jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၁၅ )

Sunday, June 29, 2008

သိုင်းလောက အပိုင်း ( ၁၅ )







ပျားဘုရင်မ





နှင်းပွင့်နတ်ကလျာ









ပျားဘုရင်မနှင့် နှင်းပွင့် နတ်ကလျာ

ကောင်းကင်မှာ အုံ့မှိုင်း၊ အုံု့ဆိုင်းနေပြီး ရန်သူများ ၀ိုင်းရံထား၍ အချိန်မရွေး ပေါက်ကွဲတော့မည့် အကျပ်တည်းတွင်းရောက်နေသော သိုင်းသမားတစ်ယောက်ပုံစုံမျိုးဖြင့် မဲမှောင်နေသည်။ ရှောင်လင်ကျောင်းမှ တောင်စပ်မှ လေများ တရူးရူးဖြင့် တိုက်ခတ်နေသည်။ လေ၏ အရှိန်ကြောင့် ရှောင်လင်ကျောင်းမှ ၀ါးရုံတောမှ ၀ါးတိုးသံ တရွှန်းရွှန်း၊ သိုင်းပြိုင်ပွဲအတွင်း ထောင်ထားသော ကြောငြာပိုစတာများ၊ အလံများမှာ လေဖြင့် လွှင့်လား ရမ်းလားဖြစ်သည်။ ပရိတ်သတ်များ ရင်တမမနှင့် မျှော်နေသော ပျားဘုရင်မ ဟန်နီ နှင့် နတ်ကလျာ နှင်းပွင့် တို့၏ ဆီးမီးဖိုင်နယ် သိုင်းဖလှယ်ပွဲကြီး ရောက်လာချေပြီ။ နှစ်ဦးစလုံးကား မခေသူ လှပျိုဖြူပီပီ ပရိတ်သတ်ကြီးက အနိုင်အရှုံးထက် လေ့လာဆည်းပူးသင့်သည့် ဖလှယ်သိုင်းယှဉ်ကွက်များကို စိတ်ဝင်စားလျက်ရှိသည်ဟု ကဇော်မဲရုံမှ တဆင့်သိရလေသည်။

သိုင်းယှဉ်ပြိုင်ရန် အချိန်နီးကပ်လာပေပြီ။ စင်ပေါ်မှာ ပျားဘုရင်မတစ်ယောက် ဟိုလျှောက် ဒီပတ် သိုင်းဂါထာဟု ထင်ရသော ဂါထာများကိုရွတ်ရင်းနှင့် သူမ၏ ပျားများမှာလဲ တစ်ဝှီးဝှီးနှင့် မျက်စိနောက်စရာကောင်းလှသည်။ ကဇော်ဇီးကွက်ကြီးမှာ သည်းခံပါရမီနည်းသူပီပီ သည်းမခံနိုင်တော့ဘဲ............

`` ငြိမ်ငြိမ်လေးနေပါလား ဟန်နီရယ် နင့်ကိုကြည့် ငါတောင် လက်ဖက်အရက် မသောက်ရသေးပဲ မူးချင်ချင်ဖြစ်နေပြီ နင်ဘာမှမပူနဲ့။ ပွဲစလို့ နာရီဝက်ကြာလို့မှ ဟို နှင်းပွင့်မ ရောက်မလာရင် နင်က အော်တိုမစ်တစ် အောင်နိုင်သူဖြစ်ပြီသာမှတ် ´´

`` ဂယ်လား .... ဂယ်လား။ ´´ ဆိုပြီး ပျားဘုရင်မ အပျော်ကြီးပျော်နေသည်။ နှင်းပွင့်နောက်ကျပါစေလို့ ကြိတ်ပြီး ဆုတောင်းနေလားမသိ။

ပရိတ်သတ်ကြီးကား ရုတ်ရုတ်သဲသဲ။ ဆူညံ ဆူညံဖြင့် ပွဲဆူချင်ချင်ဖြစ်နေသည်။

ဟန်နီတစ်ယောက် ဆုတောင်းမပြည့်လိုက်ရပေ။ ၀ှီစ်း ......................... ဆိုသော အသံတစ်ခုနှင့်အတူ နတ်ကလျာနှင်းပွင့်ဖြူလေး ကိုယ်ဖော့ပညာအသုံးပြုပြီး ပြိုင်ပွဲစင်ရှိရာသို့ ပျံသန်းဝင်လာသည်။

`` တွေ့ပုချိ .....တွေ့ပုချိ....... အားလုံးပဲ နောက်ကျသွားတဲ့အတွက်..... ´´ ဆိုပြီး ပရိတ်သတ်ဘက် လှည့်ပီး ဂါရ၀စကားဆိုလိုက်လေသည်။ ပြီးတော့ ကဇော်ဇီးကွက်ရှိရာသို့ လှည့်ပြီး.....

