ကျွန်ူပ်သည် မောင်လေးရင်းချာအာပလာကဲ့သို့ ချစ်ခင်ရပါသော တေလေမုတ်သုန်အား ပက်ပက်စက်စက် ခွက်ခွက်လန်(ကော်ဖီခွက်ပါကွယ်) အောင်ပွဲရလိုက်ခြင်းကို လည်းကောင်း ပရဟိတကျက်သရေဆောင် အိမ်သာတော်တောင်ဖက်ခြမ်းကို အပိုင်စားနိုင်ပေသော ဂံဖုလားကိုင် ဂျူလိုင်ဒရမ်းက အပျိုတော်မိုးချစ်သူအား မိုးချစ်မသာဖြစ်မတတ် ဆေးခတ်လုပ်ကြံခြင်းကိုလည်းကောင်း မျက်နှာမလှ စိတ်က မသက်သာ ပြန်ကာတွေးမိသည်နှင့် တည်းခိုဆောင်သို့အပြန်…
"ဟာ ဟုတ်သားပဲ လင်းရေ ကနေ့ဘာနေ့လဲ"
"အင်္ဂါနေ့လေ (တို့မနေ့က ရုံးကနေ သိုင်းဝတ္တုခိုးရေးပေးလိုက်လို့ ဒီနေ့ နှစ်ရက်စာ လုပ်နေရတယ်။ ဂျီမှာတောင် တက်မချက်အားဘူး။)"
"မနက်ဖြန်ကော"
ခေးအော့စ်က ၀င်ဖြေသည်။
"ဒီကျွန်းမှာ ကော်ဖီမစ်၊တီးမစ်နဲ့ လီမွန်တီးမရောင်းဘူး"
"ဟဲ့ ဘာတွေပြောနေတာလဲ မနက်ဖြန် ကမ္ဘာ့အတွင်းအားရှင်များနေ့ မဟုတ်လား"
"သြော် သမီးက မြေနီကုန်းက ကြော်ငြာဘုတ်ရောက်လာတယ်မှတ်လို
" အရေးထဲမှာ မင်းရယ်ငါရယ် မြေနီကုန်းမှာတီဗီသွားကြည့်မယ် လုပ်နေပြန်ပြီ "
မိုးချစ်သူက ကော်ဇောနီပေါ်နင်းကာ ထွက်ခွာတော့မည့် သဘာပတိကြီးနောက်သို့ ပြေးလိုက်ကာ (ဒီနေရာမှာ ဘာရေးလိုက်ရမလဲ) ပြေးလိုက်ကာ…
"သဘာပတုကြီး အဲ သဘာပတိကြီး"
(ဘယ်ကတဲက ထူးချင်နေမှန်းမသိသည့်) ဦးစိုးထက်က "အေး ဘာလဲကွ"
"မနက်ဖြန် ကမ္ဘာ့အတွင်းအားရှင်များနေ့ပါ သဘာပတိကြီး အဲဒီတော့ သဘာပတိကြီးတို့ကို ခေါက်ဆွဲကျွေး အဲ… ဇီးကွက်စံအိမ်က စပွန်ဆာ ၀တောင်တန်းကချက်အရက် အဲလေ ၀ါးစိမ်းနှစ်ချို့ အရက်နဲ့အကျွေးအမွေးများနဲ့ ဧည့်ခံပြီး …
"အေး ကောင်းသားပဲ"
"ဟင် ပြီးအောင်တောင် မပြောရသေးဘူး"
"ကြိုက်တာလုပ်ကြပါကွယ် တို့က ၀ါးစိမ်းအရက် အို… ဟုတ်ပါဘူး သစ်ရိပ်ဝါးရိပ်အောက်မှာ အနားယူမှာပါ ဟုတ်တယ်နော် မမြ၀င်း အဲလေ… မခွန်မြလှိုင်"
(မှတ်ချက်။ ။ စကားမှားဟန်ဆောင်ရန်မှတပါး ဟာသကွက်ထုတ်စရာ သိပ်မရှိလှကြောင်းကို ရှေးအစဉ်အဆက်ဆရာသမားများက သက်သေပြခဲ့လေပြီ ချစ်သယ်ရင်းတို့ ထို့ကြောင့် ဇာတ်ဆောင်အားလုံး ရှေ့လျှောက် စကားများများ မှားကြပါရန်)
"ဒီမယ် ဗိုလ်အောင်ဒင် ရှင့်အကြံဒါအကုန်ပဲလား"
"ဟင့်အင်း ရှိသေးတယ် ဟိ"
(စာရေးသူလုပ်ကြံထားခြင်းမဟုတ်ပါ။ ဟိ ဆိုသည်မှာ ဦးစိုးထက်၏ ရယ်သံအစစ်ဖြစ်ကြောင်း မှတ်ပုံတင်ထားပြီးသားဖြစ်သည်ကို သြဇီကျွန်းသားများဆိုင်ရာ အသံထွက်ရုံးတွင် စုံစမ်းသိရှိပြီးဖြစ်သည်။ မကြာမှီ ဓါတ်ပုံဝေေ၀ဆာဆာဖြင့် ဘလော့ဂ်တခုဖွင့်ပြီး သက်သေပြ … ဟာဆောရီး အရှိန်လွန်သွားလို့ ကြော်ငြာတွေပါကုန်တယ်)
"ရှင်က ၀ါးပင်အောက်မှာ ၀ါးစိမ်းသောက်တော့ ကျွန်မတို့က ဘာလုပ်ရမှာလဲ"
"သြော် တို့တွေ အတူတူ သစ်တပင်အောက်မှာ ၀ါးတပင်အောက်မှာ…"
"ဘာ!!!"
