jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၆ )

Sunday, June 22, 2008

သိုင်းလောက အပိုင်း ( ၆ )



(၁)
ဝှစ်... ၀ှစ်... ၀ှစ်... ၀ှစ်..
လှစ်.. လှစ်... လှစ်.. လှစ်..
ဲမြတ်စွာဘုရား...။
ဘာကြီးပါတုန်း...။
လမ်းထဲကို အတည်းလာထိုးထည့်ပြီး ပြေးထွက်သွားတဲ့ မည်းမည်းအကောင်တစ်ကောင်...။
လက်ကိုဖြန့်ကြည့်လိုက်တော့ စက္ကူ လေယာဉ်ပျံတစ်ခု။
ဟာ ဒုက္ခပါပဲ တောထဲနေတယ်ဆိုပေမယ့် အခင်းကြီးသွားတိုင်း စက္ကူသုံးတတ်တာ ဘယ်လိုသိပါလိမ့်...
ဒီနေ့မှ ပါမလာတာ ။တစ်ရက်လေးမပါလာတာတောင် သိနေပါရောလား။ ခက်တာက ပြန်ဖြေရမှာ..
ပေးမယ့်ပေး အသင့်သုံးလို့ရအောင်ပေးတာမဟုတ်ဘူး...
စက္ကူခေါက်ဖြည်လိုက်တော့ ..ပျူစာလိုလို၊ မွန်စာလိုလို၊ ရှမ်းစာမဟုတ်တာတော့ သေချာတယ်။
(ဘာစာမှမဟုတ်တဲ့ ဇီးကွက်ကြီး လက်မှတ်နဲ့ပါလား... )

တစ်နေ့တစ်၌ ကျွန်ုပ်ဇီးကွက်သည် ပျင်းပျင်းရှိသည်နှင့် သိုင်းပြိုင်ပွဲ ကျင်းပရန် စိတ်ကူးမိလေ၏။
............................
............................

သိုင်းပြိုင်ပွဲကို လာရောက်ဖို့ ဖိတ်ခေါ်ပါသတဲ့။
အော် ဒါကြောင့်ကိုး ။ စောစောက မြင်လိုက်ရတဲ့ မည်းမည်းကြီးက ဇီးကွက်ကြီး ကိုး။
သူ့ခဗျာ နေ့ထွက်မရတော့ နေ့တွက်လေးကိုက်အောင် ကိုယ်တိုင်ပဲ အမောတကော လာပေးသွားရရှာတာကိုး။
သိုင်းလောကနဲ့ အဆက်ပြတ်နေတာလည်း ကြာပြီဆိုတော့ လက်နက်ပုန်းအစား စက္ကူတွေတောင်သုံးနေရပါရောလား။
(ခေတ်ကာလကလည်း ရှားပါးတဲ့ခေတ်ဆိုတော့ သုံးစွဲပုံတွေလည်း ပြောင်းကြတော့မပေါ့နော်)
လာပေးတဲ့စက္ကူလေးကို တယုတယနဲ့ပဲသုံးစွဲရင်း မေ့သွားတဲ့သိုင်းကွက်တွေတောင် ပြန်စဉ်းစားမိတယ်။
(လက်ကအောက်ကိုလျိုထားလား၊ အပေါ်ကသွားတာလား ဆိုတာတွေပါ... )
နေပါဦး ငါကိုလာဖိတ်ရအောင် ငါအကြောင်းဘာတွေသိထားလို့လဲမသိဘူုး။
ဟိုစပ် ဒီစပ်စပ် ဘာမှမတတ်တဲ့ လူတစ်ယောက်ကို ခွေးရိုက်တုတ်ပေးထားတဲ့လူတွေကို ပြန်သတိရတယ်။


