"ကဲ ဘာလုပ်မှာလဲ ဘာလုပ်မှာလဲ
ဆရာဝန်ကြီးလုပ်မှာလား ဓါးပြဗိုလ်ကြီးလုပ်မှာလား "
လူရှိန်အောင် ရှနိုင်းယားတွိန်းအသံကိုတုထားသော် လည်း နှဲသံကဲ့သို့ ထွက်လာသည့်အသံကြီးကြောင့် တနပ်ငြိမ်းလည်းနည်းလားဟု ပွဲတက်စားလေ့ရှိသည့် သိုင်းသမားအပေါင်းတို့၏ မျက်လုံးများ ကဗျာသိုင်းသမား ဟန်နီဆီသို့ စုပြုံကျရောက်လာသည်။ ( ဒီအကွက်တွေနဲ့ လူကြည့်အောင်လုပ်လာတာ အသက်၂၀ကျော်ကတည်းကပဲ ဟင်းဟင်း)

"ဘယ်လိုလဲ မင်းတို့က လူကို ပြိုင်ပွဲဝင်ဖို့ဖိတ်ထားပြီးတော့ ဒိုင်ပင့်နေသလေးဘာလေးနဲ့ စောင့်ခိုင်းထားတာ ဘာလဲ စနေနေ့ဆိုရင် ငါနိုင်မယ်သိလို့ ပွဲမစရဲတာလားကွ"
အမှန်ကတော့ ဟော်တယ်ကနေပြိုင်ပွဲကိုအလာ တံခါးခြောက်ပေါက်ကားလွှတ်လိုက်မယ်ဆိုပြီး တောင်ပေါ်မြေနီတွေပေနေသော ဂျစ်ကားစုတ်နဲ့လာကြိုခိုင်းလို့ တော်တော်တင်းနေသည်။ ဟင်း အလွမ်းဘုရင်မလို ကိုယ်ဖော့သိုင်းကျွမ်းလို့ ပျံဝဲပြီးဝင်သွားရရင်လဲ လူရှိန်သေးတယ် ခုတော့ ငါက ဂျစ်ကားစုတ်နဲ့သွားရတယ် လမ်းမှာလဲထိုးရပ်သွားသေး။ ဒရိုင်ဘာကလဲ ပျားရည်သိုင်းသမားဆိုတော့ ခများက ၀မ်းချမှာပေါ့လို့ အူကြောင်ကြောင်မေးလိုက်လို့ ဒေါသတွေက အထွတ်အထိတ်ရောက်နေတယ်
ခုနေ ကဗျာလေပွေသိုင်းထုတ်လိုက်ရင် ပြိုင်ပွဲဒက်ကရေးရှင်းတွေအကုန်ပျက်ကုန်မယ် ဟွန်း
ရင်ပြင်ပေါ်တက်လာတော့ နတ်ကလျာနှင်းပွင့်ဖြူလေးက `မျိုးရိုးစဉ်ဆက် ပျားတွေကို ဖိန့်ဖိန့်တုန်အောင် သြဇာညောင်းတဲ့ ကဗျာဓါးပျားရည်သိုင်းသမား ရောက်ရှိလာပါပြီ´လို့ ပိုပိုသာသာလေးကြေငြာပေးလို့ မျက်နှာကြော နည်းနည်းလျှော့လိုက်သည်။ မဆိုးဘူး နံမည်လှသလောက် စိတ်ကောင်းလေးရှိတယ်။ အို လူကလည်း ချစ်စရာကောင်းပါတယ်လေ ငါငယ်ငယ်တုန်းကလိုပါပဲလား။
"ဟိုမယ်တော်ကလဲ ဟိမ၀န္တာကနေ မကြွချီလာသေးဘူးလား" ဟိမ၀န္တာကို ဘိုလိုမခေါ်ရဲတာမဟုတ်။ သိုင်းလောကမှာ ဘိလပ်လေသံထွက်သူများကို လက်နက်ပုန်းနဲ့လိုက်လံလုပ်ကြံသည့် ဂိုဏ်းပေါ်လာကတည်းက ဆင်ခြင်နေရသည်။
