အခုတလော သူငယ်ချင်းတွေ တော်တော်များများ အလုပ်တွေ ရှုပ်နေကြသလို ပင်လည်း တအား ပင်ပန်းနေကြတယ်။ အဲဒါနဲ့ တွဲပြီး ရလာတာတော့ စိတ်ဖိစီးမှုတွေ..။ ဒီစိတ်ဖိစီးမှုတွေများလာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ နည်းလာမယ်၊ အဲဒီရဲ့ အကျိုးဆက်အနေနဲ့ လုပ်တဲ့အလုပ်တွေ အပေါ်မှာ လည်း သက်ရောက်မှု ရှိလာပါတယ်။ အခုက သူငယ်ချင်းတွေ တော်တော်များများလည်း ကယ်ဆယ်ရေးတွေ လုပ်နေကြတယ်။ အနည်းဆုံးတော့ လူကိုယ်တိုင် မရောက်တောင် စိတ်တော့ ပူကြတာပဲ။ သူများကို ကူညီချင်တဲ့အခါ ကိုယ်ကိုယ်တိုင်က သန်စွမ်းမှု ရှိဖို့လိုပါတယ်။ ကိုယ်အားရော စိတ်အားရော သန်စွမ်းဖို့ပေါ့။ စိတ်ဓါတ်အင်အားကို ဖြည့်ပေးတဲ့ ကဗျာလေး တစ်ပုဒ်ကို သင်တန်းတက်တုန်းက ဆရာတွေက လက်ဆောင်ပေးလိုက်တာကို ပြန်ပြီး မျှဝေချင်ပါတယ်။ ကဗျာ လေးရဲ့ ခေါင်းစဉ်က Character တဲ့။
............. ငါ့ကိုယုံကြည်သူများအတွက်
ငါဟာ စင်ကြယ်ဖို့ လိုအပ်တယ်
............. ငါ့ကို တန်ဖိုးထားသူများအတွက်
ငါဟာ ကြံ့ခိုင်ဖို့ လိုတယ်
............. ဒုက္ခရောက်သူများအတွက်
ငါဟာ ရဲရင့်ဖို့လိုတယ်
.............. စွန့်စား စရာတွေ အများအပြားရှိတယ်
ငါဟာ ရန်သူတွေနဲ့ မိတ်ဆွေ မရှိသူတွေအတွက် အပေါင်းအသင်းဖြစ်ချင်တယ်
.............. သူတို့အထဲမှာ ငါ့ကို ယုံကြည်သူတွေ ရှိတယ်
ငါဟာ ပေးဆပ်ခြင်းကို လုပ်မယ်
.............. လက်ဆောင် (ရယူမှု) ကို မေ့ထားမယ်
ငါဟာ နှိမ့်ချမယ်
.............. ငါ့အားနည်းချက်ကို ငါသိတဲ့အတွက်
ငါ့ကို ချဉ်းကပ်ကြလိမ့်မယ်
.............. ငါရယ်မယ်၊ ချစ်ခင် နှစ်သက်မယ်၊ ချီးမြှောက်မယ်။
အသံထွက်ပြီး ဖတ်ကြည့်လိုက်ပါ။ စိတ်ဖိစီးမှု နည်းနည်းတော့ လျော့သွားမယ်လို့ ထင်ပါတယ်။ အားလုံး ကြံ့ခိုင် သန်စွမ်းနိုင် ကြပါစေ..


2 comments:
ကျေးဇူး . .
ကူးတင်လိုက်ပါပြီ.. :-)
ဤပိုစ့်လေးကို ကျွန်တော့်အိမ်၏ စွယ်စုံဂျာနယ် - အမှတ် ၂ တွင် အမြည်းပေးကာ ဒီလိပ်စာသို့ ပြန်လည် ညွှန်းထားကြောင်း အသိပေးအပ်ပါသည်။
Post a Comment