(၂)
သိုင်းလောကထဲ မပါဝင်ချင်တော့လို့ တောထဲမှာ ကျားကိုက်ရင်ကိုက်ပစေ ဆိုပြီး နေပါတယ်... စာကလေးမဟုတ်တဲ့ ဇီးကွက်ကြီး ကြောင့်ပြန်ပါရတော့မယ်။ ခက်ပါဘိ။ ခက်ပါဘိ။
(အမှန်တော့ ဘယ်သူလာ ခေါ်မလဲလို့စောင့်နေတာ )
ဟော ရှေ့ဆိုရောက်ပါပြီဗျာ။ သိုင်းပြိုင်ကျင်းပမယ့် ဇီးကွက်စံအိမ်။
ဇီးကွက်ဆိုတာလည်း နယ်နယ်ရရတော့ မဟုတ်ချေဘူး။
ဇီးမျိုးနွယ်တွေရဲ့ ဂုဏ်ကို သူ့လက်ထက်မှာ အပြောင်မြောက်ဆုံးမြင့်နေပေးနိုင်ခဲ့တဲ့ ဇီးမျိုးဆက်သစ်၊ ဇီးသခင်ကြီးပေါ့လေ။
ဝုန်း ခနဲဘေးလာရပ်ရင်း

''ဘက်ထရီကုန်တော့မယ်နော်"
"ဟာ.... ကဗျာသိုင်းမယ် ပျားရည်ဟန်နီပါလားဗျ''
ပြောလည်း ပြောမရှိတဲ့ ခေါင်းမွှေးတွေလည်းထောင်သွားတယ်။
"ငှဲ ငှဲ ငှဲ ဇီးသန့်ဆီ သွားမလို့မဟုတ်လား''
''ဟုတ်... ဟုတ်ကဲ့''
အသံတောင် ထစ်တယ်။ သိုင်းလောကမှာ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ တေလေ လုပ်နေတာဆိုပေမယ့်
နာမည်ပေး ကင်ပွန်းတပ်ကျော်ကြားလှတဲ့ ကဗျာသိုင်းမေ ပျားရည်ဟန်နီကိုတော့ ကြောက်ရတယ်။
သိုင်းစဉ်လေး သုံးခုလောက်ကြီးတာနဲ့ပဲ မင်းက ငယ်သေးတယ်ဆိုတာကြီးပြောတတ်တော့။
တေလေမုတ်သုန် ချစ်ကြောက်ရိုသေရတဲ့အထဲ သူလည်းပါတယ်။မဟုတ်ရင် ကဗျာဓားသွားအောက်မှာ ပြားပြားဝပ်သွားနိုင်တယ်။ ဒန့် တန့်တံ။

