ပန်းချီသိုင်းသမား၏ အလှည့် ရောက်လာခြင်း
(၁)
သိုင်းပြိုင်ပွဲ ဒုတိယနေ့ morning ပြိုင်ပွဲ မစခင် . . .
စွန်လိုလို အရောင်စုံ အရာကြီးတစ်ခု ကောင်းကင်မှာ ပျံဝဲနေရာမှ သိုင်းပြိုင်ပွဲ ကျင်းပရာ ကွင်းပေါ်ကို တဖြည်းဖြည်း နိမ့်ဆင်းလာသည်။ သေချာဝိုင်းကြည့်လိုက်တော့ အာကာသယာဉ်နှင့် ခပ်မဆင်တဆင် ဖြစ်နေပြီး အမိုးလေး ပွင့်သွားကာ မိန်းကလေးတစ်ယောက် ခုန်ထွက်လာပြီး နှုတ်ဆက်သည်။
“ဟိုင်း.. အားလုံး မင်ရာပါ.. ဆောတီး .. နောက်ကျသွားတယ်.. “
ကြည့်ပြီး အားလုံး ဇဝေဇ၀ါ ဖြစ်သွားသည်။ ကာရန်မဲ့ သိုင်းရှင် ပျားဘုရင်မ ကတော့ သိပြီးသားလို ခပ်ပြုံးပြုံးလေး ကြည့်ရင်း "သုခမိန် စာမေးပွဲ သွားဖြေနေတာဆို" ဟု နှုတ်ဆက်သည်။
လေသိုင်းရှင် ဇီးကွက်က အခုမှ "ဟင် ဒီမှာလည်း ရွှန်းမီ" ဟု ထအော်သည်။
"ပန်းချီသိုင်းရှင် ရောင်စုံဝိဥာဉ် ရွှန်းမီ က ဒီနေရာကနေ အားလုံးကို ဂါရ၀ ပြုပါတယ်.."
ခုမှ ပျားဘုရင်မ အတုယူပြီး ကျန် သိုင်းလောကသားတို့က သေချာနှုတ်ဆက်လာကြသည်။
စောစောကတည်းက သုခမိန် စာမေးပွဲ ဖြေစရာရှိတယ် ဆိုပြီး ပြိုင်ပွဲရောက်နေသည့် ကောင်မလေးကို တွေ့နေရသော်လည်း ၀ါသနာကြီးလွန်းလို့ ဟု ထင်ကာ ဘယ်သူမှ မသင်္ကာ မဖြစ်ပဲ ရှိခဲ့ကြသည်။
အစောပိုင်းက ရောက်လာသော မနှင်းလေး နဲ့ မလင်း တို့ လှမ်းနှုတ်ဆက်တော့ စကားသိပ်မပြောပဲ ခပ်တည်တည်ဆက်နေ၍ တချို့  သိုင်းသမားများက မီမီ ရှိနေမှန်းပင် မသိလိုက်ပေ..။
ဘေးချင်းကပ်ထိုင်နေသော ခေးရော့စ်ပင် မသိသလို မာနကြီးသလို လုပ်နေ၍ မီမီကို သေချာစေ့စေ့ မကြည့်မိပေ။ သူများ ဟန်ရေးပြတော့ သူလဲ ၀င်ပြသည်။ ခေးရော့စ်နှင့် လက်စမ်းပြိုင်ဆိုတော့ ထပြိုင်ပြီး စုတ်တံကျိုးသွားတော့ ဘာမှမဆိုင်ပဲ ပြန်ထွက်ထိုင်နေသည် . . စသည် စသည်တွေမှာ ..
