jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၃ )

Saturday, June 21, 2008

သိုင်းလောက အပိုင်း ( ၃ )

နတ်ကလျာနှင်းပွင့်ဖြူလေးသည် အေးချမ်းသာယာသော နေ့ခင်းတကာလမှာ အခန်းတော်ဆောင်အတွင်း အေးဆေးစွာ ငွေခြည်ပန်းထိုးကို စိတ်ဝင်စားစွာ ထိုးနေသည်။ ထိုအခိုက်မှာ အဝေးတစ်နေရာမှ ပြစ်လွှတ်လိုက်သော တစ်စုံတစ်ခု သူမရှိရာသို့ ဦးတည်လာသော အသံကို သူမခံစားမိလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူမ ခေါင်းတစ်ချက်လှည့်ပြီးရှောင်လိုက်ရာ ၄လက်မအရှည်ရှိသော မျှားတစ်စီး သူမဘေးနံရံကို အရှိန်ပြင်းစွာထိုးစိုက်ဝင်သွားသည်။ သူမ ထိုင်နေရာမှ ထကာ မျှားစိုက်ဝင်နေသော နံရံသို့ထွက်လာသည်။ ထိုမျှားပေါ်တွင် ကြိုးတစ်ချောင်းနဲ့ ချည်ထားသော စာရွက်ခေါက်တစ်ခု။ သူမ လှမ်းယူလိုက်ပြီး ထိုစာရွက်ခေါက်အား ဖြန့်ကြည့်လိုက်ရာ..........

အလို..... သိုင်းပညာဖလှယ်ပွဲ သို့ တက်ရောက်ရန် ဖိတ်စာပါလား

နေ့ရက်--- သီတင်းကျွတ်လကွယ်ကျော် ( ၁၅ ) ရက်

နေရာ --- အဖြုရောင်ဂိုဏ်းတို့၏ သမာမတ်မတ် ရှောင်လင်ကျောင်းရဲ. ပရိတ်သတ် ( ၂သိန်းနီးနီးဆံ့ ) ရင်ပြင်တော်

တဲ့။ သူမ ရုတ်တရက် ဟမ်းဖုန်းမှ နေ့ရက်ကို လှမ်းကြည့်လိုက်ရာ သီတင်းကျွတ်လပြည့်ကျော် ( ၁၀ ) ရက်ဆိုပါလား။ ဒါဆို ရက် ၂၀ ဘဲကျန်တော့တာပဲ။ အော်... တစ်နှစ်သာကုန်ဆုံးလို့ နှစ်စဉ်ကျင်းပနေတဲ့ သိုင်းပညာဖလှယ်ပွဲကြီး ရောက်ပြန်ပါရောလား။ ဒီနှစ်မှာ ဘယ်သူတွေများလာရောက်ယှဉ်ပြိုင်ကျဦးမလဲမသိဘူး။

********************

အချိန်ကား တန်ဆောင်မုန်းလပြည့်နေ့ ရှောင်လင်ကျောင်း၏ ရင်ပြင်၌ဖြစ်သည်။

နေရောင်ခြည်သည် အာရုဏ်ထွက်လုလုဖြစ်လင့်ကစား ကျောင်းတော်ရင်ပြင်တွင် သိုင်းလောကမှ သိုင်းသမားပေါင်းစုံ စုဝေးရောက်နေကြသည်။ အထက်ဂိုဏ်း၊ အောက်ဂိုဏ်း၊ အလယ်ဂိုဏ်း၊ အဖြူဂိုဏ်း၊ အနက်ဂိုဏ်း၊ ရောင်စုံဂိုဏ်း၊ သူတောင်းစားဂိုဏ်း၊ မိန်းမလှဂိုဏ်း၊ မျက်မမြင်ဂိုဏ်း၊ ၀ိုးတိုးဝါးတားဂိုဏ်း စသည့်ဖြင့် များစွာများစွာတို့မှာ သိုင်းသမားများကာလာစုံ ရောက်ရှိနေကျသည်။ ရှောင်လင်ကျောင်း၏ ရှေ.တံခါးမ၀တွင် စားပွဲကြီးတစ်လုံးချထားပြီး သိုင်းဖလှယ်ပွဲတွင် ကြီးကျပ်ဆုံးဖြတ်ပေးပြီး ဒိုင်အဖြစ် ခေါက်ဆွဲစားမယ့် ရှောင်လင်ကျောင်းမှ ကပ္ပိယလုပ်နေသော သိုင်းဆရာကြီးဒေါက်တာစိုးထက် နှင့် ရေခဲတောင်မှ သိုင်းမယ်တော်ကြီး ခွန်မြလှိုင်တို့က ခန့်ခန့်ကြီးနှင့် ဆန့်ဆန့်ကြီး ထိုင်နေကြသည်။

