jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၁၃ ) - မကျေပွဲ

Wednesday, June 25, 2008

သိုင်းလောက အပိုင်း ( ၁၃ ) - မကျေပွဲ

လေလွှင့်သိုင်းပညာရှင် နှင့် ပန်းချီဝိဥာဉ်ရွှန်းမီ တို့၏ မကျေပွဲ

နတ်ကလျာနဲ့ ပျားဘုရင်မ ဖလှယ်ပွဲမစခင် လေလွှင့်သိုင်းပညာရှင် ခေးအော့် နဲ့ ပန်းချီဝိဥာဉ်ရွှန်းမီတို့ မကျေပွဲကို ကြားဖြတ် ( Urgent ) ပွဲအစီအစဉ်အဖြစ် ခေါက်ဆွဲစားနေသော ဒိုင်၏ အဆုံးအဖြတ်အဖြစ် ယှဉ်ပြိုင်ရပါတယ်။

လေလွှင့်သိုင်းသမား ခေးအော့်က ညစ်တစ်တစ်နှင့် တစ်ဘက်သတ်အနိုင်ရသည်ဟုစွပ်စွဲခံရသည်က တစ်ကြောင်း၊ တတ်မြောက်ထားသော ပညာများကို မထုတ်သုံးရသေးခင် ပြိုင်ပွဲမှ ဆုတ်ခွာသွားရသူ ရွှန်းမီက တစ်မျိုး ဖြင့် ၂ ဦးသား မကျေပွဲကို ဆက်နွှဲမည်ဖြစ်သည်။ ပထမပွဲက စုတ်သံစုတ်ချက်ပညာဖြင့် ရှုံးနှိမ့်ခဲ့သဖြင့် ယခုပွဲတွင် ပန်းချီဝိဥာဉ်ဆိုသော သူမ၏ ထူးမခြားနားသိုင်းဖြင့် တိုက်ရင် ပြင်ဆင်ထားပြီး ဆန္ဒပြင်းပြလျက်ရှိသည်။

စင်အောက်တွင် သွေးပူလေ့ကျင့်ခန်းလုပ်နေသော ကစားသမား အဲ့... သိုင်းသမား ၂ ယောက်နားသို့ သိုင်းပြိုင်ပွဲကို စပွန်ဆာပေးထားသော ဇီးသခင်ကြီးခေါ် ဇီးကွက်က မိုက်ခရိုဖုန်းကြီးတရမ်းရမ်းကိုင်ကာ အနီးသို့ ချဉ်းကပ်လေသည်။

`` စပွန်ဆာပေးတဲ့ မျက်နှာကြီးနဲ့ တို့နှစ်ယောက်ကို စမ်းလား၊ကိုင်လား လုပ်တော့မယ်ဟဲ့ ´´ ဆိုပြီး ခေးအော့်က ရွှန်းမီကို လက်တို့ပြီးပြောလိုက်သည်။

`` ဟဲ့.......ပလုပ်တုတ်..ချိုးရုပ် ဘာကိုစမ်းမှာလဲ ၊ ဘာကိုကိုင်မှာလဲ ´´ ဆိုပြီး ရွှန်းမီက အလန့်တကြားနဲ့ လက်ကို အသေပိုက်ထားတော့သည်။

`` စမ်းမှာက ပညာပါ၊ ကိုင်မှာတော့ နင့်ဖူဂျီတောင်က ကောက်လာတဲ့ ပန်းချီဆွဲတဲ့ စုတ်သံလေးက အရမ်းလှတယ်ဆိုပဲ၊ ငှဲငှဲ မကြောက်ပါနဲ့ ´´ ဆိုပြီး ၀ါးမြဲဝါးနေပီကေကို ( အချိုကုန်ပြီထင်ရသဖြင့် ) ထွေးထုတ်လိုက်ပြီး၊ နောက်ပီကေအသစ်ကို ထုတ်ဝါးလိုက်သည့် ခေးအော့်။ ကလေးမဆိုတော့ နည်းနည်းရမ်းခြောက်ထားမှ။ ( ဟဟ... သိပ်ပိုင်တဲ့ ငါပါလား... ခေးအော့်ကွ :P )

ဇီးကွက်။ ။ မိန်းမပျိုလေး ရွှန်းမီ ၊ မိန်းကလေး ယှဉ်ပြိုင်သုံးစွဲမယ့် ပန်းချီဝိဥာဉ်သိုင်းအကြောင်းကို ပရိသတ်တွေက အားရီးစိတ်ဝင်စားနေတယ်။ အဲ့သိုင်းအကြောင်းလေး နည်းနည်း အမြည်း... မြည်း.........