လက်စသတ်တော့ . . . ရွှန်း အစစ်မဟုတ်သည့် =ရိုဘော့မီမီ= ဖြစ်နေသောကြောင့် ဆိုသည်ကို
သိုင်းလောကသားတို့မှာ အခုမှ ရှင်းပြစရာ မလိုပဲ အလိုလို နားလည်သွားကြလေသည်။
=ရိုဘော့မီမီ= မှာ စောစောက သူ့ အင်တင်နာ စုတ်တံ ကျိုးသွားလို့ control sever နှင့် အဆက်အသွယ် ပြတ်သွား၍ back up program သုံးပြီး ပြိုင်ပွဲထဲမှ ပြန်နားနေခြင်း ဖြစ်သည်။ ဆာဗာနှင့် အလှမ်းဝေးနေလျှင် တိုက်ခိုက်ရင်း လက်လွန်တတ်သဖြင့် အန္တရာယ်ကင်းအောင် ၀ိဥာဉ် ရွှန်းက စီမံထားခြင်း ဖြစ်သည်။
“ဘာကိစ္စနဲ့ ရိုဘော့ကြီး လွှတ်ထားတာလဲ?” ဟု ပြိုင်ပွဲနာယက ရှောင်လင်ဒေါက်ထက်က လာစစ်မေးရာ ..
”ဒီလိုပါ .. ၈၀၀၂ ခုနှစ်မှာ စစ်တဲ့ သုခမိန်ပညာစမ်းပွဲကို တိုင်းမရှင်း (Time Machine) နဲ့ သွားဖြေတာ ဟိုက ပါမောက္ခတွေက အကူအညီ တောင်းလို့ တိုင်းမရှင်း ပေးစီးခဲ့ရပါတယ်။ သူတို့ပြန်ပေးတော့ တိုင်းမရှင်းကို ဘာတွေ ကလိထားသေးလဲလို့ စိတ်မချတာနဲ့ ပုံတူ ရိုဘော့ အရင် လွှတ်ပြီး စိတ်ချလို့ ရမရ စမ်းသပ်ရတာပါ။ အဲဒါနဲ့ပဲ .. သိုင်းပြိုင်ပွဲနဲ့ ကြုံတုန်း တစ်ခါမှ မသုံးရသေးတဲ့ ရိုဘော့မီမီ လေးကိုပါ စမ်းသပ်ကြည့်လိုက်တာပါ။ အစစ်နဲ့ တူတယ် မဟုတ်လား.. ။ “
(ရိုဘော့ ကွန်ထရိုး ကောင်းတယ်.. ပရိုဂရမ်းမင်းက အမိုက်စားပဲ.. အစစ်နဲ့ မကွဲဘူး .. အစကတည်းက မဟုတ်ဘူး ထင်သား.. စတဲ့ ကော်မန့်ပေးသံ၊ ၀ိုင်းချီးမွမ်းသံတွေ ညံနေပါသည်။ )
. . .
“ရောင်စုံ ၀ိဥာဉ် ရွှန်းက တကယ်တော့ ဒီပွဲမှာ ၀င်ပြိုင်ဖို့ အစီအစဉ် မရှိပါဘူး ..
