ဗိုလ်မုတ်သုန်နှင့် ပျားဘုရင်မ
သိုင်းပညာရှင်များသည် တစ်ဦးနှင့်တစ်ဦး အဝေးမှ ကြည့်ရုံနှင့် လမ်းလျှောက်ပုံ ကိုယ်နေကိုယ်ဟန်တို့ ကို မူတည်၍ အတွင်းအား စွမ်းအင် မည်မျှရှိသည်ကို ခန့်မှန်းနိုင်သည် ဖြစ်ရာ အတွင်းသိ အစင်းသိဖြစ်နေပြီ ဖြစ်သော ဤသိုင်းသမားနှစ်ဦးမှာ မူကား အထူးတလည် အကဲခတ်ရန်မလိုအပ်ဘဲရှိနေသည်။
အရှေ့ ဖက်ကမ်း
အနောက်ဖက်ကမ်း
သင်္ဘောဆိပ်
ဘူတာရုံ
အိမ်သာ
ရေသန့် ဆေးပြား
အိုဘာတဲ့တုန်း ဒီသိုင်းသမား နှစ်ယောက်ရဲ့ နှုတ်ဆက်ပုံကလဲ အဆန်းသားနော်
`ခွေးရိုက်တုတ်ရာ နင်ကငါ့ငယ်နိုင်ပါ ပုံးထဲမှာထည့်ပြီးသား အစွမ်းထုတ်ပြနေမနေနဲ့တော့ ဒီထက်ပို အရှက်မကွဲအောင် စောစောစီးစီးသာ အရှုံးပေးလိုက်`
`တတ်သည့်ပညာမနေသာတဲ့ မဟန်နီရဲ့  အစ်မလည်းပျားဘုရင်မ ကျွန်တော်လည်း ခွေးရိုက်သိုင်းပညာရှင် ရှောင်လင်ကွင်းပြင်မှာ တွေ့ကြပြီပေါ့ဗျာ လွယ်လွယ်နဲ့တော့ ကျွန်တော့်ကို နိုင်မယ်လို့ မတွက်လေနဲ့မှားသွားမယ် မှားသွားမယ်´
`လေမကျယ်စမ်းပါနဲ့ ခွေးရိုက်တုတ်ရာ မင်းအတွင်းအားမပြောနဲ့ နင့်ခွေးရိုက်တုတ်တောင် ဘယ်မှာ အားပြည့်လို့ တုန်း`
ခွေးရိုက်သိုင်းပညာရှင် ဗိုလ်မုတ်သုန်သည် ပျားဘုရင်မ စကားကို လစ်လျှူရှုလျက် အာရုံထဲတွင် ပျားဘုရင်မကို သူ့သားကောင်အဖြစ် အသွင်ပြောင်းနေသော်လည်း အမြင်အာရုံလှည့်ဖျားတတ်သော ကျင့်စဉ်ကို လောလောလတ်လတ်အောင်မြင်ထားသော သူ့၏ပျားစံအိမ်ကိုပင် မျက်စိလည်အောင် ဖွက်ထားနိုင်သည့် ပျားဘုရင်မ၏ တန်ပြန်ထိုးနှက်ချက်ကြောင့် ပျားဘုရင်မကို သားကောင် အဖြစ်ပြောင်းဖို့ နေနေသာသာ အင်ဂျလီနာဂျိုလီ ဖြစ်လိုက် ဂျက်ဆီကာအယ်လ်ဘာဖြစ်လိုက် အမြင်အာရုံေ၀၀ါးကာ အခက်တွေ့နေလေသည်။
ထို့ နောက်တွင်တော့ ခွေးရိုက်သိုင်းပညာရှင်မုတ်သုန်သည် အော်သံတချက်ပေး မာန်သွင်းကာ အတွင်းအားများ စုစည်းလျက် အနိုင်အရှုံးက အဓိက မဟုတ်ဘူး ဒါပညာဖလှယ်နေတာဟု ကိုယ့်ကိုအားပေးကာ ( ရှုံးမှာသေချာနေတာကိုး ) သူ့လက်စွဲတော်တုတ်နှင့် သိုင်းရေးပြလျက် ပျားဘုရင်မထံချည်းကပ်လေတော့သည်။