ထိုစားပွဲ၏ရှေ.တွင် သိုင်းဝင်ရောက်ဖလှဲမည့် စင်ကြီး။ စင်ကြီးရဲ. ဘေးတစ်ဘက်တစ်ချက်ဆီမှ အုပ်စု ၂ စုမှ သိုင်းသမား ၄ ယောက်ဆီ ပေါင်း ၈ ယောက် ကိုယ့်နေရာတွင်ထိုင်နေကြသည်။ စင်ကြီးပြီးတဲ့နောက်မှာတော့ ပွဲကြည့်ပရိတ်သတ်များ စိတ်ဝင်တစား စောင့်မျှော်နေကြသည်။

စင်ကြီးရဲ. လက်ယာဘက်တွင် ပန်းချီပညာကို အစစ်နှင့်ပင်မခြား အတုတုက အတုပဲဖြစ်သည့် ပန်းချီပညာနှင့် သိုင်းပညာကို လေ့လာရင်း ကိုယ်ပိုင်သိုင်းကွက်ဖြင့် သိုင်းလောကတွင် ယခုနှစ်တွင်မှ ထင်ရှားကျော်ကြားလာသော ချစ်စရာဟန်ပန်အမူအယာဖြင့် စုတ်တံစုတ်ချက်သိုင်းပညာရှင်ကညာ ရွှန်းမီဖြစ်သည်။

ရွှန်းမီ၏ ဘေးတွင်တော့ အော်မေ့ဂိုဏ်းရဲ. မကျင့်ရန်တားဖြစ်ထားသော လေလွင့်သိုင်းကို ခိုးယူသင်ကြားထားသည့် ဂိုဏ်းသူတိုင်းရဲ. မျက်နှာပေါ်တွင် ခိုတွဲနေသော တည်ကြည့်ခြင်းအပြုံး၊ ဂရုဏာအပြုံး အပြုံးပေါင်းများစွာ ဖြင့်ပြုံးမြဲပြုံးနေသည့် ခေးအော့်ဆိုသည့် အော်မေ့ဂိုဏ်းသူဖြစ်သည်။ သတင်းချပ်-- ခေးအော့်သည် သူမ ကိုယ်တိုင်စိုက်းပျိုးထားသော အချစ်ပန်းခင်း ဥယျာဉ်မှာ အလွမ်းပျိုးပင်ကို အခြွေချခံရသဖြင့် အော်မေ့ဂိုဏ်းထဲသို့ ၀င်ခဲ့ပြီး သိုင်းလောကအတွင်း နာမည်ဆိုးပြီး လိမ်လည်လှည့်ဖြားသူများကို လိုက်လံချေမှုန်းခြင်းဖြင့် နာမည်ကျော်စောခဲ့သည်။

ခေးအော့်ဘေးတွင်တော့ မိမိ၏ပျောက်နေသော ကိုယ်တစ်ခြမ်းကို စိတ်လျှင်ကိုယ်လျှင် တစ်နေရာဝင် ၂နေရာထွက် ၀င်ရောက်ရှာဖွေနေသော ဒုတိယအရွယ်လွန်ပြီး လက်သိုင်းကို ကျွမ်းကျွမ်းကျင်ကျင် ပါးနပ်စွာ ကစားတတ်ပြီး အိမ်မက်များဖြင့် ပျော်မွေ့ တတ်သော ဇူလှိုင်အိမ်မက်ဖြင့် သိုင်းလောကတွင် တွင်ကျယ်နေသူဖြစ်သည်။

