jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၁၄ )

Wednesday, June 25, 2008

သိုင်းလောက အပိုင်း ( ၁၄ )

ဒိုင်စကား နားမထောင်တာ မဟုတ်ပါဘူးလေ... လူဆိုးတွေလာတော့ ပွဲပျက်မှာ စိုးလို့ ရှိတဲ့ လူတွေကို မြန်မြန် ပြိုင်ခိုင်းနေရတယ်။ မဟုတ်ရင် သူတို့ လက်ပန်းကျနေတဲ့ အချိန်မှာ အတိုက်ခံရရင် ပြန်မတိုက်နိုင်ပဲ ဖြစ်မှာစိုးလို့။ ဆီမီးဖိုင်နယ်တက်လာတဲ့ ခေးအော့်နဲ့ ဂျူလိုင်ကို မြန်မြန် ဆက်တိုက်ခိုင်းလိုက်ပါတယ်။ ခေးအော့စ် တစ်ယောက်တော့ ပီကေကို ရွှန်းမီ နင်းမိတုန်းက ရွှန်းမီကို အားရပါးရ အားပေးသော ဖိုးဖိုး ဂျူလိုင်ကိုလည်း အမြင်မကြည်စွာ အနိုင်တိုက်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်လေသည်။
( နောက်ထပ် ဆီမီးဖိုင်နယ် အတွက် ဟန်နီနဲ့ နှင်းပွင့် တိုက်ပွဲကိုတော့ သိုင်းမယ် အချောအလှ နှင်းပွင့် နတ်ကလျာမှ ရေးပြီးသား ဖြစ်ပါ၍ လက်ရှောင်ကြပါရန် ... )


လက်သိုင်းသမားဂျုလိုင်ဒရမ်းနှင့် လေ့လွင့်သိုင်းသမား

ဗိုလ်လုပွဲကို ခြေတလှမ်းသာ လိုတော့သည်မို့ ပြိုင်ဖက်သိုင်းသမား နှစ်ယောက်လုံးသည် စိတ်အားထက်သန်စွာ သူနိုင်ကိုယ်နိုင် အပြိုင်ချရန် အားခဲထားကြသည်။ သိုင်းလောကလုံးဆိုင်ရာ ( ယှဉ်ပြိုင်သူ ခြောက်တီးခြောက်ချက်အကြား) ပညာဖလှယ်ပွဲကြီး ရဲ့  နောက်ဆုံး အချိန်က တဖြည်းဖြည်းနီးကပ်လာပြီမို့  ဒီပွဲမှာ အနိုင်ရမှ ဖြစ်မယ်ဆိုသော အသိက နှစ်ဦးလုံးတွင် သံမှိုစွဲ သလို စွဲထင်နေတော့သည်။

ကဇော်သိုင်းသမား ဇီးကွက်ကား အွတ်ကနဲ လေချဉ်တချက်တက်ခါ ( အချိန်ကကျနေပကိုး) ပြိုင်ပွဲဝင်သိုင်းသမားများကို ကွင်းလယ်သို့ ဖိတ်ခေါ်လိုက်သောအခါ ပြိုင်ဝင်သိုင်းသမား နှစ်ဦး သည် ဒိုင်ချုပ်ကြီးနှစ်ဦးကို သွားအဖြဲသားနှင့် အရို အသေပေးရင်း နေရာယူလိုက်ကြ့ သည်။

လက်သီးသိုင်းသမား ဂျူလိုင်ဒရမ်းကား ဒီပွဲတွင် သူ၏ မိုးကြိုးလက်သီး သိုင်းကွက်ကို အသုံးချရန် ဆုံးဖြစ်ထားသူ ပီပီ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်အ၀ရှိနေသည်။ မိုးကြိုး လက်သီးမှာ ဂျူလိုင်ဒရမ်း၏ အတွင်းအားအရဆိုလျှင် သစ်ပင်တပင်တောင် ထက်ပိုင်းကြိုး နိုင်သည့် စွမ်းအားရှိသောကြောင့် လေလွင့်သိုင်းသမား ကို အချိန်တို အတွင်း အနိုင်ပိုင်း နိုင်မည်မှာ သေချာပေါက်ဖြစ်သည်။

သို့သော် လဲ အဲ ရုတ်တရက်ဆိုသလို မျက်နှာချင်းဆိုင်မှ လေလွင့်သိုင်းသမားက ကောက်ကာငင်ကာ လေသိုင်းဖြင့် ကဗျာပျိုးခင်း သူပီပီ သီချင်းထဆိုလေတော့သည်။