`` ကိုကွက် နင့် အ၀င်ဂိတ်က ဘယ်လိုဖြစ်တာလဲ။ စစ်လေး ဆေးလားနဲ့ လုံခြုံရေးတွေ တင်းကျပ်နေပါလား ငါဝင်မယ်ဆိုပေးမ၀င်ဘူး။ င့ါ ဂူပြန်ပြီး မှတ်ပုံတင်ပြန်ယူရလို့ ကြာနေတာကွ၊ ပြီးတော့ ရုံးချိန်မို့လို့ လမ်းမှာ ကားတွေပိတ်နေတာ မနည်းရှောင်ပြီး ပွဲချိန်အမှီရောက်အောင် လာရတာ ´´

`` ဟုတ်တယ် အပွင့်ရေ ခုတစ်လော သုညဇီးရိုးဂိုဏ်းအမှောင်ရောင်ဂိုဏ်းကြီးက ငါတို့ သိုင်းဖလှယ်ပြိုင်ပွဲကိုလာနှောက်ယှက်နေလို့ ခုလို လုံခြုံရေးတိုးမြှင့်လိုက်ရတယ်။ ပြီးတော့ ခုရှောင်လင်ကျောင်းရဲ. မိုင်တစ်ရာ အကွာကစပြီး CCTV တွေတပ်ထားရတယ်ကွ။ အခုတောင်သူတို့ တပည့်မ အာပုတ်မယ် မွန်ချောက်ဖုံကို ဖမ်းမိလို့ မြေအောက်ခန်းထဲမှာ လှောင်ထားတယ်။ ´´

အော်.... မွန်ချောက်ဖုံ.. မွန်ချောက်ဖုံ ....... ညည်းက ခုထိ မိုက်တွင်းနက်တုန်းကိုး။ ( ဘာမှလည်းမဆိုင်ဘူး :P )

နတ်ကလျာရောက်လာတော့ ပရိတ်သတ်မှာ ဝေါခနဲ..... ဝေးခနဲ အားပေးနေကြသည်။

ပျားဘုရင်မ နှင့် နတ်ကလျာမှာ ယှဉ်ပြိုင်ရန်အသင့် အနေအထားရှိသည်။

`` နှင်းပွင့် နင့် မျက်ခွံမှာ ဘာရီးလဲဟ´´

`` အဲ့တာလေ ဟို... အလွမ်းသခင်မလင်းနဲ့ ပြိုင်တုန်းက သူ့ရဲ. လက်နက်ပုံး အရှုံးမျက်ရည်မီးတောက်လေ င့ါ မျက်ခွံကိုလာမှန်လို့ ( တကယ်တော့ ကြက်ကြော်ရင်း သိုင်းပြိုင်ပွဲအကြောင်းစဉ်းစားနေလို. ဆီပူစင်ထားတာ :D ) ရေခဲတောင်မယ်တော်ဆီက နှစ် ၁၀၀၀ သွားတိုက်ဆေးနဲ့ အုပ်ထားရတာ ... ဒါနဲ့ စကားမစပ် နင်က နင့် ညီတော်မရင်းလား ဘင်္ဂလားညီတော်လား ခွေးရိုက်တုတ် ဗိုလ်မုတ်သုန်ကို တစ်ဘက်သတ် အနိုင်ပိုင်းထားတယ်ဆို ခု သိုင်းလောက ထဲမှာ သတင်းပြန့်နေတယ် ´´