စကားပင်မဆုံးလိုက်ရ ...ရွှန်းမီသည် လက်ပိုက်နေရာမှ ရွှီး ..... ဖျတ်... ဖျတ် ...... ကျိ .... ဆိုပြီး ၀ိဥာဉ်အလား လျင်မြန်စွာ ရိပ်ခနဲ ရိပ်ခနဲ လှုပ်ရှားပြီး လက်ပြန်ပိုက်နေသည်။

ရွှန်းမီ။ ။ ဒါ........ အမြီးဘဲ..... အဲ့ မွားလို့...... အမြည်းလို့ပြောတာ.......... ။

ထိုအခါ အားလုံးသော မျက်စိစက္ကူ များသည် ဇီးကွက်ပေါ်သို့ ပြုံကျလာသည်။ ဇီးကွက်ကား သူ့မျက်နှာပေါ်တွင် ပန်းချီဝိဥာဉ် လက်စွမ်းပြထားသော ဂန္ဓ၀င်ပန်းချီတစ်ချက်အလားနှင့် ဇီးရွက်သာသာလောက် ကျန်တော့သောမျက်နှာဖြင့် ခေးအော့်ကိုပင် ဆက်မဗျုးနိုင်တော့ပဲ မိုက်ခရိုဖုန်းကြီးကို လက်နှစ်ဘက်ဖြင့်ကိုင်ကာ ခေါင်းငိုက်စိုက်ပြီး အားကိုးရလိုရငြား ဒေါက်တိုထက်နားသို့ ကပ်သွားပြန်သည်။ ဒေါက်တာကြီးက ခေါက်ဆွဲအစားပင်မပျက်။

ယှဉ်ပြိုင်သူ နှစ်ယောက်လုံးက စင်ပေါ်သို့ ခြေဖော့ပညာသုံးကာ.... ယား......... ယိစ်.... ရိ ....... ဆိုပြီးခုန်တက်သွားသည်။ တစ်ဦးကိုတစ်ဦး စူးရဲစွာ စိုက်ကြည့်နေသည်။ ( အင်း.... ထိုနေရာမှာသာ ယောကျာ်းသားဖြစ်ရင် အဲ့အကြည့်က ရာမ ၁၀ ပြားလောက်စားထားသလို မိန်းမောသွားနိုင်လောက်တယ် ။)

ယှဉ်ပြိုင်ရန်အသင့်အနေအထားဖြစ်နေသည်။ ဒိုင်နှစ်ဦးကား ခေါက်ဆွဲပန်းကန်ကို ဘေးချလိုက်ကာ ဆက်ပင်မစားနိုင်တော့အောင် အာရုံကျနေသည်။

ရွှီး........... ဆိုသောအသံဖြင့် သိုင်းကွက်စခင်းလေတော့သည်။ ပထမပွဲတုန်းကမြေပြင်ကို စုတ်သံဖြင့်ခြစ်မိသောကြောင့် အောက်လမ်းနည်းဟု အထင်လွဲခံရသော ရွှန်းမီမှာ ခုတော့ အပေါ်ပိုင်းကြီးကိုသာ သဲကြီးမဲကြီးဇွတ်ခြစ်နေတော့သည်။ ကြည့်ရတာ စိတ္တဇ ပန်းချီဝိဥာဉ်လား အောက်မေ့ရတယ်။ ဒီလောက်တော့ လေလွှင့်သိုင်းသမား ဘယ်ဖြုံလိုက်လေမလဲ ပီကေကိုပင် ပါးရိုးများညောင်းတောင် အ၀ါးမပြတ်။ ဒီကလေးမကို အချိန်တိုအတွင်း အနိုင်ပိုင်းမှ ဟူသောအကြံဖြင့် ... ကျား............. ယား............... ဖု .........ဟု အော်ပြီး ရှေ.တိုးလိုက်ချိန်တွင် သူမပါးစပ်မှ ပီကေကို ထွေးထုတ်မိလိုက်သလိုဖြစ်သွားကာ ချက်ခြင်းပင် ရွှန်းမီကို တိုက်မယ့် အကွက်မှ ပီကေကို ပြန်လိုက်ယူသော အကွက်သို့ပြောင်းသွားလေသည်။ ကံအားငယ်စွာ ပီကေမှာ ရှေ.သို့တက်ရင်ခြေလှမ်းပြင်နေသော ရွှန်းမီ ခြေထောက်အောက်တို့ ကွက်တိပင်ရောက်သွားပြီး ..... ပိ....ခနဲ ပြားသွားသည်။ ဘုတ်........ ဆိုတဲ့ အသံနဲ့ ခေးအော့်မှာလည်း ရွှန်းမီခြေရင်းရှေ.မှောက်လဲကျသွားပြီး ပိပြားနေသော ပီကေကို နှမြောတသသကြည့်နေရင်း ဒေါသအလိပ်လိုက် အဆိုင်လိုက်တက်ကာ မျက်လုံးများ နီရဲလာပြီး ပါဝါမှာ အထွဋ်အထပ်သို့ရောက်သွားသည်။