''အတူသွားရအောင်လေ''
ရွေးစရာလမ်းကမရှိတော့။ ဇီးကွက်စံအိမ်ကို သွားဖို့က အသွားတစ်လမ်း အပြန်တလမ်းမရှိတာခက်တယ်။
ဇီးကွက်စံအိမ်ရောက်တော့ ကြိုမယ့်သူမရှိ၊ ဘာမရှိ။ စင်ကလည်း ဦးရှင်ကြီးတင် တဲ့စင်လိုလို။
စောင်းတီးပြီသာ ကပြလိုက်ချင်တော့တယ်။ မုန့်ဆန်းမစားရတာ ကလည်းကြာပြီ။ တောထဲ ငှက်ပျောသီးတော့ပေါပါတယ်။
ဟိုဟိုဒီဒီနဲ့ အစေခံမလေးတွေကို ငမ်းနေတုန်း အစေခံအဘိုးကြီးထွက်လာပြီး...
"သခင်ကြီး သိုင်းပြိုင်ပွဲသွားနေတယ်''
''အဲ သူ့အိမ်မှာ လုပ်မှာ မဟုတ်ဘူးလား''
''မဟုတ်ဘူး ရှောင်လင်ကျောင်းမှာ''
ကဗျာသိုင်းမယ် ပျားရည်ဟန်နီကိုကြည့်လိုက်တော့ သူမဟုတ်သလို လေတောင်ချွန်နေသေးတယ်။ ဒီလမ်း သူဦးဆောင်လာတာ။
''မဟုတ်ရင်လည်း ပြိုင်ပွဲလုပ်မယ့်နေရာသွားတာပေါ့ ''
အဲတာပဲ။ ကဗျာသိုင်းမယ် ပျားရည်ဟန်နီက ခပ်တည်တည် လုပ်တတ်တယ်။
ရှောင်လင်ကျောင်းရှေ့ရောက်တော့ ရှောင်လင်ကျောင်းတော်ဆိုတဲ့ စာသားကို အဖြူရောင်ပေါ် အဖြူခံပြီးရေးထားတယ် ။
''အော်... အဖြူရောင် ဂိုဏ်းသားတွေ ဆိုတော့လည်း အဖြူရောင်ကြိုက် ကြမပေါ့''
အထဲရောက်သွားတော့ လူတွေတောင်အတော်စုံနေပြီ။
ဖိတ်ထားတဲ့အထဲ ပန်းချီ သိုင်းသမား ရွှန်းမီ ၊အော်မေဂိုဏ်းမှ ခေးအော့စ်၊တစ်ကိုယ်တော် မိုးချစ်သူ တို့ပဲမရောက်သေးတာ။
ကဗျာသိုင်းမယ် ပျားရည်ဟန်နီက ရောက် ရောက်ချင်းပဲ သူရဲ့ကိုယ်ပိုင်တံဆိပ် ရစ်သိုင်းကို ထုတ်ကြွားတော့တယ်။
ဇီးကွက်ကြီးလဲ ပျာပျာသလဲရောက်လာရင်း...
''အော် တေလေမုတ်သုန်လည်း ပါလာသကိုး''
''ဟဲ ဟဲ ဇီးသခင်ကြီးကဖိတ်တော့လည်း လာရတာပေါလေ... သိတယ်မလား သိုင်းလောကဆိုတာ... ဆိုတာ ''
ကြည့်လိုက်တော့ ဇီးကွက်ကြီးကမရှိတော့။ အဲတာနဲ့ပဲ ဘေးမှာ ရစ်သိုင်းထပ်ပြဖို့ ကြိုးစားနေတဲ့ ကဗျာသိုင်းမယ်ကို မေးကြည့်တယ်။
''ကျနော့နေရာဘယ်မှာလဲ မသိဘူး"
" အမတို့နားမှာ ထင်တယ် "
''ခင်ဗျာ''
သွားပြီ။ တကယ်ကိုသွားပြီ။ ကျားတွေကို အကိုင်အတွယ်ကျွမ်းတဲ့ အဲလေ... ပျားတွေကို အကိုင်အတွယ်ကျွမ်းတဲ့သူ့နားနေရရင် လူတွေကတော့ တေလမုတ်သုန် တစ်ယောက် မပြိုင်ခင်ကရှုံးနေပြီလို့ ထင်တော့မယ်။ ဒုတ်ခပါပဲ ။ထင်လည်း မတတ်နိုင်တော့ပါ။
သူ့နားထိုင်ရင် ပျားသလက်တောင်းစားလို့ရတယ်။ ကံကောင်းရင် အရောင်ဆွတ်ထားတဲ့ ကော်ဖီရည်ကျဲနဲ့ သူနေတဲ့ကျွန်းဇုတ်က၀ယ်လာတဲ့ ခေါက်ဆွဲခြောက်ထုတ်တွေ တောင်းစားလို့ရသေးတာပဲ။ ဒီရောက်မှ ၀ယ်ထားတာဆိုရင်တော့ လေဘေးခေါက်ဆွဲတွေပဲနေမှာ။
''မင်း လွတ်မြောက်သင့်ပြီ ... ငါဆို .....''
စပြီ။ ရစ်သိုင်းတွေ စပြီ။ သူ့ရှေ့မှာ အတွင်းဒဏ်ရာလေးပြမိပါတယ်။ ညံ့တယ်ဆိုတာ ပြောလို့ကိုမဆုံးတော့ဘူး။
ဒါတောင် ရောကျိတ်ထားရတာ။ အသစ်ရထားတဲ့ ဒဏ်ရာတွေများထုတ်ပြမိရင် ခက်ရချည်သေးရဲ့။
ရစ်လိုရာ ရစ်ပါစေတော့လေ။ ဟိုဖက်ခြမ်းမှာထိုင်နေတဲ့ သိုင်းမယ်လေးတွေပဲ ငမ်းတော့မယ်။


