မြင့်မားသီခေါင်လှသော တောင်တန်းကြီးပေါ်က ရှောင်လင်ကျောင်းတော်ကြီး၏ အခန်းငယ် တစ်ခုအတွင်းတွင် ဖြစ်ပါ၏။ အသက်အရွယ်အားဖြင့် ငွေရတုကျော်ကျော် ရှိဦးမည့် သိုင်းလုလင်တစ်ဦး တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်လျှက်ရှိ၏။ ရိုးစင်းစွာ ၀တ်ဆင့်ဆင်ယင်ထားတဲ့ လုလင်၏ ပုံသဏ္ဍန်မှာ တည်ကြည်ခံညားသဖွယ် ရှိပေမယ့် မျက်နှာထားကတော့ တင်းမာလှပေသည်။ သံမဏိအလား တင်းမာလှသော မျက်နှာပေါ်မှာ လွမ်းဆွတ်ကျေကွဲနေသော့ မှိုင်းညှိ့ညှိ့ မျက်လုံးအစုံကို သေချာကြည့်က တွေ့နိုင်၏။ သို့သော်... အများစုမှာ သူ၏ တင်းမာသော မျက်နှာထားကြောင့် သူ၏ မျက်လုံးများကို သတိမမူမိကြပေ။
ထိုသူကား... ဘယ်သူဘယ်ဝှါ ဘာကောင်ညာကောင်ကို ဂရုမစိုက် အဓိကမထားပဲ လုပ်ရပ်ပေါ်မူတည် ဆုံးဖြတ်ပြီး မကောင်းသူပယ် ကောင်းသူကယ်သော ဇော်ယောင်သိုင်းသမားကြီး ဇူလိုင်အိမ်မက်ရှင် ပင်တည်း။ ဇူလိုင်အိမ်မက်ရှင်ကို သိုင်းလောကမှ အောက်လိုင်းဂိုဏ်သားများက အိမ်သာသခင် အီးဘုရင်လို့ သိရှိကြသလို... အထက်လိုင်း ဂိုဏ်သားများကတော့ ဆေးပြားအရှင် ရေသန့်သခင် လို့ ခေါ်ဝေါ်ကြသေး၏။
ဇူလိုင်အိမ်မက်ရှင်ကြီး ဝေးလံသော အရပ်မှနေပြီးလျှင် မြင့်မားလှသော အထင်ကရတောင်သို့ တစ်ယောက်ထီးတည်း ရှောက်ရှိလာခဲ့ခြင်းမှာ ရည်ရွယ်ချက်မဲ့တော့ မဟုတ်ချေ။ သဘာဝအလျောက် ဆန်းကြယ်စွာ ဖြစ်ထွန်းနေသော တောတောင်တို့၏ စိတ်ကြည်နူးဖွယ် အလှအပတို့ကို ခံစားမြင်တွေ့လိုသောကြောင့် တစ်ကြောင်း၊ ရင်ထဲဝယ် လှိုက်မောစွာ ခံစားနေရသော ချစ်ဝေဒနာလေးများ ပြေပျောက်လို ပြေပျောက်ငြားဟူသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ ကိုယ်ဖော့ပညာရှင် အော်သိုင်းသမား ဇီးကွက်ပြူးကြောင်၏ ဖိတ်ကြားထားသော သိုင်းပညာဖလှယ်ပွဲကို ၀င်ရောက်ဆင်နွှဲလိုသောကြောင့် တစ်ကြောင်း ဘလော့ကမ္ဘာမြေမှ ရှောင်လင်ကျောင်းတော်ကြီးကို ရောက်လာခဲ့ခြင်းပင်ဖြစ်၏။