"ဟိမ၀န္တာမဟုတ်ပါဘူး သုဝဏ္ဏဘူမိရေခဲတောင်ပါ။ " ဘေးက ရိုက်ခတ်ဖြစ်စဉ်သိုင်းအောင်ထားသော ခေးအော့စ်က တိုးတိုးလေး အတွန့်ထတက်နေလို့ အတွင်းအားထည့်ပြီးမျက်စောင်းနဲ့ချိန်လိုက်မှ ငြိမ်သွားတယ်။ (မငြိမ်လို့ကတော့ ဒင်းတီချာကြီးရဲ့ ဘိလပ်သင်တန်းမှာ ငိုက်ခဲ့တာတွေ ထုတ်ဖော်ပစ်မယ်)
ရေမသောက်သိုင်းသမားဟု အမည်ဝှက်ဖြင့်လှုပ်ရှားတတ်သည့် ဇီးကွက်ကို လူအုပ်ကြားထဲ မျက်စိဝှေ့ကြည့်လိုက်တော့မတွေ့။ ဘယ်မှာလဲအော်ဂနိုက်ဇာ ဆိုတော့မှ ကုတ်ချောင်းချောင်းဖြင့် မျက်မှန်လေးပင့်ပြီးထွက်လာသည်။ ရေမသောက်တာလဲ မပြောနဲ့ ၀တောင်တန်းမှာ ကဇော်သိုင်းအောင်ထားပုံရသည်။
"ဇီးကွက်ဘာလဲကွ မင်းက တ၀မ်းပူသွေးလေး တစိတ်လောက်ပါတာကို ကြွားတာလား အော်ဂနိုက်ဇာဆိုပြီး မင်းတို့အရောင်တွေသုံးထားတယ် မကျေနပ်ဘူး။"
"မဟုတ်ပါဘူး ပျားရည်ရယ် ဘုံးကျောင်းမှာအလကားငှားလို့ရတာတွေအကုန် အနီရောင်တွေချည်းမို့ပါ"
ခပ်ညစ်ညစ်တုတ်တချောင်းနဲ့ ရှည်ကိုင်းကိုင်းဝင်လာသော ဗိုလ်မုတ်သုန်ကိုတွေ့တော့
"ဆရာနေ လာဦး" ဇီးကွက်ကလဲ လွတ်ပြီကျွတ်ပြီဆိုတဲ့ ဒီဇိုင်းနဲ့ ဘယ်ဖက်မှ ခုံများကို ညာဖက်သို့ရွှေ့ရန် ဖလပ်ဖလပ်နှင့် (တောင်ပံခတ်သံ) ထွက်ခွာသွားသည်။
"မင်းလက်ထဲကဘာလဲ"
"ခွေးရိုက်တုတ်ပါ" ဟယ်တော်သေးတယ် ဒေါ်လီကို ဟော်တယ်မှာထားခဲ့လို့ ကြည့်စမ်းပါဦး ခွေးထက်မိုက်တဲ့သူတွေ အုပ်စိုးတဲ့နယ်မြေကလာပြီး ခွေးကိုလိုက်ရိုက်ရတယ်လို့။ သိပ်ပြောလို့တော့မဖြစ်။ သူ့တုတ်သိုင်းအကြောင်းမသိသေးသော်လည်း ကလောင်သိုင်းဖွင့်လိုက်ရင် သိုင်းလောကမှာ အမည်းရောင်စာရင်းပေါက်သွားမှာစိုးရသည်။ လေပြည်လေးနဲ့ပြောမှ။
''ကျနော့နေရာဘယ်မှာလဲ မသိဘူး"
" အမတို့နားမှာ ထင်တယ် "
"ခင်ဗျာ" မုတ်သုန်မျက်နှာသွေးဆုတ်သွားသည်။ ဆာကူရာတောင်ထိပ်ပေါ်မှာ သိုင်းပြိုင်မယ်လို့ခေါ်ပြီး နေပြည်တော်တောင်အောက်မှာ အက်စပရက်ဆိုနဲ့အမျှားခံရလို့ လေပြင်းသိုင်းမိပြီးကတည်းက ပျားရည်ကိုအနုနည်းနဲ့ ရှောင်ချင်နေသည်။ ထိုင်ခုံနေရာချပေးသော ဇီးကွက်ကို မျက်ထောင့်နဲ့လှမ်းကြည့်ပြီး တေးထားလိုက်သည်။ ဇီးကွက်က လာအုံကြည့်နေသောကလေးတွေကို လိုက်ဟန့်နေသည်။