(၃)
''ဟာ နတ်ကလျာ နှင်းပွင့်မယ်တော်ပါလား။ သူလည်း သိုင်းပြိုင်ပွဲဝင် ပြိုင်တာပါလား''
အဲတာဆို ၀မ်းသာစရာပဲ။ သူက ငုံးဥဆို သိပ်ကြိုက်တာ။ တောထဲမရောက်ခင်တုန်းကဆို သူ့စံအိမ်သွားသွားပြီး ငုံးဥရောင်းရင်း သူလေ့ကျင်နေတဲ့ သိုင်းတွေ သွားအကဲခတ်နေကျ။ သူ့သိုင်းကွက် တော့ရင်ဆိုင်နိုင်တယ်။
အံမာ သူက တေလေမုတ်သုန် လက်ထဲကိုင်ထားတဲ့ တုတ်ကို လှမ်းကြည့်နေသေးတယ်။ လူကိုကျမကြည့်ဘူး။
''ဘုရားရေ ....''
တုတ်က အရောင်အဆင်းတွေ ဘယ်ရောက်ကုန် ပါလိမ့်။ ဟာ သိပြီ ။ တရားခံက ညက မီးမှမလာပဲကိုး။ အရင်က မီးလာရင် တုတ်ထဲက ဓာတ်ခဲအားသွင်းနေကျ။ အခုတော့ မီးမလာတော့ အားကကုန်ပြီ။ မီးလင်းရင် စိမ်းဖန့်ဖန့်အရောင်ထွက်တဲ့ တုတ်က အခုတော့ညစ်ထေးနေရပြီ။ ရှိစုမဲ့စုသိက္ခာတော့ ကျပါပြီ။ တတ်ကလည်း ရာဇ၀င်နဲ့။ တောတဲတောင်ထဲနေရတော့ တုတ်ဆိုတာ လိုအပ်တယ်လေ။
တုတ်ရထားပုံက ဒီလို။ တောတဲကဂူကိုပြန်ရင် ညနက်တော့ အမည်းရောင်သိုင်းသမားတွေဖြစ်တဲ့ ခွေးတွေကပူ။ အကောင်တွေက ရှုပ်နဲ့။ အခုလိုမိုးတွင်းဆို တုတ်ရှိမှအဆင်ပြေတာ။ တုတ်ဆောင်ထားမှ အမည်းရောင်သိုင်းသမား တွေကိုလည်း ခုခံကာကွယ်လို့ရမှာလေ။ အခုတော့ အမည်းရောင်သိုင်းသမား တော်တော်များမျာက ကိုယ်နဲ့အဆင်ပြေနေပြီ။ အပြန်ဆို သူတို့အတွက် မုန့်ဝယ်သွားတော့။ မြင်ကြည့်ကြလေ။ တေလေမုတ်သုန်ရဲ့ပုံစံကို ။ ခွေးတွေက မုန့်ကျွေးထားတော့ ကိုယ့်ဘေးနားမှာ ၀ိုင်းကြီးပတ်လည် တသီကြီးလိုက်လာတာ။
အိမ်ရှေ့မင်း မြင်းတွေနဲ့ တောကစားထွက်လာတဲ့အတိုင်းပဲ (နီကိုရဲဆီက ယူသုံးတာ)။ တခြား အမည်းရောင်သိုင်းသမားတွေ ရှိနေသေးတော့ တုတ်က သွားလေရာ တကိုင်ကိုင်ဖြစ်နေရတာ။ တုတ်သိုင်းကလည်း အထွတ်အထိပ်ရောက်နေတော့ တုတ်ကိုစွန့်လို့မရဘူး။ အဲတုတ်တောင် ယပလက်မှာ ဘီယာသောက်နေတဲ့ ကြောင်ဆရာ(khunmgmyo.blogspot.com)ဆီက အကြွေးနဲသိမ်းလာတာ။ စွန့်ပစ်လို့မဖြစ်ဘူး။