နေမင်းကြီးက တဖြည်းဖြည်း အနောက်အရပ်သို့ တိုးဝင်နေ၏။ ဇူလိုင်အိမ်မက်ရှင်လည်း အခန်းငယ်အတွင်းမှ အပြင်ဘက်ရှိ ကျောင်းဆောင်ကြီးငယ်များကို တငေးတမော ကြည့်ရင်း အတွေးလေးတွေ ဖြန့်ကျက်နေ၏။
"ရှောင်လင်ကျောင်းက သိုင်းပညာကို အစပျိုးခဲ့တဲ့ အရင်းခံ ရေသောက်မြစ်ကြီးဆိုတာ လူတိုင်းလက်ခံထားကြတယ်။ ဒါပေမယ့် ဒီတစ်ခေါက် ကျင်းပမယ့် သိုင်းပညာ ဖလှယ်ပွဲမှာ ဒီကျောင်းက ပညာရှင်တွေ ဘာကြောင့် မပါရတာလဲ။ အရှေ့ကျောင်းတိုက်က ဆိတ်ပညာသိုင်း အကျော်အမော် ဆရာကြီးလင်းဦး၊ အနောက်ကျောင်းတိုက်က မျိုးဆက်အကျော်အမော် ဆရာကြီး ဆာလာအိတ် ရဲမွန်၊ မြောက်ကျောင်းတိုက်က မျောက်သိုင်းအကျော်အမော် လက်သမားဆရာကြီး ဟန်သစ်ငြိမ်၊ တောင်ကျောင်းတိုက်က သားမက်ရှောင်သိုင်း အကျော်အမော် သမီးတစ်ကောင် နွားတစ်ထောင် ဆရာကြီးကလူသစ်တို့ ပျောက်ချက်သား ကောင်းနေတယ်။"
"အင်း ဒီကျောင်းက ပညာရှင်တွေက ဒိုင်ဖြစ်နေတဲ့ သြဇီသခင် ကပ္ပိယကြီး ဒေါက်ထက်ကြီးရှေ့မှာ အထုပ်ဖြေရရင် အရှက်ကွဲမှာ စိုးလို့ ၀င်မပြိုင်တာလား၊ အင်း အစဉ်အလာ ကြီးမားခဲ့တဲ့ ကျောင်းတော်ရဲ့ နာမည်သိက္ခာတွေ ကျသွားမှာ စိုးရိမ်လို့ထင်တယ်။"
ဇူလိုင်အိမ်မက်ရှင်ကြီးက အတွေးစကို ဆက်လိုက်မိပြန်၏။
"ဒါမှမဟုတ် ဒီလိုများဖြစ်လေမလား။ ဒီကျောင်းက ပညာရှင်တွေ တရားကျင့်ကြံ အားထုတ်ရာက တရားပေါက်သွားကြပါရော။ အဲဒီတော့ သိုင်းပညာ ဘယ်လောက်တော်တော် လောကီလူသားတွေလို ဂုဏ်ပကာသန မမက်တော့တဲ့အတွက် တစ်ဖက်သားတွေနဲ့ အရှုံးအနိုင် မပြုချင်တော့လို့လား။"
ဇူလိုင်အိမ်မက်ရှင်ကြီးသည် ရှောင်လင်ကျောင်းတော်ကြီးနှင့် ပတ်သတ်၍ သူ့အတွေးနှင့် သူ ရှိနေစဉ် ရုတ်တရက် ရှေ့ဘက်တောအုပ်များအကြား တစ်စုံတစ်ယောက်၏ နှုတ်မှ သံဝေဂစာ ရွတ်ဖတ် သီဆိုနေသံကို ကြားလိုက်ရ၏။
ဇူလိုင်အိမ်မက်ရှင်ကြီးသည် ပို၍ ပီပြင်စွာကြားရန် နားစွင့်လိုက်သော်...