ပျားဘုရင်မမျက်နှာမှာ ဟန်နီချိုမှ ဟန်နီချဉ်သို့ ရုတ်ခြည်းပြောင်းလဲသွားတော့သည်။

`` အပိုစကားတွေ ဘေးဖယ်လို့ သိုင်းပြိုင်ပွဲစလိုက်ရအောင်...... ဒီမှာ ဓါးကွက်ကြည့် ´´ ဆိုပြီး ဟန်နီကသူမ၏ ကဗျာဓါးသိုင်းဖြင့် အသင့်ပြင်ထားလေသည် ။ ပျားဘုရင်မမှာ နတ်ကလျာနှင့် ယှဉ်ပြိုင်ရမယ် သိထားပြီးကတည်းက သိုသိုသိပ်သိပ် အတွင်းအားပြည့်ဝစေရန် သူမ၏ လုပ်သားပျားများမှ အတွင်းအားကို စုတ်ယူပြီး တစ်ဆင့်အတွင်းအားကျင့်စဉ်ကို ကြိုးစား၊ကြိုးဖြေ လေ့ကျင့်နေထားသည်။

နတ်ကလျာနှင်းပွင့်ဖြူလေးမှာလည်း သိုင်းသမားတို့၏ အဓိက ပင်မပင်စည်ဖြစ်သည့် အတွင်းအားကောင်းမှသာလျှင် သိုင်းကောင်းစွာကစားနိုင်မည်မဟုတ်ကို သိရှိထားသဖြစ်သောကြောင့် သူမ ၀ူတန်းတောင်ရှိ အန်ကောဝပ်ဂူတွင် အတွင်းအားကောင်းစေရန် လေ့ကျင့်ထားလေသည်။

နှစ်ဦးစလုံး၏ အတွင်းအားမှ မတိမ်းမယိမ်းအနေအထားတွင်ရှိလေသည်။

နတ်ကလျာသည်လည်း သူမ ဓါးအိမ်အတွင်းမှ ဓါးကို ချွမ်း.............. ခနဲ ထုတ်လိုက်ပြီး...

Come on .......... Honey ...........

ချွမ်း...............ချွမ်း.......ချွင် ......ချွင်း..................... ဓါးခြင်းရိုက်မိသံများဖြစ်လေသည်။ နှစ်ဦးစလုံး၏ ပညာမှာ လယ်ဗယ်တူ အဆင့်မြင့်သိုင်းပညာရှင်များဖြစ်လေရာ အနိုင်အရှုံးအဖြေအတွက် တော်တော်စောသေး၍ မကွဲပြားနိုင်သေး။ တစ်ယောက်က ရှောင်လိုက် တစ်ယောက်က တိမ်းလိုက်နှင့် ၀ပ်နေသောကျား နှင့် ပုန်းနေသော နဂါး ရုပ်ရှင်ထဲမှ မီးရှဲလ်ယို နှင့် ကျန်းဇီယီ တို့ တိုက်ခိုက်နေသောပုံစံနှင့် လုံးဝ လုံးဝ မတူပါ ( ပရိတ်သတ်များရှင် အဲ့ကားကိုပြေးပြီး မမြင်ယောင်လိုက်ပါနဲ့ .. မြင်မိမှာစိုးလို့ သတိကြိုပေးရတာ )။

ဓါးပညာမတိမ်းမယိမ်း၊ အတွင်းအားမတိမ်းမယိမ်း ဖြင့်ယှဉ်ပြိုင်ရသောအခြေအနေတွင် သမာဓိအား ကောင်းမကောင်းကို ထင်ရှားစွာမြင်ရပြီး နောက်ဆုံးတွင် သမာဓိအားကောင်းသူသာ နှာတစ်ဖျားသာပြီး အနိုင်ရလေ့ရှိသည်။

ယှဉ်ပြိုင်ပွဲမှာ တစ်ရိပ်ရိပ် နှင့် တစ်ဖြည်းဖြည်းအရှိန်ရလာပေပြီ။

`` နှင်းပွင့် နင် အရှုံးပေးလိုက်တော့လေ.. ငါမောလာပြီဟ ..... နင် ဗိုလ်လုပွဲရောက်တော့ရော ဘာထူးမှာလဲ .. ခုက ရွှေဒိုင်းဆု ကြီးပျောက်နေတယ် ဘယ်သူယူသွားမှန်းတောင်မသိလိုက်ဘူး ´´

ချွမ်း......... ချွင်း.............. ချွန်း............... ဓါးခြင်းထိရိုက်မိသံများ။

