စုတ်တံစုတ်ချက်သိုင်းသမားရွှန်းမီနှင့် လေလွင့်သိုင်းပညာရှင် ခေးအော့စ်
စာမေးပွဲအပြီး သိုင်းဖလှယ်ပွဲကို ခေါင်းစုတ်ဖွားနှင့် အမှီရောက်လာသော ရွှန်းမီမှာ အလေးခံပြီး သယ်လာသော သိုင်းကျမ်းမှာ သီးစစ်ကြီးနှင့် မှားနေသောကြောင့်စိတ်အတော်ပျက်နေမိသည်။
လက်တွေ့ မဟုတ်တောင် စာတွေ့လေးတော့ သိုင်းကွက်တွေကို ပြန်နွေးခွင့် မရလိုက်သောကြောင့် တောက်တခေါက်ခေါက်နှင့် အရပ်ထက်ရှည်သော စုတ်တံကို ကျောမှာလွယ်လျက် လက်ထဲမှာ ဓါးကို ဟန်ပါပါယမ်းကာ နေရာယူလိုက်သည်။
လေ့လွင့်သိုင်းသမား ခေးအော့်ကလည်း လေထဲမှာလွင့်နေမှ လှမယ်ထင်ပြီး အရှည်ကြီးချထားသော သူ့ခေါင်းက ပိုးပုဝါစကို ဆော့ကစားရင်း ပီကေကို တဖေါက်ဖေါက်ဝါးရင်း ရွှန်းမီနှင့် မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်လေသည်။
လေလွင့်သိုင်းသမားက ပီကေ၀ါးရင်းက လေသိုင်းကို အစမ်းကျင့်သည့်အနေနှင့် ပီကေ၀ါးနေရာမှ ပူဖောင်းမှုတ်လိုက်ရာ ပူဖောင်းမှာဖောက်ကနဲ ပေါက်ပြီး မျက်နှာကို ကပ်နေချိန် ရွှန်းမီကလည်း သူ့အရပ်ထက်ရှည်သော စုတ်တံကြီးကို ကျောပေါ်မှ ဆွဲယူလိုက်ပြီး မြေကြီးပေါ်တွင်ရေးခြစ် ချလိုက်ရာ ခေးအော့စ်က မမြင်မစမ်းနှင့်ဝူးဝူးဝါးဝါး ထအော်တော့သည်။
`အောက်လမ်းနည်းတွေမသုံးရဖူးလို့ စည်းကမ်းထဲမှာပါတယ်လေ´
`ဟဲ့သေချာကြည့်ပါအုန်း ငါရေးနေတာ က စာမေးပွဲအောင်ပြီလို့ရေးတာ။ ဘာဖြစ်လဲ နင်တောင်ပီကေပူပေါင်းမှုတ်သေးတာဘဲ။မကျေနပ်ရင် ဒိုင်ဆီမှာ ဆုံးဖြတ်မလား ´
( မှတ်ချက်။ လူသေးပေမယ့် စိတ်အင်မတန်ကြီးပါသည်)
စကားအချေအတင် ဖြစ်နေကြသော သိုင်းပညာရှင်နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက်ပြာကျမတတ် အကြည့်များနှင့် ကြည့်ရင်း တိုက်ကွက် စရန် ပြင်ဆင်လိုက်ကြတော့သည်။လေလွင့်သိုင်းသမားခေးအော့စ်က လေပေါ်ကို မြောက်ကနဲ ခုန်တက်သွားချိန်တွင် စုတ်တံကြီးကို ထောက်၍ ရွှန်းမီကလဲ ခုန်တက်လိုက်ခါ လေပေါ်တိုက်ပွဲ များကို စတင်လေတော့သည်။ ကိုယ်ဖော့သိုင်းပညာကို ကျွမ်းကျင်စွာ အသုံးပြုလျက် ငှက်ငယ်လေးများပမာ လေပေါ်တွင်ဝဲပျံလျက် တိုက်ပွဲဝင်နေသော သိုင်းသမားကို ကြည့်ရင်း ကဇော်ဇီးကွက်မှာ တောင်ပံများ တဖြတ်ဖြတ်ခတ်ရင်း သူပါပျံသန်းချင်စိတ်ကို မနည်းထိန်းချုပ် ထားနေရလေသည်။