"မင်းတို့ ဝေးဝေးကနေကြည့်နော် ဂျာနယ်ထဲပါလာရင် ငါတာဝန်မယူဘူး" ဆိုပဲ။
ရစ်ခွင့်လိုင်စင်ရွှေပြားကို တရားမ၀င်ခိုးဝှက်ထားပြီး ခုထိပျော်ပျော်ကြီးအသုံးချနေသော်လည်း ကျေနပ်သည်မရှိသေး။ ရစ်ပြီးရင်း ရစ်ချင်ဖြစ်နေသဖြင့် မေးခွန်းတွေထုတ်လိုက်သည်။
"ဖူဂျိစံမှာနေတဲ့ ရွှန်းမီကော မလာသေးပါလား"
"သုခမိန်စာမေးပွဲဖြေနေလို့ တရက်နောက်ကျမယ်တဲ့" ဇီးကွက်က မျက်နှာငယ်ဖြင့် ၀င်ဖြေသည်။ အဲဒီမျက်နှာကလည်း မယုံရ။ အာလူးကြော်ဂိုဏ်းမှာ ၁နှစ်လောက်လုပ်ပြီး တတ်လာသည့်မျက်နှာဖြစ်သည်။ တော်ရုံအတွင်းအားသုံးတဲ့အကွက်လောက်ကို သူက မျက်နှာငယ်ဖြင့်ကာနိုင်သည်ဟု ကောလဟာလတွေရှိနေသည်။
အင်း ရွှန်းမီကလည်း ဟိုနေ့က သူ့ကြယ်ကြွေသိုင်းကို သွားရစ်မိလို့များစိတ်ဆိုးနေသလားမသိ။ စိတ်ကောက်ပြီး ဆာကေးလက်ဆောင်မပါလာမှာလဲ စိုးသေးသည်။ ကဗျာသမားအချင်းချင်းပဲ ညီမလေးရယ်ဟု လေပြေထိုးသည့် သ၀ဏ်လွှာပို့ထားသော်လည်း အမြန်ချောပို့ကကောင်တွေက စိတ်မချရ။ ဖောက်ကြည့်ပြီး ကောင်မလေးချောချောပန်းချီပုံပါလျှင် ဘတ်တတ်သဖြင့် ကိုယ့်ပုံတူပန်းချီလည်း မပို့ပေးရဲ။ လူတွေက ပျားရည်ရစ်တာပဲ သိသည်။ သိုင်းလောကကြီး ရစ်ချင်စရာ ဖြစ်ပျက်နေတာတော့ မမြင်တတ်ကြ။
ဂျူလိုင်က ရေဗုံးကြီးကိုင်ပြီး ၀င်လာသည်။ သူ့တော့ သိပ်ရစ်လို့မရ တရားမ၀င်ဆေးပြားတွေကို သူ့အားကိုးနဲ့သွင်းထားမိသည်။ သူ့လူတွေကို အတင်းမရမကတောင်းပြီး ရွာစဉ်လှည့်ခိုင်းထားသည့် ကိစ္စလေးတွေကိုလည်းထောက်ပြီး ပြုံးပြလိုက်သည်။
"ကိုဂျူလိုင် ရေဗုံးသိုင်းအောင်ထားတာ မသိလိုက်ဘူး"
"ဘယ်ကလာ ရွာတွေကို ရေဝေလက်စနဲ့ လှည့်လာလို့ပါ"
ဟင်းတော်သေးတယ် သူ့မှာ အကွက်သစ်မရှိသေးဘူး။ (ကွက်သစ်တွေရေမြှုပ်ကုန်လို့)
ဒါပေမယ့် သတိတော့ထားရမယ် သူ့ရဲ့ သွေးဖောက်သိုင်းကြောင့် ခြင်္သေ့ကျွန်းကလူတွေတောင် အားပြတ်ကုန်တယ်တဲ့။