"အချစ်မှ ပူလောင်ပြင်းပြသော သောကဝေဒနာ ပေါက်ဖွားလာ၏။ အချစ်မှ တုန်လှုပ် ကြောက်ရွံ့စိတ်များ ပေါ်ထွက်လာ၏။ အချစ်နှင့် ကင်းကွာနိုင်သူသည် ပူလောင်ပြင်းပြသော သောကဝေဒနာနှင့် တုန်လှုပ် ကြောက်ရွံ့စိတ်များ ကင်းဝေးနိုင်၏။ "
ဇူလိုင်အိမ်မက်ရှင်ကြီးသည် ယင်းသံဝေဂစာကို ရွတ်ဆိုသံကို ပီပီပြင်ပြင် ကြားလိုက်ရသောအခါ ပြုံးမိလေ၏။
"အင်း... အလွမ်းဘုရင်မ မျက်ရည်မီးတောက် လင်း ကတော့... လုပ်ချလိုက်ပြန်ပြီ။ ညဘက် ညဘက် လူ အထင်ကြီးအောင် သံဝေဂစာတွေ ရွတ်ရွတ်နေပြီး ရေးလိုက်ရင်တော့ အလွမ်းကဗျာတွေ စာတွေကြီးပဲ။ တရားရမယ့် သဘောတော့ ဒီတစ်သက် မမြင်မိပါဘူး။"
ကျောင်းဆောင်၏ အနောက်ဘက်တွင် ညီညာဖြောင့်ဖြူးသော တောင်တက်လမ်းကလေး တစ်ခု ရှိ၏။ အဲဒီ တောင်တက်လမ်းကလေးတွင် မုတ်သုန်လေ သိုင်းသမားတစ်ယောက်ခမျာ ညကြီးမိုးချုပ် ကဗျာရှည်ကြီးတွေ ရွတ်ပြီး အတွေးတွေနဲ့ လမ်းပျောက်နေသလို ခွေးရိုက်တုတ်ကြီး ကိုင်ပြီး ဟိုဟိုဒီဒီ လျှောက်နေတာကို ဇူလိုင်အိမ်မက်ရှင်ကြီး လှမ်းမျှော်ကြည့်ရင်း တွေးမိပြန်၏။
"အင်း ရန်သူမဲ့သော သိုင်းသမားတစ်ဦးဖြစ်ပေမယ့် ဗိုလ်မုတ်သုန်မှာ ရှိနေတဲ့ အားနည်းချက်ကတော့ ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်တာပဲလေ။ စိတ်ကူးတွေနောက် မမောနိုင် မပမ်းနိုင် လိုက်ရင်း အရှုံ့းတွေ တွေ့ရပေါင်းများခဲ့တာတောင် အဆုံးမသတ်နိုင်ဘူး။ ပစ်ချလိုက်ရမလား သိုင်းကွက်နဲ့ အင်းစိန်တောရမှာ တစ်ညလောက် တရားကျင့်ခဲ့ရတာကိုတော့ မှတ်မိနေအုံးမှာပါ။ သူ့လက်ထဲက ခွေးရိုက်တုတ်နဲ့ အဲဒီတောရက ခွေးတွေကို ဘယ်လို ဆုံးမခဲ့သလဲကို သွားမေးကြည့်အုံးမှ..."
ဇူလိုင်အိမ်မက်ရှင်ကြီး ခြေလှမ်းသွက်သွက် လှမ်းရင်း ဗိုလ်မုတ်သုန်ရှိရာကို ထွက်ခွါလာခဲ့၏။ အနီးအနားရောက်မှ အသေအချာ မြင်ရတဲ့အခါ ဗိုလ်မုတ်သုန်ကြီးက စာအုပ်တစ်အုပ်ကို အသေအချာ ဖတ်နေတာကို ဇူလိုင်အိမ်မက်ရှင်ကြီး မြင်တွေ့လိုက်ရ၏
"ဟေး.. ဗိုလ်မုတ်သုန်ကြီး ဘာစာအုပ်တွေ ဖတ်နေတာလဲ"ဲဆိုပြီး လှမ်းအော်ပြောလိုက်၏။
"သြော်... ဇူလိုင်အိမ်မက်ရှင်ကြီးကိုး..." ဆိုပြီး လက်ထဲမှ စာအုပ်ကို ဗိုလ်မုတ်သုန် ၀ှက်လိုက်၏။
