဲ့ဖိနပ်က ဒေါက်ချွန်နေတဲ့ သဘောပေါ့။ ဒေါက်တုံးတုံးတွေဆို မထက်ဘူးလေ။ နင်းလိုက်ရင် ထောင်းကြေဒဏ်ရာပဲ ရမှာ။ ဒေါက်ထက် မှ အပေါက်ကျဉ်း ဒဏ်ရာ ရမှာပါ။

ခေါင်းပေါင်းဆိုတာ ကျည်လမ်းကြောင့် ကျနေတုံးက မတော်လို့ ခေါင်း မှန်သွားပုံ။ ခေါင်းမှာ ပတ္တီးစ ခေါင်းပေါင်းကြီးနဲ့ ဆိုတော့... အဟဲ...

ဘာရယ်တော့ မဟုတ်ပါဘူး ကိပ္ပိယကြီးရေ...
ပျော်ပျော်ပါးပါးပေါ့.... ဗျာ။

စတာနော်... အတည်...

Mhaw Sayar said...

ဆိုးနေပါလားဗျ. :P ဟားဟား.