`နင်တစ်ယောက်တည်းလား
ဟိုကောင်မပါဘူးလား
အဆင်ပြေတယ်မဟုတ်လား
အရင်နည်းနဲ့ဘဲလား
နင်ဆေးခတ်တာ ငါသိတယ်။

ဒိုင်တွေမသိဘူးလား
ခေါက်ဆွဲကျွေးထားသလား
အီးအိုးသခင်ကြီးလား
နင်သိပ်စိတ်ပုတ်တယ် ။´

သီချင်းလဲဆိုရင်း ကဗျာလွတ်အကနဲ့ ကွေးနေအောင် ကလေသော လေ့လွင့်သူ သိုင်းသမားကြောင့် ဂျူလိုင်ဒရမ်းမှာ မျက်နှာကြီးနီကာ ဒေါသတွေ တထောင်းထောင်းထကာ မိုးကြိုးလက်သီးများကို အဆက်မပြတ်ပစ်သွင်းလေတော့သည်။
သူပစ်သွင်းသော မိုးကြိုးလက်သီးများမှာ လေလွင့်သူ၏ ကဗျာလွတ်ကကြိုးများနှင့် တမင်တကာ အထူးရှောင်တိမ်းစရာ မလိုဘဲ လေထဲတွင်သာ ၀ဲကနဲ ၀ဲကနဲ ဖြစ်နေလေတော့သည်။ လက်သီး ၁၃ ချက်ထိုးပြီးချိန်တွင်တော့ လက်နက်ပုန်း ထုတ်သုံးတာကို လူမိသည့် အဖြစ်ရော လက်သီးလွဲသည့် အဖြစ်ရော နှစ်ခုပေါင်းကာ စိတ်တော်တော်ဆိုးနေပြီဖြစ်သည်။

`သာခွေယိုင်ဆေးပြား
ဒါအကြံကုန်ဘဲလား
မိုးလဲချုပ်တော့မယ်
ဆက်ပြီးထိုးအုန်းမလား။´

`ငှဲငှဲ ကိုဒရမ်း ဘယ်လိုလဲ ။မိုးကြိုးလက်သီးလောက်တော့ လေလွင့်သူတို့ က အပျော့ပေါ့ကွယ်။
ဒါလေးကို အစမ်းမြည့်ကြည့်´ဟုဆိုကာ လက်သီးတချက် ပစ်သွင်းလိုက်လေတော့သည်။ လက်သီးချင်း အထိတွင် အတွင်းအားကောင်းသော ဂျူလိုင်ဒရမ်းက ခုခံထားနိုင်သည့် အတွက် လေ့လွင့်သိုင်းသမား နောက်ကို တစ်ချက်ဆုတ်လိုက်ပြီး လက်သီးကို ပြန်ရုပ်လိုက်သည်။

ဒုတိယ တစ်ချက် ၊ တတိယတစ်ချက် ဆင့်ကာဆင့်ကာ ၀င်လာသော ပုံစံတမျိုးစီ လက်သီးများကို ခုခံရင်း ဂျူလိုင်ဒရမ်း စိတ်ပူစပြုလာပြီ။ လက်သိုင်းတော်တော်များများကို သူ အောင်မြင်စွာ လေ့လာသင်ကြားပြီး ဖြစ်ပါလျက် ဒီသိုင်းကွက်မျိုးကို သူမသိသေးသည့် အဖြစ်ကို သူ တော်တော်ရင်နာမိသည်။ မနေနိုင်သည့်အဆုံး `ဒါဘယ်ဂိုဏ်းကပညာတွေလဲ´ ဟုမေးလိုက်ရာ

`ဒါလက်သီးခုနှစ်ဆင့်သိုင်းလို့ ခေါ်တယ် ခုံတုံဂိုဏ်းက အဆင့်ဆင့်ထိန်းသိမ်းလာတဲ့ လက်သီးသိုင်းကြမ်း ဟိုတနေ့ကတင် အဟောင်းဆိုင်တန်းက ရလာလို့ အရည်ကျို သောက်လာတာ။ မပူနဲ့ မပူနဲ့  တစ်ဆင့်ခြင်းပြပြီး အလဲထိုးမှာ ´

လက်သီးခုနှစ်ဆင့်သိုင်းကား အမှန်တကယ်ပင် အားခုနှစ်မျိုးပါလေသည်။ တစ်ချို့က ပျော့ပြောင်း၍ တစ်ချို့ကမာကြောသည်။ တစ်ချို့ကကန့်လန့်ဖြတ်၊ တစ်ချို့ကဘေးတိုက်၊ အားတမျိုးကို ခံနိုင်လျှင် နောက်တမျိုးကို မခံနိုင် အဆင့်ဆင့် အားပြင်းလာသည့်အတွက် ခုနှစ်ဆင့် လက်သီးသိုင်းဟုခေါ်ခြင်းဖြစ်သည်။