"ဘာစာအုပ်မှ မဟုတ်ပါဘူး... ရှောင်လင်ကျောင်းက ပညာရှင်တွေနဲ့ သိုင်းလောကသားတွေ ထုတ်တဲ့ ဖွဲ့တည်ရာ အီးမဂ္ဂဇင်းကို ဖတ်နေတာပါဗျ။" ဆိုပြီး ပီပီရိရိ ဆက် လိမ်၏။ ဗိုလ်မုတ်သုန် ဖတ်နေသော စာအုပ်က... သိဒ္ဓိမြောက်ဖို့အတွက် ဖတ်နေသော ကာမသိဒ္ဓိကျမ်းကြီး ဖြစ်လေသည်။
"သြော်... ကောင်းပါတယ် ကောင်းပါတယ်။" ဆိုပြီး ဇူလိုင်အိမ်မက်ရှင်က မသိသလိုနေပြီး ပြန်ဖြေလေ၏။ အမှန်ကတော့ သိလိုက်၏။
"ဒါနဲ့ အင်းစိန်တောရမှာ ပစ်ချလိုက်ရမလား သိုင်းကွက်နဲ့ ဗိုလ်မုတ်သုန်တို့အဖွဲ့တွေ အတိုက်ခံရသေးတယ်ဆို။ ဘယ်လိုလဲဗျ... သူတို့ရဲ့ ပစ်ချလိုက်ရမလား သိုင်းကွက် အတော်အဆင့်မြင့်တယ်ဆို။ အဲဒီတိုက်ကွက်ကို ခံလိုက်ရလို့ ဗိုလ်မုတ်သုန်တို့တောင် ညနေ ၅ နာရီကနေ ၁၂ နာရီအထိ အတွင်းအားကျင့်စဉ်တွေနဲ့ ပြန်ကုယူမှ ပုံမှန်ပြန်ဖြစ်သွားတယ်လို့ သိုင်းလောကမှာ သတင်းကြီးနေတယ်ဗျ။"
"ဟုတ်ပဗျာ... ကျွန်တော်တို့လည်း အဲဒီတိုက်ကွက်ကို ကွမ်းခြံကုန်းက အပြန်မှာ အမှတ်မထင်ပဲ ခံလိုက်ရတာပဲ ဇူလိုင်အိမ်မက်ရှင်ရေ။ ခွေးရိုက်တုတ်တောင် သုံးခွင့်မသာလိုက်ဘူး။ ဟိုဘက်က ၀ါးရင်းတုတ် သိုင်းသမားတွေက အတော် အဆင့်မြင့်တယ်ဗျ။ သူတို့ တိုက်ကွက်က လူတွေတင် ထိတာမဟုတ်ဘူးဗျ။ စီးတော်ဝေါယာဉ်ကြီးကိုလည်း မေ့ကျောတွေနှိပ်ပြီး အိမ်ငွေ့ချလိုက်တယ်လေ။ အမိန့်တော်ရ ဘီးခွန်ပြားပဲ ပြီးခဲ့တဲ့ ၁ ပတ်က ပြန်ရှာလို့ ရသေးတယ်။ ကျန်တာတွေကတော့ ဘယ်လို ရှိမလဲ မသိဘူးဗျ။"
"အင်း... အဲဒီ ပစ်ချလိုက်ရမလား တိုက်ကွက်က အတော် ဆိုးပါတယ်ဗျာ။ သတိတော့ ထားပေါ့ဗျာ။ ကဲ... ညဉ့်လည်း နက်ပြီဗျာ။ ကျွန်တော်လည်း အခန်းကို ပြန်နားလိုက်အုံးမယ် ဗိုလ်မုတ်သုန်ရေ... ညကြီးမိုးချုပ် စာတွေ သိပ်မကြိုးစားနဲ့အုံး။" ဟု ပြောပြီး ဇူလိုင်အိမ်မက်ရှင်ကြီး ကိုယ့်အခန်းကို ကိုယ်ပြန်လာခဲ့ပါ၏။
"မနက်ဖြန်မှာ ပြုလုပ်မယ့် ပညာဖလှယ်ပွဲကြီးအတွက် အဆင်သင့်ဖြစ်စေဖို့အတွက် ဒီတစ်ညမှာတော့ စောစောစီးစီး အိပ်ရာဝင်မှ ဖြစ်မယ်... " ဆိုပြီး ဒီတစ်ညမှာ ဇူလိုင်အိမ်မက်ရှင်ကြီးတစ်ယောက် အိမ်မက်တွေကြားမှာ ကျင်လည်ဖို့အတွက် အိပ်ရာဝင်ရန် ပြင်ဆင်နေ၏။