ပြိုင်ပွဲဝင်စာရင်းကို ခိုးကြည့်လိုက်တော့ မိုးရာသီတွေ အားကောင်းနေတာ တွေ့ပြီး မျက်နှာပျက်မလိုဖြစ်သွားသည်။ မိုးချစ်သူဆိုပါလား မုတ်သုန်လေတဲ့ ဂျူလိုင်လဲမိုးပဲမဟုတ်လား မိုးနဲ့တွေ့တိုင်း တုပ်ကွေးဖြစ်တတ်တာသိလို့ ဒီကောင်တွေယတြာချေတာများလား။
ထပ်ရစ်မလို့ ပြင်နေစဉ်မှာပဲ မောင်းထုသံကြားလိုက်သည်။
"ဟဲ့ ပန်းကန်ပြားတွေချလေ"
ဘေးက မုတ်သုန်က လေသံနှင့်ပြောသည်။
"အမကလည်း ထမင်းစားမောင်းမဟုတ်ဘူး ဒိုင်တွေကြွလာလို့ မောင်းတီးတာ"
အို သိမှသိပဲလို့ မိုက်ကနေကြေငြာပါ့လား။ သိပ်အောက်တာပဲ။ မုတ်သုန်က လေသံနှင့်ပြောသော်လည်း အကြားအာရုံကောင်းသည့် ဘေးမှ သိုင်းသမားတွေကြားကုန်ပြီး ပြုံးစေ့စေ့လုပ်နေကြသည်။ နေနှင့်ဦးပေါ့။
ရှောင်လင်ကျောင်းမှ ကပ္ပိယကြီး ဒေါက်ထက်ရောက်ချလာသဖြင့် ရစ်ခွင့်ရွှေပြားကို မသိမသာဖွက်လိုက်သည်။ ဂျုလိုင်ကလဲ တရားမ၀င်တင်သွင်းလာသော ရေသန့်ဆေးပြားများကို ဗုံးထဲထည့်ဖွက်နေသည်။ မုတ်သုန်ကလည်း ခွေးရိုက်တုတ်ကို စားပွဲအောက်ထည့်လိုက်သည်။ ထိုသို့ အသီးသီး ရိုသေဟန်ဆောင်ပြီးသကာလ ဒိုင်လူကြီးတဖြစ်လှဲ သဘာပတိဒေါက်ထက်မှ မိန်ခွန်းခြွေမည့်အစီစဉ်ကိုကြေငြာသည်။
"ကျမ ကန့်ကွက်ပါတယ်"
ဝေါကနဲ အသံများထွက်လာသည်။
"ဟင် ဘာမှတောင်မပြောရသေးဘူး"
"ပြောမယ့်ဟာကို ကြိုသိနေတယ် မိန့်ခွန်းရေးပေးတဲ့လူက ကျမအိမ်နားက"
"အို အိပ်မက်မည်းရေးတာ မပြောပါဘူးကွယ် လက်တန်းပြောမှာပါ" သဘာပတိက ကပျာကယာရှင်းပြသည်။
"ဒါဖြင့်လည်း ပြီးရော မြန်မြန်ပြော"
သူ့ကပ္ပိယသိုင်းကျမ်းကို ၀က်တွေဝိုင်းပက်တုန်းက ၀င်ကာကွယ်ပေးမိလို့ ကိုယ်ပါ ၀က်အပက်ခံထားရလို့ သိပ်မကြည်ချင်။
"နောက်ဒိုင်တယောက်မရောက်သေးတာကတကြောင်း၊ နေညိုလို့ တချို့သိုင်းသမားတွေ လေပြို အဲလေ... အမေဆိုမှာစိုးကြတာတကြောင်းကြောင်း သိုင်းပြိုင်ပွဲကို နက်ဖြန်ဆက်လက်ကျင်းပ..... "
"ဘာ... ဒီမယ် ဒေါက်ထက်ကြီး သိုင်းပြိုင်ပွဲနော် အမြဲတမ်းညီလာခံမဟုတ်ဘူး"
"ဟုတ်ပါတယ်ကွယ် တို့များက အော်ဇီကျွန်းကနေ ထရန်ဇစ်မခံပဲ တိုက်ရိုက်ပျံလာရလို့ ခရီးပန်းတာကတကြောင်း"
"တော်တော် ... ဒီလိုမှန်းသိရင် ဒေါက်ထက်ရဲ့ကျမ်းကို ၀က်ပက်တာ မမြင်ဟန်ဆောင်လိုက်ပါတယ်"
