jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၁၀ )

Monday, June 23, 2008

သိုင်းလောက အပိုင်း ( ၁၀ )

ရေသိုင်းပညာရှင်မိုးချစ်သူနှင့် ဂျုလိုင်ဒရမ်း


လက်သိုင်းပညာရှင် ဂျူလိုင်ဒရမ်းက ရှောင်လင်ကျောင်းမှ လက်သီးကွက် ဆယ့်ရှစ်ကွက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည်သာမက ကျောက်လက်ဝါး သိုင်း၊ သံမဏိလက်ဝါးစောင်း စသည့် အလုံးစုံသော လက်သိုင်းပညာရပ်များ အပြင် အီးအိုးသခင် သေးဘုရင် ဘွဲ့ကိုပါ သူ့ကိုယ်သူ အမည်တပ်ထားလေးသောကြောင့် ပြိုင်ဖက် သိုင်းပညာရှင် မိုးချစ်သူမှာ အကြပ်ရိုက်နေပေတော့သည်။

သူ့ရဲ့ လက်သီးကွက်တွေကို ယှဉ်နိုင်ဘို့ အတွက်တော့ ဟုတ်ပါပြီ၊ သူ့ ရဲ့ အီးအိုးသခင် သေးဘုရင်ဆိုတာ ကတော့ နည်းနည်းများ အော့အော့နိုင်သလား လို့ ၊ သေးခွက်လဲဆောင် ထားတယ်ပြောတယ် ။ အတွေးများနှင့် ရေသိုင်းပညာရှင်မလေးမှာ ခေါင်းရှုပ် နေလေတော့သည်။ အဖြေရှာရသွားသည်နှင့် တပြိုင်နက် မိုးမင်းသမီး ရေသိုင်းပညာရှင် မိုးချစ်သူက မိုးကောင်းကင်ကို မော့ကြည့်ကာ ချစ်စရာ အသံလေးနှင့် ဟားတိုက်ရယ်မောလိုက်လေတော့သည်။

လက်သီးကွက် ဆယ့်ရှစ်ကွက်ထဲမှ ပင့်မြှောက် အလဲထိုး လက်သီးကွက်ကို ဟန်ရေးပြနေသော ဂျူလိုင်ဒရမ်းကလဲ အားကျ မခံ မိုးကောင်းကင်ကြီးကို မော့ကြည့်ကာ ရယ်မောလိုက်ပြန်သည်။ ရယ်သံကြီးက ကြောက်ခမန်းလိလိ ထွက်လာချိန်တွင် သူ့ရယ်သံကို သူသဘောကျကာ ရုပ်ရှင်ထဲမှ လူကြမ်းကြီးသဖွယ် အဆက်မပြတ်ရယ်မောနေလေတော့သည်။ ရယ်လို့ မှမဆုံးသေး မိုးချစ်သူ ရယ်သံနှင့်ဖန်တီးလိုက်သော တိမ်မဲများက မိုးရေစက်အသွင်ပြောင်း ရွာချလိုက်သောအခါ . . . . . . .

`ဖူး ဖရူး ဖရူး.. ဟာဘာတွေလဲကွာ´ ဟု အလန့် တကြားရေရွတ်လိုက်သော ဂျူလိုင်ဒရမ်းမှာ `အီးအိုးသခင်ကို ညစ်ပတ်လို့ ရေအရင်ဆေးတာလေ´ ဟူသော မိုးချစ်သူ အဖြေကြောင့် ဒေါသငယ်ထိပ်တက်ဆောင့်ပြီး မိုးချစ်သူအား အလဲထိုးရန်ကြံဆောင်လေတော့သည်။

တရှိန်ထိုးပြေးဝင်လာသော ဂျူလိုင်ဒရမ်းအား မိုးချစ်သူက ရုတ်ချည်းခုန်အုပ်ကာ လက်ဝါးစောင်းခုတ်ချလိုက်လေသည်။ လက်ဝါးချင်း ရိုက်မိချိန်တွင် မိမိနှင့် အတွင်းအား မကွာလှဘဲရှိနေသည်ကို သတိပြုမိသဖြင့် ခံစစ်ကို ပြောင်းတိုက်ရန် ဂျူလိုင်ဒရမ်း ကဆုံးဖြတ်လိုက်လေသည်။ တိုက်ပွဲကို ကြာရှည်စွဲနိုင်သလောက်စွဲပြီး တိုက်နေချိန်တွင် ဥာဏ်အမည်းရောင်သုံးကာတကွက်ကျော်ရိုက်ပြီး မိုးချစ်သူ၏ ရေသန့် ဗူးထဲမှာတိတ်တိတ်လေး ခိုးထဲ့ခဲ့သော သာခွေယိုင် အဆိပ်ဆေးပြား တန်ခိုးအမြန်ပြစေဟု ဆုတောင်းနေမိတော့သည်။