ဇူလှိုင်အိမ်မက်ဘေးတွင် အပြစ်မဲ့ သိုင်းလောကသား/သူတို့အား အသပြာလက်မခံပဲ စေဒနာသက်သက်ဖြင့် ကူညီကုသပေး နေသော စေတနာမေတ္တာရှင်မလေး မိုးရေထဲကကောင်မလေး မိုးချစ်သူဖြစသည်။ သူမသည် မည့်သည့် ဂိုဏ်းဝင်မှ မဟုတ်ပဲ တစ်ကိုယ်တော်ဆေးကုသရင်း ကိုယ့်ကို ရန်ပြုမည့်သူကိုကာကွယ်ရန်သာ ရေသိုင်းသိုင်းပညာသင်ကြားသော်လည်း သူမ ရေသိုင်းပညာမှာ ( ရေကူးနည်းမျိုးစုံ) ဆေးပညာနှင့်နည်းတူ ကျော်ကြားလာသူဖြစ်သည်။

စင်ကြီးရဲ. လက်ဝဲဘက်တွင်တော့ ၀ိုးတိုးဝါးတားဂိုဏ်းအတွင်းမှ နာမည်မသိရသောဂိုဏ်းတစ်ဂိုဏ်းသား တစ်ယောက်ဖြစ်သည့် ဗိုလ်မုတ်သုန်ဖြစ်သည်။ ဗိုလ်မုတ်သုန်တို့၏ ဂိုဏ်းတစ်ဝိုက်တွင် ခွေးလေခွေးလွင့်များ အဓိက ကျက်စား လှုပ်ရှားသော နေရာဖြစ်သောကြောင့် ငယ်ငယ်ကတည်းကပင် ခွေးရိုက်သော ပညာကို ပြိုင်ဘက်ကင်းစွာ တတ်မြောက်ထားသည်။ သူ၏ ခွေးရိုက်တုတ်သည်လည်း သိုင်းလောကတွင် မသိသူ ဟူ၍ပင်မရှိသလောက်နီးနီးဖြစ်သည်။ ဗိုလ်မုတ်သုန်ဆိုတာနဲ့ အသံမပြောနှင့် ခြေသံကြားရင်ပင် ခွေးများမှာ အဝေးသို့ တတိန်တိန်ဖြင့် အမြီးနှံနှံပြီး ထွက်ပြေးရသည်။ ဤမျှလောက် ဗိုလ်မုတ်သုန်သည် နာမည်ကျော်ကြားလှပါသည်။

သူ၏ ဘေးတွင်တော့ ပျားရည်လုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်လာသောဟန်နီဖြစ်သည်။ သူမသည် ပျားများနှင် လွန်စွာမှ ယဉ်ပါးကာ ပျားများပင်သူမ စကားကို နာခံတတ်ယောင်ယောင်ပင်ရှိလောက်သည့်အထိ ပျားများကို အကိုင်အတွယ်ကျွမ်းကျင်သည်။ ထိုတင်မက ကဗျာစာပေများကိုလည်း စိတ်ဝင်တစားရှိကာ သူမ ကိုယ်တိုင် ကဗျာမတတ်တခေါက်ကလေးများ စပ်ကာ သိုင်းရေးကို ကစားကာ ကဗျာဓါးဟူသော နူးညံပျော့ပျောင်းသော သိုင်းကွက်ကို တီထွင်နိုင်ခဲ့သည်ဖြစ်သည်။ သူမသည် သူမစပ်ထားသော ကဗျာဓါးထက် ပျားရည်ဟန်နီဆိုပြီး လူသိများပါတယ်။