အစ်ကိုတော် ဇီးလေပွေ လျှို့ ဝှက် တာဝန်ပေးလို့ ၈၀၀၂ ခုနှစ် ထိသွားပြီး ဒီ အဆင့်မီ မာလတီ ဒီဗွီဒီ ပလေယာ.. အဲလေ.. ရွှေဒိုင်းလွှာ ကြီးကို သုခမိန်စာမေးပွဲ ၀င်ဖြေပြီး ရအောင်သွားယူတာ .. သိုင်းလောက အမှတ်တရ ဆုချီးမြှင့်ဖို့ပါ။ “
ဒိုင်လူကြီး ဘွားဘွားရေခဲလှိုင် က ဒိုင်းကြီးအရောင်ကို မသင်္ကာ ဖြစ်နေရာ ဒါ ၈၀၀၂ ဘက်က တန်ဖိုးထားတဲ့ သတ္တုအသစ် ဖြစ်ကြောင်း ၀ိဥာဉ် ရွှန်း က ထပ်အာချောင်သဖြင့် မျက်မှောင်ကျုံ့ ပြီး ပြန်မကောခင်.. ပြိုင်ပွဲ နာယက ရှောင်လင်ဒေါက်ထက်က ငြိမ်ငြိမ် သွားထိုင်ရန် မျက်ရိပ်ပြလိုက်လေသည်။
ရိုဘော့မီမီက ခပ်တည်တည် ထိုင်နေရာမှ နေရာဖယ်မပေးသဖြင့် ၀ိဥာဉ် ရွှန်း စိတ်လေသွားပြီး စုတ်တံကျိုးကြီးကို အရှက်ပြေ သွားကောက်ကာ ပြန်ပြင်ရန် ကြိုးစားနေရလေသည်။
ထိုသို့ဖြင့် ဤတန်ခိုးထက်မြက်သော ရွှေသတ္တုဒိုင်းကို ကိုင်မည့်သူသည် မကောင်းစိတ်ဝင်လျှင် အတွင်းအား လျှော့သွားစေရန် အထူးစီမံထားကြောင်း ဆက်ရှင်းပြရန် အခွင့်မသာလိုက်ပါချေ။
ထို့အပြင်.. အရှေ့က အကြို လက်စမ်းပွဲများတွင် နောက်ကောက်ကျခဲ့သော ဗိုလ်မုတ်သုန်၊ အလွမ်းဒေ၀ီ လင်း နှင့် ရေသိုင်းရှင် မိုးချစ်သူ တို့ကလည်း ၀ိဥာဉ် ရွှန်းမီ၏ ရိုဘော့ နှင့် နှစ်ကိုယ်ခွဲမှုကြောင့် ခေးရော့စ်က အချောင်တစ်ဆင့်တက်သွားသည်ကို မကြည်မလင် ဖြစ်နေကာ တာဝန်ရှိသူ လေသိုင်းရှင် ဇီးကွက် နှင့် ဒိုင်လူကြီးများကို ပြဿနာ ရှာရန် (ဖြေရှင်းရန်) မီးထွန်းကြလေသည်။
ရိုဘော့ မီမီ + ၀ိဥာဉ် ရွှန်း
သက္ကရာဇ် ၈၀၀၂
(Somebody, HELP me !! အဲလေ.. ဒီမှာ ..ဆက် ရှင်းပါဦးဗျို့  )
အိပ်မက်ရှင် နော်တော်ဒရမ်းက ရုတ်ရုတ်သဲသဲ ဖြစ်နေသော သိုင်းသမားများကို တစ်ခုခုပြောမည် အလုပ်တွင်..
တ တူ တူး တူ . . ဂွမ်းဂွမ် . . .
ပြင်ဆင်ပြီးကာစ ရိုဘော့မီမီ၏ စုတ်တံဘေးက ပန်းချီဆေးပုံးကြီး အသံထွက် လာသည်။
နောင်တော်ဒရမ်း မျက်စောင်းထိုးချိန် မရလိုက်။ ၀ိဥာဉ်ရွှန်းက မက်ဆေ့ကို အမြန် သွားဖွင့်ဖတ်သည်။ သိုင်းလောက အပြင် ဆင်လာယူကျွန်းမှ အရေးပေါ် လှမ်းဆက်သွယ်ခြင်း ဖြစ်သည်။
“ရိုဘော့ဒေါက်တာ ရွှန်းမီ”
အရေးပေါ် လူနာ အသည်းအသန် ဖြစ်နေ။ အမြန်လာကူ။
Zzzz.