နှင်းပွင့်နတ်ကလျာရဲ့ဘေးမှာ ဘယ်သူများပါလိမ့်။ သိပြီဗျာ။ သိပြီ။ အမှတ်တရ များစွာသို့ဆိုပြီ အလွမ်းဆိုတဲ့ စာသားကပ်ထားတဲ့ ပုလင်းလွတ်ကြီးကိုင်ထားတဲ့ မှိန်ဖျော့မှုန်ရီ အလွမ်းသိုင်းမယ်လင်းပါလား။ သူ့အကြောင်းလည်း မှတ်မိသေးတယ်။ မျက်စိဆေးရုံက မျက်မမြင်တွေဆီသွားပြီး သူတို့ရဲ့မျက်လုံးတွေက လွမ်းငွေ့တွေဖွဲ့နေတာ ကျွန်မအတိုင်းပဲဆိုပြီး အဲလူတွေနဲ့အပြိုင် စမ်းစမ်းနဲ့ အလွမ်းသိုင်းတွေ သင်ခဲ့တဲ့ သိုင်းမယ်ပေါ့။ အခုတော့ မျက်ရည်လေး စမ်းစမ်းနဲ့ အလွမ်းအတွင်းအားတွေ စုနေပုံပဲ။ မဖြစ်ချေဖူး။ အကြည့်တွေလွှဲထားဦးမှ။ တော်ကြာ ကိုယ့်ရှေ့လာပြီး လှမ်းပြကမ်းလင့်နေရင်( ပြိုင်လွမ်းဖို့ပြောတာရယ်ပါ) ခက်ပြီ။ အရှိန်တွေများပြီး နှပ်တွေထွက်လာရင် (မျက်ရည်တွေကကုန်လောက်ပြီ) ပေးစရာ တစ်ရှုးလည်းမရှိဘူး။ တခြားဖက်မျက်နှာလွှဲနေမှ။
အလွမ်းသိုင်းမယ် လင်းကိုတော့ သိပ်မှုစရာမလို။ ခံစားချက်တွေပြင်လွန်းတဲ့ အော်မေဂိုဏ်းထွက်( အော်ရင်မေ့တတ်လို့) ဘွားဘွားမေ (emotionalcorner.lanolay.com)ဆီကသင်ထားတာတွေရှိတယ်။
အလို ဇူလိုင်လကမက်တဲ့ အိမ်မက်င်္ကြီးကို တသသ လုပ်ရင်း ဂျာနယ်ဖတ်နေသောဇူလိုင်သိုင်းသမား ကြီးလည်းရောက်နေသကိုး။ I am just an ordinary man who sounds interesting in humanity. ဆိုတဲ့ဗင်းနိုင်းစကြီးကလည်း သူ့နောက်မှ ချိတ်ထားသေး။ သူကိုယ်သူ ဟိတ်ဟန်တခွဲနဲ့။ မပြောလိုက်ချင်ပါဘူး။ တစ်ခါတုန်းများ ပီမိုးနင်းရေးတဲ့ အပျိုလမ်းညွှန် အဲလေ လူပျိုလမ်းညွှန်ဆိုတဲ့စာအုပ်လာရှာတာ ရှာမပေးရကောင်းလားဆိုပြီး စိတ်ကောက်သွားတဲ့သိုင်းလုလင်ပေါ့။ အခုလည်း ဂျာနယ်ဖတ်ချင်ယောင်ဆောင်ပြီး လမ်းရောက်မှ ၀ယ်လာခဲ့တဲ့ mp4 ထဲ ဘာတွေ ထည့်ကြည့်နေလဲမသိဘူး။ သရေတွေလည်းကျလို့။