ပျားရည်ဟန်နီဘေးတွင်တော့ ပြန်မရနိုင်တော့သည့် အချိန်များကို မရမက မလွှတ်တမ်းဖက်တွယ်ထားပြီး နောက်ပြန်ပြန်ဆုတ်ကာ အလွမ်းဘုရင်မ ဟူသော ရာထူးကို ဘယ်သူ့မှ မပေး ကိုယ့်ကိုကိုယ်ပေး၍ မျက်ရည်မီးတောက် လင်း ဆိုသူဖြစ်သည်။ သူမ၏ မီးတောက်မျက်ရည်မှာ အလကားရလာသည်မဟုတ်ပါ။ ရင်တွင်းမှ ပူဆွေးရသော ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားရပြီး ပူမြိုက်နေကာ မျက်ရည်ကျ၍ အရာဝတ္ထု တစ်ခုခုနှင့်ထိမိရင် ထိုအရာမှာ ကျွမ်းလောက်သွားသည်။ ထို့ကြောင့် ခုချိန်ထိလွမ်းနေသည်မှာ မထူးဆန်းပေ သူမအနားကပ်မရနိုင်သောကြောင့်ဖြစ်သည်။ သူမတွင် နာမည်ကြီး မျက်ရည်ကျတိုင်းခံယူသိမ်းဆီးထားသည့် မျက်ရည်ပုလင်းများစွာရှိကာ လက်နက်ပုံးအဖြစ်အသုံးချတတ်သည်။ ဤနည်းဖြင့် သူမ သိုင်းလောကတွင် နာမည်ကျော်ကြားလေသည်။

အလွမ်းဘုရင်မဘေးတွင်တော့ ......... အသဲစားနှင်းမင်းသမီးတစ်ဖုံ၊ ဟန်ဆောင်တာတွေထားခဲ့ကာ သိုင်းလောကထဲသို့ ၀င်ရောက်သော်လည်း ဟန်ဆောင်မှု.တွေနှင့် ပြည့်နှက်နေသည့် သိုင်းလောကတွင် ဟန်ဆောင်တာတွေကို လိုအပ်ရင် လိုအပ်သလို ပြန်ပြန်သုံးနေရပြီး နတ်ကလျာနှင်းပွင့်လေးဟု လူသိများထင်ရှားသော နှင်းပွင့်ဖြူလေးဖြစ်သည်။ သူမ၏ ပလွေတေးသွားများသည် သိုင်းလောကအနှံအပြား ပြန့်နှံနေပြီး ပလွေသံကြားမိသူတိုင်းသည် နှင်းပွင့်ဖြူလေးကို မြင်ဘူးချင်ကြသူများသာဖြစ်သည်။ သူမသည် ၀ူတန်းဂိုဏ်းသားပီပီ သိုင်းပညာမျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသော်လည်း သူမ နှင်းပန်းပွင့်ဓါးသိုင်းမှာ တစ်မူထူးခြား လှပါသည်။

ဤသို့ဖြင့် သိုင်းပညာဖလှယ်ရန် အချိန်ကျနီးကပ်လာသဖြင့် အခန်းအနားမှုးအဖြစ် ဇီးကွက်က ကြေငြာမည်ဖြစ်ပါသည်။

( ဆက်ပါဦးမယ် မောလိုက်တာနော် သိုင်းလောကထဲ ၀င်ရတာ --- ဟိဟိ )

နတ်ကလျာနှင်းပွင့်ဖြူလေး

သူ့ကိုယ်သူကျတော့ အကောင်းရေးတယ်။။ ထားပါလေ ရေးသူဆိုတော့ ဟီးးး
သိုင်းကွက်ကို ဖြည့်စွက်ချင်သူများ ဆက်လက်ရေးသားပါရန်.. ကြိုးစားပြီး အစည်းအဝေး တက်နေတဲ့ ကြားက တင်ပေးတာနော်... :P

3 comments:

Anonymous said...

ဟန်ဆောင်မှု.တွေနှင့် ပြည့်နှက်နေသည့် သိုင်းလောကတွင် ဟန်ဆောင်တာတွေကို လိုအပ်ရင် လိုအပ်သလို ပြန်ပြန်သုံးနေရပြီ လား နတ်ကလျာနှင်းပွင့်ဖြူလေးရေ... ဟီ...ဟိ.... သူပဲ ဟန်ဆောင်တာတွေ ထားခဲ့ပါဆို..... ပြောသာပြောတယ်။
ငါလဲ ဟန်ဆောင်နေရပြီ...ဟီ...ဟိ

စိုးထက် - Soe Htet ! said...

ဟုတ်ပ :P

Mhaw Sayar said...

အသဲစားတယ်ပေါ့ (ဈေးကြီးတယ်နော်) :)