"အိပ်ရာမ၀င်ခင် အခန်းလုံခြုံရေးကို သေချာ စစ်မှပဲ။ စည်းတွေ ဘာတွေ ချထားမှ။ အခုတောင်ပေါ်ကို ကာရံလွတ်သိုင်း ပျားဘုရင်မ ရောက်နေတော့ သတိထားရမယ်။ ပျားဘုရင်မ ဆိုတဲ့တိုင်း လုပ်သားပျား ပျားမတွေကိုပဲ အလုပ်ပေးထားပြီး ပျားထီးတွေကို တွေ့ရင်... ခံစားမှုကျင့်စဉ်အတွက် အတွင်းအားတွေ စုပ်ယူတတ်တယ်။ နတ်ပြည်မှာ နတ်သားတွေက နတ်သမီးတစ်ဘက်ကို ငါးရာနဲ့ အလုပ်များနေသလို ပျားဘုရင်မလည်း ပျားထီးတွေ တစ်ဘက် ငါးရာပဲလား။ ပျားဘုရင်မ ဆိုတဲ့အတိုင်း ပျားရည်လို ချိုမြိန်တဲ့ ပန်းဝတ်ရည်တွေကိုပဲ ကြိုက်ပြီး အနံ့အသက် မကောင်းတဲ့ အရာတွေဆို အနားမကပ်ချင်တဲ့ သဘာဝ ရှိတော့.. ညအိပ်တဲ့အခါ အိပ်ရာအောက်မှာ သေးခွက်ချထားမှ။ နေ့လည်ကတောင် ရေနွေးကြမ်းသိုင်းနဲ့ ငါကို ဧည့်ခံမယ် ဆိုခဲ့တော့ ဒီည ငါ့အခန်းထဲ ၀င်လာလို့ကတော့ သေးခွက်သိုင်းနဲ့ ပြန် ဧည့်ခံပစ်မယ်။ အဟက်...." ဆိုပြီး ဇူလိုင်အိမ်မက်ရှင်ကြီး သေးခွက်မှာ သေးပေါက်ပြီး အိပ်ရာဝင်သွားလေ သတည်း။
------------------------------ထိုသူကား... ဘယ်သူဘယ်ဝှါ ဘာကောင်ညာကောင်ကို ဂရုမစိုက် အဓိကမထားပဲ လုပ်ရပ်ပေါ်မူတည် ဆုံးဖြတ်ပြီး မကောင်းသူပယ် ကောင်းသူကယ်သော ဇော်ယောင်သိုင်းသမားကြီး ဇူလိုင်အိမ်မက်ရှင် ပင်တည်း။ ဇူလိုင်အိမ်မက်ရှင်ကို သိုင်းလောကမှ အောက်လိုင်းဂိုဏ်သားများက အိမ်သာသခင် အီးဘုရင်လို့ သိရှိကြသလို... အထက်လိုင်း ဂိုဏ်သားများကတော့ ဆေးပြားအရှင် ရေသန့်သခင် လို့ ခေါ်ဝေါ်ကြသေး၏။

ပျော်ပျော်ပါးပါးပေါ့ဗျာ။
အားလုံးကို စတာနော်... အတည်.....
ဂျုလိုင်အိပ်မက်
အားလုံးကို စတာနော်... အတည်.....
ဂျုလိုင်အိပ်မက်

4 comments:
ပျားဘုရင် မ တော့ ကြောက် သားပဲ :P
ဟဲဟဲ..... စိတ်ပညာကနေ ဆိတ်ပညာသိုင်းသမား ဖြစ်သွားရတယ်လို့.....
ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ... မေးစိမှာ အခု မုတ်ဆိတ်က တော်တော်လေးကို ရှည်နေပြီ... :)
ပျားဘုရင်မက... ကာရံမဲ့သိုင်းနဲ့ ခံစားမှု ကျင့်စဉ်ကြီးက အမျိုးသား သိုင်းလုလင်တွေအတွက် အရမ်းကို အန္တရာယ် များလွန်းလှတယ်လေ။ သူက ခေတ်သစ် ဟန်နီ မေချောက်ဖုန် ပေါ့ဗျာ။ အဟဲ...
ဘာပဲဖြစ်ဖြစ်ပေါ့.. ပျားဘုရင်မ အခန်းထဲကို ၀င်ရဲ ၀င်လာကြည့်ပါ... သေးအိုးနဲ့ကို ကောက်ပေါက်အုံးမှာ။ ဒါကြောင့်လည်း အိမ်သာသခင် အီးဘုရင်လို့ ခေါ်ကြတာလေ။ :)
ပျော်ပျော်ပါးပါးပေါ့။
အမလေးလေး အိမ်သာဘုရင် အီးအိုးသခင်ဆိုပါ့လား ဝေးဝေးကရှောင်နေမှ ဖြစ်တော့မယ် ၊ သူနဲ့ တော့ထိပ်တိုက်တွေ့ လို့ မဖြစ်သေးဘူး မျက်ရည်မီးတောက်လဲ အီးဘုရင်ကိုတော့ ပြာကျအောင်လုပ်နိုင်မယ်မထင်
Post a Comment