ဒီအတိုင်းဆိုရင်တော့ ပြိုင်ပွဲဝင်ဖို့ရောက်နေကြတဲ့အထဲမှ တစ်ယောက်မှခေသူမပါပါလား။

တော်ပါသေးရဲ့ ခွေးရိုက်တုတ်သိုင်း အဆင့်ကိုး ကို မလာခင်ကတင် ကျင့်ထားပေလို့။ ရောက်နေတဲ့ ပြိုင်ဖက်တွေကို အကဲခတ်ပြီးတော့ ကွမ်းတစ်ရာလောက်ထုတ်စားဖို့အတွက် အိတ်ထဲနှိုက်လိုက်တော့ ။ ဂုံနီအိတ်တွေ ဘယ်ရောက်ကုန်ပါလိမ့်။

တရားခံတွေ့ပြီ။ခွေးရိုက်တုတ်ရထားတဲ့ တေလေမုတ်သုန်အတွက် အဆောင်ဟောင်းအဖြစ် သိုင်းလောကသားတွေ ရှိစုမဲ့စုလေးရှာပေးထားတဲ့ ဂုံနီအိတ် ကိုးလုံးကို ဒေးဒရဲဖက်ကရွာတွေမှာ တာပေါင်ဖို့ဖို့ လိုနေတယ်ဆိုပြီး ကဗျာသိုင်းမယ် ပျားရည်ဟန်နီ ဖြုတ်ယူပြီး အလှူထည့်လိုက်တာလေ။ နောက်တော့ ပြန်ရှာပေးမယ်ဆိုပြီ အခုတော့ မသိချင်ယောင်ဆောင်နေပြီ။ သွားပြီ။ ဂုံနီအိတ်ထဲ ထည့်ထားတဲ့ ကွမ်းယာတွေလည်းပါသွားပြီ။ ပြိုင်မယ့်သူတွေ အကဲခတ်ပြီးပြီဆိုတော့ ဒိုင်တွေဖက်လှည့်ရမယ်။ သူတို့ကလည်းအရေးကြီးတယ်။


(၄)
ဟိုက်ရှားပါး
တစ်ကိုယ်လုံး ပတ်တီးအဖြူတွေ စီးရင်း မျက်နှာပေါ် မျက်မှန်လေးသာ တင်ထားနိုင်တဲ့ သူကဘယ်သူတုန်းဟ။
သူ့မျက်မှန်၊ ကိုယ့်မျက်မှန် ဘယ်သူ့မျက်မှန် ပါဝါပိုများသလဲ အကဲစမ်းရင်း။
ဟာ ဒေါက်တိုကြီးပဲဟ အဲလေ ဒေါက်တာကြီးပဲဟ။
ဒါဆိုရင်တော့ အခြေအနေကောင်းသွားပြီ။ သူဘုန်းကြီင်္းကျောင်းက ခွေးတွေ တေလေမုတ်သုန်ဆီ အကုန်ရောက်နေတော့ သူတို့ဆရာဘာကြိုက်တတ်သလဲဆိုတာ လွယ်ကူသွားပြီ။ ဒီလူကြီးကို သတိတော့ထားရမယ်။ ဘဲ ကြီးက အပြာရောင်ချဲလ်ဆီးဆိုတော့ ငါ အားပေးနေတဲ့ သရဲနီတွေကို မျက်မုန်းကျိုးနေမှာပဲ။ အကြောင်းတော့ မရှိပါဘူးလေ။ သူ့ရဲ့အပြာရောင် ချဲလ်ဆီးဆီကို စကိုလာရီဆိုတဲ့ ငနဲရောက်တော့မယ်ဆိုတော့ ၀မ်းသာလုံးဆို့နေရောပေါ့။ အခုတော့ ဘာအမူအရာမှမပြနိုင်ရှာဖူး။