"မလန့်ပါနဲ့ ဗိုလ်အောင်ဒင် ၀ါးပင်အောက်ဝင်တာ မျှစ်ခူးမလို့ပါ အဲဟုတ်ပါဘူး တို့တွေတရားဆွေးနွေးကြမယ်လို့ "
"တော်ပါ တရားတာတော့မသိဘူး မတရားတာတွေဆွေးနွေးရမယ် ဥပမာ ဒီနေ့ကိစ္စ"
"ချစ်လွန်းလို့ဖြစ်သွားတာပါ မမြ၀င်းရယ်"
"ဘာ… ဂံဖုလားပိုင် ကိုဂျူလိုင်ကိစ္စပြောနေတာရှင့် ရှင်က ဘာဖျာဝင်ခင်းနေတာလဲ"
အမှန်တော့ ဂျူလိုင်ဆေးခတ်လိုက်သောရေကို အမြည်းသောက်လိုက်မိပြီး ဦးစိုးထက် ဂေါက် အဲ… နည်းနည်းလွတ်သွားခြင်းဖြစ်ပါသည်။ (မြန်မြန်ဝင်ရှင်းပေးမှ မဒမ်စိုးထက်ဖတ်ချင်ဖတ်နေမှာ ဟီး)
ထိုသို့ စကားအခြေအတင်ရှိပြီးသကာလ.. သဘာပတိ၂ဦးက မနက်ဖြန် ကမ္ဘာ့အတွင်းအားရှင်များနေ့ကို မိခင်ကလေးမှ ဖဲကြိုးဖြတ် ဆောရီး သတင်းကြေငြာတာနဲ့ မှားသွားလို့ (ရှေ့လျှောက်လဲ မှားဦးမှာ စိတ်ချ) အကြီးအကျယ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ သိုင်းသမားအသီးသီးကလည်း ခြင်္သေ့ကျွန်းမှတင်သွင်းလာသော နာဂစ်ဘေထုတ် အဲ နှစ်သက်ရာသိုင်းဝတ်စုံများ ၀တ်ဆင်ပြီး အံ့မခန်းအတွင်းအားအလှပြကွက်မျာ
........................
အမလေး မောလိုက်တာ ရုံးကပြန်လာတာ ညစာတောင်မစားရသေးဘူး။ ဆက်ရေးကြပါဦးဟ
ဟန်နီ
.........................................
ဆက်ရန်များမှာ..
၁) ပန်းချီသိုင်းသမား ပြန်ရောက်လာခြင်း.. ရွှန်းမီ
၂) သိုင်းပြောင်းပြန်ဆြာကြီး ဟန်သစ်ငြိမ် ၏ ဒေါသ ( အထူးကြားဖြတ် အစီအစဉ် )
၃) လက်သိုင်းသမားဂျုလိုင်ဒရမ်းနှင့် လေ့လွင့်သိုင်းသမား
၎) ဂျုမုံးကြောင်သိုး မှ ဒိုင်းလုရန် ကြံစည်ခြင်း
၅) ပျားဘုရင်မနှင့် နှင်းပွင့် နတ်ကလျာ
၆) လေလွင့်သိုင်းသမားနှင့် ပန်းချီ ၀ိဥာဉ်တို့၏ မကျေပွဲ
လာမည်.. ကြာမည်... မျှော်....
ဒိုင်လူကြီး၏ ညွှန်ကြားချက်အရ တစ်နေ့လျှင် တစ်ပို့စ်သာ တင်သွားမည် ဖြစ်ပါကြောင်း..... ဟိ ( အဲ ရယ်လိုက်မိတယ်.. မူပိုင်ခွင့်နဲ့ တရားစွဲခံရရင် ဒွတ်ခ... ဘွာတေးနော် ... :P )


3 comments:
ဟိ ... ဆက်ရေးကြ ... ဒီလောက် သဘောကောင်း သမာသမတ်ရှိ တဲ့ ဒိုင် ကို :P
ဟာ... မြ၀တီ ကျနေတာပဲ တရက်ကို တပိုင်းထည်းတဲ့....
တပိုင်းဆိုတာ အရက်ကလွဲရင် ဘာမှမကောင်း ဟီးးးးးးး
စောင့်ဖတ်ရုံပ No choice.
ဟိ
(ဒိုင်လူကြီး ရှောင်လင်ဒေါက်ထက် က ဘောကောင်းပါတယ် . . . နော်)
=)
Post a Comment