"စိတ်မဆိုးပါနဲ့ကွယ် နက်ဖြန်လဲ မင်းကို ရစ်ခွင့်ရွှေပြား ပေးသုံးထားမှာပါ"
ဟယ် တော်ပါသေးရဲ့ ဒီလိုဆိုတော့ ဘယ်ဆိုးလို့လဲ။ ကျေနပ်လိုက်သည်။
**********
ည၁နာရီခွဲပြီ။ ဒီပို့စ်လဲ မြန်မြန်တင်မှ။ မဟုတ်ရင် ဇီးကွက်က အတွေးပျားရည်စံအိမ်ကိုဖွက်ထားသည့်ကိစ္စတွေ မဖွဘူးလို့မပြောနိုင်။
ဟန်နီ
****************
သူဘယ်တုန်းက ဇီးကွက်စံအိမ်မှာ သိမ်းထားတဲ့ ရစ်ခွင့်ရွှေပြားကို တိုသွားသလဲ မသိလိုက်ဘူး။ ဧကန္တတော့ ငုံးဥကို လွှတ်ပြီး ယူခိုင်းလိုက်တာဖြစ်မယ်။ ဒီလိုမှန်းသိရင် ရွှေပြားကို အရင် ပေါင်ပြီး ကဇော်သိုင်း ကျင့်စဉ် နောက်ဆုံး အဆင့်ကို ကျင့်လိုက်ပါတယ်။ အခုတော့ ကဇော်သိုင်း မအောင်တဲ့ အပြင် အရစ်က ခံရသေး..... အစ်မ ခွန်မြလှိုင်လာမှ ပြန်တောင်းခိုင်းမယ်.. ဟင်းး အခုတော့ မနိုင်လို့ သည်းခံလိုက်ဦးမယ်ပ..
အမှန်ကတော့ ဟော်တယ်ကနေပြိုင်ပွဲကိုအလာ တံခါးခြောက်ပေါက်ကားလွှတ်လိုက်မယ
ခုနေ ကဗျာလေပွေသိုင်းထုတ်လိုက်ရင် ပြိုင်ပွဲဒက်ကရေးရှင်းတွေအကုန်ပ
ရင်ပြင်ပေါ်တက်လာတော့ နတ်ကလျာနှင်းပွင့်ဖြူလေးက `မျိုးရိုးစဉ်ဆက် ပျားတွေကို ဖိန့်ဖိန့်တုန်အောင် သြဇာညောင်းတ
"ဟိုမယ်တော်ကလဲ ဟိမ၀န္တာကနေ မကြွချီလာသေးဘူးလား" ဟိမ၀န္တာကို ဘိုလိုမခေါ်ရဲတာမဟုတ်။ သိုင်းလောကမှာ ဘိလပ်လေသံထွက်သူများကို လက်နက်ပုန်းနဲ့လိုက်လံလုပ်ကြံသည
"ဟိမ၀န္တာမဟုတ်ပါဘူး သုဝဏ္ဏဘူမိရေခဲတောင်ပါ။ " ဘေးက ရိုက်ခတ်ဖြစ်စဉ်သိုင်းအောင်ထား
ရေမသောက်သိုင်းသမားဟု အမည်ဝှက်ဖြင့်လှုပ်ရှားတတ်သည့် ဇီးကွက်ကို လူအုပ်ကြားထဲ မျက်စိဝှေ့ကြည့်လိုက်တော့မတွေ့။ ဘယ်မှာလဲအော်ဂနိုက်ဇာ ဆိုတော့မှ ကုတ်ချောင်းချောင်းဖြင့် မျက်မှန်လေးပင့်ပြီးထွက်လာသည်။ ရေမသောက်တာလဲ မပြောနဲ့ ၀တောင်တန်းမှာ ကဇော်သိုင်းအောင်ထားပုံရသည်။
"ဇီးကွက်ဘာလဲကွ မင်းက တ၀မ်းပူသွေးလေး တစိတ်လောက်ပါတာကို ကြွားတာလား အော်ဂနိုက်ဇာဆိုပြီး မင်းတို့အရောင်တွေသုံးထားတယ် မကျေနပ်ဘူး။"