( အမှန်ကတော့ ရေသန့်ဆေးပြား ဆိုပြီး ထည့်ပေးလိုက်တာ၊ ဒိုင်လူကြီးတွေကလည်း ဘယ်သိပါ့မလဲလေ… ဒါက ဇီးကွက် စကားချပ် )

ဂျူလိုင်ဒရမ်းရဲ့ လှည့်ကွက်ကို မရိပ်မိသော မိုးချစ်သူမှာ အဆက်မပြတ်တိုက်စစ်ဆင်နေရာ တဖြည်းဖြည်း မောဟိုက်လာတော့သည်။ လေ့ကျင့်ကွင်း မဆင်းတာကြာလို့ ငါမောနေတာလား လို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရင်း နောက်ဆုံးတိုက်ကွက်ကို အသုံးချမှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ကာ မြေပြင်ကိုထောက်၍ လွှားကနဲ ခုန်တက်ပြီး ပြန်အကျတွင် ဂျူလိုင်ဒရမ်း၏ ဒူးခေါင်းရိုးကို ရိုက်ချိုးချရန် လုပ်လိုက်သော်လည်း သွာခွေယိုင်ဆေးပြားက အစွမ်းပြပြီး ခြေမခိုင်ဘဲ လဲကျကာ ဂျုလိုင်ဒရမ်း၏ လက်ဦးမှုကို ခံလိုက်ရလေသည်။

.......................................
အားလုံး ကို အတည် စပါသည်
လင်း
...................................................

ဇီးကွက် အလုပ်ပြီးပြီ။ မိတင်နဲ့ တွေ့နေရလို့ မအားသေးလို့ပေါ့။ အခုတော့ လာမည် ကြာမည်.. မျှော်..

ဒီနေ့ ကြိုးစား ပန်းစားနဲ့ ပို့စ် သုံးခုကို အလုပ်ထဲမှာ ခိုးရိုက်ပေးတဲ့ မလင်း ကို အထူး စပါယ်ရှယ် ကျေးဇူး တင်ပါတယ်။ သူ့ဘလော့ဂ်ကိုလည်း သွားလည်ပေး ကြပါနော်။ လာလည်ရင် မျက်ရည်မီးတောက်သိုင်း ကို မေတ္တာ နှင့် လက်ဆောင်ပေးမယ်တဲ့။ ကဲ သိုင်းသင်ချင်တဲ့ လူတွေ မြန်မြန်သာ သွားကြပေတော့နော်။ လင့်ခ်က ဒီမှာ .. အမှတ်တရ လင်း




3 comments:

JulyDream said...

ီDream ဆိုတာကိုလည်း သူတို့လက်ထဲ ရောက်မှပဲ ဒရမ်း ဖြစ်ရရှာတယ်။ အခုချိန်ထိ တိုက်ကွက်ဆန်းဆန်း ဘာတစ်ခုမှ မသုံးရပဲ ရေသန့်ဆေးပြား တစ်ခုတည်းနဲ့ သုံးပြီး နိုင်သွားတယ် ဆိုပဲ။ မှားပါတယ် ကွယ်... တကယ်ပဲ တကယ်ပဲ။

ကြိုပြောထားမယ့်နော် လေလွင့်သိုင်းသမား ခေးအော့စ်နှင့် ကျွန်တော်တို့က မွေးစား မြေးအဖိုးတွေနော်... ကျွန်တော်တို့ ၂ ယောက်ကို ယှဉ်ပြီးတော့ မပြိုင်ခိုင်းနဲ့။ လုံးဝ မလုပ်ဘူး။ အဟဲ..

လင်း said...

ဒရမ်းကို မကြိုက်ရင် အရမ်းလို့ ပြောင်းပေးမယ်လေ ခိခိ။
မမှီတော့ဘူး ကိုဂျူလိုင်ရေ ဇတ်လမ်းက ရေးပြီးသွားလို့  တင်တောင်တင်တော့မယ်။ ၀မ်းနည်းပါတယ် ငှဲငှဲ

စိုးထက် - Soe Htet ! said...

ကြို ပြောတာတောင် နောက်ကျ သွားတယ် .. တော်တော် လက်မြန်တာပဲ :)