သီချင်းလေးဆိုရင်း ကရင်းနှင့် ပစ်သွင်းနေသော လက်သီးခုနှစ်ဆင့်သိုင်းကို ခုခံနိုင်စွမ်းအား တဖြည်းဖြည်း ကျဆင်းလာသည့် လက်သိုင်းသမား ဂျူလိုင်ဒရမ်းသည် အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းရင်း အတွင်းအားများကို စုစည်းကာ မိုးကြိုးလက်သီးနှင့် သံမဏိလက်သီး ပေါင်းစပ်ထားသော ရောသမမွှေသိုင်းကွက်နှင့် အတင်းဝင်ရောက် တိုက်ခိုက်လေရာ လေသိုင်းသမား လေလွင့်သူခေးရော့စ်က `အိုးလေးလှုပ်ပါကွဲ့ ´ ဟုတချက်အော်လျက် လေထဲသို့ တကိုယ်လုံး လှုပ်ခါရမ်းပြီး ပျံတက်လိုက်ခါ ပြန်အကျတွင် လက်သီးခုနှစ်ဆင့်သိုင်းမှ အမြင့်ဆုံး လက်သီးချက်နှင့်တန်ပြန်တိုက်ကွက် ကို သုံးလိုက်ရာ ဂျူလိုင်ဒရမ်းမှာ မခံနိုင်ဘဲ ငုတ်တုတ်ထိုင်ချသွားရလေတော့သည်။

အနိုင်ရသွားသော လေ့လွင့်သိုင်းသမားလဲ စုတ်တံသိုင်းသမား လက်ချက်မိထားသော ပိုးပုဝါစ တပိုင်းပြတ် တွဲလောင်းလေးနှင့် တကွင်းလုံးပတ်ကခါ အောင်ပွဲခံနေလေတော့သည်။


( နောက်တပွဲကိုတော့ တစ်ယောက်ယောက်ဆက်ရေးကြပါရန်။ နတ်ကလျာနဲ့ ပျားရည်ဘုရင်မ ကျန်သေးတယ်။ (နှင်းပွင့် ရေးပြီး ဖြစ်ပါသည်။) အလွမ်းဘုရင်မဘွဲ့ စွန့် လွှတ်ပြိး သိုင်းကျမ်းလင်းမြွေ ဘွဲ့ယူရခါနီးပြီမို့  ဒီနေရာတွင် ရပ်ပြီဖြစ်သည်။ )

...............................................................................
ဝန်ခံချက်

ဇီးကွက်မြှောက်ပေးလို့ ရေးမိပါသည်။ စိတ်မဆိုးကြပါနှင့်။ ပျော်လို့ နောက်မိပါသည်။ စိတ်ဆိုးရင် ဘလော့ကို ခနခနလာလည်ပြီး စီပုံးမှာ အော်သောနည်းဖြင့်သာ အပြစ်ပေးကြပါရန်။ ခွိခွိ ပစ်ထားတာကြာနေပြီမို့ ကိုယ့်အတွက်လဲ ကိုယ်ကြော်ငြာဝင်ရသေးတယ်။

လင်း

4 comments:

လင်း said...

ဘယ်ရေးနိုင်တော့မှာလဲ ခိုးချစရာ သိုင်းဝထ္ထုမှမရှိတော့တာ။ ငှက်ငှက်

နှင်းပွင့်ဖြူ said...

သိုင်းမယ် အချောအလှ နှင်းပွင့်နတ်ကလျာ ဆိုပြီး နာမည်ကြ်ီးကြီးနဲ့ ကိုင်ချုပ်လိုက်တော့ ဘယ်လှုပ်လို့ရတော့မလဲ အဟင့်.
ပြောအဲ့တာလည်း ဟိုဒင်း...... ဇီး အကြံပဲလား။
စပွန်ဆာမို့ ညိမ်ခံနေတာနော် :P

ThinkingHoney said...

လင်းရေ
အရမ်းရယ်ရတယ်
စောစောကတည်းက မှတ်ချက်ပေးမလို့ပါနော် ရုံးတက်နေရလို့ပါ :)

တို့ရေးချင်တာ ရေးကြမယ်
ပြီးရင် ဇီးကွက်ကိုလွှဲချကြတာပေါ့

Anonymous said...

အတွေးလေးကောင်းတယ်။ အရေးကတော့ တကယ်သိုင်းဝတ္ထုထဲက အတိုင်းပဲ...ဟီးးးး