`` အမယ် ဘာလို့ပေးမှာလဲ ပေးချင်ပေးနင်ပေးလေ။ အေးလေနော် ဒိုင်းဆုကြီးမရှိတော့ ဘယ်သူက ပြိုင်ပွဲအတွက် အားရှိတော့မှာလဲ... အဲ့တာ ဇီးသခင်ကြီး ဇီးကွက် ညံလို့ဖြစ်ရတာ။ သူက တစ်ချိန်လုံး အရက်မူးပြီး အိပ်နေတာ။ ခုမှ တစ်ရေးနိုးပြီး လုံခြုံရေးတွေ အတင်းဇွတ်ချနေတော့တယ်။ ရေဆာမှ ရေတွင်းတူးလုပ်နေတယ်.. ဒင်းကတော့ ´´

ခုချိန်ထိ အနိုင်အရှုံးမသဲကွဲနိုင်သေး။ နှစ်ဦးစလုံးမှာ အကြံအိုက်လျှက်ရှိလေသည်။ ထိုအချိန်တွင် ဟန်နီမှာ ကြီးမားသော အမှားကို ကျူးလွန်လိုက်တော့လေသည်။ တစ်ခြားတော့မဟုတ် သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုသော အကြံဖြင့် သူမ အင်္ကျီလက်ကြားတွင် အသင့်ဆောင်လာသော ပျားအကောင်၁သိန်းအဆိပ်ဖြင့် မိနစ်၁သိန်းတိတိ စိမ်ထားသော လက်နက်ပုန်းအပ်ကို လျှို.၀ှက်စွာထုတ်သုံးလိုက်လေသည်။ လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားလိုက်သော်လည်း သိုင်းလောကတွင် ကျင်လည်ကျက်စားနေသူ ပီပီ နတ်ကလျာမှာ ချက်ခြင်းနားလည်လိုက်ပြီး လျှင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ ထို အဆိပ်အပ်မှာ နှင်းပွင့်နှင့် လွဲချော်သွားသော်လည်း သိုင်းပြိုင်ပွဲကို အမှတ်ပေးနေသော ဒိုင်သူကြီး ဒေါက်တိုထက် နဖူးကြီးတည့်တည့်အား.. ထိစိုက်ဝင်ရောက်သွားလေသည်။ ဒေါက်တိုထက်မှာ အု............. ဆိုသော အသံတစ်ခုပဲ ထွက်နိုင်ပြီး လှဲကျသွားလေသည်။

နှင်းပွင့်ကိုလုပ်ကြံသော်လည်း မထင်မှတ်ပဲ ဒိုင်ကိုထိမှန်သွားသောကြောင့် ဟန်နီမှာ သူခိုးလူမိသကဲ့သို့ မျက်နှာငယ်လေးဖြင့် တားမြစ်ထားသော စည်းကမ်းဖောက်ဖျက်သောကြောင့် အလိုလို နှုတ်ထွက်ပြီးသားဖြစ်လေသည်။

``ဟာ........ ဒေါက်တိုထက်ကြီး ပျားဘုရင်မရဲ. လက်နက်ပုန်းမှန်လို့ မေ့မျောသွားပြီ ´´ ဟူသော ရေခဲတောင်မယ်တော် ရဲ့ အော်သံကြီးကြောင့် နှင်းပွင့်မှာ မယ်တော်နားသို့ရောက်သွားလေလည်။ မယ်တော်ကြီးက

`` နှင်းပွင့် ဒေါက်တိုထက်ကို တင်ပလိမ်ခွေပြီးထိုင်ခိုင်းလိုက် င့ါအတွင်းအားနဲ့ အဲ့ အဆိပ်တွေကို ဖောက်ထုတ်မှ ဖြစ်မယ် မဟုတ်ရင် အချိန်မှီမှာ မဟုတ်ဘူး ´´

`` ဟုတ်ကဲ့ မယ်တော်ခွန်မြလှိုင် ´´ ဟုဆိုပြီး မေ့မျောနေသော ဒေါက်တိုထက်ကို မယ်တော် အတွင်းအားပေးနိုင်ရင် ပုံစံပြင်ပေးလိုက်သည်။ မယ်တော်သည် အတွင်းအားကိုသေချာစုစည်းပြီး ဒေါက်တိုထက်အား စတင်အတွင်းအားဖြင့် ကုသပေးလေတော့သည်။ တော်တော်ပြင်းသည့် အဆိပ်ဖြစ်ရာ မယ်တော်ကြီးနဖူးမှ ချွေးများပင်ထွက်လာသည်။ ပုံမှန်အားဖြင့် လက်နက်ပုနုးထိမှန်သော နေရာမှ လက်နက်ပြန်လည်ထွက်လာပြီး သွေးပုတ်များအန်လိုက်ရင် ဒဏ်ရာမှာ တစ်ဝက် စိတ်ချရလေသည်။ ခုတော့ ဒီလိုမဟုတ် ဒေါက်တိုမှာ တုတ်တုတ်မျှပင်မလုပ်။ မယ်တော်ကြီးမှာလည်း ချွေးများ တစ်လုံးလုံးနှင့် .............