"မဟုတ်ပါဘူး ပျားရည်ရယ် ဘုံးကျောင်းမှာအလကားငှားလို့ရတာ
ခပ်ညစ်ညစ်တုတ်တချောင်းနဲ့ ရှည်ကိုင်းကိုင်းဝင်လာသော ဗိုလ်မုတ်သုန်ကိုတွေ့တော့
"ဆရာနေ လာဦး" ဇီးကွက်ကလဲ လွတ်ပြီကျွတ်ပြီဆိုတဲ့ ဒီဇိုင်းနဲ့ ဘယ်ဖက်မှ ခုံများကို ညာဖက်သို့ရွှေ့ရန် ဖလပ်ဖလပ်နှင့် (တောင်ပံခတ်သံ) ထွက်ခွာသွားသည်။
"မင်းလက်ထဲကဘာလဲ"
"ခွေးရိုက်တုတ်ပါ" ဟယ်တော်သေးတယ် ဒေါ်လီကို ဟော်တယ်မှာထားခဲ့လို့ ကြည့်စမ်းပါဦး ခွေးထက်မိုက်တဲ့သူတွေ အုပ်စိုးတဲ့နယ်မြေကလာပြီး ခွေးကိုလိုက်ရိုက်ရတယ်လို့။ သိပ်ပြောလို့တော့မဖြစ်။ သူ့တုတ်သိုင်းအကြောင်းမသိသေးသော
''ကျနော့နေရာဘယ်မှာလဲ မသိဘူး"
" အမတို့နားမှာ ထင်တယ် "
"ခင်ဗျာ" မုတ်သုန်မျက်နှာသွေးဆုတ်သွားသည်။ ဆာကူရာတောင်ထိပ်ပေါ်မှာ သိုင်းပြိုင်မယ်လို့ခေါ်ပြီး နေပြည်တော်တောင်အောက်မှာ အက်စပရက်ဆိုနဲ့အမျှားခံရလို့ လေပြင်းသိုင်းမိပြီးကတည်းက ပျားရည်ကိုအနုနည်းနဲ့ ရှောင်ချင်နေသည်။ ထိုင်ခုံနေရာချပေးသော ဇီးကွက်ကို မျက်ထောင့်နဲ့လှမ်းကြည့်ပြီး တေးထားလိုက်သည်။ ဇီးကွက်က လာအုံကြည့်နေသောကလေးတွေကို လိုက်ဟန့်နေသည်။
"မင်းတို့ ဝေးဝေးကနေကြည့်နော် ဂျာနယ်ထဲပါလာရင် ငါတာဝန်မယူဘူး" ဆိုပဲ။
ရစ်ခွင့်လိုင်စင်ရွှေပြားကို တရားမ၀င်ခိုးဝှက်ထားပြီး ခုထိပျော်ပျော်ကြီးအသုံးချနေသော
"ဖူဂျိစံမှာနေတဲ့ ရွှန်းမီကော မလာသေးပါလား"
"သုခမိန်စာမေးပွဲဖြေနေလို့ တရက်နောက်ကျမယ်တဲ့" ဇီးကွက်က မျက်နှာငယ်ဖြင့် ၀င်ဖြေသည်။ အဲဒီမျက်နှာကလည်း မယုံရ။ အာလူးကြော်ဂိုဏ်းမှာ ၁နှစ်လောက်လုပ်ပြီး တတ်လာသည့်မျက်နှာဖြစ်သည်။ တော်ရုံအတွင်းအားသုံးတဲ့အကွက်လေ
အင်း ရွှန်းမီကလည်း ဟိုနေ့က သူ့ကြယ်ကြွေသိုင်းကို သွားရစ်မိလို့များစိတ်ဆိုးနေသလာ
ဂျူလိုင်က ရေဗုံးကြီးကိုင်ပြီး ၀င်လာသည်။ သူ့တော့ သိပ်ရစ်လို့မရ တရားမ၀င်ဆေးပြားတွေကို သူ့အားကိုးနဲ့သွင်းထားမိသည်။ သူ့လူတွေကို အတင်းမရမကတောင်းပြီး ရွာစဉ်လှည့်ခိုင်းထားသည့် ကိစ္စလေးတွေကိုလည်းထောက်ပြီး ပြုံးပြလိုက်သည်။