တိုပြတ်လွန်းသည့် စာသားကြောင့် အခြေအနေကို ရွှန်းမီ ခန့်မှန်းလိုက်ပြီး အမြန်လိုက်သွားရန် ပြင်ဆင်ရသည်။ ပန်းချီစုတ်တံကို ဆေးရောင်အင်အားတွေ ပြန်ဖြည့်ပေးပြီး ရိုဘော့မီမီကို program အသစ် သွင်းပေးခဲ့ကာ ဆုဒိုင်းကြီးနှင့် ပြိုင်ပွဲကို စောင့်ရှောက်ရန် ဒိုင်လူကြီးနှစ်ယောက် လက်ထဲ ထားခဲ့သည်။
ထို့နောက် ဖြေရှင်းရန် အချိန်မရတော့..။
အားနာနာနဲ့ လှမ်းပြုံးပြပြီး တိုင်းမရှင်း အမှတ် Shwun_001 ကို မောင်းနှင်ကာ ဆင်လာယူကျွန်း စက်ရုပ် ဆေးရုံကို အသော့နှင်လေသည်။
အခုမှ အိပ်မက်ရှင် နောင်တော်ဒရမ်း စကားဆက်ပြောလေသည်။
“အားလုံး သိုင်းပြိုင်ပွဲထဲ ရှိနေခိုက်မှာ ဟမ်းဖုန်းတွေ ပိတ်ထားကြပါ။”
.........................................
(၂)
ရုတ်ရုတ်သဲသဲ ဖြစ်နေသော သိုင်းသမား များကို တစ်ခုခုပြောရန်. . .
ဘွားဘွား ရေခဲလှိုင်က ..
"ဒီလို ခေးရော့စ်ကို ရိုဘော့မီမီ နဲ့ ပြိုင်တာ မကျေနပ်ဘူး ဆိုရင် ပန်းချီဝိဥာဉ် ရွှန်း နဲ့ ပြန် ပြိုင်ခိုင်းရမလား" ဟု ရှောင်လင် ဒေါက်ထက် ကို လှမ်းတိုင်ပင်ရာ ခေးရော့စ်က ဖဲကြိုးပြုတ်ထားသည်ကို မကျေမနပ်နှင့်
"အို.. ရိုဘော့က သူနဲ့ တူအောင် သေချာ လုပ်ထားတာပဲ.. ရွှန်း ကို ကိုယ်စားပြုတဲ့ အနေနဲ့ သူ့လိုပဲ ကစားတာပဲဟာ.. သေသေချာချာတောင် ပြန် ပရိုဂရမ် လုပ်သွား .. သွား . ."
"ဒါပေမယ့် မင်းကြောင့် အင်တင်နာ ကျိုးသွားလို့ ပြန်ထွက်ထိုင်နေတာ မဟုတ်လား" .. ပျားဘုရင်မက ၀င်ထောက်တော့ ခေးရော့စ် ခဏတိတ်သွားသည်။ ဒါကို အခွင့်ကောင်းယူပြီး အလွမ်းဒေ၀ီ လင်း နှင့် ဗိုလ်မုတ်သုန်၊ ရေသိုင်းရှင် မိုး တို့က "ဟုတ်တယ်.. သိုင်းသမား အစစ်နဲ့ပဲ ပြိုင်စေချင်တယ်.." ဟု ဆန္ဒ ထပြ .. (သည်းခံပါရှင့်) ဆန္ဒ ပြုကြသည်။ ဤတွင် ရှောင်လင်ဒေါက်ထက်က အများသဘောတူညီမှု အရ လည်းကောင်း၊ တည်ဆဲ သိုင်းပြိုင်ပွဲ ဥပဒေအရ လည်းကောင်း ငြင်းဆိုရန် မဖြစ်နိုင်ကြောင်း ဖျောင်းဖြ တင်သွင်း ရှင်းလင်း လျှောက်တင် ပြောကြားသည်မှာ . . .. (သည်းခံပါ..) ခေးရော့စ်ကို ဖျောင်းဖြရလေသည်။ ခေးရော့စ်က မကျေမနပ်နှင့် ဒီညနေမှ ပြန်မရောက်ရင် အရှုံးပေး ပြေးတယ်လို့ သတ်မှတ်မယ် ဟု အကျပ်ကိုင်သည်။