`` နှင်းပွင့်.... မရတော့ဘူး... အဆိပ်က တော်တောပြင်းတယ် ငါ့ နောက်ကတစ်ဆင့် အတွင်းအားပြန်သွင်းလိုက် ´´

`` ဟုတ်ကဲ့ မယ်တော် ခွန်မြလှိုင် ´´ ဟိုဆိုပြီး နှင်းပွင့်က သူမ အတွင်းအားများကို မယ်တော်ခွန်မြလှိုင်သို့ သွင်းပေးလိုက်လေသည်။

တစ်အောင့်လောက်ကြာသည့်အခါမှာတော့ ဒေါက်တိုမှာ လှုပ်ရွရွဖြစ်လာပြီး သူ့နဖူးမှ အပ်ပုန်းမှာ ခုန်ထွက်ပြီး.... ဝေါ့........... ဆိုပြီး သွေးပုတ်များကို အန်ထုတ်လိုက်လေသည်။ သတိမေ့မျောနေတုန်းပင်ဖြစ်သည်။

`` ဇီးကွက် ..... ဒေါက်တိုကြီးကို အခန်းထဲခေါ်သွားပြီး နွေးနွေးထွေးထွေး ပြုစုထားလိုက် ။ နောက် ၄၈ နာရီကြာရင် ပုံမှန်ဖြစ်သွားလိမ့်မယ် ´´

`` ဟုတ်ကဲ့ခင်ဗျ ´´ ဆိုကာ ဒေါက်တိုကြီးအား တွဲပြီး အခန်းထဲသို့ ၀င်သွားလေသည်။

မယ်တော်ကြီးမှာ ပျားဘုရင်မဆီသို့ တစ်ချက်မျှကြည့်ပြီး `` ဒီနေ့ သိုင်းပြိုင်ပွဲမှာ အနိုင်ရသွားသူကတော့ အားလုံးသိတဲ့ နတ်ကလျာနှင်းပွင့်ပဲ ´´ ဟုတစ်ချက်ကြေငြာပြီး ခန်းမထဲသို့ ၀င်သွားလေသည်။

ဤတွင် နတ်ကလျာနှင်းပွင့်ဖြူလေး၏ ဆီမီးဖိုင်နယ် ပြိုင်ပွဲ ပြီးဆုံးလေသည်။ နှင်းပွင့်မှာ ဖိုင်နယ်ပွဲအတွက် တစ်ဘက်ခြမ်းမှ ဂျုလိုင်ဒရမ်းအား အနိုင်ရတားသော ပီကေအလွန်ကြိုက်သော ခေးအော့်နှင့် ပျောက်နေသော ရွှေဒိုင်းကြီးအား ရရှိရေးဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

.....................................................

နတ်ကလျာနှင်းပွင့်ဖြူလေး

3 comments:

စိုးထက် - Soe Htet ! said...

ဒီနဖူးပဲ လာလာထိနေတယ် ...

တော်သေးတယ် နေရာကျယ်တော့ ခဏခဏ ထိလို့ ရနေတာ ... :P

လင်း said...

သူရေးတာဆိုတော့ သူအနိုင်ပေါ့လေ။
ဒါကြောင့် နာက ကိုယ့်ကိုကိုယ် စောစောသတ်လိုက်တာ

ThinkingHoney said...

အီး... ကိုယ်ကိုယ်တိုင်တောင် ဘယ်အချိန်ပြိုင်မိမှန်း မသိဘူး ဇာတ်လမ်းထဲမှာ ရှုံးတောင်ရှုံးနေပြီ
:D
လုပ်ကြပါ ရှင်တို့က ကြံ့ဖွံ့တွေပဲ
ဟုတ်တယ်မလား သဘာပတုကြီး
:)