"ကိုဂျူလိုင် ရေဗုံးသိုင်းအောင်ထားတာ မသိလိုက်ဘူး"
"ဘယ်ကလာ ရွာတွေကို ရေဝေလက်စနဲ့ လှည့်လာလို့ပါ"
ဟင်းတော်သေးတယ် သူ့မှာ အကွက်သစ်မရှိသေးဘူး။ (ကွက်သစ်တွေရေမြှုပ်ကုန်လို့)
ဒါပေမယ့် သတိတော့ထားရမယ် သူ့ရဲ့ သွေးဖောက်သိုင်းကြောင့် ခြင်္သေ့ကျွန်းကလူတွေတောင် အားပြတ်ကုန်တယ်တဲ့။
ပြိုင်ပွဲဝင်စာရင်းကို ခိုးကြည်
ထပ်ရစ်မလို့ ပြင်နေစဉ်မှာပဲ မောင်းထုသံကြားလိုက်သည်။
"ဟဲ့ ပန်းကန်ပြားတွေချလေ"
ဘေးက မုတ်သုန်က လေသံနှင့်ပြောသည်။
"အမကလည်း ထမင်းစားမောင်းမဟုတ်ဘူး ဒိုင်တွေကြွလာလို့ မောင်းတီးတာ"
အို သိမှသိပဲလို့ မိုက်ကနေကြေငြာပါ့လား။ သိပ်အောက်တာပဲ။ မုတ်သုန်က လေသံနှင့်ပြောသော်လည်း အကြားအာရုံကောင်းသည့် ဘေးမှ သိုင်းသမားတွေကြားကုန်ပြီး ပြုံးစေ့စေ့လုပ်နေကြသည်။ နေနှင့်ဦးပေါ့။
ရှောင်လင်ကျောင်းမှ ကပ္ပိယကြီး ဒေါက်ထက်ရောက်ချလာသဖြင့် ရစ်ခွင့်ရွှေပြားကို မသိမသာဖွက်လိုက်သည်။ ဂျုလိုင်ကလဲ တရားမ၀င်တင်သွင်းလာသော ရေသန့်ဆေးပြားများကို ဗုံးထဲထည့်ဖွက်နေသည်။ မုတ်သုန်ကလည်း ခွေးရိုက်တုတ်ကို စားပွဲအောက်ထည့်လိုက်သည်။ ထိုသို့ အသီးသီး ရိုသေဟန်ဆောင်ပြီးသကာလ ဒိုင်လူကြီးတဖြစ်လှဲ သဘာပတိဒေါက်ထက်မှ မိန်ခွန်းခြွေမည့်အစီစဉ်ကိုကြေ
"ကျမ ကန့်ကွက်ပါတယ်"
ဝေါကနဲ အသံများထွက်လာသည်။
"ဟင် ဘာမှတောင်မပြောရသေးဘူး"
"ပြောမယ့်ဟာကို ကြိုသိနေတယ် မိန့်ခွန်းရေးပေးတဲ့လူက ကျမအိမ်နားက"
"အို အိပ်မက်မည်းရေးတာ မပြောပါဘူးကွယ် လက်တန်းပြောမှာပါ" သဘာပတိက ကပျာကယာရှင်းပြသည်။
"ဒါဖြင့်လည်း ပြီးရော မြန်မြန်ပြော"
သူ့ကပ္ပိယသိုင်းကျမ်းကို ၀က်တွေဝိုင်းပက်တုန်းက ၀င်ကာကွယ်ပေးမိလို့ ကိုယ်ပါ ၀က်အပက်ခံထားရလို့ သိပ်မကြည်ချင်။
"နောက်ဒိုင်တယောက်မရောက်သေးတာကတ
"ဘာ... ဒီမယ် ဒေါက်ထက်ကြီး သိုင်းပြိုင်ပွဲနော် အမြဲတမ်းညီလာခံမဟုတ်ဘူး"
"ဟုတ်ပါတယ်ကွယ် တို့များက အော်ဇီကျွန်းကနေ ထရန်ဇစ်မခံပဲ တိုက်ရိုက်ပျံလာရလို့ ခရီးပန်းတာကတကြောင်း"
"တော်တော် ... ဒီလိုမှန်းသိရင် ဒေါက်ထက်ရဲ့ကျမ်းကို ၀က်ပက်တာ မမြင်ဟန်ဆောင်လိုက်ပါတယ်"