ထိုစဉ် ... ယာဉ်အမှတ် Shwun_001 သိုင်းပြိုင်ပွဲ ကွင်းပြင်နား ပြန်ရောက်နေကြောင်း အချက်ပြ မတ်စေ့(message) ရောက်လာသည်။
ဤသို့ဖြင့် .. ပန်းချီဝိဥာဉ် ရွှန်း လဲ .. ခရီး ရောက်မဆိုက် အနားမယူလိုက်ရဘဲ လေလွင့်သိုင်းရှင် ခေးရော့စ်နှင့် ပြိုင်ပွဲ စရတော့သည်။
အစပိုင်းတွင် လေလွင့်သိုင်းရှင် နှင့် ပန်းချီသိုင်းရှင် ရွှန်းမီ မှာ တစ်ယောက်နှင့် တစ်ယောက် ပညာစမ်း သည့်အနေဖြင့် နှစ်ယောက်လုံး ခပ်လျှိုလျှို ကစားနေကြသည်။
"သူတို့နှစ်ယောက် ခေါက်ဆွဲစားထားတယ်ထင်တယ်" ဟု ဗိုလ်မုတ်သုန်က ပျားဘုရင်မကို ကပ်ပြောသောအခါ "ဖဲကြိုးကြည့်ပြီး ခေါက်ဆွဲ မြင်နေတယ်။ ဗိုက်ဆာပြီလား။" ဟု ပြန်မေးခံလိုက်ရသဖြင့် အီလည်လည် ဖြစ်ပြီး မသိမသာ ပြန်ထွက်သွားသည်။ နားစွန်နားဖျား ကြားသွားသည့် ပြိုင်ပွဲ တာဝန်ခံ လေပွေဇီးကွက်က မုတ်သုန်ကို မုန့်လာပေးရာ အနားမှ အိမ်မက်ရှင် ဂျူလိုင်ဒရမ်းက လိုက်လုနေလေသည်။
သိပ်ကြည့်မကောင်းသဖြင့် ပြိုင်ပွဲကို အားလုံးက အာရုံသိပ်မထားမိချိန်တွင် ခေးရော့စ်က ရွှန်းမီကို မျက်ရိပ်ပြလိုက်သည်။ ရွှန်းမီက မသိမသာ ခေါင်းညိတ်ပြပြီး နှစ်ယောက်လုံး တိုက်ကွက် ရုတ်တရက် ပြောင်းသွားလေသည်။ ခေးရော့စ်က မိုးပေါ် ပျံတက်ပြီး တော်ပီဒို သိုင်းကွက်ဖြင့် ၀ှီးခနဲ့ ပြန်ဆင်းလာစဉ် ရွှန်းမီက တိမ်လွှာသိုင်းဖြင့် ပြိုင်ပွဲကွင်းပြင်ကို စက်ဝိုင်းသဏ္ဍန် ပတ်ပြီး ပျံနေသည်။
အားလုံးကလည်း ရွှန်း ကွင်းဗဟို ကို ရောက်မည့် အချိန်နှင့် ခေးရော့စ် ပြန်ရောက်ချိန်နှင့်ဆုံမည်ကို
ရင်တမမ ကြည့်နေစဉ် နှစ်ယောက်လုံးက ရုတ်တရက် ဒါရိုက်ရှင်ပြောင်းကာ ဒိုင်စားပွဲအောက်ဘက်ကို ဦးတည်လာသဖြင့် ဒိုင်နှစ်ယောက် ထပြေးလေသည်။