သူတပြန် ကိုယ်တပြန် တိုက်ကွက်များဖြင့် တိုက်ခိုက်နေဆဲ စုတ်တံသိုင်းသမား၏ ဓါးချက်ကိုရှောင်လိုက်ချိန် ရွှန်းမီက လေလွင့်သိုင်းသမား အင်မတန်မြတ်နိုးသည့် သူမ၏ ဖဲကြိုးကို ခုတ်မိလိုက်သော အခါ ဒေါသတကြီးဖြစ်သွားရသော ခေးအော့စ်သည် မြေပြင်ပေါ်သို့ ငှက်မွေးကလေးသဖွယ် လျောကနဲဆင်းချသွားပြီး ရွှန်းမီ၏ အသက်ဖြစ်သော စုတ်တံကြီးကို ထက်ပိုင်းခုတ်ချလိုက်လေတော့သည်။
စုတ်တံသိုင်းသမား ရွှန်းမီလဲ မြေပြင်ပေါ်ကို ၀ုန်းကနဲ ဆင်းချလာပြီး ` ငါသေပြီ ငါသေပြီ ငါ့စုတ်တံကို ခုတ်ချလိုက်တာ ငါသေတာနဲ့ အတူတူဘဲ။ တကွေ့ကွေ့တော့ တွေ့ကြသေးတာပေါ့ လေလွင့်သူရယ် ဒီသိုင်းပညာဖလှယ်ပွဲပြီးပေမယ့် နင်နဲ့ငါတော့ ပွဲ မပြီးသေး ပါဘူး ´ လို့ဒေါသတကြီးရေရွတ်ကာ ပြိုင်ပွဲ ကွင်းပြင်မှ ထွက်ခွာသွားလေတော့သည်။
ပြိုင်ဖက်က သူ့သဘောနှင့်သူ နှုတ်ထွက်သွားသဖြင့် လေ့လွင့်သိုင်းသမားခေးအော့စ်မှာ တဖက်သတ်ဗိုလ်စွဲသွားလေသည်။ ( ညစ်တစ်တစ် အနိုင်ကွက်ဖမ်းတာလဲ ဖြစ်နိုင်တာဘဲလေ နော် ဘယ်သူ ပြောနိုင်တာမှတ်လို့ )
( အပျော်သဘောနဲ့ ရေးတာတွေကို စိတ်မဆိုးကြစေချင်ပါ။ ဇီးကွက်၏လမ်းညွှန်မှု အများကြီးပါပါသည်။ စိတ်ဆိုးချင်ပါက သူ့ ကိုသာ ဆိုးကြပါရန်)
ပုံ
လင်း
....................................................
သားက နည်းနည်းပဲ ပြောတာပါဗျာ... ခေးအော့စ် ပီကယ်စားတာ တို့ ... မီစိတ်ကြီးတာတို့ ... ဘာတို့ပဲ ပြောတာ ...ဟီး ဂလောက်ပဲ ပြောတာပါ... စိတ်အဆိုးရ၀ူးနော်..
အားလုံး ပျော်ရန်သာ ရည်ရွယ်ပါသည်...
ပျော်ရွှင်နိုင်ပါစေ...


5 comments:
အဲတော့..
ဝင်မပြိုင်ရခင် ထွက်ခိုင်းခံနေရပြီ..
မလင်းနော်.. ဒီလိုလုပ်လို့ ရ၀ူး .. ရ၀ူး . .
ဟိဟိ တမင်ကို ထွက်ခိုင်းလိုက်တာလေ ဒါမှမကျေမနပ် ဖြစ်ပြီး ကိုယ့်ဟာကိုယ်ဆက်ရေးအောင်လို့ ပါ။ ဟီးဟီး လက်ညောင်းလို့  အနှိပ်သည်တောင်ခေါ်ရတော့မယ် ။ တနေ့ လုံး တဂျောက်ဂျောက်နဲ့ အလုပ်များချင်ယောင်ဆောင်ပြီး ဒါတွေရေးနေတာ ;)
မြန်မြန်လာ ... :P
ဟိုတယောက် လာတော့ ပရိတ်သတ်က စိတ်ရှည်တော့ဘူး။
လူုညားကို အနိုင်လဲပေးသေး
ပီးတော့ ညစ်တစ်တစ် နဲ့နိုင်တယ်လဲပြောသေး
တိုင်ကြောမှာဂျ
အင့်ဟင့်ဟင့်..........အီးးးးးးးးးးးးးးးးး
ဝါးးးးးးးးးးးး
Post a Comment