ပျားဘုရင်မက ခါးမှ ခါးစည်းကိုဖြုတ်ယူပြီး ဗိုလ်မုတ်သုန်၏ လက်ကိုင်တုတ်ကို ဆွဲယူက လွှင့်ပစ်လိုက်တော့သည်။ လက်မြန်ခြေမြန် အလွန်ရှိသော ဗိုလ်မုတ်သုန်က လက်ဝါးစောင်းသိုင်းဖြင့် ပျားဘုရင်မကို တိုက်ကွက်ဆင်လေရာ သူ့ လက်ဝါးစောင်း မှာ အလွန်ပြင်းထန်သဖြင့် ဒီတချီတွက် ပျားဘုရင်မ မခံနိုင်တော့ဟု သူဝမ်းသာစွာတွေးလိုက် မိသော်လည်း သွားပြီ သူနောက်ကျသွားခဲ့ပြီ ။ ပျားဘုရင်မ၏ နေစင်္ကြာ သိုင်းကျင့်စဉ်အတွင်းအားကြောင့် သူ့လက်များ မခံမရပ်နိုင်အောင် နာကျင်လျက် လက်တခုလုံး မရှိတော့ သယောင်ခံစားလျက် က လဲကျသွားခဲ့တော့သည်။
ပျားဘုရင်မ၏ ပျားတပ်သားများက ခွေးရိုက်သိုင်းပညာရှင် မုတ်သုန်၏ ကိုယ်ပေါ်တွင် အောင်ပွဲခံနေရာယူလိုက်ချိန်တွင်တော့ ပျားဘုရင်မက ခနဲ့ တဲ့တဲ့ မျက်နှာ ဖြင့် မုတ်သုန်ကိုစိုက်ကြည့်ရင်း
`ငါ့ ကဗျာဓါးတောင် တချက်မကစားလိုက်ရ
ပုဝါရစ်သိုင်းနဲ့ တင် နင့်လက်နက်တွေပြုတ်ပျက်ကျလို့ 
အို တေလေ မုတ်သုန်ရယ် နင်ဟာ အလကားပါလား` ဟု လက်တန်းကဗျာစပ်ခါ ထွက်သွားခဲ့လေပြီ။
အရှုံးသမား ခွေးရိုက်သိုင်းပညာရှင် မုတ်သုန်တစ်ယောက် ကုတ်ခြောင်းခြောင်းနှင့်ထကာ ပွဲဦးထွက် အရှုံးသမား အလွမ်းဘုရင်မ လင်းနားသွားပြီး အစ်မတော် တစ်ရှုးတစ်ရွက်လောက် ဟုတောင်းကာ ငိုခြင်းချနေလေတော့သည်။
**********************
လင်း
**********************
စနေနေ့ မဟုတ်လည်း နင် နိုင်ပါတယ်တဲ့ ... ဟုတ်သားပဲ..
ဟီး မုတ်သုန်တော့ အခြေအနေ မကောင်းပါဘူးဆိုပြီး ခွင့်လာတိုင်ခါမှ ရှုံးရော..


3 comments:
:D သိုင်း က မချ ရသေးဘူး အဖြေပေါ်နေတယ် ပြန်ချ ခိုင်းမှပဲ :P
ဟီး ... ကောင်းလိုက်တာ..
အစောကြီးကတည်းက အရှုံးပေးချင်နေတာ...
ပြောထားတယ်မဟုတ်လား..
တေလေ မုတ်သုန်က မကြောက်မလန့် ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာပါတတ်တယ်ဆိုပေမယ့်
ကဗျာသိုင်းမေ ပျားရည်ဟန်နီတော့ ကြောက်ရတယ်လေ..
သိုင်းစဉ်ကလည်းကြီးသေသကိုး...
အရှုံးပေးလိုက်တာသိလား....
နှလုံးအေးအောင်လေ... :)
:D ဗိုလ်မုတ် အတော်ညံ့ တာပဲ။
ပျားဘုရင်မကို ခွေးရိုက်တုတ် မီးရှို့ ပျားဖွတ်သိုင်းနဲ့
ဆော်လိုက်ရတယ်။ ဘုရင်မကော ပျားအုပ်ပါ
တာ့တာ့ပြ သွားမှာ အသေအချာ ဟီးးးးးးးးးး
ဟီးးးးးးးးး နောက်တာခါ ထုတ်သုံး
နာပြောတယ်လို့ပြောနဲ့။
Post a Comment