ဒိုင်နှစ်ယောက်နောက်တွင် အနက်ရောင် အရိပ်တစ်ခုလည်း ပါသွားလေရာ ရှောင်လင်ဒေါက်ထက်က ခရီးဆောင် အိတ်ကြီးနှင့် အိမ်ပြန်ပြေးသည်ဟုပင် ထင်ရလေသည်။
ဘွားဘွား ရေခဲလှိုင်က အရိပ်ကို သတိထားမိသဖြင့် ရှောင်လင်ဒေါက်ထက်ကို "ဒီဘက်ကွေ့ ဒီဘက်ကွေ့" ဟု လမ်းဆွဲလိုက်သည်။ အရိပ်နက်က တည့်တည့် ဆက်ပျံသွားမိပြီး ခေးရော့စ် နှင့် ရွှန်းကလည်း သည်းကြီးမည်းကြီး လိုက်ကြလေသည်။ တစ်ချိန်တည်းမှာပင် အရိပ်နက်ထံမှ လက်နက်ပုန်းနှစ်ခု ထွက်လာရာ ခေးရော့စ်က ပုဝါစနှင့် လှမ်းအုပ်ပြီး တားလိုက်ရသည်။ ထိုအခါမှ သိုင်းလောကသား အားလုံး အလန့်တကြား ဖြစ်သွားလေသည်။
အဆက်မပြတ် ထပ်မံ ထွက်လာသော လက်နက်ပုန်းများကို ခေးရော့စ်က လိုက်ရှင်း၊ ရွှန်းက အရိပ်နှင့် ဆက်တိုက်ခိုက်နေစဉ် ရွှန်း၏ ရိုဘော့မီမီက အရိပ်နက် အနောက်ကို တိတ်တဆိတ် ရောက်လာပြီး အကြောပိတ်လိုက်လေသည်။( မွန်ချောက်ဖုံသည် အနားကို လူရောက်လာလျှင် အရိပ်ကဝေ အတွင်းအားဖြင့် သိရှိနိုင်သော်လည်း ရိုဘော့ကိုတော့ အငိုက်မိသွားလေသည်။ ) အရိပ်နက် လေထဲမှ ပြုတ်မကျမီ ရွှန်း က လှမ်းဖမ်းလိုက်ပြီး ခေးရော့စ် က မျက်နှာဖုံးကို ဆွဲဖွင့်လိုက်သောအခါ အံ့သြစရာ .. သိုင်းလောကမှ ပျောက်ဆုံးနေသော ပြန်လမ်းမဲ့ မိန်းမလှကျွန်းမှ ကဝေသိုင်းရှင် မွန်ချောက်ဖုံ ဖြစ်နေလေတော့သည်။
ခေးရော့စ်နှင့် ရွှန်းတို့ မွန်ချောက်ဖုံကို တစ်ယောက်တစ်ဖက် ထိန်း၍ သိုင်းပြိုင်ပွဲကွင်းရှိ မိတ်ဆွေများနှင့် ဒိုင်လူကြီးများရှေ့သို့ ပြန်ရောက်သောအခါ .. . ဆုပေးပွဲအတွက် ထားသော ဒိုင်းကြီးမှာ ထူးဆန်းစွာ ပျောက်ဆုံးနေလေတော့သည်။
=============================================
ရွှန်းမီ
=====================================================
ဒိုင်းကြီးပျောက်သွားပြီ... အမှန်က အယ်ဒစ်တာကြီး ဆီကုန်လို့ ဆီသွားထည့်နေလို့ နောက်ကျသွားတာ ခွင့်လွှတ်ကြပါလေ..။ ကဲ ခေးအော့်စ်နဲ့ ရွှန်းမီတို့ ချတာ ပြီးကို မပြီးတော့ဘူး။ ဒီတော့ အရှုံး အနိုင်သေချာအောင် နောက်ထပ်ပြိုင်မယ်။ အက်ဒစ်တာကြီးက ပြိုင်ပွဲကို ပြန်စဖို့ ဘီရိုကော ကြောင်အိမ်ကော ရှိသမျှ အာဏာတွေ အကုန်သုံးပြီ....