"စိတ်မဆိုးပါနဲ့ကွယ် နက်ဖြန်လဲ မင်းကို ရစ်ခွင့်ရွှေပြား ပေးသုံးထားမှာပါ"
ဟယ် တော်ပါသေးရဲ့ ဒီလိုဆိုတော့ ဘယ်ဆိုးလို့လဲ။ ကျေနပ်လိုက်သည်။
**********
ည၁နာရီခွဲပြီ။ ဒီပို့စ်လဲ မြန်မြန်တင်မှ။ မဟုတ်ရင် ဇီးကွက်က အတွေးပျားရည်စံအိမ်ကိုဖွက်ထားသည
ဟန်နီ
****************
သူဘယ်တုန်းက ဇီးကွက်စံအိမ်မှာ သိမ်းထားတဲ့ ရစ်ခွင့်ရွှေပြားကို တိုသွားသလဲ မသိလိုက်ဘူး။ ဧကန္တတော့ ငုံးဥကို လွှတ်ပြီး ယူခိုင်းလိုက်တာဖြစ်မယ်။ ဒီလိုမှန်းသိရင် ရွှေပြားကို အရင် ပေါင်ပြီး ကဇော်သိုင်း ကျင့်စဉ် နောက်ဆုံး အဆင့်ကို ကျင့်လိုက်ပါတယ်။ အခုတော့ ကဇော်သိုင်း မအောင်တဲ့ အပြင် အရစ်က ခံရသေး..... အစ်မ ခွန်မြလှိုင်လာမှ ပြန်တောင်းခိုင်းမယ်.. ဟင်းး အခုတော့ မနိုင်လို့ သည်းခံလိုက်ဦးမယ်ပ..

10 comments:
ပျားရည်စံအိမ်ကို အောက်လမ်းသိုင်းသမားတွေ ရန်ကြောက်လို့ ၀င်္ကပါဆင်ပြီး ရှာမရအောင် ဖွက်ပြီး သူက သိုင်းပြိုင်ပွဲ ၀င်နွဲနေသကိုး...... ဟိုလူကြီး အော်ဇီ ကျွန်းသခင် လက်နက်ပုန်းဒဏ်ရာက ပျောက်ပြီလား။
သြဇီ ကျွန်းသခင် ... ဒဏ်ရာ မရှိတော့ပေမယ့် ရွှေခွက်မှာ လက်ဆေး ပြီးကြောင်း :P
ကဗျာသိုင်းပျားဘုရင်မက သူ့ အတွေးစံအိမ်ကိုဖွက်ထားတယ်။ ပညာဖလှယ်ပွဲအတွက် လေ့ကျင့်နေလို့ ထင်ပါ့၊ မြေပေါ်မြေအောက် ရှာရတာ မောလာပြီ။ ပြန်ထုတ်ပေးတော့
removed by author လုပ်သွားတဲ့ဟာတွေက ဘာတွေလဲ
သိုင်းပြိုင်ပွဲကလည်း ဆစ်Qျူရတီလည်းမကောင်းဘူး
ငါ့လုံခြုံရေးစိုးရိမ်ရတယ် :P
ဘာမှ မဖျက်ဘူး
အစ်မလင်းတင်တာ ဘာမှားလဲ မသိ...
ပို့စ်တွေက တူတူပဲ
အစ်မရေ စွပ်စွဲနေပြီ
အော် သိုင်းလောကထဲ ၀င်ရတာ မလွယ်ပါလား
ဟီးး
ငါက စွပ်စွဲလေပွေနဲ့ ထိပ်ပေါက်ခေါင်းကွဲဖြစ်နေကြပဲဟာကို
နောက်မပြောတော့ဘူးနော်
(ရှေ့လျှောက်ပဲ) :P
တခုတည်းကို၃ခါတင်မိလို့ ပါ ဟန်နီရယ်။ လုံခြုံပါတယ် ခိခိ။ မသကာ ဟန်နိ့ ပျားကောင်လေးတွေ မျက်ရည်မီးတောက်မိရုံပေါ့
မိုက်တယ် :P
Post a Comment