ရွှန်းမီမှာ ကလေးပီပီ ကြောက်လန့်တကြား နောက်သို့ တုန်တုန်ဆုတ်၊ ဟိုက ရှေ.သို့ ဆက်ကာဆက်ကာတက်၊ မကျေနပ်ပွဲကား အရှိန်တက်လာပေပြီ။ ရွှန်းမီအဖို့ နိုင်ချေ မျှော်လင့်ချက်ရောင်ခြည်က ခြည်မျှင်တန်းမျှပင်မရှိ။ ယိစ်..... ရား............ ခွပ်......... ဆိုပီး လေလွှင့်ဓါးသိုင်းရဲ. ဘူကွက်ထုတ်သုံးလိုက်ရာ ရွှန်းမီ၏ စုတ်သံမှာ အမွှေးများဖွာခနဲ ဖြစ်ပြီး သူမရဲ. ခေါင်းပေါ်မှာ ပြန့်ကျဲကုန်သည်။ ကံဆိုးရှာသော ရွှန်းမီမှာ ခေးအော့်ဝါးသော ပီကေကိုမှ သွားနင်းမိသကိုး။ ဖြစ်ဘူး အခြေအနေမဟန်ဘူးကွ အသားမနာခင် လှစ်မှ ဒီပုံစံဆို ငါနိုင်ဖို့ မလွယ်ဘူး။

`` ခေးအော့်........ ဒီမှာရော့......... နင့် ပီကေ ´´ ဆိုပြီး ပီကေကို ခေးအော့်လက်ထဲ ထည့်ပီး လူအုပ်ကြား ၀င်ရောက်ကိုယ်ယောင်ဖျောက်လိုက်သည်။

လေလွှင့်သိုင်းသမားခေးအော့်မှာကား နိုင်သော်လည်းမပျော်နိုင်ပဲ လက်ထဲမှ ညစ်ပေ၊ ပိပြားနေသော ပီကေကို နှမြောသတတ ဖြင့် ဗိုက်နာသလိုလို၊ ဗိုက်ရစ်သလိုလို၊ ရှူးရှူးချင်သလိုလိုမျက်နှာပေးမျိုစုံဖြင့် အော်စကာရှော့ပုံစံဖြင့် မကျေပွဲကို အနိုင်ရလိုက်လေသည်။ ( ဒီတစ်ခါတော့ ညစ်တစ်တစ် အနိုင်ကွက်ဖမ်းတာမဟုတ်လောက်ပါဘူးနော်။)

......................................

( ချိတ်ဆိုးရဘူနော်။ လွန်တာရှိ ၀န္ဒာမိ။ အပျော်သဘောနဲ့ စတာ ၊ မလင်းပြောသလိုပါပဲ ၊ ဇီးကွက်ရဲ. လမ်းညွှန်မှု. ၉၀% နဲ့ ကိုယ့်ဟာကို စာစီတာ :P )

နတ်ကလျာနှင်းပွင့်ဖြူလေး

..............................................

အယ်ဒီတာ လုပ်ရတာလဲ မလွယ်ပါလားနော်.. မျက်စိညောင်း ၊ လက်ညောင်း ၊ စိတ်ညောင်း၊ အကုန်ညောင်းလိုက်တာ.... အက်ဒစ် လုပ်လို့ယဲ ရ၀ူး။ ဆင်ဆာ ဖြတ်လို့ယဲ ရ၀ူး။ စာရေးဆရာတွေကိုလည်း မရေးပေးမှာ စိုးလို့ တောင်းပန်ရတယ်။ ခုလဲ တောင်းပန်ပါတယ်။ တောင်းတင်မကဘူး စကောပါ ပန်ပါတယ်...ရေးပေးကြပါနော်... မရေးရင် မလင်းက အိပ်ရေးပျက် အလုပ်ပျက်ခံပြီး ရေးခိုင်းခံရဦးမယ်..ဌက်ဌက်.. ( မလင်းက သူ့ မူပိုင် ရယ်သံတဲ့။ ပေါ်တင် ခိုးသုံးလိုက်ဦးမယ် ) :P

ဒါနဲ့ ခေးအော့စ်က ပီကေထိရင် သွေးသောက် ညီအစ်မလည်း မညှာပါလားနော်... :P

4 comments:

ရွှန်းမီ said...

ဟိ.. ရယ်ရတယ် မနှင်းလေး ..

လင်း said...
This comment has been removed by the author.
လင်း said...

အယ်ဒီတာအကွက်သိစေရန်မှာ
ကျွနုပ်သည် သိုင်းလောကမှ ခွင့်ယူထားသောကြောင့်
ရေးပေးလိမ့်မည်မဟုတ်ပါ ။ ကိုယ့်ဇတ်ကိုနိုင်အောင်
သာကပါရန် ( ငှက်ငှက်ငှက်

ရွှန်းမီ said...

=)
မလင်းက မရေးဘူး ကြုံးဝါးပြီး အားရပါးရ ရေးနေတာ ကြာလှပြီ ..
မထူးပါဘူး.. ဆက်ရေးပါ..
အားပေးတယ်..
:-)