။ ကဲ... စားပွဲအောက်မှာ ပုန်းနေတဲ့ မွန်ကိုတော့ ဒိုင်လူကြီး နှစ်ယောက်ဆီကို အပ်ပြီး တော့မှ အခုတကယ် ပြိုင်ပွဲစမှာ ဖြစ်ပါတယ်။ ခုနက ပြိုင်ပွဲ မပြိုင်ခင်ကတည်းက ခေးအော့စ်နဲ့ ရွှန်းမီက စားပွဲခုံအောက်ကို ရောက်နေတဲ့ ဘာမှန်းမသိတဲ့ ( အခုတော့ သိပြီလေ... လူကိုမတွေ့ပေမဲ့ အနံ့ခံကောင်းတဲ့ မီနဲ့ ခေးအော့စ်က အာပုပ်နံ့ ရတာနဲ့ မွန်ချောက်ဖုံမှန်း သိနေတာ.. ) အရာကို ဖမ်းဖို့ အကွက်ဆင်ပြီး သိုင်းပြိုင်ပွဲ အတုကို ကျင်းပလိုက်တာ။ အမှန်က လူဆိုးတွေ လာပြီ ဆိုကတည်းက ပြိုင်ပွဲဝင်သိုင်းမယ်တွေ အားလုံး သွေးသောက် ( အမှန်ကတော့ သွေး မသောက်ပါဘူး။ နာမှာစိုးလို့ ဇီးကွက်ဆီက ဆန်အရက်ထဲကို ငရုတ်ဆီ နည်းနည်း ဖြူးပြီး..( အရောင်ပါအောင်လို့လေ.. ) ငရုတ်ရည်သောက် အဲလေ သွေးသောက်) ညီအမတွေ အဖြစ် ဖွဲ့ထားပြီးသား။ ဒါပေမယ့် ညီအစ်မက ညီအစ်မလေ ။ သိုင်းပြိုင်ပွဲက သိုင်းပြိုင်ပွဲပဲ။ အစဉ်အလာအရ သိုင်းပြိုင်ပွဲ ကို ရပ်လို့လဲ မဖြစ်ဘူး။ ဒါနဲ့ သွေးသောက် ညီအစ်မတွေ သွေးသောက်တာကို ခဏမေ့ထားပြီး သိုင်းပညာ ဖလှယ်ပွဲကို စတင်ပြိုင်ဆိုင်ပါတော့တယ်..။ ဒီပြိုင်ပွဲကို ကြားဖြတ်အစီအစဉ်အနေနဲ့ ခေါက်ဆွဲစားတဲ့ ဒိုင်လူကြီးနဲ့ ခေါက်ဆွဲရော ကြာဇံပါ စားတဲ့ အော်ဂနိုက်ဇာ အက်ဒစ်တာ ဇီးကွက်တို့က နေမဖြစ်ဖြစ်အောင် စီစဉ်ပေးတာပါ။ ခုတော့ အက်ဒစ်တာကြီး မိုက်ကြီးနဲ့ သီချင်းဆိုနေတယ်.....
အားယားလို့ သိုင်းပြိုင်ပွဲ ကျင်းပမိတာ .. သေပြီဆရာ
သူများကို နှိပ်စက်ပြီး ပြိုင်ခိုင်းတာ.. ခုတော့.. သေပြီဆရာ
ရေးတဲ့လူကရေးပြီး မရေးတဲ့လူက မရေးတာ .. သေပြီဆရာ
ကော်နက်ရှင်မကောင်းပဲ အက်ဒစ်တာ လုပ်တာ.. သေပြီဆရာ


1 comment:
ရိုဘော့ မီမီ .....
သော့နဲ့တခါး မှန်အောင်မတွဲနိုင်ရုံမက သူက လူပါ နှစ်ကိုယ်ခွဲနေပြီ။ မနိုင်ဘူး... အိပ်လိုက်အုံး....
အိပ်ပြီးမှ ပြန်လာပြိုင်.......
Post a Comment