ဒီမိုးဒီလေဒီလူတွေဆိုပြီးအပြောကြီးကြတဲ့ ဒီမိုအရေခြုံ အနက်ရောင်သိုင်းသမားတွေ ရဲ့စုပေါင်းတိုက်ကွက်ကို
အတွင်းသူလျိုကြောင့် အငိုက်မိခံလိုက်ရတယ်။ အခုတော့ သိုင်းပြိုင်ပွဲ အကဲဖြတ်မယ်ဆိုတော့ စိတ်ချရပြီ။

ဟော... နောက်တစ်ယောက်။
ရေခဲတောင်က သိုင်းမယ်တော်ကြီးပါလား။ သူ့တော့ ကြောက်ရတယ်။ သူ့ခေါင်းမှာထိုးထားတဲ့ ဆံထိုး ( ဟန်ပြသာလုပ်ထားတာ။ အလာတုန်းက ခေါက်ဆွဲကြော်ဝယ်စားရင်း လွင့်မပစ်ရက်ပဲ သိမ်းထားတဲ့ တစ်ခါသုံး ၀ါးတူကြီး) ထဲမှာ မမြင်နိုင်လောက်တဲ့ မျောက်တွေ အများကြီးရှိတယ်။
တေလေမုတ်သုန်ရဲ့ တုတ်က ခွေးတွေပဲ ရိုက်လို့ရတာ။ မျောက်တွေတော့ ရိုက်လို့မရဘူး။
စည်းကမ်းအတိုင်းပြိုင်မှ မဟုတ်ရင် မျောက်တွေလွှတ်လိုက်ရင် အခက်။

သိုင်းပြိုင်ပွဲက မစသေးဘူးထင်တယ်။ နေတောင် မ၀င်သေးလို့လေ။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲကျင်းပတဲ့ ဇီးကွက်ကြီးက ညရောက်မှ ထွက်လို့ရတာဆိုတော့ ညရောက်မှ စမယ်ထင်တယ်။ အခုတောင် သူ့ခဗျာ ဧည့်သည်လာရင် ထွက်ကြိုလိုက်.. ပြီးရင် အမှောင်ထဲပြန်ဝင်လိုက် လုပ်နေရတာ။ ဒီပြိုင်ပွဲလုပ်ဖို့ ဘာစိတ်ကူးပေါက်လဲမသိပါဘူး။ ဇီးသခင်ကြီးမှာ ဇီးသမီးလေး ရှိတယ်လို့လည်း မကြားမိပါဘူး။ သမက်ဖမ်းပွဲတော့ မဟုတ်လောက်ဘူး။ မွေးစားသမီးတွေရှိလို့ လုပ်ရအောင်ကလည်း.. သိုင်းမယ်တွေပါနေသေးတယ်။ သူတို့တွေကလည်း မိန်းမစင်စစ်တွေပါ။ တော်ပါပြီ။ မစဉ်းစားတော့ဘူး။ ခေါင်းရှုပ်တယ်။

စိတ်ထဲမှာ ခွေးလိုက်ရိုက်ရင်း( အဲလေ တုတ်သိုင်း လေ့ကျင့် ရင်းပဲစောင့်နေတော့မယ်)

*********************
နောက်ကျသွားတယ်အစ်ကိုရေ... ဧရာဝတီဖျာပုံမြစ်ဝ သွားနေရလို့.. :)
မုတ်သုန်လေ

2 comments:

စိုးထက် - Soe Htet ! said...

တော်သေးတယ် မျက်မှန်လေးတော့ မြင်ရသေးလို့ .. ဟဲ ဟဲ .. :P

နှင်းပွင့်ဖြူ said...

ဟားဟားဟား။..........
ပေါ်ကုန်ပီ ပေါ်ကုန်ပီ နတ်ကလျာ ငုံးဥကြိုက်တာ ဟတ်ဟတ်
ရီရတယ်..... ဗိုက်တောင်နာတယ် ခွီးခွီးခွီး